← Chapters

ပြန်လမ်း မရှိတော့ဘူး

Vol. 28 Ch. 417

ပြန်လမ်း မရှိတော့ဘူး

Vol. 28 Ch. 417

ဝမ်မိသားစုစစ်တပ်ကလည်း သူတို့ကို အလျင်အမြန် သတိပြုမိသွားပြီး ပြန်လည်ရင်ဆိုင်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် သူတို့၏လက်နှင့် ခြေများက အေးခဲနေပြီး သူတို့၏လှုပ်ရှားမှုများက နှေးကွေးနေလေသည်။ ထို့အပြင် သူတို့ ပူပူနွေးနွေး အစားအစာများကို မစားရသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။ လက်နက်များ ကိုင်ဆောင်ပြီး တိုက်ခိုက်ရန်နေနေသာသာ သူတို့မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်ကြတော့ပေ။

စူးချင်းဘက်မှ ရှောင်းမိသားစုစစ်သည်များကတော့ ကောင်းမွန်စွာ ကျွေးမွေးပြုစုခြင်း ခံထားရပြီး နွေးထွေးသော အိမ်များတွင် နေထိုင်ခဲ့ကြရသည်။ ယခုအချိန်တွင် သူတို့၏ ကြွက်သားများ အညောင်းပြေ ဆန့်ထုတ်ရန် တိုက်ခိုက်ဖို့ လိုအပ်နေခဲ့သည်။ ရှက်ရွံ့ဖွယ်ဖြစ်နေသည့် ဝမ်မိသားစုစစ်တပ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာခြားသလို ကွဲပြားလွန်းနေပြီး သူတို့အရှိန်အဟုန်ကလည်း ပြင်းထန်လွန်းကာ တောင်ပေါ်မှ ဆင်းလာသော ကျားများနှင့်ကဲ့သို့ ဖြစ်နေလေသည်။

ရှောင်းမိသားစုစစ်တပ်က ကျန်ရစ်နေသေးသည့် ဝမ်မိသားစုစစ်သည်များကို စတင်သတ်ဖြတ်နေခဲ့သည်။

သူတို့က စူးချင်း၏အင်အားကို လုံးဝ မခံနိုင်ကြပေ။ သူတို့ ထွက်ပြေးကြသော်လည်း ရှောင်းမိသားစုစစ်သည်အချို့က မြို့တော်ဘက်သို့ သွားသည့် လမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်နေခဲ့ပြီး ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။ ဝမ်မိသားစုစစ်သည်များ ထွက်ပြေးလာသည်ကို မြင်လိုက်သည်နှင့် သူတို့က ချက်ချင်း သတ်ပစ်လိုက်ကြသည်။ ဤနေရာကို အဆင်ပြေပြေ သိမ်းပိုက်နိုင်မည်ဟူသော အတွေးဖြင့် ရောက်လာခဲ့ကြသည့် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက သူတို့အတွက် ပြန်လမ်း မရှိတော့ကြောင်း စိတ်ပျက်လက်ပျက် နားလည်သွားခဲ့ကြသည်။

နောက်ဆုံးတွင် စူးချင်းက မောက်မာလှသည့် ဝမ်မိသားစုစစ်တပ်ကို သုတ်သင်ပြီး သူမတို့တပ်များ အင်အားပြန်လည်ဖြည့်တင်းရန် လက်နက်များ၊ ချပ်ဝတ်တန်ဆာများနှင့် မြင်းများကို သိမ်းဆည်းနိုင်ခဲ့သည်။

မော့ချန်ရှိ ရှောင်းမိသားစုစစ်တပ်က ဘာမှ မရှိခဲ့သည့် သူတို့၏ ကနဦးအခြေအနေနှင့်မတူဘဲ ယခုအခါ အားကောင်းပြီးရင်း ပိုအားကောင်းလာခဲ့သည်။

ချန်ယွိကတော့ အလွန်ဝမ်းသာနေလေသည်။ ဤတိုက်ပွဲက သူ့၏စိတ်နှလုံးကို တင်းတိမ်ရောင့်ရဲစေခဲ့ပြီး သူ့နှလုံးသားထဲတွင် ဆယ်နှစ်ကျော်ကြာ မျိုသိပ်ထားခဲ့ရသော စိတ်ပျက်အားငယ်မှုများကို လွှတ်ချနိုင်ခဲ့သည်။

