← Chapters

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၄) (အပိုင်းတစ်)

Vol. 62 Ch. 958

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၄) (အပိုင်းတစ်)

Vol. 62 Ch. 958

နောက်ထပ်ခြောက်ရက်ကြာသည့်တိုင် ပင်လယ်မျိုးနွယ်စု၏ တိုက်ခိုက်မှုများ ရပ်တန့်သွားခြင်းမရှိ‌ချေ။

ကမ်းပါးကျောက်ဆောင်များကို ရေလှိုင်းများက အဆက်မပြတ်ဆောင့်တိုးနေသကဲ့သို့ ပင်လယ်မျိုးနွယ်စုစစ်သည်များသည် အပြစ်သွေးကျွန်းကို မရပ်မနားတိုက်ခိုက်နေကြ၏။

ကမ်းခြေမှ ချမ်းဘော့ဒ် စခန်းများအထိ မီတာ ၂,၀၀၀မှာ လဟာပြင်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ပင်လယ်မျိုးနွယ်စု၏ အဆင့်နိမ့်အဖွဲ့ဝင်များ၏ အလောင်းပေါင်း ၁၀၀,၀၀၀ ကျော်ဖြင့် ပြည့်ကြပ်နေ၏။

ပြင်းထန်သော နေရောင်ခြည်အောက်တွင် ဤအလောင်းများသည် ခြောက်သွေ့ပြီး ပုပ်စပြုလာပြီး ဆိုးရွားသော ငါးပုပ်အနံ့ကဲ့သို့ အနံ့များ လေထဲတွင် ပျံ့နှံ့နေသည်။

သို့တိုင်‌အောင် ချမ်းဘော့ဒ်၏စခန်းများသည် ထာဝရတည်မြဲနိုင်ပြီး မရွေ့လျားနိုင်သောကျောက်တန်းများကဲ့သို့ ခိုင်ခိုင်မာမာ တည်ရှိနေပါသည်။

နေရောင်ခြည်အောက်တွင် ချမ်းဘော့၏ စစ်စခန်းကြီးက တောင်တန်းကြီးသဖွယ် မားမားမတ်မတ်ရှိနေပြီး ပင်လယ်မျိုးနွယ်စုဝင်စစ်သည်များမှာ စိတ်ဓာတ်တက်ကြွခြင်းမရှိတော့ပေ။

သူတို့သည် ကြီးကြီးကျယ်ကျယ် ပေးဆပ်ခဲ့သော်လည်း ချမ်းဘော့ဒ် စခန်းကြီး၏ စစ်ဆေးရေးဂိတ်တစ်ခုကိုပင် ချိုးဖျက်၍မရခဲ့ပေ။

ပြီးခဲ့သည့်ခြောက်ရက်အတွင်း ချမ်းဘော့ဒ်သည် စစ်ပွဲအရင်းအမြစ်များစွာကို အသုံးပြုခဲ့ပြီး အံ့ဩစရာ‌ကောင်းအောင် သေဆုံးသူအရေအတွက်ကို ထိန်းချုပ်နိုင်ခဲ့သည်။

လူ ၇၃ ဦးသာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့၏။ ၎င်းတို့အားလုံးသည်လည်း ချမ်းဘော့ဒ်၏ အဆင့်မြင့်မှော်ကုထုံးစနစ်အောက်တွင် ပြန်လည်ကောင်းမွန်နေပြီဖြစ်သည်။

ခြောက်ရက်အတွင်း ဥပဒေစိုးမိုးရေးအရာရှိ ၂၀,၀၀၀ သည် အလှည့်ကျပုံစံဖြင့် စစ်ပွဲတွင်ပါဝင်ခဲ့ကြသည်။

ချမ်းဘော့ဒ်၏ သစ္စာရှိစစ်သည်များသည် တိုက်ပွဲစစ်စစ်ကိုကြုံခဲ့ရပြီး သွေးဖြင့်ဆေးကြောခြင်းခံခဲ့ရကာ လူသစ်ဘဝမှ အတွေ့အကြုံရင့်စစ်သည်များအဖြစ် ပြောင်းလဲသွားကြ၏။

