← Chapters

သတင်းဆိုး

Vol. 27 Ch. 403

သတင်းဆိုး

Vol. 27 Ch. 403

စူးချင်းက သူမ၏အမေနှင့် အဒေါ်၏ စကားများကို လျစ်လျူရှုလိုက်ပြီး သူမအမေကို လှမ်းကြည့်နေကာ စေ့စပ်အထိမ်းအမှတ်ဖြစ်သည့် ငွေခြူလေးကို တောင်းလိုက်သည်။

"သမီးက အခု လိုချင်နေတာလား?"

သမီးဖြစ်သူက ငွေခြူ‌လေးအား လိုချင်နေကြောင်း သိလိုက်ရချိန်တွင် ယန်ရူရွှယ်က အံ့အားသင့်နေလေသည်။

ချင်းအာက ဘာလို့ အဲ့တာကို လိုချင်တာလဲ?

“ဟုတ်ကဲ့”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ သူမက ထိုငွေခြူလေးအတွက် ပြန်လာခဲ့ခြင်း ဖြစ်ပြီး ငွေခြူလေးက သေတ္တာ၏သော့ဖြစ်နိုင်သည်ကို သူမ သေချာသိထားပြီးဖြစ်သည်။ သို့သော် ထိုအရာက သူမ၏ခန့်မှန်းချက်သာ ဖြစ်ပြီး စမ်းသပ်ရန် လိုအပ်နေသေးသည်။

"အမေ့မှာ သတင်းဆိုးရှိတယ်"

ယန်ရူရွှယ်က သူမ၏သမီးလေးကို အားနာပါးနာ ကြည့်နေရင်း ပြန်ပြောလိုက်သောကြောင့် စူးချင်းတစ်ယောက် မိခင်ဖြစ်သူကို မော့ကြည့်လိုက်သည်။

"အရင်တုန်းက အမေ သီလရှင်ကျောင်းကို မသွားခင်... အဲ့ငွေခြူလေးကို မယူခဲ့ဘဲ လော့ချန်က အိမ်မှာထားခဲ့မိတယ်”

ယန်ရူရွှယ်က ထိုအကြောင်းကို ပြောနေရင်း သမီးဖြစ်သူကို ဂရုတစိုက် အကဲခတ်နေခဲ့သည်။

သူမက ထွက်ပြေးဖို့ စိတ်စောနေခဲ့ပြီး သူမရဲ့သမီးလေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုကို လော့ချန်က အိမ်ဟောင်းမှာ ထားခဲ့မိတယ်။ ဒါက သမီးလေးရဲ့ အိမ်ထောင်ရေးကို နှောင့်နှေးစေရင် သူမက အပြစ်သား ဖြစ်သွားလိမ့်မယ်။

“...”

စူးချင်းက မိခင်ဖြစ်သူကို ကြည့်လိုက်ပြီး သက်ပြင်းရှူလိုက်သည်။

ခုချိန်မှာ သူမရဲ့အမေကို အပြစ်တင်နေလို့လည်း ဘာမှ အသုံးမဝင်တော့ဘူး။ ဖြစ်နိုင်တာကတော့ သူမ လော့ချန်ကို ပြန်သွားရမယ့်ပုံပဲ။

“အမေ၊ အဲ့ဒီငွေခြူလေးက အရမ်းအရေးကြီးတယ်၊ အမေ အဲ့ဒါကို ဘယ်မှာ ထားခဲ့တာလဲ?"

“အဲဒီငွေခြူလေးက အရေးကြီးမှန်း အမေလည်း သိပါတယ်၊ အမေ တွေ့ရာနေရာမှာ မထားခဲ့ပါဘူး။ အဲဒါကို သစ်ထွင်းလက်ဝတ်ရတနာသေတ္တာထဲမှာ ထည့်ထားပြီး အဖိုးတန် လက်ဝတ်ရတနာတွေ ထားလေ့ရှိတဲ့ ဗီရိုထဲမှာ ထည့်ထားခဲ့တယ်၊ ဒါပေမယ့် အခု…”

ယန်ရူရွှယ်က သူမ၏စကားကို ဆုံးအောင်မပြောနိုင်တော့ပေ။

သူမတို့က ကမန်းကတန်း ထွက်ပြေးလာကြရပြီး သူမတို့ရဲ့ဥစ္စာပစ္စည်းတွေကို မယူလာနိုင်ခဲ့ဘူး။ အဲ့ဒါအပြင် နောက်ပိုင်းမှာ သူမတို့ရဲ့နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းခံခဲ့ရတယ်။ အခုချိန်ဆို ငွေခြူလေးက ရှိနိုင်ပါတော့မလား?

