ချူကျင်းဖုန်းရဲ့ အထောက်အထားအမှန်
Vol. 27 Ch. 404
လုရှင်းက သူရဲကောင်းဆန်ဆန် ထွက်ခွာသွားသော စူးချင်း၏ကျောပြင်ကို ချစ်ရည်ရွှမ်းနေသော မျက်လုံးများဖြင့် လိုက်ကြည့်နေခဲ့ပြီး သူမ ပျောက်ကွယ်သွားသည့်တိုင် အကြည့်မလွှဲနိုင်သေးဘဲ အဝေးသို့ လှမ်းကြည့်နေလေသည်။
"ဘာကြည့်နေတာလဲ?"
ရန်ရှစ်ခွမ်းက သူ့ဘေးနားမှ ဖြတ်သွားပြီး တွေးဝေငေးမောနေသည့် လုရှင်းကို မြင်သွားခဲ့သည်။ သူက လူရှင်း ဘာကြည့်နေမှန်း မသိသဖြင့် မျက်မှောင်ကြုတ်ကာ ကြိမ်းမောင်းလိုက်သည်။
"စစ်သူကြီး"
လုရှင်းက ရန်ရှစ်ခွမ်း၏အော်သံကြောင့် ထိတ်လန့်သွားပြီး နောက်သို့ အမြန်ပြန်လှည့်လိုက်ကာ အလောတကြီး ပြန်ဖြေလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး”
ရန်ရှစ်ခွမ်းက လုရှင်း ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်ပြီး လက်ထဲတွင် တခြားမြင်းတစ်ကောင်ကို ဆွဲထားရင်း မြင်းစီးနေသည့် စူးချင်း၏ကျောပြင်ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းက ရန်ရှစ်ခွမ်း၏မျက်ခုံးမွှေးထူထူများကို ပင့်တက်သွားစေခဲ့သည်။ ကျိရွှေရှန့်က စူးအိမ်တော်မှ မိန်းမပျိုလေးနှင့်အတူ ကျင့်ရှီလျိုမြောင်သို့ ပြန်ရောက်လာကြောင်း သူ သိလိုက်ရပြီး ကျိရွှေရှန့်ထံတွင် စစ်သူကြီးတံဆိပ် ပါလာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သူ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
"ခုန သူ(မ) ဘာမေးသွားတာလဲ?"
ရန်ရှစ်ခွမ်းက လုရှင်းကို တည့်တည့်ကြည့်ကာ ထပ်မေးလိုက်သည်။
"ဘယ်သူလဲ?"
လုရှင်းက ဘာမှ မသိဟန်ဆောင်ကာ ပြန်မေးလိုက်သည်။
"မိန်းခလေးစူး"
ရန်ရှစ်ခွမ်း၏မျက်နှာက မည်းမှောင်သွားပြီး လုရှင်းကို တင်းတင်းမာမာ စိုက်ကြည့်လိုက်သောကြောင့် လုရှင်းတစ်ယောက် အလွန်ထိတ်လန့်သွားပြီး ဘာကိုမှ မဖုံးကွယ်ရဲတော့ပေ။
“သခင်မလေးစူးက သိုင်းလေ့ကျင့်ကွင်းရှိတဲ့နေရာကို မေးခဲ့တာပါ”
ဆယ့်ငါးမိနစ်ခန့်အကြာတွင် စူးချင်းက သိုင်းလေ့ကျင့်ကွင်းကို ရှာတွေ့သွားခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံးမှ နှင်းများ ကျဆင်းနေပြီး နှင်းတောထဲ၌ လူနှစ်ယောက် တိုက်ခိုက်နေကြသည်။ စူးချင်းက သူမ၏မြင်းပေါ်တွင် ထိုင်နေပြီး သူတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိသည်။