ချမ်းဘော့ဒ် စစ်တပ်အင်အားသည် ဤခြောက်ရက်အတွင်း ငါးဆတိုးလာခဲ့သည်။ ဥပဒေစိုးမိုးရေးအရာရှိများသည် ဇင်းနစ်တောင်ပိုင်းဒေသရှိ ရန်သူများကို တိုက်ခိုက်နိုင်ပြီး အင်ပါယာဆယ်ခုမဟာမိတ်တပ်များကို သုတ်သင်နိုင်မည်ဟု ဖေးက ယုံကြည်မိသည်။

တက္ကသိုလ်ကျောင်းသားများအားလုံးသည် ချမ်းဘော့ဒ် အနာဂတ်တပ်မှူးများဖြစ်ကြပြီး ၎င်းတို့သည် ချမ်းဘော့ဒ် ၏အရေးကြီးသောအရပ်ဘက်နှင့်စစ်ဘက်ဆိုင်ရာအရာရှိများဖြစ်ကြ‌မည်ဖြစ်သည်။

သူတို့က ဤစစ်ပွဲမှအများကြီးရယူနိုင်ခဲ့သည်။ အချို့က တိုက်ပွဲတွင် ပါဝင်စရာမလိုသည့် တပ်ဖွဲ့များကို ကွပ်ကဲရသည့်တာဝန်အချို့ကိုပင် ထမ်းဆောင်ခဲ့သည်။

မတူညီသောတာဝန်များကို ချမ်းဘော့ဒ် တက္ကသိုလ်ကျောင်းသားများ အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့၏ ခွန်အားများကို အသုံးပြုကာ လျင်မြန်စွာ ကြီးပြင်းလာပြီး အတွေ့အကြုံများလည်း ရင့်ကျက်လာကြသည်။

မျက်မမြင် ဒစ်စလာသည် မှတ်‌ကျောက်တင်ထိုက်သူဖြစ်သည်။ သူ၏ စိတ်ဓာတ်စွမ်းအင် တိုးလာမှုသည် ဖေး၏ စိတ်ကူးထားသည်ကို ကျော်လွန်သွားသည် ။

ကြယ်ရှစ်ပွင့်တွင် သူ၏နယ်ပယ်ကို ခိုင်မာစေပြီးနောက်၊ သူ၏ ဝိညာဉ်စွမ်းအင်သည် ဒုံးပျံကဲ့သို့ ဆက်တက်သွားသည်။ လေးရက်မြောက်နေ့တွင် သူတိုက်ပွဲစဝင်ပြီး နောက်ဆုံးတွင် ကြယ်ကိုးပွင့်အထွတ်အထိပ်ကို ကျော်ဖြတ်ကာ အကန့်အသတ်မရှိသောအနာဂတ်ရှိသည့် ချမ်းဘော့ဒ်၏ အရည်အချင်းအရှိဆုံး လအဆင့် သခင် ဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖေးက သူ့အား ဝိညာဉ်စွမ်းအင်နည်းပညာနှစ်ခုဖြစ်သည့် သလင်းနံရံ နှင့် လည်ပတ်နေသော ကြယ်တာရာမြူမှုန် တို့ကို သင်ကြားပေးခဲ့သည်။

ချမ်းဘော့ဒ်တွင် လ အဆင့်သို့တက်သူများသည် ရွှေသူတော်စင် တောင်ကိုရရှိမည့်စည်းမျဉ်းရှိသည်။ ဒစ်စလာသည် ချမ်းဘော့ဒ်သို့ နောက်ဆုံးမှ ဝင်ရောက်ခဲ့သော်လည်း လအဆင့် သို့အောင်မြင်စွာရောက်ရှိပြီး ရွှေသူတော်စင် တောင် ၁၂ ခုအနက်မှ တစ်ခုပိုင်ဆိုင်ခွှင့်ရကာ အေးရိစ်၏ ရွှေသူတော်စင်ဖြစ်လာခဲ့သည်။

ထိုသို့သော အံ့ဖွယ်ဖြစ်ရပ်သည် အလွန်ရှားပါးလှသည်။

ဘဝ၏ ရုန်းကန်မှုများနှင့် နာကျင်မှုများ အားလုံးကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ဤမျက်မမြင်ကောင်လေး၏ ကမ္ဘာကြီးမှာ တောက်ပလာခဲ့သည်။