"အမေ... အမေ သေတ္တာရဲ့ပုံသဏ္ဍာန်ကို အသေးစိတ်ပြောပြနိုင်မလားဟင်?"

စူးချင်း၏ နှလုံးသားက စိုးရိမ်စိတ်များကြောင့် ပူလောင်နေလေသည်။ သူမ လျှို့ဝှက်ခန်းထဲမှ ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာများကိုသာ ယူဆောင်လာခဲ့ပြီး မိခင်ဖြစ်သူ၏ လက်ဝတ်ရတနာများကို ယူရန် မေ့လျော့ခဲ့မိသည့်အတွက် နောင်တရနေမိသည်။ ထိုအချိန်တွင် သူမအတွက် အချိန်မလုံလောက်သောကြောင့် သူမမိခင်၏ အတွင်းခန်းသို့ မသွားခဲ့ရပေ။ ထို့ကြောင့် သူမအတွက် အရေးအကြီးဆုံးအရာဖြစ်သည့် ငွေခြူလေးကို လော့ချန်တွင် ချန်ထားမိခဲ့ခြင်း ဖြစ်သည်။

"ချင်းအာ.... သမီး လော့ချန်ကို သွားမလို့လား? မသွားပါနဲ့၊ အဲ့ငွေခြူလေးလည်း မရှိနိုင်လောက်တော့ဘူး”

ယန်ရူရွှယ်က သမီးဖြစ်သူကို စိုးရိမ်တကြီး စိုက်ကြည့်ရင်း တားဆီးလိုက်သည်။

အခု လော့ချန်က နဂါးတွင်းနဲ့ ကျားဂူလို ဖြစ်နေပြီ။ ငွေခြူလေးတစ်လုံးအတွက်နဲ့ သူမရဲ့သမီးလေးကို အန္တရာယ်အဖြစ်မနိုင်ဘူး။

“အမေ၊ ဒီငွေခြူလေးက အရမ်း အရေးကြီးတယ်၊ မဖြစ်မနေ ပြန်သွားယူမှ ရမှာ၊ သမီးကို မြန်မြန် ပြောပြပါ၊ သမီးမှာ အချိန်အများကြီး မရှိဘူး”

စူးချင်းက မိခင်ဖြစ်သူကို ဆက်ပြီး သွေးဆောင်ခွင့်မပေးဘဲ စာရွက်နှင့် စာရေးစုတ်တံကို ထုတ်ယူကာ ပုံမြန်မြန် ဆွဲပေးရန် ထပ်တောင်းဆိုလိုက်သည်။

ယန်ရူရွှယ်က သေတ္တာ၏ပုံစံကို အမြန်ရေးဆွဲပေးရန် သမီးဖြစ်သူထံမှ အတင်းအကြပ် ဖိအားပေးခံလိုက်ရပြီး စူးချင်းကတော့ ပုံတူကို ရသည်နှင့် အမြန်ထွက်သွားရန် ပြင်ဆင်လိုက်သည်။

"ချင်းအာ၊ သမီး မသွားခင် အမေတို့နဲ့အတူ ထမင်းတစ်နပ်လောက် စားသွားဦးလေ"

စူးဟန်ရွှမ်က အတွင်းခန်းဘက်သို့ လျောက်လာနေခဲ့ပြီး သူ့သမီးလေး အလျင်စလို ပြန်ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့ဇနီးက သူ့သမီးနောက်မှ လိုက်လာပြီး မေးခွန်းများ မေးနေသည်ကို ကြားလိုက်ရချိန်တွင် သမီးဖြစ်သူ ပြန်ထွက်သွားတော့မည်ကို သူ ရိပ်မိလိုက်သည်။

စူးဟန်ရွှမ်က သူ့သမီးရှေ့မှ တားဆီးလိုက်ပြီး "ချင်းအာ၊ သမီး ပြန်လာပြီးပြီးချင်း ဘာလို့ ပြန်ထွက်သွားမှာလဲ?"