သူက သူတို့၏ အနာဂတ်သခင်မလေးကို အလွန်လေးစားသဘောကျနေခဲ့သည်။

သူမက ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်အသက်သွင်းဖို့နဲ့ သခင်လေးကို ကူညီဖို့ ကောင်းကင်ကနေ စေလွှတ်ပေးလိုက်တဲ့ နတ်သမီးလေးပဲ။ မဟုတ်ဘူး...မဟုတ်သေးဘူး၊ သူမကို နတ်သမီးလို့ ပြောလို့ မရဘူး။ သူမက လူ့ပြည်ကို ဆင်းသက်လာခဲ့တဲ့ နတ်ဘုရားမတစ်ပါးပဲ။ သူမရဲ့ခွန်အားကို ကြည့်မလား? ဒါမှမဟုတ် စစ်မြေပြင်မှာ တိုက်ခိုက်သတ်ဖြတ်နေတဲ့ ပြတ်သားမှုတွေကို ကြည့်မလား? အဲ့ဒါတွေက သာမန်နတ်သေးသေးလေးတွေ လုပ်နိုင်တဲ့အရာမို့လား? ပြီးတော့ သူမရဲ့ စစ်ရေးဗျူဟာတွေက စစ်ဘက်ဆိုင်ရာစာအုပ်တွေထဲက နည်းလမ်းတွေထက် ပိုကောင်းတယ်။ အဲ့တာအပြင် သေတဲ့သူကိုတောင် ထထိုင်စေလောက်မယ့် ရှိနေသေးတယ်။ ကုန်ပြီလားဆိုတော့ မကုန်သေးဘူး။ သူမက ဆန်းကြယ်တဲ့လက်နက်မျိုးစုံကိုလည်း ဖန်တီးနိုင်သေးတယ်။

သူတို့ သခင်လေး၏ဇနီးလောင်း မသိသည့်အရာဟူ၍ တစ်ခုမျှမရှိနိုင်တော့သလို ချန်ယွိ ခံစားနေရသည်။

သူမက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရား မဟုတ်ရင် ဘယ်သူက နတ်ဘုရားဖြစ်နိုင်တော့မှာလဲ? ဘယ်လိုလူတစ်ယောက်က အလုံးစုံ ပြည့်စုံနိုင်မှာတဲ့လဲ?

တစ်ဖက်မှ စူးချင်းက ရှောင်းမိသားစုစစ်တပ်နှင့်အတူ အောင်ပွဲခံနေသလို တစ်ဖက်တွင်လည်း ကျိ‌ရွှေရှန့်က ကျားတံဆိပ်နှင့်အတူ ကျင့်ရှီလျိုမြောင်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ကျားတံဆိပ်တော်ကို မြင်ရပြီးနောက် ရန်ရှစ်ခွမ်းက သူ့၏တပ်ဖွဲ့များကို ချက်ချင်း စုဆောင်းလိုက်သည်။ စစ်သည်များအားလုံး စုစည်းပြီးသွားချိန်တွင် သူက ဦးဆောင်ပြီး ဒူးတစ်ဖက်ထောက်ကာ လက်သီးပေါ် လက်ဝါးအုပ်ရင်း အော်ဟစ်လိုက်သည်။

"ဒီလက်အောက်ငယ်သား ရန်ရှစ်ခွမ်းက ရှောင်းမိသားစုစစ်တပ်နဲ့အတူ သခင်လေးကို ကြိုဆိုပါတယ်”

"ကြိုဆိုပါတယ် သခင်လေး”

