← Chapters

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ ( ၄ ) (အပိုင်းနှစ်)

Vol. 62 Ch. 959

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ ( ၄ ) (အပိုင်းနှစ်)

Vol. 62 Ch. 959

အယ်လင်နာ ၏တစ်ခုတည်းသောအားနည်းချက်မှာ နေနမိတ်ပုံ မရှိခြင်းပင်ဖြစ်သည်။

အယ်လင်နာသည် ဒိုင်ယာဘလိုကမ္ဘာ မှဖြစ်ပြီး လက်တွေ့ကမ္ဘာမှမဟုတ်ကြောင်း ဖေးက ခန့်မှန်းမိသည်။ သူမသည် လက်တွေ့ကမ္ဘာ၏ သဘာဝတရား၏နိယာမများကို နားမလည်နိုင်ဖြစ်ပြီး သူမ၏ကိုယ်ပိုင် နေနမိတ်ပုံ ကိုသာ တည်ဆောက်နိုင်‌ပေလိမ့်မည် ။ ဒိုင်ယာဘလိုနှင့် တကယ့်ကမ္ဘာကြားတွင် အတားအဆီးများ ရှိကောင်းရှိနိုင်ပြီး ချိုးဖျက်ရန် ခက်ခဲသဖြင့် မထုတ်ဖော်နိုင်ခြင်းဖြစ်ပေလိမ့်မည်။

..

ခုနစ်ရက်မြောက်နေ့ မွန်းလွဲပိုင်းတွင်လည်း ပင်လယ်မျိုးနွယ်စုများ အရှုံးမပေးသေးရာ တိုက်ပွဲကဆက်ဖြစ်နေ၏။

ယခုအချိန်တွင် ဖေးသည် ချမ်းဘော့ဒ် စစ်တပ်အတွက် လေ့ကျင့်မှုကို ဆက်မလုပ်ဆောင်ချင်တော့ပေ။ ချမ်းဘော့ဒ်၏စစ်သားများကို လေ့ကျင့်ပေးနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားများသည်လည်း အတွေ့အကြုံများ ရရှိခဲ့သည်။

အဆုံးသတ်ဖို့ မဖြစ်နိုင်ဖြစ်‌နေသည့် ဤစစ်ပွဲကို ဖေး အဆုံးသတ်ရတော့မည်ဖြစ်သည်။

ညအချိန်ရောက်သောအခါ၊ ကျွန်းပေါ်တွင်ရှိနေဆဲဖြစ်သော တက္ကသိုလ်ကျောင်းသား ၂၀၀ နှင့် ဥပဒေအရာရှိ ၂၀၀၀ တို့သည် အစီအစဉ်အရ ခရီးဝေးတယ်လီပို့စနစ်များကို အသုံးပြု၍ ချမ်းဘော့ဒ်သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

အားလုံးချောချောမွေ့မွေ့ ဆုတ်ခွာနိုင်ခဲ့ပြီး ကျွန်းပေါ်၌ ဖေးနှင့် သူတော်စင်များသာကျန်ရစ်ခဲ့တော့သည်။

စခန်းအပြင်ဘက်ရှိ ကောင်းကင်တွင် ဖေးချန်ခဲ့သော လက်သီးဝိညာဉ်ချိတ်ပိတ်မှုက အဆင့်နိမ့်ပင်လယ်မျိုးနွယ်စုဝင်များကို အဆက်မပြတ်သတ်ဖြတ်နေသည်။

“ အရှင်မင်းကြီး ဒီကောင်က အရမ်းကြမ်းတမ်းတယ် ကျွန်တော်မျိုးလက်မြှောက်လိုက်ရပြီ “

ဧရာမဝေလငါးစစ်သည်ကို စစ်မေးနေသော အိုလက်မှာ ယခုတော့ မာကျောသောပြိုင်ဘက်နှင့် ဆုံမိပြီး လက်မြှောက်လိုက်ရတော့သည်။

လတစ်ပိုင်းအဆင့် ပင်လယ်မျိုးနွယ်စုဝင် လက်ရွေးစင်အတွက် ဤသာမန်စစ်ကြောမှုများက အသုံးမဝင်လှပေ။

ပင်လယ်မျိုးနွယ်ဝင်များ၏ ရက်စက်မှုနှင့် အကြမ်းခံနိုင်မှုတို့သည် ဖေး၏ ခန့်မှန်းချက်ထက် ကျော်လွန်နေ၏။

ပြိုင်ပွဲက အမှန်ပင် ကြောက်စရာကောင်းလှသည်။

“ ဒီလိုဖြစ်နေတာ ငါငါတို့အတွက သိပ်မကောင်းဘူး “

ဖေး သူ့လက်ကို ဝှေ့ယမ်းပြီး စစ်ဆေးမေးမြန်းမှုကြောင့် သေလုမြောပါးဖြစ်နေသော ဝေလငါးစစ်သည်ကို ဆွဲ‌မြှောက် လိုက်သည်။ ဘုရင်ကြီး၏ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ဤဝေလငါးစစ်သည်၏ ဦးခေါင်းထဲသို့ ချက်ခြင်းဝင်ရောက်သွားပြီး ၎င်း၏မှတ်ဉာဏ်များကို စစ်ဆေးတော့သည်။