ကျိရွှေရှန့်၏လက်သီးထိုးချက်များက ဝင့်ဝင့်ကြွားကြွား ဖြစ်နေပြီး လေ၏အရှိန်ကို သယ်ဆောင်ထားသလို လျင်မြန်သွက်လက်လွန်းလှသည်။ သူ၏လှုပ်ရှားမှုများက တိကျပြတ်သားလွန်းနေပြီး သူ့၏ခန္ဓာကိုယ်က အတောင်ပံများကို ဖြန့်ကြက်ထားသည့် ဧရာမဂဠုန်ငှက်ကြီးတစ်ကောင်ကဲ့သို့ တိုက်ပွဲမြေပြင်ကို လွှမ်းမိုးထားခဲ့သည်။ ချူကျင်းဖုန်းကလည်း ကျိရွှေရှန့်၏ထိုးနှက်ချက်များကို ရှောင်ရှားရန် ကြွေကျနေသော သစ်ရွက်လေးကဲ့သို့ လှည့်ပတ်ပျံသန်းနေလေသည်။ သူက သူ့လက်ဖဝါးကို ဓါးသွားကဲ့သို့ အသုံးပြုနေပြီး ကျိရွှေရှန့်အား ခိုးဝင်တိုက်ခိုက်ရန် အခွင့်အရေး ရှာဖွေနေခဲ့သည်။
သူတို့နှစ်ယောက်လုံး လက်နက်များ မသုံးသောကြောင့် အသေခံတိုက်ပွဲဟု မသတ်မှတ်နိုင်သည့်တိုင် သူတို့၏လှုပ်ရှားမှုများက ပြင်းထန်လွန်းလှသည်။ အထူးသဖြင့် ကျိရွှေရှန့်၏ထိုးနှက်ချက်များက ရက်စက်လွန်းလှသည်။ သူက သူ့မိန်းခလေးအား လိုချင်နေသည့် ထိုယောက်ျားကို သနားညှာတာခြင်း လုံးဝ မရှိခဲ့ပေ။
ဒီလူ သူ့ချင်းအာရဲ့ပတ်ပတ်လည်မှာ လှည့်ပတ် မနေနိုင်အောင် သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်ရမယ်။
လက်ရှိတွင် ချူကျင်းဖုန်း၏နဖူးပေါ်မှ ချွေးစေးပေါက်များ ထွက်ကျနေပြီ ဖြစ်သည်။ ကျိရွှေရှန့်က ဤမျှအစွမ်းထက်မည်ဟု သူ မမျှော်လင့်ထားပေ။ ပွဲမစခင်တွင် ရှိနေသည့် သူ့၏ယုံကြည်မှုများက ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။
ဒီလူက သူ ထင်ထားတာထက် ပိုသန်မာတယ်။
ကျိရွှေရှန့်၏မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လင်းလက်နေပြီး သူ့လေသံကလည်း တင်းမာနေခဲ့သည်။
“သာမန်ကုန်သည်တစ်ယောက်မှာ ဒီလို မြင့်မားတဲ့ သိုင်းပညာမျိုး ရှိနေတယ်တဲ့လား? မင်းက ဘယ်သူလဲ?"
ကျင့်ရှီလျိုမြောင်မှာ ပုန်းအောင်းနေတဲ့ ဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ?
"ဒါဆို မင်းကရော ဘယ်သူလဲ?"
ချူကျင်းဖုန်းက ကျိရွှေရှန့်၏မေးခွန်းကို မဖြေဘဲ မေးခွန်းဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ ထိုသို့ တုံ့ပြန်လိုက်သော်လည်း ကျိရွှေ့ရှန့်၏စကားကြောင့် သူ စိတ်ရှုပ်သွားရပြီး ကျိရွှေရှန့်က သူ့မျက်နှာကို ထိုးနိုင်လုနီးပါး ဖြစ်သွားကာ သူ ကြောက်လွန်းသောကြောင့် မျက်နှာပင် ဖြူဖျော့လာရသည်။
ဒါက သူ ဂုဏ်ယူရတဲ့ ရုပ်ရည်လေ။ အရိုက်ခံလိုက်ရရင် သူ စူးချင်းရဲ့နှလုံးသားကို ဘာနဲ့ အနိုင်ယူရမှာလား?