"အဖေ၊ ကျွန်မ ငွေခြူလေးကို ယူဖို့ လော့ချန်က အိမ်ဟောင်းကို ပြန်သွားရမယ်"

စူးချင်းက ရိုးရိုးရှင်းရှင်း ပြောလိုက်ပြီး ဖခင်ဖြစ်သူ မတုံ့ပြန်နိုင်ခင် တံခါးကို ကျော်ဖြတ်ပြီး ထွက်ခွာလာခဲ့သည်။

“သခင်မလေး၊ အစိုးရက အိမ်ဟောင်းကို သိမ်းပြီးပြီ”

အိမ်တော်ထိန်းအဘိုးကြီးက စူးချင်းကို အလျင်စလို သတိထပ်ပေးလိုက်သည်။

အစိုးရက သိမ်းပြီးမှတော့ ဘာတွေ ကျန်နိုင်ဦးမှာလဲ။ သခင်မလေးသာ လာမကယ်ခဲ့ရင် သူတောင်မှ လော့ချန်ရဲ့အကျဉ်းထောင်ထဲမှာ သေဆုံးပြီးနေလောက်ပြီ။

“အင်း”

စူးချင်းက သူ့စကားကို အသိအမှတ်ပြုရုံ တုံ့ပြန်လိုက်ပြီး သူမ၏ခြေလှမ်းများအား လုံးဝ မရပ်တန့်ခဲ့ပေ။ သူမက သူမနှင့် ကျိ‌ရွှေရှန့်တို့၏မြင်းများကို ပြန်ယူလာပေးရန် ကျေးကျွန်များအား အမိန့်ပေးနေခဲ့သည်။

"ချင်းအာ၊ အန္တရာယ်အဖြစ်ခံပြီး အဲ့ဒါကို သွားမယူနဲ့တော့"

စူးဟန်ရွှမ်က သူ့သမီးနောက်သို့ လိုက်လာပြီး လော့ချန်သို့ ပြန်မသွားရန် ဆွဲဆောင်နေခဲ့သည်။ စူးချင်းက သူမ၏အဖေကို စိုက်ကြည့်နေရင်း “အဲ့ဒါဆို အိမ်ထောင်ရေး ပျက်သွားမှာနော်”

စူးဟန်ရွှမ် ခဏတာ မှင်သက်သွားပြီးမှ သူ့သမီးကို အမြန် ပြန်ပြောလိုက်သည်။

“ငွေခြူလေးမရှိရင်တောင် ကျေးဇူးရှင်က သူ့စကားကို ပြန်ပြင်မှာ မဟုတ်ဘူး”

“အဖေ၊ အဖေက အဲ့ဒီငွေခြူလေးရဲ့ အရေးပါပုံကို မသိသေးဘူး။ အဲ့ဒါက ကျွန်မနဲ့ ကျွန်မရဲ့ခင်ပွန်းကြားက စေ့စပ်လက်ဆောင်သက်သက် မဟုတ်ဘူး၊ အဲ့ဒါက အဖေ ထင်သလို မရိုးရှင်းဘူး”

စူးချင်းက သူမ ပြောနိုင်သလောက် အကုန် ပြောပြလိုက်ပြီး တခြားအရာများကိုတော့ ထပ်မပြောပြတော့ပေ။

မတော်တဆ တခြားသူတွေ ကြားသွားပြီ သူမ ငွေခြူလေးကို မယူနိုင်အောင် တားဆီးလာရင် ဘယ်လိုလုပ်ရမလဲ?

"အင်းပါ... ဒါဆိုလည်း သမီး ဘေးကင်းဖို့ သတိထားရမယ်နော်"

စူးဟန်ရွှမ်က သူ့သမီးလေး၏ လေးနက်သော အမူအရာကို မြင်လိုက်ရပြီး တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။

သူ့သမီးလေး ဒီလောက်လေးနက်နေတာကို သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ပြီးတော့ သူ ဒီပစ္စည်းရဲ့အရေးပါပုံကိုလည်း တစ်ခါမှ မသိခဲ့ရဘူး။ အဲ့တော့ အဲ့ဒီငွေခြူလေးက သူ့သမီးအတွက် အသုံးဝင်မယ့် တစ်ခုခု ဖြစ်နိုင်တယ်၊ ဒါပေမယ့် လက်ရှိမှာ သူ့သမီးလေးအနေနဲ့ သူတို့ကို ဖွင့်မပြောပြနိုင်သေးဘူး။

