← Chapters

လော့ချန်မှာ မုန်တိုင်းထန်ပြီ

Vol. 28 Ch. 407

လော့ချန်မှာ မုန်တိုင်းထန်ပြီ

Vol. 28 Ch. 407

ထိုလူက စူးချင်းကိုသာမက သူမ၏အနားတွင် မြင်းကို ဆွဲရင်း လိုက်ပါလာသည့် ကျိ‌ရွှေရှန့်ကိုပါ မြင်သွားခဲ့ပြီး အလွန်ထိတ်လန့်သွားကာ ရထားလုံး၏ကန့်လန့်ကာကို အမြန်ပြန်ဆွဲလိုက်သည်။ ထိုနောက် သူက အနောက်သို့ မှီချလိုက်ပြီး သူ အလွန်စိုးထိတ်နေသောကြောင့် အသက်ကိုပင် ရဲရဲ​မရှူဝံ့တော့​ပေ။

စူးချင်းက သူမ၏ဘေးဘက်သို့ လှည့်ကြည့်လိုက်ပြီး အနက်ရောင်ရထားလုံးတစ်စီးကို မြင်သွားခဲ့သည်။ ထိုရထားလုံးကို မောင်းနှင်နေသူက အလွန်သန်မာသော ရထားထိန်းတစ်ဦး ဖြစ်သည်။ သူ့၏နားထင်မှ သွေးကြောများက ဖောင်းပွနေပြီး သူ့မျက်လုံးများက စူးရှနေသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်ရထားထိန်းတစ်ယောက် မဟုတ်ဘဲ ကျွမ်းကျင် သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း သူမ သိနိုင်ခဲ့သည်။ ဆောင်းရာသီဖြစ်နေသောကြောင့် ရထားလုံး၏ကန့်လန့်ကာများကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားပြီး အထဲသို့ လုံးဝ မမြင်ရပေ။

ရထားလုံးပေါ်မှာ အရေးကြီးတဲ့လူတစ်ယာက် ရှိနေတာလား?

ထိုအခိုက်အတန့်တွင် ရထားလုံးပေါ်မှ လူက အလွန်ထိတ်လန့်နေကာ သူ့၏နှလုံးက မြင်းတစ်ကောင်ကဲ့သို့ ခုန်ပေါက်နေလေသည်။ သူက သူ့ဘေးနားမှ အထုပ်ကို ကောက်ကိုင်လိုက်ပြီး အပြင်မှ အသံများကို သေချာအာရုံစိုက် နားထောင်နေခဲ့သည်။

"ချင်းအာ မင်း ဘာတွေ ကြည့်နေတာလဲ?"

ကျိ‌ရွှေရှန့်က စူးချင်း သူမ၏အနားမှ ရထားလုံးအား စိုက်ကြည့်နေသည်ကို မြင်သွားပြီး သူမကို လှမ်းမေးလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ ကြည့်ရုံပါပဲ"

ရထားလုံးပေါ်မှ ဘာကိုမှ မမြင်နိုင်သောကြောင့် စူးချင်းက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နှစ်ယောက်သား အစစ်ဆေးခံရန် တန်းစီနေသည့်အဖွဲ့၏နောက်သို့ ဆက်လိုက်လာခဲ့ကြသည်။

"ရွှေရှန့်၊ ဓားကို ကျွန်မဆီ ပေးထား"

ယောက်ျားလေးများအားလုံးကို သေသေချာချာ ရှာဖွေနေသည်အား မြင်လိုက်ရသဖြင့် စူးချင်းက ကျိ‌ရွှေရှန့်၏ဓားကို သူမဆီသို့ ပေးထားရန် တိုးတိုးလေးကပ်ပြောလိုက်သည်။

မြို့စောင့်တပ်သားများက ယောက်ျားလေးများကို စေ့စေ့စပ်စပ် ရှာဖွေနေကြပြီး အမျိုးသမီးများကိုတော့ သူမတို့၏ပစ္စည်းများကိုသာ ရှာဖွေပြီး လွှတ်ပေးနေကြောင်း ကျိ‌ရွှေရှန့်လည်း မြင်လိုက်ရသည်။ ထို့ကြောင့် ဓားကို စူးချင်းအား ပေးလိုက်သည်က ပိုလုံခြုံမည်ဟု သူ ခံစားလိုက်ရသည်။

