← Chapters

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၃) (အပိုင်းတစ်)

Vol. 62 Ch. 956

တော်ဝင်နှစ်ပါးတွေ့ဆုံပွဲ (၃) (အပိုင်းတစ်)

Vol. 62 Ch. 956

ပင်လယ်မျိုးနွယ်၏ မင်းသမီးလေး အသုံးပြုခဲ့သောအလင်းတန်းသည် သူမ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုဖြစ်သည်။

 မင်းသမီးလေးက သက်တောင့်သက်သာဖြင့် လုပ်လိုက်ပုံရသော်လည်း  ၎င်းကအလွန်ပြင်းထန်သော  စွမ်းအားတစ်ခုဖြစ်နေသည်။ 

သူမက ထိုနတ်ဆိုးလူသားကို ဖျက်ဆီးပြီး ကျွန်းပေါ်ရှိ လူသားများ၏ စိတ်ဓာတ်ကို ချေမှုန်းရန် ၎င်းကို အသုံးပြုလိုသော်လည်း သူမ ပြိုင်ဘက်က  အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်။

 ၎င်းက မင်းသမီးလေး မမျှော်လင့်ထားသော အရာပင်ဖြစ်သည်

“ဂုဏ်ကျက်သရေ ပင်လယ်ရေ နတ်ဘုရားသခင်" 

"..နှစ်ထောင်ပေါင်းများစွာ အိပ်ပျော်ပြီးနောက် ငါ့ရဲ့ စွမ်းအားက ဒီအဆင့်အထိ လျော့ကျသွားသလား။ ငါက နေ အဆင့် အရှင်သခင်လူသားကိုတောင် အနိုင်ယူလို့မရဘူး…”

နူးညံ့သိမ်မွေ့သော ရွှေမျက်နှာဖုံးက သူမမျက်နှာကို ဖုံးအုပ်ထားသည်။ သူမက နတ်ဆိုးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ စစ်ပွဲနတ်ဘုရား၏ ပြန်လည်မွေးဖွားလာပုံနှင့်တူသော ဧရာမ သံတူကြီးကို ကိုင်ဆောင်ထားသည့် ထိုရုပ်သွင်ကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူမ၏ ရှည်လျားသော ခရမ်းရောင်ဆံပင်များ ဖြည်းညှင်းစွာ ပြန်ကျလာပြီးနောက် သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ရွှေရောင်အလင်းတန်းများ လင်းလက်လာသောအခါ သူမသည် ထိုရှေးဟောင်းကြေးဝါစစ်သင်္ဘောပေါ်သို့ ပြန်ရောက်လာသည်။

"ဒီလိုဖြစ်လာပြီဆို‌ေတာ့၊ စစ်ပွဲကိုအစဆွဲထုတ်ပြီး ဒီညစ်ပတ်တဲ့လူသားတွေကို ချေမှုန်းဖို့ ကျွန်ုပ်တို့ရဲ့ မရေမတွက်နိုင်တဲ့ အဆင့်နိမ့်သူရဲတွေကို အသုံးပြုရတာပေါ့" 

သူမ စစ်မတိုက်ချင်တော့‌ပေ ။

သင်းရနံ့ပင်လယ်တွင် ပင်လယ်မျိုးနွယ်အုပ်စိုးရှင်အဖြစ် သူမ၏အဆင့်အတန်းသည် အမြင့်မြတ်ဆုံးဖြစ်သည်။ သူမမွေးကတည်းက လူတွေက ညစ်ပတ်ပြီး အားနည်းတဲ့ တိရိစ္ဆာန်တွေလိုမြင်ခြင်းဖြစ်သည်။ သူမသည် ပြိုင်ဘက်ကိုတစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့သောကြောင့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန်မှာ အဓိပ္ပါယ်မရှိသလို ခံစားခဲ့ရသည်။ ဖေး နှင့် ရင်ဆိုင်ရရင် ထိုလူသား၏ ဂုဏ်ကို တိုးလာ‌အောင်လုပ်ပေး သလို ခံစားရသည်။ သူ့စိတ်ထဲမှာတော့ သူ့ပြိုင်ဘက်က အစွမ်းထက်သော်လည်း  သန်မာတဲ့ တိရိစ္ဆာန်တစ်ကောင်သာဖြစ်နေပြီး  သူမနှင့် မယှဉ်နိုင်သေးပါ။

ရွှေတြိဂံကို အသာအယာဝှေ့ယမ်းပြီးနောက်၊ ဂုဏ်ကျက်သရေရှိသော ရွှေစွမ်းအင်သည် အရပ်ရပ်သို့ ပျံ့နှံ့သွား သည်။

နတ်ဘုရားများ အော်နေသကဲ့သို့ပင်၊ ပင်လယ်နက်သည် ချက်ချင်းပင် တဟုန်ထိုး မြည်ဟီးလာပြီး ဧရာမလှိုင်းလုံးကြီးများ မြင့်တက်လာလေသည်။

ဆူပွက်နေသော ရေနွေးအိုးကြီးကဲ့သို့၊ ပင်လယ်သည် ပြင်းထန်စွာဆူပွက်လာသည်။ ပင်လယ်မျိုးနွယ်ဝင်များသည် သမုဒ္ဒရာထဲမှ ရုန်းထွက်ကာ သွေးရာဇ၀တ်မှုကျွန်းပေါ်သို့ မ ရွံ့တမ်း ကျယ်လောင်စွာ ဟိန်းဟောက်လျက် ခုန်တက်လာကြ၏။

