← Chapters

စိုးရိမ်မှုလွန်ကဲခြင်း

Vol. 28 Ch. 418

စိုးရိမ်မှုလွန်ကဲခြင်း

Vol. 28 Ch. 418

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ? အဓိပ္ပါယ်မဲ့လိုက်တာ၊ စစ်သူကြီးချန်ရှန့်ကို ကျန်းဆီ ခေါ်လာခဲ့”

(ချန်ရှန့်က ဝမ်ယွိလင်ရဲ့စစ်သူကြီးဘွဲ့ပါ)

ဝမ်ရှန်းချန်က ရုတ်တရတ် ထရပ်လိုက်ပြီး ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေကာ ရန်ရှင်း နန်းတော်ခန်းမအတွင်း ဟိုဟိုဒီဒီ လှည့်ပတ်လမ်း‌လျောက်နေလေသည်။ သူ့မျက်နှာပေါ်မှ အဆီတုံးကြီးများပင် တဆတ်ဆတ် တုန်နေသောကြောင့် သူ အလွန်ထိတ်လန့်တကြား ဖြစ်နေမှန်းသိသာနေခဲ့သည်။

ဝမ်ယွိလင်ကလည်း မိန်းမစိုးထံမှတဆင့် ဆင့်ခေါ်စာ ရရှိခဲ့ပြီး ညတွင်းချင်း နန်းတော်ထဲသို့ဝင်ကာ ရန်ရှင်းနန်းတော်ခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။

"ခမည်းတော်၊ အရေးတကြီးကိစ္စ ရှိလို့လား?"

"ယွိလင်၊ သစ္စာဖောက်ရှောင်းဟမ်ရဲ့သားက အသက်ရှင်နေသေးတယ်။ သူ အခု မော့ချန်မှာ ရှိနေတယ်။ ပြီးတော့ သူ့က ရှောင်းဟမ်ရဲ့လက်အောက်ငယ်သားဟောင်းတွေနဲ့လည်း တွေ့ဆုံပြီးနေပြီ။ အဲ့ဒါအပြင် သူ့ဘေးမှာ စူးချင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိနေတယ်။ အဲ့မိန်းခလေးက ‌ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ခွန်အား ရှိတယ်၊ လူသတ်လက်နက်ကြီးတွေကလည်း သူ့ဆီကနေ ဆင်းသက်လာတာတဲ့။ အဲဒါက ကျန်းအတွက် တကယ့်ကို စိုးရိမ်စရာပဲ”

ဝမ်ရှန်းချန်က မျက်စိပျက် မျက်နှာပျက် ဖြစ်နေပြီး နဂါးပလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်ပြန်သည်။ သူ့၏မောက်မာနေမြဲရှိခဲ့ဖူးသည့် မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ရာဇပလ္လင်၏လက်တင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

ဟင့်အင်း... သူ ရထားတဲ့ ရာဇပလ္လင်ကို ဘယ်သူမှ လုယူခွင့်မရှိဘူး။

"ခမည်းတာ်၊ မိန်းမတစ်ယောက်က ဘာများ ကြောက်စရာရှိလို့လဲ?"

ဝမ်ယွိလင်က စူးချင်းကို မျက်လုံးထဲ လုံးဝမထည့်ဘဲ သူ့၏ဖခင်ကို အထင်အမြင်သေးစွာ ကြည့်နေကာ လက်သီးအုပ်ရင်း တုံ့ပြန်လိုက်သည်။

အမျိုးသမီးတစ်ဦးက ကမ္ဘာကြီးကို ဘယ်လိုလုပ် ပြောင်းပြန်လှန်နိုင်မှာလဲ?

သူ ထိုသို့ တွေးလိုက်သော်လည်း နားနေတည်းခိုဆောင်၏လှေကားတွင် သူ တွေ့ခဲ့ဖူးသော မိန်းခလေးကို ရုတ်တရက် ပြန်တွေးမိသွားခဲ့သည်။

သူမရဲ့အကြည့်တွေက ‌မောက်မာလွန်းလှပြီး သူမမှာ ထူးထူးခြားခြား စိတ်နေစိတ်ထား ရှိပုံရတယ်။ သူမရဲ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်ဆိုလို့ တစိုးတစိတောင် မတွေ့ရဘူး။ အရာအားလုံးကို ခပ်တည်တည် လိုက်ကြည့်နေခဲ့တာလေ။

ဝမ်ယွိလင်က သူ့ခေါင်းကို ခါယမ်းလိုက်ပြန်သည်။

သူ ဘာလို့ အဲ့ဒီမိန်းမကို တွေးမိသွားရတာလဲ? သူမက သူ့ရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်ရဲတဲ့ ပထမဆုံးအမျိုးသမီး ဖြစ်နေလို့လား? အဲဒါကြောင့် သူ သူမကို အထင်ကြီးသွားခဲ့မိတာလား?