ကျိ‌ရွှေရှန့်က လွမ်တောင်ကို ထုတ်ယူလိုက်ပြီး စူးချင်းအား လှမ်းပေးလိုက်သည်။ စူးချင်းက သူ့ဆီမှ ဓားကို လှမ်းယူလိုက်ပြီး စနစ်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။ သို့သော် သူတို့၏ထိုလှုပ်ရှားမှုက အားလုံးကို ဂရုတစိုက် စောင့်ကြည့်နေသည့် မြို့စောင့်တပ်သားများ၏အာရုံကို စွဲဆောင်မိသလို ဖြစ်သွားခဲ့သည်။ သူတို့က စူးချင်းတို့နှစ်ယောက်ကို ဓားဖြင့် ရွယ်ကာ ဘေးဘက်သို့ ခေါ်ထုတ်သွားကြသည်။

ရထားလုံးပေါ်တွင် ထိုင်နေသည့်လူက ကန့်လန့်ကာ၏ထောင့်စွန်းကို ဂရုတစိုက် မတင်လိုက်သည်။ မြို့စောင့်တပ်သားများက ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့အား တစ်ဦးချင်းစီ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားနေသည်ကို သူ မြင်လိုက်ရပြီး မျက်ခုံးပင့်လိုက်ပြန်သည်။

အခုက သူ့အတွက် အကောင်းဆုံးအခွင့်အရေးပဲ။

သို့သော် စူးချင်း၏ စွမ်းအားကို ပြန်တွေးမိသောကြောင့် သူ တုံ့ဆိုင်းသွားရပြန်သည်။

ဒီမြို့စောင့်တပ်သားတွေက စူးချင်းနဲ့ ကျိ‌ရွှေရှန့်ကို ယှဉ်နိုင်ပါ့မလား? ပြီးတော့ သူ ဒီမှာ ရှိနေတယ်ဆိုတာကို သူတို့ သိသွားရင်...

ထိုလူ တုံ့ဆိုင်းနေချိန်တွင် စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က သီးခြားရှာဖွေခံနေရပြီ ဖြစ်သည်။ မြို့စောင့်တပ်သားများက ကျိရွှေရှန့် စူးချင်းအား ဘာပေးခဲ့သည်ကို စစ်မေးနေကြသည်။

"ခရီးသွားလက်မှတ်ပါ"

ကျိ‌ရွှေရှန့်က တည်ငြိမ်စွာ ပြန်ဖြေနေခဲ့ပြီး တိုက်ပွဲအတွက်လည်း ကြိုပြင်ဆင်ထားပြီး ဖြစ်ကာ ထွက်လမ်းကိုပင် ရွေးချယ်ထားပြီး ဖြစ်သည်။ သူ စူးချင်းကို ကြိုမပြောထားသောကြောင့် နောက်ပိုင်းတွင် သူမက သူ့နှင့်မတူသည့်စကားများ ပြောလိုက်မည်ကို သူ စိုးရိမ်နေခဲ့သည်။

လက်ရှိတွင် စူးချင်းက ရုပ်ဆိုးသော အမျိုးသမီးတစ်ဦးအဖြစ် ပြင်ဆင်ကာ သာမာန်အဝတ်များကိုသာ ၀တ်ဆင်ထားခဲ့သည်။ မြို့စောင့်တပ်သားများက ကျိ‌ရွှေရှန့် သူမအား ပေးခဲ့သည့်အရာကို မေးလာချိန်တွင် စူးချင်းက သူမ၏ခရီးသွားလက်မှတ်ကို အေးအေးဆေးဆေး ထုတ်ပြလိုက်ပြီး "ကျွန်မရဲ့ယောက်ျားက ကျွန်မရဲ့ ခရီးသွားလက်မှတ်ကို ပေးခဲ့တာပါ"

သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို အဆင့် ၅၀ အထိ အဆင့်မြှင့်ပြီးကတည်းက စူးချင်း၏ အမြင်အာရုံနှင့် အကြားအာရုံက အဆပေါင်းများစွာ တိုးတက်နေပြီးသား ဖြစ်သည်။ သူမနှင့် ကျိ‌ရွှေရှန့်ကို သီးခြားစီ ရှာဖွေနေကြသော်လည်း သူမက ကျိ‌ရွှေရှန့်နှင့်မြို့စောင့်တပ်သားများ ပြောနေသည့်စကားများကို အတိုင်းသားကြားနေရသည်။