ဤသုံ့ပန်းက ငါးမန်းသူရဲနှစ်ဦးထက် ပိုမိုအားကောင်းပြီး အဆင့်အတန်းမြင့်မားရာ ၎င်းထံမှ အချက်အလက် များပို၍ရလိုက်၏။ ခဏကြာပြီး‌နောက် ဖေး သူ့လက်ကို လွှတ်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထိုဖြစ်စဉ်အပြီး ဝေလငါးဘီလူးစစ်သည်တော်၏ ဦးနှောက်မှာ ပျက်စီးသွားပြီး အသိစိတ်မရှိတော့ချေ။

“..ကောင်းပြီ ဒီသတ္တဝါကို တခြားပင်လယ်မျိုးနွယ်နမူနာတွေနဲ့ အတူထားခဲ့ပြီးတော့ မစ္စတာ ကိန်း နဲ့ မစ်စစ်အာကာရာ ရဲ့ ဓာတ်ခွဲခန်းကို ပို့လိုက်ပါ “

ဖေးက ပင်လယ်မျိုးနွယ်အပေါ် ကရုဏာမထားခဲ့ပေ။

လူသားများကို အစားအစာအဖြစ် သဘောထားကြသောကြောင့် ဤမျိုးနွယ်သည် လူသားတို့အတွက် အဆိုးဆုံးဖြစ်သည်။ နှစ်ဦးကြား ညှိနှိုင်းရန် မရှိပေ။

နောက်ဆုံးတွင်၊ ဖေးနှင့် လီယွန်မှ ဘုရင် ဘက်ကင်ဟန် သာလျှင် စခန်းချရာနေရာဟောင်းတွင် ရပ်ကျန်နေခဲ့သည်။

ယခုအချိန်တွင် ကာကွယ်ရေးယန္တရားများ၊ ရွက်ဖျင်တဲများနှင့် အကာအကွယ်များအားလုံးကို ဖြုတ်ချဖယ်ရှားလိုက်ပြီဖြစ်ရာ နေရာဝေး ကူ‌းပြောင်းပို့ဆောင်ရေးအစီအရင်သာ မှိတ်တုတ်မှိတ်တုတ် ဖြစ်ကျန်နေခဲ့၏။

ဖေးသည် ထိုနေရာသို့ လမ်းလျှောက်သွားကာ အစီအရင်၏ လည်ပတ်မှုကို ရပ်လိုက်ပြီး တစ်ဒါဇင်ကျော် အစိတ်အပိုင်းများကို ခွဲထုတ်ကာ သို‌လှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။

ထို့နောက် လက်ညှိုးကို ဝှေ့ယမ်းကာ ဘက်ကင်ဟမ်၏ ခန္ဓာကိုယ်ရှိ တံဆိပ်များကို ဖယ်ရှားလိုက်၏။

လီယွန်မှ အရှင်သခင်သည် နောက်ဆုံး‌ေတာ့သူ၏ခွန်အားကို ပြန်လည်ရရှိလာပြီဖြစ်သည်။

“မင်း…”

ဘက်ကင်ဟမ်သည် ဖေးကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ပြီးခဲ့သောရက်အနည်းငယ်အတွင်းတွင် ဆူညံသံများနှင့် စွမ်းအင်အတက်အကျများအားလုံးကို ပိတ်ဆို့ထားသည့် တဲအတွင်းတွင် အကျဉ်းချခံခဲ့ရသည်ဖြစ်ရာ ဘာတွေဖြစ်နေသည်ကို မသိနိုင်ခဲ့ပေ။

ထို့ကြောင့် ဖေးသည် သူ့ကိုယ်ပေါ်ရှိ ချိတ်ပိတ်မှုကို ဖြုတ်လိုက်သောအခါ သူ အတော်လေး အံ့သြသွားသည်။

“အရင်အသက်ရှင်ဖို့ ကြိုးစားပါ”

ရေလှိုင်းများလို တစ်လှိုင်းပြီးတစ်လှိုင်း တက်လာနေသည့် ပင်လယ်မျိုးနွယ်စုစစ်သည်များကို လက်ညှိုးထိုး၍ ဖေးပြောလိုက်၏။ ထိုအခါ

ဘက်ကင်ဟမ်၏ မျက်နှာသည် ချက်ချင်းပင် အရောင်ပြောင်းသွားသည်။

ထိုအချိန်တွင် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်သွားခဲ့သည်။

ရုတ်တရက် ပင်လယ်အနက်ပိုင်းမှ ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မီတာ 100 ကျော်မြင့်သော ဧရာမလှိုင်းကြီးတစ်ခုက ဤ အပြစ်သွေးကျွန်းပေါ်ရိုက်ခက်လာသည်။

ဖေးနှင့် ဘက်ကင်ဟမ် နှစ်ယောက်လုံး ပင်လယ်နက်ထဲမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပေါ်လာခြင်းကို ခံစားလိုက်ရသည်။

နတ်ဆိုးတစ်ကောင် နိုးထလာ၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကအရပ်ရပ်သို့ လွင့်ပျံလာပုံရပြီး ၎င်းက လူတို့၏စိတ်ကို တုန်လှုပ်စေ၏။

All Chapters