ထိုအတွေးများကြောင့် စူးဟန်ရွှမ်က သူ့သမီးကို ဆက်နေရန် မတောင်းဆိုတော့ပေ။ သူက သူမကို သတိထားရန်သာ တောင်းဆိုလိုက်သည်။ သူ့သမီးလေးက အင်အားကြီးမှန်း သူ သိနေသော်လည်း သူ့၏ဖခင်မေတ္တာကြောင့် စိတ်ပူမိနေဆဲပင်။

“ဟုတ်ကဲ့”

စူးချင်းက သူမ၏အဖေကို ခေါင်းညိတ်ပြလိုက်သည်။ အဖေနှင့်သမီးကြားမှ ပြတ်ပြတ်သားသား နားလည်မှုက စကားလုံးများပင်မလိုဘဲ ထင်ထင်ရှားရှား ပေါ်လွင်နေလေသည်။

"ရှင်က ရှင့်သမီးကို နဂါးတွင်းနဲ့ ကျားရဲဂူတွေဆီ သွားခွင့်ပေးမှာလား?"

ယန်ရူရွှယ်က ဒေါသထွက်နေပြီး သူမ၏ခင်ပွန်းကို အပြစ်တင်လိုက်သည်။ ခင်ပွန်းဖြစ်သူက သူမတို့၏သမီးလေးကို တားဆီးနိုင်ရန် သူမ မျှော်လင့်ထားခဲ့သသော်လည်း နောက်ဆုံးတွင် သူမ၏ခင်ပွန်းက သူ့သမီးဘက်မှ ရပ်တည်ခဲ့သည်။

"ချင်းအာကို ယုံကြည်ပေးလိုက်ပါ"

စူးဟန်ရွှမ်က ဇနီးဖြစ်သူ၏ပခုံးလေးကို ပွေ့ဖက်ကာ နူးနူးညံ့ညံ့ နှစ်သိမ့်ပေးလိုက်သည်။

"ဘာကို ယုံကြည်ပေးရမှာလဲ? လော့ချန်က အခု အန္တရာယ်တွေ ဝိုင်းနေတာလေ။ ရှင် ဘာလို့ သူ့(မ)ကို လွှတ်လိုက်ရတာလဲ?"

ယန်ရူရွှယ်က ခင်ပွန်းဖြစ်သူကို ဒေါသတကြီး တွန်းထုတ်လိုက်ပြီး စူးချင်းကို ထပ်တားခိုင်းလိုက်သည်။ ထိုအချိန်တွင် အစေခံများက အိမ်နောက်ဖေးမှ မြင်းများကို ယူလာပြီ ဖြစ်သည်။ စူးချင်းက သူမ၏ အမေ အမီမလိုက်နိုင်စေရန် သူမတို့ကို မစောင့်ဘဲ မြင်းများကို တံခါးဝမှ ဆွဲထုတ်သွားလိုက်သည်။

သူမ တံခါးအပြင်သို့ ရောက်သွားချိန်တွင် မိခင်ဖြစ်သူ၏ငိုသံကို ကြားလိုက်ရသောကြောင့် စူးချင်းက သူမ၏ခြေလှမ်းများကို ရပ်လိုက်ပြီး မိဘနှစ်ပါးဘက်သို့ ပြန်လှည့်လိုက်ကာ မိခင်ဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။

“အမေ၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ သမီးကို မသတ်နိုင်ပါဘူး။ သမီးအတွက် စိတ်မပူနဲ့နော်”

သူမ၏စကားများက အခြားသူများအတွက် မာနကြီးပုံပေါ်နေသော်လည်း စူးဟန်ရွှမ်က သူ့သမီးလေး၏စကားကို အပြည့်အဝ ယုံကြည်ပေးနိုင်သည်။ ထို့ကြောင့် သူက စူးချင်းကို လက်ဝှေ့ယမ်းပြနေရင်း ပြန်ပြောလိုက်သည်။

"ကောင်းပြီ၊ သမီး အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်လာမယ့်အချိန်ကို အဖေတို့ စောင့်နေမယ်"

စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး မြင်းပေါ်တက်ကာ စတင်ထွက်ခွာလိုက်သည်။ စူးချင်း မြင်းပေါ်သို့ ရောက်သည်နှင့် လွမ်ဟုန်က ခြံဝင်းထဲသို့ ဝင်လာရင်း သူမကို ကမန်းကတန်း လှမ်းမေးလိုက်သည်။

"ဝမ်းကွဲအစ်မ၊ အစ်မ စားသောက်ဆိုင် ဖွင့်တဲ့အချိန်အထိ ပြန်ထွက်မသွားဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား?"