သူတို့နှစ်ဦးစလုံးက အတူတူ ထွက်ဆိုလိုက်ကြသော်လည်း မြို့စောင့်တပ်သားများက စိုးရိမ်နေကြဆဲ ဖြစ်သည်။ သူတို့က အမျိုးသမီး စစ်ဆေးရေးမှူးကို ခေါ်ပြီး စူးချင်း၏ခန္ဓာကိုယ်ကို ရှာဖွေခိုင်းကြပြန်သည်။ ထိုအခိုက်အတန့်တွင် ကျိ‌ရွှေရှန့်၏နှလုံးသားက သူ့လည်ချောင်းထဲသို့ ခုန်တက်လာပြီး သူက သူ့ဘေးနားရှိ မြို့စောင့်တပ်သားထံမှ လက်နက်ကို လုယူရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော်လည်း အမျိုးသမီးစစ်ဆေးရေးမှူးက ဘာမျှ ရှာမတွေ့ခဲ့သည်ကို သူ မြင်လိုက်ရပြီး အံ့ဩသွားခဲ့ရသည်။

ဘာတွေဖြစ်နေတာလဲ?

ချင်းအာက လွမ်တောင်ကို ဘယ်မှာ ဝှက်ထားလိုက်တာလဲ?

“မင်းတို့ လော့ချန်ကို ဘာလာလုပ်တာလဲ?"

သူတို့နှစ်ဦးလုံးတွင် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့ရသောကြောင့် မြို့စောင့်တပ်သားများက ကျိရွှေရှန့်ကို ထပ်မေးလိုက်သည်။

“လုပ်ငန်းသေးသေးလေး တစ်ခု လုပ်ချင်လို့ပါ”

ကျိ‌ရွှေရှန့်က သူ့တို့၏ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများကို မှီခိုရန် ရောက်လာသည်ဟုပင် မပြောတော့‌ဘဲ စီးပွားရေးအတွက်ဟုသာ ပြန်ဖြေလိုက်သည်။ ထို့သို့ မဟုတ်လျှင် မြို့စောင့်တပ်သားများက ဆွေမျိုးများနှင့် မိတ်ဆွေများ၏အမည်များကို မေးမြန်းလာနိုင်သေးသည်။

"ကောင်းပြီ အထဲဝင်တော့"

သူတို့၏ အထောက်အထားများအားလုံး လွဲချော်မှု မရှိကြောင်း အတည်ပြုပြီးနောက် မြို့စောင့်တပ်သားများက သူတို့နှစ်ယောက်ကို လွှတ်ပေးလိုက်ကြသည်။

ရထားလုံးပေါ်မှ တိတ်တဆိတ် စောင့်ကြည့်နေသည့် အမျိုးသားကလည်း ထိုအဖြစ်အပျက်ကို မြင်နေရပြီး စူးချင်း၏ နောက်ကျောကို မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ သူက ကန့်လန့်ကာကို ဂရုတစိုက် ဆွဲဖွင့်လိုက်ပြီး ကျိ‌ရွှေရှန့်နှင့် စူးချင်း၏နောက်ကျောများကို ညွှန်ပြနေရင်းမှ ရထားထိန်းကို တစ်စုံတရာ တိုးတိုးလေး ပြောနေပြန်သည်။

သူ့စကားကို ကြားလိုက်ပြီးနောက် ရထားထိန်း၏မျက်လုံးများက နီရဲလာပြီး သူ့ကို ရထားလုံးပေါ်မှာတွင် နေခဲ့ရန်နှင့် လုံးဝ မလှုပ်ရှားရန် ပြန်ပြောလာခဲ့သည်။ ထို့နောက် ရထားထိန်းက ရထားလုံးပေါ်မှ ခုန်ဆင်းသွားပြီး စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့၏နောက်မှ လိုက်ပါသွားတော့သည်။