တစ်ဖက်တွင်လည်း ဖေးအံ့သြ‌နေ သည် ။

သူက ထိုအလင်းတန်းကို အလွယ်တကူ ကွဲကြေသွားစေခဲ့သော်လည်း  မည်မျှအန္တရာယ်ရှိသည်ကို သိသည်။

ထိုရွှေရောင်အလင်းတန်းတွင် ဝှက်ထားသော နေအဆင့် နယ်ပယ်ကို ကျော်လွန်နိုင်သော စွမ်းအားတစ်ခုရှိသည်။ အမှန်မှာ၊ ၎င်းသည် သေမျိုးနယ်ပယ်ကို ကျော်လွန်ပြီး နတ်ဘုရားများ၏ တန်ခိုးနှင့် နီးစပ်ပါသည်။ ထူးဆန်းပြီး ကြောက်စရာကောင်းလှ၏။

ဖေးတွင် ဖျက်ဆီး၍မရနိုင်သော  မသေမျိုးဘုရင်၏ခြေဖျက်ခြင်းကျောက်တုံး မရှိလျှင်၊ ပိတ်ဆို့နိုင်ဖို့နေနေသာသာ ထိုအလင်းတန်းကြောင့် သူသေဆုံးသွားနိုင်ပါသည်။

ယခု စစ်တူကြီးကို ကိုင်ထားသောဖေး ၏လက်များသည် တုန်ခါနေပြီး၊ သူ့ လက်များတွင် သွေးကြောများ ဖောင်းကားနေသည်။အမှန်‌ေတာ့ သူ့သွေးကြောတချို့ကို ပေါက်ထွက်သွားရာ ပြင်ပဒဏ်ရာမရှိသည့်တိုင် လက်မောင်းများ နီရဲနေ၏။

ပင်လယ်မျိုးနွယ်စု၏ မင်းသမီးလေးသည်  ဖေး တွေ့ဖူးသမျှ ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ဖြစ်သည်။ တစ်ချက်တစ်ချက် ဖေးကို သတ်ဖြတ်ခံရလုနီးပါးအထိ ဖြစ်သွားခဲ့သည်။

ဖေး သည် ဒိုင်ယာဘလိုကမ္ဘာ တွင် အဆင့်တက်ရန် အတတ်နိုင်ဆုံး ကြိုးစားထားခဲ့သည်။ ယခုအချိန်တွင်၊ သူသည် ငရဲပုံစံ အဆင့်လေး လေးဆယ့်တစ် လူရိုင်း ဖြစ်နေပြီး၊ ၎င်းသည် ယခင်အဆင့်ထက် မြင့်မားစွာ ခုန်တက်သွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ လွန်ခဲ့သော ရက်အနည်းငယ်ကဆိုလျှင် ဖေးသည် ထိုအလင်းတန်းကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။

"ပင်လယ်နွယ်ဝင် တော်ဝင်အားလုံးက ဒီလိုအင်အားကြီးတာလား" 

ဖေးတွေးလိုက်သည်။

ထိုငါးမန်းသူရဲနှစ်ယောက်၏ အမှတ်ရစရာများမှ စုဆောင်းရရှိထားသော အချက်အလက်များကို ပြန်တွေးကြည့်ပြီးနောက် ဖေး၏ စိတ်သည် တုန်လှုပ်သွားခဲ့သည်။

သင်းရနံ့ပင်လယ် သည် ကုန်းတွင်းပင်လယ်တစ်ခုသာဖြစ်သည်။ တကယ့်ပင်လယ်ပြင်ထဲက အဇာရိုတိုက်ကြီးအပြင်ဘက်မှ ပင်လယ်မျိုးနွယ် အဖွဲ့ဝင်များသည် သူတို့၏ အိပ်စက်ရာမှ နိုးလာခဲ့လျင် တိုက်ကြီးပေါ်က လူသားအားလုံးကို သုတ်သင်ပြီး အစာအဖြစ် ဝါးမြိုသွားနိုင်ပါသည်။

ရွှေစွမ်းအင်မီးတောက်က တောက်လောင်လာပြီး ဖေး တွေ့ကြုံခဲ့ရသော ဒဏ်ရာများအားလုံး ပျောက်သွားသည်။ ဖေးသည် သူ၏ရိုင်းစိုင်းသော စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်ပြီး ပင်လယ်နွယ်မင်းသမီးလေးကို ကောင်းကောင်းတိုက်ခိုက်လိုက်ချင်သည်။

သို့သော် သူမျှော်ကြည့်သောအခါတွင် သူ၏ပြိုင်ဘက်သည် သူ့ကိုတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ရှေးဟောင်းကြေးဝါစစ်သင်္ဘောဆီသို့ ပြန်သွားသည်ကို တွေ့လိုက်ရသည်။

ဖေး အံ့သြသွားသည်။ ထောင်ပေါင်းများစွာသော အတွေးများ သူ့ခေါင်းထဲတွင် ပေါ်လာသည်နှင့်အမျှ သူမ နောက်မလိုက် တော့ပေ။

" သင်းရနံ့ပင်လယ်မှ မင်းသမီး ဝါတွန်ကသူရဲဘောကြောင်သူလား "

All Chapters