← Chapters

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၂ ) (အပိုင်းတစ်)

Vol. 62 Ch. 954

တော်ဝင်နှစ်ပါး တွေ့ဆုံပွဲ (၂ ) (အပိုင်းတစ်)

Vol. 62 Ch. 954

အဝေးကလာသည့် အေးစက်စက်အကြည့်များကို ခံစားလိုက်ရပြီး ဖေးက ဒေါသတကြီး ပြုံးလိုက်သည်။ ထို့နောက် သူ့ညာဖက်လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုလက်က သေးငယ်သော လေထုကို ဆုပ်ကိုင်လိုက်သောအခါ ကြီးမား ဆန်းကြယ်သော လေးတလက် ပေါ်လာသည်။

ဤလေးသည် နှစ်မီတာရှည်လျားပြီး သာမာန်လေးသမား  အသုံးမပြုနိုင်ပါ။ ကိုယ်ထည်မှာ အနက်ရောင်ဖြစ်ပြီး လေးကြိုးက ငွေရောင်ဖြစ်သည်။ အေးစက်နေသော သတ္တုအလင်းတန်းတစ်ခုသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသလို၊  ဖိနှိပ်သောခံစားမှုကိုလည်း ပေးစွမ်းသည်။ ဤအရာကက ရှားပါးခက်ခဲအဆင့်  လေးဖြစ်ပြီး သာမန် အရှင်သခင်များများ ဆွဲထုတ်ပြီး ပစ်ဖို့မဖြစ်နိုင်ပါ။

ဖေးက ဒီဧရာမ လေးကို သူ့ညာလက်မောင်းနဲ့ မြှောက်လိုက်ပြီး ဘယ်ဘက်လက်ပေါ်က လက်ချောင်းများဖြင့် ညွှန်ပြလိုက်သည်။  ရွှေရောင်စွမ်းအင် မီးတောက်တွေ ပေါ်လာပြီး အမြင့် နှစ်မီတာကျော်ရှိတဲ့ ဧရာမရွှေမြှားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းကို စွမ်းအင်ဖြင့် ပြုလုပ်ထားသော်လည်း  ခိုင်မာသော အသွင်အပြင်ရှိသည်။

မြှားထိပ်က ရွှေရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော ပင်လယ်မျိုးနွယ်မင်းသမီးလေးဆီသို့ ဦးတည်နေသည်။

"ဟင့်အင်း! မင်း ဒီလောက် ကျယ်လောင်တဲ့ ဆူညံသံတွေ လုပ်ပြီး ငါ့ဝန်ကို ထုတ်မပစ်နိုင်ခဲ့ဘူးကွ၊ အခု မင်းရဲ့ မျက်နှာကို ငါ ပစ်တော့မယ်!"

ဖေးက ဒေါသတကြီးဖြင့် ပြင်းပြင်းထန်ထန် တွေးနေခဲ့သည်။

  "  အုန်း " 

သူ့ဘယ်ဘက်လက်ကို ဖြေလျှော့လိုက်သည်နှင့် ထိုရွှေမြှားသည် လေးမှ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ဖေး၏လက်ထဲမှ ဧရာမလေးသည် ဤကြောက်မက်ဖွယ်စွမ်းအားကို မခံနိုင်တော့ဘဲ အပိုင်းပိုင်းကွဲသွားသည်။

ဖေးမနေ့ညက ဒိုင်ယာဘလိုကမ္ဘာမှာ ဒီလေးကိုရခဲ့ပါသည်။ သို့သော်၊ ဤဒဏ္ဍာရီလာ မှော်လက်နက်ကိုပင် ဖေး၏ ရူးသွပ်ရိုင်းစိုင်းသော စွမ်းအားများ မပါဝင်ဘဲ မြှားတစ်စင်းကို ပစ်လွှတ်လိုက်ပြီးနောက် ကျိုးသွားခဲ့သည်။

ထိုဧရာမရွှေမြှားကြီးသည် အသံလှိုင်းထက် ပိုသောအမြန်ဖြင့် ချက်ချင်းဆိုသလို ကောင်းကင်ကိုဖြတ် အမှောင်ထုကိုပါ ဖြတ်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရွှေတြိဂံကို ကိုင်ဆောင်ထားသော အမျိုးသမီးဆီသို့ ပျံသန်းသွားလေသည်။

ထိုသင်္ဘောပေါ်ရှိ ပင်လယ်မျိုးနွယ်မှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါ။

အပြာရောင်စွမ်းအင်လှိုင်းများ တဟုန်ထိုးပေါ်လာပြီး ရှေးဟောင်းကြေးဝါသင်္ဘောတစ်ဝိုက်တွင် အားကောင်းသော မှော်စွမ်းအင်စက်လုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤအစွမ်းထက်တဲ့မြှားကို ပိတ်ဆို့ချင်သော်လည်း တစ်စက္ကန့်၏ အပုံတစ်ရာမပြည့်ခင်မှာပင် ကွဲအက်သွားခဲ့သည်။