သူက သူ့ကိုယ်သူ အဆင့်မြင့် သိုင်းသမားတစ်ယောက်အဖြစ် ခံယူထားပြီး စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ကို လုံးဝ ဂရုမစိုက်ပေ။ ထို့အပြင် သူက ဤအကျိုးဆောင်မှုကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်နေပြီး မြို့စောင့်တပ်သားများကို မခေါ်ချင်တော့ပေ။ သူက သူ့တံဆိပ်ပြားကို ထုတ်ယူကာ မြို့စောင့်တပ်သားများကို အလျင်အမြန် ကျော်ဖြတ်ပြီး မြို့ထဲသို့ ဝင်လာကာ ကျိ‌ရွှေရှန့်နှင့် စူးချင်းတို့နောက်သို့ ဆက်လိုက်လာခဲ့သည်။

ရထားလုံးပေါ်ရှိလူက အလွန်စိုးရိမ်နေပြီး သူက ရထားထိန်းကို စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။

သူတို့ရဲ့ အထောက်အထားတွေကို သိပြီးတာတောင် ဒီလို မောက်မောက်မာမာ ပြုမူရဲသေးတယ်ပေါ့။

သူက ရထားထိန်းကို ကူညီပေးရန် ရထားလုံးပေါ်မှ ဆင်းပြီး မြို့စောင့်တပ်သားများထံသို့ သတင်းသွားပို့ချင်သော်လည်း နောက်ဆုံးတွင် အကျိုးဆက်များကို ပြန်တွေးပြီး နောက်ပြန်ဆုတ်လိုက်မိသည်။

သူ သူ့ကို ကာကွယ်ပေးမည့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ၏အလယ်တွင် ရှိနေစေကာမှု သူ မလုံခြုံနိုင်ကြောင်း သူ သိနေသောကြောင့် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင်ပင် စူးချင်းက သူ့ခေါင်းကို အလွယ်တကူ ဖြတ်ယူနိုင်သေးသည်။

သို့သော် သူ အနည်းငယ် ကံကောင်းသည်ဟုတော့ ခံစားနေမိသေးသည်။

နောက်ဆိုရင် စူးချင်းနဲ့ ကျိ‌ရွှေရှန့်တို့က သူ့ကို ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး။ သူ သိသာထင်ရှားတဲ့ အကျိုးဆောင်မှုတစ်ခု ပြုလုပ်နိုင်တာနဲ့ သူက ချမ်းသာကြွယ်ဝပြီး အာဏကြီးလာလိမ့်မယ်။ သူက မကြာခင် ရာထူးတစ်ခုလည်း ရလာဦးမှာလေ။

ထို့သို့ တွေးပြီးနောက် သူက ကောက်ရိုးဦးထုပ်ကို လှမ်းယူကာ သူ့မျက်နှာတစ်ဝက်အထိ လုံအောင် သေသေချာချာ ဆောင်းလိုက်ပြီး ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။ သူက မြို့တံခါးဆီသို့ လျှောက်သွားနေရင်း စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ကိုသာ မလွှတ်တမ်း စိုက်ကြည့်နေခဲ့သည်။ ရထားထိန်းက သူတို့နောက်နားသို့ ကပ်သွားသည်ကိုလည်း သူ မြင်နေရပြီး စူးချင်းက နောက်သို့ လှည့်ကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်သောကြောင့် ထိုရထားထိန်း မြေပြင်ပေါ်သို့ မှောက်ကျသွားသည်ကိုလည်း သူ မြင်နေရသည်။

ထိုလူက သူ့ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ရင်ဘတ်ထဲမှာ သူ့နှလုံးသားက ခုန်ပေါက်နေပြန်သည်။ သူ ထိုနေရာတွင် ကြောင်တက်တက် ရပ်နေမိပြီး စူးချင်းက ရထားထိန်းအား ကူညီပေးဟန်ဖြင့် အနီးသို့ ကပ်သွားကာ သူမ၏လက်ကိုင်ပုဝါဖြင့် ရထားထိန်း၏နှာခေါင်းကို သုတ်ပေးနေသည်ကို သူ မြင်နေသည်။ ထို့နောက် သူမက ထရပ်လိုက်ပြီး လူအုပ်ကြားထဲသို့ ရောနှောဝင်ရောက်သွားကာ ကျိ‌ရွှေရှန့်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ထိုလူက သေလုမျောပါးဖြစ်နေသည့် ရထားထိန်းကို ကြည့်ကာ သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ အတွေးများနေစဥ်မှာပင် တစ်စုံတစ်ယောက်က ရထားထိန်း၏ ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကျလာသည်ကို သတိပြုမိသွားပြီး အော်ဟစ်လိုက်သောကြောင့် ချက်ချင်းပင် ပရမ်းပတာ ဖြစ်နေသည်။ ရထားလုံးပေါ်မှ ဆင်းလာသည့်လူက မြို့စောင့်တပ်သားများကို လူဖမ်းခိုင်းရန် ကြံစည်လိုက်သော်လည်း စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးတွင် ထိုလူက အလောင်းအစား မလုပ်ဝံ့တော့ဘဲ သူ့၏ရထားလုံးဆီသို့ ပြန်လှည့်ပြေးသွားတော့သည်။ ရထားလုံးထဲသို့ ရောက်လာပြီးနောက် သူ ရင်ဘတ်အောင့်လွန်းသောကြောင့် သူ့ရင်ဘတ်ကို တင်းတင်းဖိထားလိုက်ရသည်။