“ဒီမိန်းမကို လျှော့မတွက်နဲ့၊ သူ(မ)ရဲ့ ဆေးပညာက သေပြီးတဲ့သူကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်တဲ့၊ ပြီးတော့ သူ(မ) လုပ်ထားတဲ့ လူသတ်လက်နက်ကြီးတွေက လူတွေကို အဝေးကြီး အထိလွင့်သွားစေနိုင်ပြီး သူ(မ)ရဲ့ သိုင်းပညာကလည်း တပ်ဖွဲ့ဝင်‌ထောင်ပေါင်းများစွာ တိုက်ခိုက်ဖို့တောင် လုံလောက်တယ်တဲ့”

ဝမ်ရှန်းချန်က ပိုပြောလေလေ ဝမ်ယွိလင်၏အမူအရာက ပို၍ မထီမဲ့မြင် ဖြစ်လာလေလေ ဖြစ်သည်။

“ခမည်းတော်၊ သူများကို အရမ်း အထင်ကြီးပြီး ခမည်းတော်ရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် မလုပ်မိပါစေနဲ့”

“သားတော်၊ သတိမမဲ့နဲ့။ ‌ရှောင်းဟမ်ရဲ့သားနဲ့ ဒီစူးချင်းမှာ...”

ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်ယွိလင်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။

သူ ရန်သူကို လျှော့တွက်ခဲ့မိတာလား?

သို့သော် ခဏအကြာတွင် ဝမ်ယွိလင်၏မျက်လုံးများထဲမှ အထင်အမြင်သေးမှုများက လေးနက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒီတစ်ကြိမ် မော့ချန်ကို သိမ်းပိုက်ဖို့ စေလွှတ်လိုက်တဲ့ စစ်တပ်တစ်ခုလုံး ပြန်မနိုင်တော့မှာကို ကျန်း စိုးရိမ်နေမိတယ်။ အခုထိ ဘာသတင်းမှ မရှိသေးဘူး”

ဝမ်ရှန်းချန်က သူ့သားတော်ကို ထပ်ပြောလိုက်ပြီး သက်ပြင်းချလိုက်မိသည်။

ဒီတခေါက် သူ အမှားလုပ်မိသွားတယ်လို့ သူ ခံစားနေရတယ်။ သူ ရန်သူကို လျှော့တွက်မိတာကြောင့် သတိလက်လွတ်ဖြစ်ပြီး ဆုံးရှုံးမှုတွေအများကြီး ကြုံတွေ့ခဲ့ရတယ်။

"ခမည်းတော်၊ လောချန်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေက အဲဒီမိန်းမရယ် ရှောင်းဟမ်းရဲ့သားရယ်နဲ့ ဆက်စပ်နေတယ်လို့ ခမည်းတော် ပြောနေတာလား?"

ဝမ်ယွိလင်က လော့ချန်မှ စစ်ရေးသတင်းကို လက်ခံရရှိခဲ့ပြီး စစ်ကူများ စေလွှတ်ထားရသောကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

လော့ချန်မှာ ရှုပ်ထွေးအောင်လုပ်နေတဲ့သူတွေက အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မဟုတ်ဘူးလား? ဘာကြောင့် ဒီစူးချင်းဆိုတဲ့ အမျိုးသမီးနဲ့ ရှောင်းဟမ်ရဲ့သား ဖြစ်နေရတာလဲ?

"ဟုတ်​တယ်​ ကျန်း ​သေချာ သိနေတယ်​"

ဝမ်ရှန်းချန်က ခေါင်းညိတ်လိုက်ပြီး အခိုင်အမာ ပြန်ဖြေလိုက်သည်။

"ခမည်းတော်က ဘယ်လို သိနေတာလဲ?"

ဝမ်ယွိလင်က ထိုအဖြစ်အပျက်ကို မယုံနိုင်သေးပေ။

ရှောင်းဟမ်ရဲ့သားက အရင်မင်းဆက်ရဲ့အကြွင်းအကျန်အဖြစ် ဟန်ဆောင်ဖို့ ကြိုးစားအားထုတ်နေတယ်ဆိုရင်တောင် သူ့ခမည်းတော်က ဒါတွေကို ဘယ်လို သိနေရတာလဲ?