စစ်သူရဲကောင်းများ၏ အော်သံများက ကောင်းကင်ကိုပင် တုန်လှုပ်စေခဲ့သည်။ သူ့အဖေ၏ လက်တစ်ဖက်တည်းဖြင့် လေ့ကျင့်ပေးထားခဲ့သည့် ရှောင်းမိသားစုစစ်တပ်ကို ကြည့်နေသည့် ကျိရွှေရှန့်က စိတ်မထိန်းနိုင်ဘဲ မျက်ရည်များ ဝဲလာခဲ့သည်။ သူက သူ့လက်သီးများကို တင်းတင်းဆုပ်ထားရင်း သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်မျိုသိပ်လိုက်သည်။ သူက သခင်လေးတစ်ယောက်တွင် ရှိသင့်သည့် ဟန်ပန်အမူအရာကို ထုတ်ဖော်ပြသလိုက်ပြီး နက်ရှိုင်းသောအတွင်းအားအပြည့်ပါဝင်သည့် သူ၏အသံက သြဇာအာဏာအပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။

“ကောင်းပြီ။ အားလုံးပဲ ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး။ ကျုပ်ရဲ့အဖေက တိုင်းသူပြည်သားတွေနဲ့ တာ့ရှားပြည်ထောင်ရဲ့ ကျယ်ပြန့်တဲ့ နယ်မြေတွေကို ကာကွယ်ဖို့ ရှောင်းမိသားစုစစ်တပ်ကို ဖန်တီးခဲ့တယ်။ အခု သစ္စာဖောက် ဝမ်ရှန်းချန်က ပုန်ကန်လိုက်ပြီ။ သူက တာ့ရှားဧကရာဇ်ကို သတ်ပြီး သစ္စာစောင့်သိတဲ့သူတွေကို ထိခိုက်စေခဲ့တယ်။ သူက တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေအတွက် အပြစ်သားပဲ။ ကျုပ်က တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေအတွက် မကောင်းမှုတွေကို ဖယ်ရှားပေးပြီး ငြိမ်းချမ်းသာယာတဲ့ လောကကြီးကို ဖန်တီးဖို့အတွက် အဖေ့ရဲ့နောက်ဆုံးဆန္ဒကို အမွေဆက်ခံမယ်လို့ ဆုံးဖြတ်လိုက်တယ်”

"ဒီလက်အောက်ငယ်သားက သခင်လေးရဲ့နောက်ကို လိုက်ပြီး စစ်သူကြီးရှောင်းအတွက် လက်စားချေဖို့နဲ့ တိုင်းသူပြည်သားတွေအတွက် ငြိမ်းချမ်းတဲ့လောကကြီးကို ဖန်တီးပေးဖို့ ဆန္ဒရှိပါတယ်"

ရန်ရှစ်ခွမ်းက သူ့သွေးများ ဆူပွက်လာသလို ခံစားနေခဲ့ရသည်။ ကျိ‌ရွှေရှန့်ကို မြင်နေရသည်မှာ အတိတ်ဆီမှ သူတို့ စစ်သူကြီး၏ဘုန်းကျက်အသရေကို ပြန်လည်မြင်ယောင်လာစေခဲ့သည်။ ထိုကဲ့သို့သော သခင်လေး ရှိနေသောကြောင့် စစ်သူကြီးအတွက် လက်စားချေပြီး ဝမ်မိသားစု၏ မကောင်းမှုများ အားလုံးကို ချေမှုန်းပစ်နိုင်ပေလိမ့်မည်။

“ဒီလက်အောက်ငယ်သားက သခင်လေးနောက်ကို လိုက်ဖို့ ဆန္ဒရှိပါတယ်…”

ထောင်နှင့်ချီသော စစ်သည်များက တညီတညွတ်တည်း အော်ဟစ်ကြွေးကြော်နေကာ သူတို့၏စစ်ရေးစိတ်ဓာတ်များလည်း တဟုန်ထိုး တိုးတက်လာကြပုံရသည်။

ကျိ‌ရွှေရှန့်က သူတို့၏ စိတ်ဓာတ်တက်ကြွနေမှုကို စောင့်ကြည့်နေပြီးမှ ရန်ရှစ်ခွမ်းကို သူ့လက်နှစ်ဖက်ဖြင့် ကူညီထမပေးလိုက်သည်။

“ကောင်းပြီ၊ ဦးလေးရန်။ အခု မော့ချန်က ဒုက္ခရောက်နေပြီ၊ ကျွန်တော်တို့ကို ကူညီပေးဖို့ ဦးလေးရဲ့တပ်တွေ စေလွှတ်ပေးပါဦး”