"လွမ်ဟုန်၊ မင်း ဆက်ပြီ အလုပ်ကြိုးစားပေးပါဦး။ ပါးဝမ်စွေ့ကို တာ့ထန် ပို့ပေးဖို့ ဦးလေးယန်ကို ပြောပေးဦး၊ ပြီးတော့ သူ့ကို ဒီခါးချိတ်တံဆိပ်ပြားလည်း ပေးပေး။ သူ တာ့ထန်ကို ရောက်ရင် ပါးဝမ်စွေ့ကို တတိယမင်းသားဆီ သွားပို့ လို့ရတယ်”

စူးချင်းက သူမ၏ဝမ်းကွဲကို တွေ့လိုက်သည်နှင့် တာ့ထန်ဧကရာဇ်က သူမကို ပေးထားခဲ့သည့် တံဆိပ်ကို ထုတ်ယူကာ ကုန်ပစ္စည်းများ ပို့ပေးရန် ယန်ကျစ်အား အကူအညီ တောင်းခိုင်းလိုက်သည်။ သူမ တတိယမင်းသားကို ကတိပေးထားပြီး ဖြစ်ကာ သူမ၏စကားအတိုင်း ကုန်ပစ္စည်းများ သွားပို့ရမည်ဖြစ်သည်။

“အခုလောလောဆယ် တခြားသေရည်တွေကို မချက်နဲ့ဦး၊ ပါးဝမ်စွေ့ကိုပဲ ချက်ထားလိုက်၊ ဒါက တဆေးတွေ၊ မင်းဘာသာ သိမ်းထားလိုက်တော့"

စူးချင်းက တဆေးထုပ်ကို ထုတ်ကာ လွမ်ဟုန်အား ထပ်ပေးလိုက်ပြီး ပါးဝမ်စွေ့ကို အားစိုက်ချက်ရန် ညွှန်ကြားလိုက်သည်။

လွမ်ဟုန်က တဆေးကို လှမ်းယူနေရင်း သူမ၏ဝမ်းကွဲကို သနားစဖွယ် လှမ်းကြည့်နေလေသည်။ သူမက သူမ၏ဝမ်းကွဲကို သူဌေးအဖြစ် အမှန်တကယ် မြင်မိနေပြီ ဖြစ်သည်။

အမှန်တကယ်တွင် လွမ်ဟုန်က သူမ၏ဝမ်းကွဲနှင့်အတူ တာ့ထန်သို့ လိုက်သွားရန် တွေးထားခဲပြီး သူမက တာ့ထန်ရှိ တောင်တန်းပြာတွေ့ဆုံပွဲကို လွမ်းဆွတ်နေဆဲပင်။

စူးချင်းက သူမဝမ်းကွဲ၏ အသနားခံနေသော မျက်လုံးများကို မကြည့်ဘဲ လျစ်လျူရှုကာ ထွက်လာခဲ့လိုက်သည်။ သို့သော် စူးအိမ်တော်မှ ထွက်လာပြီး မကြာမီ စူးချင်းတစ်ယောက် မျက်မှောင်ကြုတ်သွားရသည်။

သူမ အခု ရွှေရှန့်ကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖို့ လိုအပ်နေပြီ၊ ဒါပေမယ့် သူနဲ့ ချူကျင်းဖုန်းက ဘယ်နေရာကို သွားပြီး တိုက်ခိုက်နေမှန်း သူမ မသိဘူး။

စူးချင်းက ကျိ‌ရွှေရှန့်ကို ရှာဖွေရန် တွေးတောနေရင်း ကင်းလှည့်တပ်ဖွဲ့နှင့် ဝင်တိုးမိသွားခဲ့သည်။ ရှေ့ဆုံးမှ ခေါင်းဆောင်က နောက်ဆုံးတစ်ကြိမ်က စူးချင်းနောက်သို့ လိုက်လာပေးခဲ့သူဖြစ်ပြီး စူးချင်းကို တွေ့လိုက်ချိန်တွင် သူ့မျက်လုံးများက တောက်ပလာသည်။ သူက စူးချင်းဘက်သို့ လက်သီးအုပ်ကာ လှမ်ပြောလိုက်သည်။

"သခင်မလေးစူး၊ အစစ အရာရာ အဆင်ပြေရဲ့လား?"