“ဒီအတွက် မင်း စိတ်ပူနေစရာ မလိုဘူး။ အတိုချုပ်ပြောရရင် ကျန်း ပြောခဲ့တာတွေ အားလုံးက ဘာမှ မမှားဘူး။ ပြီတော့ ကျန်း အခု လူသတ်လက်နက်ကြီးကိုလည်း ရထားပြီးပြီ၊ ဒီလောကကြီးမှာ ရှာတွေဖို့ခက်ခဲတဲ့ ပါရမီရှင်တစ်ယောက်ကိုလည်း ရထားသေးတယ်။ အချိန်တန်ရင် ကျန်း မင်းကို သူနဲ့ တွေ့ဆုံခွင့်ပေးမယ်။ ကျန်းတို့ လူသတ်လက်နက်ကြီးတွေ ဖန်တီးနိုင်တာနဲ့ ရှောင်းဟမ်ရဲ့ ချန်ထားခဲ့တဲ့ မကောင်းဆိုးဝါးတွေအားလုံးကို ချက်ချင်း သုတ်သင်ပစ်မယ်”

သူ့စကားဆုံးသွားချိန်တွင် ဝမ်ရှန်းချန်က သူ့လက်ဖဝါးဖြင့် စားပွဲကို ရိုက်ချလိုက်ကာ သူ့မျက်လုံးများက အဆိပ်ပြင်းသည့် မြွေတစ်ကောင်၏မျက်လုံးများကဲ့သို့ မှောင်မိုက်နေလေသည်။

“သူတို့နှစ်ယောက်ကို လုပ်ကြံဖို့ လူတွေ လွှတ်လိုက်မယ်”

ဝမ်ယွိလင်က မောက်မာနေဆဲဖြစ်ကာ သူ့မေးကို ပင့်မြှောက်ထားခဲ့သည်။

သူ့လက်အောက်မှာ မရေမတွက်နိုင်တဲ့ ခွန်အားကြီးစစ်သည်တော်တွေ ရှိတယ်။ အဲ့ဒါအပြင် သူက ဘယ်တုန်းကမှ မကျရှုံးဘူးသေးတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကိုလည်း အောင်အောင်မြင်မြင် လေ့ကျင့်ပေးထားခဲ့ပြီးပြီ။ အဲ့အဖွဲကို “သွေးစွန်းဓားမြှောင်” လို့ နာမည် ပေးထားပြီး သူတို့က ပျံသန်းနိုင်ကြတယ်။ အန်းမိသားစုက လူတွေတောင်မှ သွေးစွန်းဓားမြှောင်အဖွဲ့ရဲ့လုပ်ကြံသတ်ဖြတ်ကြောင့် သေဆုံးခဲ့ရသေးတယ်။ ဘယ်သူကမှား သူတို့လက်က လွတ်နိုင်မှာတုန်း?

"အဲဒါ ကောင်းတယ်၊ အဲဒါက အကောင်းဆုံးပဲ။ ဒါဆို ဘာမှလွှဲချော်စရာ မရှိတော့ဘူး”

ဝမ်ရှန်းချန်က သားဖြစ်သူ၏အကြံဥာဏ်ကို သဘောတူခဲ့သည်။

တကယ်တော့ သူကလည်း သူ့သားကို သွေးစွန်းဓားမြှောင်အဖွဲ့ သုံးဖို့ တောင်းဆိုချင်ခဲ့တာပါ။ အခု သူတို့ရဲ့ဝမ်မိသားစုစစ်တပ်က ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားခဲ့ရပြီးပြီ။ သူတို့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လူသတ်လက်နက်ကြီးတွေ မထုတ်လုပ်နိုင်ခင်မှာ ဝမ်မိသားစုစစ်တပ်အနေနဲ့ နောက်ထပ် ဆုံးရှုံးနစ်နာမှုတွေကို မလိုချင်တော့ဘူး။

ဝမ်မိသားစုမှ သူခိုးအိုကြီးက စူးချင်းနှင့် ကျိ‌ရွှေရှန့်ကို ကိုင်တွယ် ဖြေရှင်းရန် ဆွေးနွေးနေချိန်တွင် မော့ချန်မှ ရှောင်းမိသားစုစစ်သည်များက ဝမ်မိသားစုစစ်တပ်ကို ချေမှုန်းနိုင်ခဲ့ခြင်းအတွက် အောင်ပွဲခံနေကြသည်။ ထို့အပြင် ရှောင်မိသားစုစစ်အလံကို ပြန်လွှင့်ထူနိုင်ခြင်းအတွက် ဂုဏ်ပြုပွဲကိုပါ တွဲကျင်းပနေပြီး မော့ချန်တွင် မီးပုံးများ ထွန်းညှိအလှဆင်ထားခဲ့သည်။

စူးချင်းက သူမ ကိုယ်တိုင်ချက်ထားသည့် ပါးဝမ်စွေ့ကို ထုတ်ယူလာခဲ့သည်။

စစ်သည်တွေဆိုတ ဒီလို သွေးပူစေမယ့် အရက်ပြင်းပြင်းကိုပဲ သောက်သင့်တယ်။

သိုးသားကင်၏မွှေးရနံ့ကလည်း တစ်မြို့လုံးကို လွှမ်းခြုံနေကာ နှင်းတော်ထဲတွင် အောင်ပွဲခဲနေသူများက ပို၍ပင် သူရဲကောင်းဆန်နေခဲ့သည်။