"မင်းဘဝကို လိုချင်တဲ့သူ"
ချူကျင်းဖုန်းက သူ့မျက်နှာအား ဂရုတစိုက်ရှိကြောင်း သိလိုက်ရချိန်တွင် ကျိရွှေရှန့်က သူ့မျက်နှာကိုသာ လက်သီးဖြင့် လိုက်ထိုးနေတော့သည်။
‘ဖြူဖျော့တဲ့မျက်နှာနဲ့ ငါ့ချင်းအာကို သွေးဆောင်တဲ့အတွက် မင်းကို သေတဲ့အထိ ရိုက်ပစ်မယ်'
ယခုအချိန်တွင် ချူကျင်းဖုန်းက အမှန်တတယ် တုန်လှုပ်နေပြီ ဖြစ်သည်။ ကျိရွှေရှန့်၏လက်သီးချက်များက သူ့နှာခေါင်းနားသို့ အကြိမ်ပေါင်းများစွာ တိုးဝင်လာသောကြောင့် သူ့နှလုံးသားတစ်ခုလုံး ခုန်ပေါက်နေသည်အထိ ကြောက်လန့်နေပြီ ဖြစ်သည်။
"ရွှေရှန့်၊ သူ့ကို မြန်မြန် ဖြေရှင်းလိုက်တော့"
စူးချင်းက စိတ်မရှည်တော့ဘဲ ကျိရွှေရှန့်ကို လှမ်းအော်လိုက်သည်။ နှင်းတောထဲမှ ကျိရွှေရှန့်က မျက်ခုံးပင့်ကာ သူမကို ပြန်ပြုံးပြလိုက်ပြီး "ကောင်းပြီလေ၊ သူကို အခုချက်ချင်း ဖြေရှင်းလိုက်မယ်"
ကျိရွှေရှန့်က စူးချင်းကို ပြုံးပြလိုက်သော်လည်း ချူကျင်းဖုန်းကို ပြန်ကြည့်လိုက်သည့် သူ့မျက်လုံးများတွ လူသတ်ချင်သည့်ဆန္ဒများ ပြည့်နှက်နေလေသည်။ သူ့အကြည့်ကပင် လူသတ်နိုင်သည့် မြှားတစ်စင်းကဲ့သို့ ဖြစ်နေပြီး သူ့လက်သီးများကလည်း တစ်ချက်ချင်း လှုပ်ရှားနေခြင်းမျိုး မဟုတ်တော့ဘဲ အတွဲလိုက်အဆက်မပြတ် တိုးဝင်နေပြီ ဖြစ်သည်။ ချူကျင်းဖုန်းတစ်ယောက် တစ်လှမ်းပြီး တစ်လှမ်း နောက်ဆုတ်နေရပြီး ပြိုင်ပွဲကွင်းပြင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
လွန်ခဲ့သော အခိုက်အတန့်တွင် ကျိရွှေရှန့်က ချူကျင်းဖုန်းအား စမ်းသပ်နေခြင်းဖြစ်ပြီး သူ့ကိုယ်သူ ထိန်းထားခဲ့သည်။ ယခုအချိန်တွင် သူက လုံးဝ မထိန်းထားတော့ဘဲ သေစေလောက်သည့် လက်သီးချက်များကို ထုတ်ဖော်နေလေသည်။ ချူကျင်းဖုန်းက ခုခံရုံသာ ခုခံနိုင်ပြီး ပြန်လည်တိုက်ခိုက်ရန် ခွန်အား မရှိတော့ပေ။ သူတို့ တိုက်ခိုက်လေလေ ချူကျင်းဖုန်းတစ်ယောက် ပိုစိုးရိမ်လေလေဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ သဘောကျသည့် မိန်းခလေးရှေ့တွင် အရှုံးမပေးရစေရန် သူက လှည့်ကွက်များ စလုပ်လာခဲ့သည်။
စူးချင်းက ချူကျင်းဖုန်း သူ့လက်ကောက်ဝတ်အား ကျိရွှေရှန့်ဆီသို့ မြှောက်လိုက်သည်ကို တွေ့လိုက်ရသည်။ သူမကလည်း သူမ၏လက်ကို မဆိုင်းမတွ မြှောက်လိုက်ပြီး ချူကျင်းဖုန်းဆီသို့ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။
"သခင်လေးချူး၊ ရှင်က အဲ့လောက်တောင် စက်ဆုပ်စရာကောင်းတယ်ပေါ့။ ရှင် သူ့ကို မတိုက်နိုင်တာနဲ့ လျှို့ဝှက်လက်နက်တောင် သုံးနေတာလား?"