စူးချင်းက အစွမ်းထက်လွန်းတယ်။ သူရဲ့လက်ရှိ ခွန်အားနဲ့ သူမကို မတိုက်ခိုက်နိုင်သေးဘူး။

နောက်ဆုံးတွင် ရထားထိန်း သေဆုံးသွားသောကြောင့် ရထားလုံးကို သူကိုယ်တိုင် မြို့တော်ဆီသို့ မောင်းနှင်ရတော့မည် ဖြစ်သည်။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က ရထားထိန်းကို သတ်လိုက်ကြပြီး တစ်စုံတစ်ဦးက သူတို့၏ရုပ်သွင်အစစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နားလည်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့က လူစုလူဝေးထဲတွင် အလျင်အမြန် တိုးဝင်ပုန်းရှောင်ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့ကြသည်။

"ကျွန်မတို့ရဲ့ အသွင်အပြင်နဲ့ အဝတ်အစားတွေကို အရင် ပြောင်းမှ ဖြစ်မယ်"

နှစ်ယောက်သား လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုသို့ ရောက်ရှိလာကြပြီး စူးချင်းက ကျိ‌ရွှေရှန့်ကို ထိုနေရာတွင် စောင့်ဆိုင်းနေရန် တောင်းဆိုလိုက်သည်။

"ကိုယ် သွားမယ်"

ကျိ‌ရွှေရှန့်က သူမကို စိတ်ပူ‌နေပြီး အဝတ်များကို သူ သွားဝယ်ပြီး စူးချင်းကို ပုန်းနေစေချင်သည်။

"ရှင်က သိသာလွန်းတယ်"

ထို့နောက် စူးချင်းက ဘာမှ ထပ်မရှင်းပြတော့ဘဲ လမ်းကြားထဲမှ ထွက်သွားတော့သည်။ ကျိ‌ရွှေရှန့်က သူ သူမထက် အရပ်ပိုရှည်ပြီး ပိုထွားကြိုင်းသည်ကို သိနေသောကြောင့် သူမ၏ အစီအစဉ်များကိုသာ နားထောင်လိုက်ရတော့သည်။

စူးချင်းက အဝတ်အစားများ ဝယ်ရန် စူးမိသားစု၏အထည်ဆိုင်သို့ ရောက်လာခဲ့ပြီး ယခုအခါ ၎င်းက အခြားသူ့၏ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။

စျေးဝယ်သူ ဝင်လာသည်ကို မြင်လိုက်ရသောကြောင့် ဆိုင်အကူက သူမကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ထိုလူသည် နောက်ဆုံးအကြိမ် သူမ‌ ရောက်လာစဥ်က အတင်းအဖျင်းပြောခဲ့သော ဆိုင်အကူ ဖြစ်နေသေးသည်ကို မြင်လိုက်ရသဖြင့် စူးချင်းက အဝတ်အစား ဝယ်ရင်း မေးမြန်းစပ်စုလိုက်သည်။

"ပိုင်ရှင်သူဌေးက ပြောင်းသွားတာလား? အရင်တုန်းက ဒါက စူးမိသားစုရဲ့ အထည်ဆိုင်နော်”

"ဟုတ်​တယ်​ သူဌေး ​ပြောင်းသွားပြီ။ စူးမိသားစုက ပုန်ကန်တာကြောင့် အဖမ်းဆီးခံလိုက်ရတယ်”