ထိုရွှေမြှား၏ အရှိန်နှင့် စွမ်းအားသည် လျော့မသွားဘဲ ထိုအမျိုးသမီး၏ နဖူးဆီသို့ ပျံသန်းသွားသည်။

သူမပတ်ဝန်းကျင်ရှိ ပင်လယ်မျိုးနွယ် သခင်များသည် စိုးရိမ်တကြီးကြည့်ကာ သူမအတွက် ပိတ်ဆို့ချင်သော်လည်း အချိန်မလောက်ခဲ့ပေ။

ဒီအချိန်မှာ ရွှေရောင်မျက်နှာဖုံးနောက်ကွယ်က ခရမ်းရောင်မျက်လုံးတစ်စုံက မျက်တောင်တောင်မခတ်ပဲ ကြည့်နေသည်။ သူမ ကြွေးကြော်သံကြောင့် လက်ထဲက ရွှေတြိဂံက ဖြည်းဖြည်းချင်း ရွေ့သွားသည်။

 ၎င်းကအလွန်နှေးကွေ‌နေသည်။

အဖြစ်အပျက်က အလွန်မြန်သောကြောင့်သာ နှေးကွေးနေပုံရကြောင်း တကယ့်ဆရာသခင်များသာ သိကြသည်။

သဘာဝနိယာမများ၏ စွမ်းအားများပါ၀င်သော ရွှေတြိဂံသည် ဤမင်းသမီးလေးရှေ့ရှိ လေထုထဲတွင် နောက်ဆက်တွဲပုံရိပ်များစွာကို ချန်ထားခဲ့ကာ လူတိုင်း၏မျက်လုံးများကို လှည့်စားစေခဲ့သည်။

ကြည်လင်ပြတ်သားသော ပုံရိပ်များ မပျောက်ကွယ်မီ ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။

ဧရာမရွှေမြှားကြီးသည် ရွှေတြိဂံပေါ်တွင် ဆင်းသက်လာသည်။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ပေါ်လာပြီး ရှေးခေတ် သံချေးတက်နေသော ကြေးဝါစစ်သင်္ဘောသည် ပြင်းထန်စွာ လှုပ်ခါစပြုလာသည်။ ဤမာနထောင်လွှားသော ပင်လယ်မျိုးနွယ်စု၏ မင်းသမီးလေးတဝိုက်ရှိ သခင်များသည် သင်္ဘောပေါ်မှ  ပင်လယ်ရေထဲသို့ ကျသွားခဲ့သည်။ ထို့နောက် စစ်သင်္ဘောပေါ်တွင် တောက်ပသော ရွှေရောင်မီးတောက်များ ပေါ်လာသည်။

အခြားနေရောင်ပေါ်လာသည်နှင့်အမျှ တောက်ပသောအလင်းရောင်များကြောင့် လူတိုင်းမျက်လုံးမှိတ်သွားခဲ့သည်။ ဤအခိုက်အတန့်တွင်၊ ကမ္ဘာကြီး၏အမှောင်ထုမှာ တွန်းထုတ်ခံလိုက်ရပြီးနေ့ခင်းဘက်ကဲ့သို့ ဖြစ်လာသည်။

“စက်ဆုပ်ဖို့ ကောင်းပြီး သနားစရာကောင်းတဲ့ လူသား၊ ပင်လယ်ကြီး၏ ဘုရားသခင်ရဲ့ သည်းခံမှုကို စမ်းသပ်ပြီး သူ့ကို ဒေါသထွက်အောင် ကြိုးစားနေတာလား” 

အေးစက်သောအသံသည် လူတိုင်း၏နား၌ ထင်ရှားစွာထွက်ပေါ်လာသည်။ အသံက အလွန်အေးစက်နေသဖြင့် ဤအရာသည် နေကို မမြင်ရဘဲ ပင်လယ်နက်ထဲတွင် နှစ်ပေါင်း ထောင်သောင်းမက နေထိုင်ခဲ့ပုံရသည်။

ဤသည်မှာ ဒဏ္ဍာရီလာခေတ်တွင် အသုံးပြုခဲ့သော ရှေးဘာသာစကားဖြစ်ပြီး ဤခေတ် လူတို့ဘာသာစကားနှင့် အတော်လေး ခြားနားပါသည်။ ထို့ကြောင့် ဤအမျိုးသမီး၏ အဓိပ္ပါယ်ကို လူအနည်းငယ်သာ နားလည်နိုင်ခဲ့သည်။

All Chapters