ကျိရွှေရှန့်၏ အမူအရာကလည်း ပြောင်းလဲသွားခဲ့သည်။ သူက တိုက်ပွဲရလဒ် တရားမျှတရန်သာ တွေးနေသောကြောင့် လွမ်တောင်ကိုပင် မသုံးပြုခဲ့ပေ။ သို့သော် ချူကျင်းဖုန်းက စည်းမျဉ်းများကို မလိုက်နာဘဲ လျှို့ဝှက်လက်နက်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ကျိရွှေရှန့်က တုံ့ဆိုင်းမနေတော့ဘဲ ချူကျင်းဖုန်း၏ ဘယ်ဘက်ပခုံးကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။ ချူကျင်းဖုန်း၏ ညည်းညူသံနှင့်အတူ အရိုးကွဲအက်သံတစ်ခု ထွက်လာပြီး လူက လွင့်ပျံသွားကာ နှင်းပွင့်များနှင့်အတူ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားရသည်။ သူက သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး ပါးစပ်ထဲမှ သွေးများ လျှံထွက်လာသည်။
သူက စူးချင်းကို မကျေမနပ်မျက်နှာဖြင့် ကြည့်နေကာ "... မင်း... သူ့ကို ကူညီပေးခဲ့တာလား?"
“သူက ငါ့ရဲ့ခင်ပွန်းလောင်းလေ... အဲ့တော့ ငါ သူ့ကို ကူညီပေးရမှာပေါ့"
စူးချင်းက ချူကျင်းဖုန်းကို လုံးဝ မျက်နှာသာမပေးတော့ပေ။ ချူကျင်းဖုန်း လျှို့ဝှက်လက်နက်များကို စတင်အသုံးပြုလိုက်ချိန်ကတည်းက စူးချင်းက သူ့ကို ယဉ်ယဥ်ကျေးကျေး ဆက်မပြောတော့ပေ။
ဒီလိုမျိုး မြင့်မားတဲ့ သိုင်းပညာစွမ်းရည်နဲ့လူတစ်ယောက်က သူမကို တမင်တကာ ချဉ်းကပ်လာတဲ့အတွက် သူ့မှာ အစီအစဉ်တစ်ခုခုတော့ ရှိရမယ်။
"မင်းက ဘယ်သူလဲ?"
ကျိရွှေရှန့်က သူ့၏လွမ်တောင်ကို ဆွဲထုတ်လိုက်ပြီး ချူကျင်းဖုန်း၏လည်ပင်းပေါ်သို့ တင်လိုက်သည်။ အေးစက်သောဓားသွားကို သူ တစ်ချက်ထပ်ဖိလိုက်လျှင် ချူကျင်းဖုန်း၏အသက်ကို အဆုံးသတ်သွားစေမည် ဖြစ်သည်။
"သူက ဟာဆာတိုင်းပြည်ရဲ့ဒုတိယမင်းသား"
တည်ငြိမ်ပြီး အသံသြဇာပြည့်ဝသည့်အသံတစ်ခု ထွက်ပေါ်လာပြီး ရန်ရှစ်ခွမ်းက လေနှင့် နှင်းများပေါ်မှ လျှောက်လှမ်းလာနေခဲ့သည်။
"ဦးလေးရန်"
ရန်ရှစ်ခွမ်းကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က လွမ်တောင်ကို ပြန်သိမ်းလိုက်ပြီး မတ်တပ်ထရပ်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။
ချူကျင်းဖုန်းကလည်း ဒဏ်ရာရနေသော ဘယ်ဘက်ပခုံးကို ဆုပ်ကိုင်ကာ မြေပြင်မှ မတ်တပ်ထရပ်လိုက်သည်။ သူ့မျက်နှာက နှင်းများထက် ဖြူဖျော့နေပြီး သူ့၏နှင်းဆီရောင် နှုတ်ခမ်းများက သွေးရောင်မဲ့နေပြီ ဖြစ်သည်။ သူ့၏ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ခံလိုက်ရသော်လည်း သူက ကျယ်လောင်စွာ ရယ်မောနေပြန်သည်။