"ဒီလက်အောက်ငယ်သားက အမိန့်ကို နာခံပါတယ်"

ရန်ရှစ်ခွမ်းက အမိန့်ကို လက်ခံကြောင်း လက်သီးအုပ် တုံ့ပြန်လိုက်သည်။ ထို့နောက် သူက နောက်သို့ ပြန်လှည့်ပြီး သူ့စစ်သည်များအား လူသတ်‌ရောင်ဝါ အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။

“လူဆိုးကောင် ဝမ်ရှန်းချန်က မော့ချန်ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်ထားတယ်။ စစ်သည်တို့.... သူတို့အတွက် ပြန်လမ်းမရှိဘူးဆိုတာ အသေအချာ ပြောပြလိုက်ကြရအောင်”

“ပြန်လမ်း မရှိစေရဘူး။ ဘယ်တော့မှ မပြန်နိုင်စေရဘူး။ သတ်၊ သတ်၊ သတ်…”

စစ်သည်များက သူတို့၏လက်နက်များကို မြှောက်တင်ကာ အော်ဟစ်ကြွေးကြော်နေကြပြီး လေ့ကျင့်ရေးကွင်းမှ တိုက်ပွဲခေါ်သံက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေလေသည်။ သူတို့၏မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားဟန် ကြည်လင်နေပြီး သူတု့၏အသံများက သံခေါင်းလောင်းကြီးများကဲ့သို့ ကျယ်ကျယ်လောင်လောင် မြည်ဟီး‌နေခဲ့သည်။

ကျိ‌ရွှေရှန့်က သူတို့ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။

ဒီလိုစစ်တပ်မျိုး ရှိနေမှတော့ ဘယ်တော့မှ မရှုံးဘဲ အောင်ပွဲခံနိုင်လိမ့်မယ်။

တိုက်ပွဲအတွက် ကြွေးကြော်အပြီးတွင် ရန်ရှစ်ခွမ်းက သူ့တပ်များကို ချက်ချင်း ပြန်စည်းရုံးခဲ့သည်။ သူက အရှက်တရားများကို တောင့်ခံခဲ့ပြီး ဒီနေ့အတွက် ဆယ်နှစ်ကျော်ကြာအောင် စောင့်စားနေခဲ့ရသူ ဖြစ်သည်။ ယခုပချိန်တွင် သူ့သွေးများ ဆူပွက်နေပြီ ဖြစ်သည်။ သူ့နှလုံးသားက စစ်သူကြီးရှောင်းဟန်အတွက် လက်စားချေရန် အနှိုင်းမဲ့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သခင်လေး၏နောက်မှ လိုက်ရန်၊ အောင်မြင်မှုများ ရယူရန်နှင့် ပြည်သူများကို ကယ်တင်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

ကျိ‌ရွှေရှန့်နှင့် ရန်ရှစ်ခွမ်းတို့က တပ်ဖွဲ့များကို ဦးဆောင်ကာ မော့ချန်သို့ အမြန် ပြေးလာခဲ့ကြသည်။ သူတို့ မော့ချန်နားသို့ ချဥ်းကပ်လာချိန်တွင် တိုက်ခိုက်သံများကို ကြားလိုက်ကြရပြီး စူးချင်းက သူမ၏မြင်းကို စီးကာ သူမ ဖြတ်သန်းရာနေရာတိုင်း၌ ဝမ်မိသားစုစစ်သည်များ၏အလောင်းများကို ချန်ထားနေသည်ကို သူတို့ တွေ့လိုက်ကြရသည်။ သူမ၏ သူရဲကောင်းဆန်သော ကိုယ်ဟန်အနေအထားနှင့် နတ်ဘုရားကဲ့သို့ လွှမ်းမိုးနိုင်သော အသွင်အပြင်က ရန်ရှစ်ခွမ်းကို ယုံကြည်မှု တိုးလာစေခဲ့သည်။

သူသခင်လေးရဲ့ ဒီဇနီးလောင်းက သခင်လေးအတွက် ကောင်းကင်က‌နေ စေလွှတ်လိုက်တဲ့သူပဲ။

ကျိ‌ရွှေရှန့်က မြင်းစီးနေရင်း လူသတ်နေသည့် စူးချင်းကို ကြည့်နေသည့်တိုင် သူ့၏၏မျက်ဝန်းများထဲတွင် ချစ်မြတ်နိုးရိပ်များ ပြည့်နှက်နေလေသည်။