ထိုဆိုင်အကူက စကားဖွာလွန်းသူ ဖြစ်သည့်အပြင် စူးချင်းက ဆိုင်ထဲသို့ ဝင်ဝင်ချင်း သူ့ကို ဝမ်ငါးရာ ဘောက်ဆူး ပေးထားခဲ့သည်။ ထို့ကြောင့် သူက စူးချင်းကို နတ်ဘုရားကဲ့သို့ နွေးထွေးစွာ ဆက်ဆံနေပြီး သူမ မေးသမျှ မေးခွန်းများ အားလုံးကို ဂရုတစိုက် ဖြေပေးနေခဲ့သည်။

"ဟုတ်လား? ငါ လော့ချန်နဲ့ ဝေးနေတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်၊ ဒီလို ကြီးကြီးမားမားတွေ ဖြစ်ပျက်သွားတာလား? ဒါဆို သူတို့ရဲ့အိမ်ကိုလည်း သိမ်းသွားပြီပေါ့”

စူးချင်းက အံ့အားသင့်သွားဟန်ဖြင့် ဆိုင်အကူကို တိုးတိုးလေး ထပ်မေးလိုက်သည်။

“အသိမ်းခံရတာ ကြာပြီ။ အရင်ကတော့ လော့ချန်ကို ရောက်လာတဲ့ စီရင်စုအမတ်အသစ်က အဲ့အိမ်ကို ပြောင်းသွားသေးတယ်။ နောက်ပိုင်းတွင် စူးမိသားစုနဲ့ မိတ်ဆွေဖွဲ့ခဲ့တဲ့ ကျင်းဟူက လူတွေက စီရင်စုအမတ်ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး စီရင်စုအမတ်ရဲ့ မိသားစုတစ်ခုလုံးကိုလည်း သတ်ဖြတ်ခဲ့တယ်။ အခု အဲ့အိမ်က သရဲခြောက်တဲ့အိမ် ဖြစ်နေပြီ။ အဲ့အိမ်မှာ နေထိုင်တဲ့သူတိုင်း မိသားစုတစ်ခုလုံး ဖျက်ဆီးခံရမယ်လို့ ဆရာတော်တွေက မိန့်ကြားတယ်လို့တောင် တချို့က ပြောနေကြသေးတယ်။ ရုံးတော်က အဲ့အိမ်ကို လျန်ငွေနှစ်ထောင်အောက်နဲ့ ရောင်းတာတောင် ဘယ်သူမှ မဝယ်ကြဘူး”

ထိုဆိုင်အကူက အတင်းအဖျင်းကို ချစ်မြတ်နိုးသူ ဖြစ်ဟန်တူပြီး သူ့၏နားက ပို၍ပင် သိမ်မွေ့ကာ ထိုအကြောင်းများကို နေရာစုံမှ နားထောင်ထားခဲ့ပုံရသည်။ စူးချင်းက သူမ မှန်ကန်သည့်လူကို ရွေးချယ် မေးမြန်းနိုင်ခဲ့သည်ဟု ယူဆလိုက်သည်။ ရုံးတော်က သူမတို့မိသားစု၏အိမ်ကို ရောင်းချချင်နေသည်ဟု ကြားလိုက်ချိန်တွင် စူးချင်းက သူ့အဖေ ပြောခဲ့သည့် စကားများကို ပြန်သတိရသွားခဲ့သည်။ သူမ၏အဘိုးက ထိုအိမ်ကို ဆောက်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး အုတ်ချပ်တိုင်းနှင့် အမိုးအုတ်ကြွပ်တိုင်းက သူ၏နှလုံးသားသွေးနှင့် သွန်းလောင်းခဲ့ခြင်းဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် စူးချင်းက သူမတို့၏ဘိုးဘွားအိမ်ကို ပြန်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်လား? ရုံးတော်က အခု ဘယ်လောက်နဲ့ ရောင်းနေတာလဲ? မင်း သိလား?”

"သခင်မလေး၊ သခင်မလေးက အဲ့အိမ်ကို ဝယ်ချင်လို့လား? အဲဒါက သရဲခြောက်တဲ့အိမ်နော်။ ညဘက်ဆိုရင် စီရင်စုအမတ်ဟောင်းတစ္ဆေက အဲ့ဒီအိမ်တဝိုက်မှာ လှည့်လည်နေပြီး သူ့ခေါင်းကို ပြန်ပေးဖို့ လိုက်အော်နေတယ်တဲ့။ အရမ်းကြောက်ဖို့ ကောင်းတယ်နော်.."

All Chapters