"စစ်သူကြီးရန်၊ အဲ့တော့ ဒီမင်းသားငယ်လေးရဲ့လှုပ်ရှားမှုတိုင်း ခင်ဗျားရဲ့မျက်လုံးတွေကနေ မလွတ်မြောက်နိုင်ခဲ့ဘူးပေါ့"
"မင်း ကျင့်ရှီလျိုမြောင်ကို ပထမဆုံး စရောက်တဲ့နေ့ကတည်းက မင်းအပေါ်ထားတဲ့ သတိနဲ့အသိတွေကို ငါ ဘယ်တော့မှ မဖြေလျှော့ပေးခဲ့ဘူး။ လျှို့ဝှက်စုံစမ်းစစ်ဆေးဖို့ လူတွေ စေလွှတ်ထားခဲ့တယ်။ မင်းက ဟာဆာတိုင်းပြည်ရဲ့ ဒုတိယမင်းသားဖြစ်ပြီး အလယ်ပိုင်းလွင်ပြင်မှာ လျှို့ဝှက်ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းကို ငါ မနေ့က ရလိုက်တယ်”
ရန်ရှစ်ခွမ်း သူ့လက်နှစ်ဖက်ကို နောက်ကျောပစ်ထားရင်း စုတ်ပြတ်သတ်နေသော ချူကျင်းဖုန်းကို စူးရှသောအကြည့်ဖြင့် ကြည့်နေကာ လှောင်ပြောင်လိုက်သည်။
"မင်းရဲ့နာမည်အရင်းက ပါးထူလု၊ ချူကျင်းဖုန်းကတော့ မင်းရဲ့နာမည်အတုပေါ့”
“စစ်သည်တို့ လာကြစမ်း၊ ဟာဆာတိုင်းပြည်ရဲ့ဒုတိယမင်းသားကို စစ်စခန်းထဲကို ဖိတ်ခေါ်လာခဲ့၊ ငါတို့ စကားကောင်းလေးတွေ ပြောကြတာပေါ့”
ရန်ရှစ်ခွမ်းက ချူကျင်းဖုန်း၏အထောက်အထားကို ထုတ်ဖော်လိုက်ပြီး သူ့ကို ဖမ်းဆီးရန် လုရှင်းအား အမိန့်ပေးလိုက်သည်။
ဟာဆာတိုင်းပြည်က လောလောဆယ် အလယ်ပိုင်းလွင်ပြင်အား ကျူးကျော်နေခြင်း မရှိသော်လည်း ၎င်းတို့က ရည်မှန်းချက်ကြီးလွန်းသောကြောင့် သူ့ကို ဖမ်းဆီးရပေလိမ့်မည်။
“ငါက ဟာဆာတိုင်းပြည်ရဲ့ မင်းသားနော်။ ငါ မင်းတို့တိုင်းပြည်ရဲ့ဥပဒေတွေကို မချိုးဖောက်ခဲ့ဘူး။ မင်းတို့မှာ ငါ့ကို ဖမ်းပိုင်ခွင့် မရှိဘူး"
ပါးထူလု၏မျက်နှာတွင် မောက်မာမှုများ ပြည့်နေပြီး သူ့က ရန်ရှစ်ခွမ်းကို မထီမဲ့မြင် ပြုကာ အထင်သေးနေဟန်ဖြင့် တုံ့ပြန်လိုက်သည်။
“မင်း တော်ဝင်ရုံးတော်ကို သတင်းမပေးဘဲ ငါတို့ တိုင်းပြည်ထဲကို ခိုးဝင်လိုက်ကတည်းက ငါတို့ရဲ့ဥပဒေတွေ ချိုးဖောက်လိုက်တာပဲလေ။ ငါ တော်ဝင်ရုံးတော်ကို အစီရင်ခံပြီး မင်းတို့ရဲ့ဧကရာဇ်ကို ရှင်းပြ ခိုင်းလိုက်ပါ့မယ်”
ရန်ရှစ်ခွမ်းက နှာမှုတ်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။
အဖမ်းခံနေရာတာတောင် ကြီးကြီးကျယ်ကျယ်တွေ လာပြောနေသေးတယ်။ ငါ့နယ်မြေကို ရောက်လာမှတော့ ငါ့စကားကို နားထောင်ရမှာပေါ့ကွ။
ပါးထူလုက ရန်ရှစ်ခွမ်း၏အမိန့်ကို ဂရုမစိုက်ဘဲ သူက စူးချင်းကို ကြည့်နေကာ မကျေမနပ် လှမ်းပြောလိုက်သည်။