သူ့ချင်းအာက ဝမ်မိသားစုစစ်တပ်ကို ရှင်းထားပြီးနေပြီ။ အခုတော့ သူက ဘာမှ အသုံးမဝင်တော့ဘူး။

ပူလောင်သောအကြည့်တစ်စုံကို ခံစားလိုက်မိသောကြောင့် စူးချင်းက သူမ၏လှံကို ကျောပေါ်တင်လိုက်ပြီး မြင်းဇက်ကြိုးကို ပြန်ဆွဲထားလိုက်သည်။ သူမ နောက်သို့ ပြန်လှမ်းကြည့်လိုက်ရာ ကျိ‌ရွှေရှန့်က သူမတို့အား ကူညီပေးနိုင်မည့် တပ်ဖွဲ့ကြီးအား ဦးဆောင်လာနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက သူမဆီသို့သာ ရှေးရှူနေပြီး စူးရှသော အကြည့်များတွင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေခဲ့သည်။

စူးချင်းက မြင်းဇက်ကြိုးကို တင်းတင်းဆွဲလိုက်သောကြောင့် မြင်းနက်ကြီး၏ ရှေ့ခွာများက လေထဲသို့ လွှင့်ပျံသွားခဲ့သည်။ သူမက သူမလက်ထဲမှ လှံရှည်ကို မြှောက်လိုက်ပြီး ကျိ‌ရွှေရှန့်ကို တောက်ပစွာ ပြုံးပြနေလေသည်။

ကျိ‌ရွှေရှန့်က သူ့မြင်း၏ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ကန်လိုက်ပြီး စူးချင်း၏ နံဘေးသို့ ပြေးသွားတော့သည်။

ချင်းအာရဲ့ မောက်မာလှတဲ့ ဒီအပြုအမူက သူ့ကို ပိုပြီး ပြုံးပျော်စေတယ်။ သူမက သူရဲ့ဂုဏ်ယူစရာပဲ။ သူ သူ့ရဲ့ချင်းအာနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်ရန် ဆန္ဒရှိပြီး ဒီဘဝမှာ ချင်းအာ တစ်ယောက်တည်းကိုပဲ သူရဲ့တစ်ဦးတည်းသောဇနီးအဖြစ် လက်ထပ်မယ်။ သူ တည်ဆောက်ထားတဲ့ ကျယ်ပြောလှတဲ့ တိုင်းပြည်ကြီးကို ချင်းအားအတွက် ထိမ်းမြားလက်ထပ်လက်ဆောင်အဖြစ် အသုံးပြုရမယ်။

ချန်ယွိက သူ့သခင်လေး၏နောက်မှ ရန်ရှစ်ခွမ်းကို မြင်သွားပြီး စိတ်လှုပ်ရှား နေခဲ့သည်။ သူက သူ့မြင်းကို ရှေ့တိုးလာခဲ့ပြီး ရန်ရှစ်ခွမ်းကို လက်သီးအုပ် နှုတ်ဆက်ကာ အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"ပြန်လည်ကြိုဆိုပါတယ်ကွာ"

"အစ်ကိုကြီး၊ ဒါကို ကြည့်ဦး"

ရန်ရှစ်ခွမ်းက ချန်ယွိကို စိတ်အားထက်သန်စွာ ပြန်ကြည့်နေရင်း စစ်တပ်အလံများကို ညွှန်ပြလိုက်သည်။

ချန်ယွိက သူ့ခေါင်းကို မော့ကြည့်လိုက်ရာ လေထဲတွင် လွင့်ပျံနေသည့် ရှောင်းမိသားစုစစ်အလံများကို မြင်လိုက်ရသည်။ စစ်သူကြီးရှောင်းဟမ် သူ့၏ စစ်မြင်းကြီးကို စီးနင်းနေသည့် ဝင့်ဝင့်ထည်ထည် ပုံရိပ်များ သူ ပြန်မြင်လိုက်ရပြီး သူ့သွေးများ ပွက်ပွက်ဆူလာတော့သည်။