ချမ်းဘော့ဒ် ဘုရင့်နိုင်ငံ တစ်ခုလုံးသည်လည်း ဤ ထူးဆန်းသောစစ်ပွဲမှ အကျိုးကျေးဇူးများစွာရရှိခဲ့သည်။

စစ်ပွဲများသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်သာမက လူသားများကိုရှေ့သို့ တွန်းပို့ရန် အကြီးမားဆုံးသော တွန်းအားပေးမှုလည်းဖြစ်ကြောင်း ရှေးပညာရှိတစ်ဦးက ပြောခဲ့ဖူးသည်။

ဤစာကြောင်းသည် ယခုအချိန်တွင် အထူးမှန်ကန်‌နေသည်။

လွန်ခဲ့သည့်ခြောက်ရက်တွင်၊ တိုက်ပွဲကိုစောင့်ကြည့်ခြင်းနှင့် ပင်လယ်နွယ်သခင်အချို့၏ ခိုးဝင်တိုက်ခိုက်ခြင်းကိုကာကွယ်သည်မှလွဲ၍ ဘုရင်သည် သူ့တဲထဲ၌ အလုပ်ကြိုးစားနေခဲ့သည်။

ဒိုင်ယာဘလိုကမ္ဘာသို့ဝင်ရောက်ခဲ့ပြီး ဖြစ်နိုင်သမျှ အချိန်တိုတိုအတွင်း သူ၏ခွန်အားကို မြှင့်တင်ရန် ကြိုးစားခဲ့သည်။

သတ္တမနေ့၏နံနက်တွင် ဖေးသည် ငရဲပုံစံတွင် ဒုတိယမြေပုံ လွတ်ဂိုလိန်ကို ကျော်ဖြတ်ခဲ့သည်။ သူသည် ဘော့စ်ဒူရိရယ်ကို တယ်ရာရှာ တွင်သတ်ခဲ့ပြီး ငရဲပုံစံ၏အဆင့် ၄၃ အထိ အောင်မြင်စွာ အဆင့်တက်ခဲ့သည်။

ဖေးကို စိတ်ပျက်စေသည့် တစ်ခုတည်းသော အရာမှာ ဘော့စ်ဒူရိရယ် က သူ့ကို အင်မော်တယ်အဆင့်ပစ္စည်းအစု အဝေးမှ အစိတ်အပိုင်းများကို မပေးခြင်းဖြစ်သည်။ ထို့အစား၊ ဒဏ္ဍာရီအဆင့် ပစ္စည်းတချို့သာ ရခဲ့သည်။ ၎င်းက ဘာမှမရတာထက်တော့ ပိုကောင်းနေပါသေးသည်။

အယ်လင်နာ၏ကံကတော့ ဖေးထက် ပိုကောင်းပါသည်။ သူမသည် မအာဗီနားဟံန်တိုက်ပွဲ ပစ္စည်းအစုအဝေး ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မအာဗီးနား၏တဲနက်ငါးမန်သားရည်ခါးပတ် ကို ရရှိခဲ့သည်။

ယခုအချိန်တွင် ဗက်ကီရိုင်းသည် ငရဲပုံစံ၏ အဆင့် ၃၄ တွင်ရှိနေပြီး ၎င်းက လက်တွေ့ကမ္ဘာရှိ အဆင့် ၄ မိုးသောက်နေအဆင့်အနိမ့်ပိုင်းနှင့် ညီမျှသည်။ ထိုကဲ့သို့ မြင့်မားသော အဆင့်တက်မှု အရှိန်သည် လက်တွေ့ကမ္ဘာတွင် ထိတ်လန့်ဖွယ်ကောင်းပေလိမ့်မည်။ မြောက်ပိုင်းဒေသဘုရားကျောင်း မှ အကြီးအကဲနှစ်ဦးသာ အယ်လင်နာရှေ့တွင် ပေါ်လာပါက သူမက ၎င်းတို့ကို မြှားနှစ်စင်းဖြင့် ချက်ချင်းသတ်ပစ်မည်ဖြစ်သည်။

All Chapters