သူတို့နှစ်ယောက် နောက်ဆုံးလမ်းခွဲစဥ်ကတည်းက သူက စူးချင်းအကြောင်း နေ့ရောညပါ တွေးနေခဲ့ပြီး ထိုလူငယ်က စူးချင်းကို ချစ်မိသွားခဲ့သည်။ သူက သူမနှင့် မထိုက်တန်ကြောင်း သူ သိနေခဲ့သော်လည်း သူမကို သဘောမကျဘဲ မနေနိုင်ခဲ့ပေ။

"ဒုတပ်မှူးရော ဘယ်လိုလဲ? အဆင်ပြေရဲလား?"

စူးချင်းကလည်း ထိုလူငယ်ကို မှတ်မိနေပြီး သူ့အမည်က လုရှင်းဖြစ်ကာ အလွန်တော်သော လူငယ်တစ်ယောက် ဖြစ်ပုံရသည်။

"မင်း ငါ့ကို မှတ်မိသေးတာလား?"

လုရှင်းက စူးချင်းအား စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်သည်။

“ဟုတ်ကဲ့”

စူးချင်းက ခေါင်းညိတ်လိုက်ရင်း အတွေးတစ်ခု ဝင်လာပြန်သည်။

သူမ ရွှေရှန့်ကို ဘယ်မှာ ရှာရမှန်း မသိရင် ဒီလူ့ကို မေးလို့ ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူက သိုင်းပညာလေ့ကျင့်ရေးကွင်းတွေရဲ့ နေရာကို သိနေမှာ သေချာတယ်။

ထိုအတွေးကြောင့် စူးချင်းက လုရှင်းဘက်သို့ လက်သီးအုပ်ကာ ထပ်မေးလိုက်သည်။

“ဒုတပ်မှူး၊ မင်းကို တစ်ခုလောက် မေးချင်တယ်။ ကျင့်ရှီလျိုမြောင်မှာ သိုင်းပညာလေ့ကျင့်ရေးကွင်းတွေ ရှိလား?"

စူးချင်းက မိန်းမပျိုလေးဖြစ်သော်လည်း လုရှင်းကို ထိတ်လန့်စေသည့် ယောက်ျားလေးကျင့်ဝတ်များကို ကျင့်သုံးနေခဲ့သည်။ သို့သော် ထိုအကြောင်းကို စဉ်းစားပြီးနောက် စူးချင်းက သိုင်းလောကသားတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ အရိုအသေပြုဟန်က မထူးဆန်းကြောင်း သူ တွေးလိုက်သည်။

“တကယ်လို့ အရပ်ဘက်ပြိုင်ဆိုင်မှုဆိုရင်တော့ မြို့အနောက်ဘက်မှာရှိတဲ့ စွန့်ပစ်ခံစစ်မြေပြင်မှာ ကျင်းပလေ့ရှိတယ်။ စစ်ရေးပြိုင်ပွဲတွေကိုတော့ အထူးနေရာတွေမှာ ကျင်းပတယ်”

လုရှင်းက စူးချင်းကို စိတ်ရှည်လက်ရှည် ရှင်းပြနေပြီး သူမကို စိတ်ဝင်တစား ပြန်မေးလိုက်သည်။

"သခင်မလေးစူးက တစ်ယောက်ယောက်နဲ့ သိုင်းပညာပြိုင်ချင်လို့လား?"

"မဟုတ်ဘူး၊ ကျွန်မ တစ်ယောက်ယောက်ကို ရှာချင်လို့ပါ"

စူးချင်းက ထိုစကားကိုသာ ချန်ထားခဲ့ပြီး သူမ၏မြင်းကို စီးကာပြီး ထွက်ခွာသွားတော့သည်။

All Chapters