ချန်ယွိက မြင်းပေါ်မှ အလျင်အမြန် ခုန်ဆင်းကာ ဒူးတစ်ဖက်ထောက်လိုက်ရင်း ရှောင်းမိသားစုစစ်တပ်အလံကို လက်သီးအုပ် အရိုအသေပေးလိုက်သည်။ တချိန်တည်းမှာပင် သူ့မျက်ဝန်းများမှ မျက်ရည်များ တသွင်သွင် စီးကျလာခဲ့သည်။

"ဒီလက်အောက်ငယ်သား ချန်ယွိက သေတဲ့အထိ သခင်လေးရဲ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်၊ သခင်လေးအတွက် ကြီးမားတဲ့ အောင်မြင်မှုတွေကို ကူညီယူဆောင်ပေးပြီး အဲဒီသူခိုးအိုကြီး ဝမ်ရှန်းချန်ကို အမိအရ ဖမ်းပေးပါ့မယ်။ သူ့ကို လက်စားချေပြီးရင်တော့ စစ်သူကြီးနောက်ကို လိုက်ခဲ့ပါ့မယ်"

"ဒီလက်အောက်ငယ်သားက သေတဲ့အထိ သခင်လေးနောက်ကို လိုက်ပြီး စစ်သူကြီးအတွက် လက်စားချေဖို့နဲ့ သူခိုးအိုကြီးဝမ်ရှန်းချန်ကို ဖမ်းဆီးဖို့ ဆန္ဒရှိပါတယ်"

စစ်သည်များကလည်း သူတို့၏လက်နက်များကို မြှောက်ကာ တညီတညွတ်တည်း အော်နေကြသည်။ ရန်ရှစ်ခွမ်းနှင့် သူ့အစ်ကိုကြီးနှင်အတူ စစ်အလံရှေ့တွင် ဒူးထောက်လိုက်သည်။ စစ်အလံက စစ်တပ်၏ဝိညာဉ် ဖြစ်သည်။ သူက ရှောင်းမိသားစုစစ်တပ်၏ စစ်အလံကို ဆယ်နှစ်ကျော် ဝှက်ထားခဲ့ပြီး ယနေ့တွင် သူတို့၏စစ်အလံကို အလင်းရောင်အောက်၌ ပြန်မြင်ခွင့်ရခဲ့ပြီ ဖြစ်သည်။

ချန်ယွိက ရန်ရှစ်ခွမ်းကို မော့ချန်ထဲဝင်ရန် ဖိတ်ကြားခဲ့သည်။ သူတို့ ရုံးတော်ထဲသို့ ရောက်သွားချိန်တွင် ရန်ရှစ်ခွမ်းက ချန်ယွိရှေ့၌ ဒူးထောက်ကာ လက်သီးအုပ်တောင်းပန်နေခဲ့သည်။

“အစ်ကိုကြီး၊ ဒီနှစ်တွေမှာ ခင်ဗျား ဘဝကို ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းနေရမှန်း ကျုပ် သိပါတယ်၊ ဒါပေမယ့် ခင်ဗျားကို ကူညီဖို့ လက်တစ်ဖက်တောင် မကမ်းပေးရဲခဲ့ဘူး။ ကျုပ်ကို ခွင့်လွတ်ပါ"

ရန်ရှစ်ခွမ်းက ရှောင်းမိသားစုစစ်တပ်ကို ကာကွယ်နိုင်ရန် နန်းတွင်းသို့ ဟန်ဆောင်လက်နက်ချခဲ့ရသူ ဖြစ်သည်။ ထို့နောက်သူက စစ်သူကြီးရှောင်းဟမ်ကို ဆန်ကျင်သည့်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ရသည်။ ထိုစဥ်က သူ့နှလုံးသွေးများ ယိုစီးကျကာ သူ့ကိုယ်သူပင် သတ်သေချင်ခဲ့ဖူးသည်။