"ချင်းအာ၊ မင်းက ငါ့ကို အရမ်းဝမ်းနည်းစေခဲ့တယ်"
စူးချင်းက သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း သူ့ကို ခွန်းတုံ့ပြန်ရန်ပင် စိတ်မ၀င်စားတော့ပေ။ ကျိရွှေရှန့်ကတော့ ချစ်စိတ်မွှန်နေသော ပါးထူလုကို ခြေကန်ချက်တစ်ခု ထပ်ပေးလိုက်သည်။ သူက လဲကျသွားသည့် ပါးထူလု၏ရှေ့တွင် တောင်ကြီးကဲ့သို့ မားမားမတ်မတ် ရပ်နေပြီး မထီမဲ့မြင် အမူအရာဖြင့် ငုံ့ကြည့်လိုက်ပြီးမှ တည်တည်ငြိမ်ငြိမ် သတိပေးလိုက်သည်။
"ချင်းအာဆိုတဲ့နာမည်က မင်း ခေါ်ချင်တိုင်းခေါ်လို့ရတဲ့အရာမဟုတ်ဘူး"
“အရမ်း မောက်မာမနေနဲ့။ ဒီမင်းသား နှစ်သက်တဲ့ မိန်းခလေးကို ဘယ်သူကမှ လုမယူနိုင်ဘူး”
ပါးထူလုက သူ့ပါးစပ်ထဲ သွေးများကို ထွေးထုတ်လိုက်ပြီး သူ့ပခုံးကို သူ ပြန်ကိုင်ထားရင်းမှ ကျိရွှေရှန့်ကို ပြုံးပြလိုက်သည်။ သူ့အကြည့်များက ခိုင်မာလွန်းလှပြီး သံလိုက်စက်ကွင်း ဒဏ္ဍာရီဆန်သည့်အရာတစ်ခုကို မဖြစ်မနေ ရယူချင်နေသည့် ခွန်အားကြီးသည့် လူတစ်ယောက်ပမာ ပြုမူနေခဲ့သည်။
“ဒါဆိုလည်း ကြိုးစားကြည့်လေ”
ကျိရွှေရှန့်က ပါးထူလုကို အေးစက်သော အပြုံးဖြင့် ပြန်ကြည့်လိုက်ပြီး သူ့၏ခြိမ်းခြောက်မှုကို ဂရုမစိုက်ကြောင်း ပြသလိုက်သည်။
"သူ့ကို ခေါ်သွားတော့"
ရန်ရှစ်ခွမ်းက ကျိရွှေရှန့်အား ခြိမ်းခြောက်နေသည့် ပါးထူလုကို ဆွဲခေါ်သွားရန် သူ့လူများအား အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ကျိရွှေရှန့်အား လေးလေးနက်နက် ကြည့်နေပြန်သည်။
သူ ကျိရွှေရှန့်ရဲ့ အရည်အချင်းကို အခုမှ မြင်ဖူးတာလေ။ မျှော်လင့်ထားတဲ့အတိုင်း ကျားလို အဖေက ခွေးလို သားလေးကို မမွေးခဲ့ဘူး။ သူ သူ့အစ်ကိုကြီးအတွက် ဝမ်းသာဂုဏ်ယူတယ်။
“ဦးလေးရန်၊ တာ့ရှားက မင်းဆက် ပြောင်းလဲသွားပြီ။ အခု ဝမ်မိသားစုက ထီးနန်းကို သိမ်းပိုက်လိုက်ပြီ ဆိုတော့ ဦးလေးရန် ပိုပြီးသတိထားရမယ်"
ကျိရွှေရှန့်က ရန်ရှစ်ခွမ်းကို သတိပေးလိုက်သည်။
ဝမ်မိသားစု အာဏာရလာတာနဲ့ ပထမဆုံးလုပ်မယ့်အရာက ရှောင်းမိသားစုစစ်တပ်ကို ဖျက်ဆီးဖို့ ကြံစည်တာပဲ ဖြစ်လိမ့်မယ်။ အခု ဦးလေးရန်က အန္တရာယ်တောထဲကို ရောက်နေပြီ။
ရန်ရှစ်ခွမ်းက ဘာမှတ်ချက်မှ မပေးဘဲ ကျိရွှေရှန့်ကိုသာ စူးရှင်သော အကြည့်ဖြင့် အချိန်အတော်ကြ စိုက်ကြည့်နေခဲ့သည်။
ထို့နောက်မှသာ သူက "သခင်လေးကျိ၊ ဖြစ်နိုင်ရင် စစ်သူကြီးရဲ့ ကျားတံဆိပ်ကို အမြန် ရှာပေးပါ.."