သို့သော်လည်း ဤသည်မှာ သူတို့၏စစ်သေနာပတိ မထွက်ခွာမီ မိန့်မှာခဲ့သော စစ်အမိန့်သာ ဖြစ်နေခဲ့သည်။ သူ မတော်တဆမှုတစ်ခု ကြုံတွေ့ပါက ရန်ရှစ်ခွမ်းက သူ့၏ရာဇ၀တ်မှုများအတွက် စာတစ်စောင်ရေးကာ နန်းတွင်းသို့ ပို့ပေးရန် ရှောင်းဟမ်ကိုယ်တိုင် အမိန့်ပေးခဲ့သည်။ ရှောင်းမိသားစုစစ်တပ်ကို ကာကွယ်ရန်အတွက် ရှန်ရှစ်ခွမ်းက ရှောင်းဟမ် တိုင်းပြည်အပေါ်သစ္စာဖောက်ကြောင့် စွပ်စွဲချက်များ ထည့်သွင်းရေးသားရမည်ဖြစ်ပြီး ထိုအကြောင်းအရာများအတွက် သက်သေတချို့ကို ‌ရှောင်းဟမ်ကိုယ်တိုင် စီမံပေးခဲ့သည်။ ရန်ရှစ်ခွမ်းက သဘောမတူခဲ့သော်လည်း ရှောင်းဟမ်က သူ့အသက်နှင့် ခြိမ်းခြောက်ခဲ့သည်။

ထိုအရာများအားလုံးက ရန်ရှစ်ခွမ်း၏နှလုံးသားထဲတွင်သာ သိမ်းဆည်းထားခဲ့ရသည့် လျှို့ဝှက်ချက်များ ဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ခက်ခက်ခဲခဲဖြင့် ဘဝကို ဖြတ်သန်းနေခဲ့ရသည်။ သူ့၏ညီအစ်ကိုဟောင်းများက သူ့ကို သစ္စာဖောက်ဟု ခေါ်ကာ သူ့ကို လုပ်ကြံသတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော်လည်း ရန်ရှစ်ခွမ်းက ဤအရာအားလုံးကို တိတ်တဆိတ် တောင့်ခံထားခဲ့ပြီး သူတို့၏သခင်လေး ပြန်ရောက်လာကာ ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်အသက်သွင်းပြီး စစ်သူကြီးအတွက် လက်စားချေမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

"ရှစ်ခွမ်း၊ ဒီအစ်ကိုကြီးက မင်းကို မှားပြီး အပြစ်တင်ခဲ့မိတယ်။ ရှောင်းမိသားစုစစ်တပ်အတွက် မင်း ကြုံတွေခဲ့ရတဲ့ အရှက်ရမှုနဲ့ အခက်အခဲတွေကို သခင်လေး ပြောပြလို့ ငါ သိပြီးပါပြီ"

ချန်ယွိက သက်ပြင်းချလိုက်သည်။

သူတို့လို စစ်သူရဲကောင်းတွေအတွက် သတ္တိကို ထုတ်ပြဖို့ လွယ်ပေမယ့် ဒီလို အရှက်တရားတွေကို ကြံကြံခံ သည်းခံပြီး ရန်သူ့ရှေ့မှာ ခေါင်းငုံနေဖို့က တကယ်ကို ခက်ခဲတယ်။ ရန်ရှစ်ခွမ်းက ဒီနှစ်တွေအတွင်း အခက်တွေ့အများကြီး ကြုံခဲ့ရမှာ သေချာတယ်။

ကျိ‌ရွှေရှန့်နှင့်စူးချင်းတို့ ရှောင်းမိသားစုစစ်တပ်ကို ပြန်လည်စုစည်းနေချိန်တွင် အလှမ်းဝေးသော မြို့တော်တွင် ရှိနေသည့် ဝမ်ရှန်းချန်က လူတစ်ဦးကို တိတ်တဆိတ် ခေါ်ထားကာ ထိုလူပြောနေသည့်စကားများကို အုံ့မှိုင်းသောအမူအရာဖြင့် နားထောင်နေခဲ့သည်။ သူ နားထောင်ရလေလေ ပိုကြောက်လေလေ ဖြစ်နေပြီး သူ နားထောင်ရလေလေ နဂါးပလ္လင်ပေါ်တွင် မထိုင်နိုင်လေလေ ဖြစ်နေရသည်။

All Chapters