စူးချင်းက မိန်းကလေးများနှင့်အတူ ထိုင်နေခဲ့ပြီး ရန်ရှစ်ခွမ်း၊ ချန်ယွိနှင့် အခြားစစ်သူကြီးများအား ဧည့်ခံနေသည့် ကျိ‌ရွှေရှန့်ကို လိုက်ကြည့်နေခဲ့သည်။

သူက ရဲရင့်ပြီး ခံ့ညားလွန်းတယ်။ ဒီလိုမျိုး သူရဲကောင်းဆန်ပြီး ဂုဏ်သိက္ခာအပြည့်ရှိတဲ့ အသွင်အပြင်နဲ့လူက သူမရဲ့လူပဲ၊ နောင်အနာဂတ်မှာ သူက ဒီကမ္ဘာကြီးရဲ့အုပ်စိုးရှင် ဖြစ်လာလိမ့်မယ်။

ချန်ယွိနှင့် ရန်ရှစ်ခွမ်းတို့က သခင်လေး၏ဇနီးလောင်းနှင့် တွေ့ဆုံရန် သူတို့သခင်လေးထံ ခွင့်တောင်းနေခဲ့ကြသည်။ အမှန်တကယ်တွင် ရန်ရှစ်ခွမ်းက စူးချင်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်ပေ။

သူတို့ ပထမဆုံး စတွေ့ကတည်းက ဒီမိန်းကလေးက ထူးခြားတယ်လို့ သူ ခံစားခဲ့ရဖူးတယ်။ သေချာတာပေါ့... သူ့အတွေးတွေ မမှားခဲ့ဘူး။

ချန်ယွိက စူးချင်း၏ စားပွဲဆီသို့ ချဉ်းကပ်လာပြီး အရက်ဖန်ခွက်ကို လေးလေးစားစား မြှောက်ကာ စူးချင်းကို ဂုဏ်ပြုလိုက်သည်။

"သခင်မလေး၊ ဒီလူအိုကြီးက သခင်မလေးကို ဒီအရက်တစ်ခွက်နဲ့ ဂုဏ်ပြုပါရစေ"

"ဦးလေးချန်၊ ဦးလေးက အရမ်း ယဉ်ကျေးလွန်းနေပြီ"

စူးချင်းက သူမ၏ခွက်ကို မြှောက်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ချန်ယွိနှင့် ခွက်ချင်းတိုက်လိုက်ပြီး သူမ၏လေးစားမှုကို ဖော်ပြလိုက်သည်။

"ယန်ရှစ်ခွမ်းက သခင်မလေးကို ဂါရဝပြုပါတယ်"

ရန်ရှစ်ခွမ်းက စူးချင်း၏စွမ်းအားကို သူ့မျက်လုံးများဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး သူမကို အလွန် အထင်ကြီး လေးစားသွားခဲ့သည်။ သူက သူ့ခွက်ကို လေးလေးစားစား မြှောက်လိုက်ပြီး စူးချင်းက သူနှင့် ခွက်ချင်းတိုက်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ဦးလေးရန်က ယဉ်ကျေးလွန်းနေပြန်ပါပြီ။

"ပန်းကန်လုံးအကြီးနဲ့ ပြောင်းသောက်ရအောင်!"

စူးချင်းက အရက်ခွက်သေးသေးလေးဖြင့် ငဲ့နေရသည်ကို စိတ်မရှည်တော့ဘဲ လီရွှမ်းအာအား ပန်းကန်လုံးကြီးသုံးလုံး သွားယူပေးရန် တောင်းဆိုလိုက်သည်။

“စစ်သည်တွေက ဒီလိုပဲ သောက်သင့်တယ်”

စူးချင်းက စစ်သူကြီးနှစ်ယောက်အား ပြုံးပြနေရင်း အရက်အိုးကို ကောက်ယူလိုက်ကာ ပန်ကန်းလုံးသုံးလုံးထဲသို့ အရက်များ လောင်းထည့်လိုက်သည်။

"ဟုတ်တယ်၊ သခင်မလေးက အရမ်း သတ္တိရှိတယ်"

ချန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဒါက စူးချင်းလေ... သူမကပဲ အဲ့လိုမျိုး လုပ်နိုင်တာ။ သူမ အရက်ကို ပန်းကန်လုံးလိုက်မော့ပြီး အသားတုံးတွေကို အကြီးကြီး ကိုက်စားနိုင်တယ်။ သူမက ယောက်ျားတွေထက်တောင် ရဲရင့်နေသေးတယ်။

"ဟား ဟား၊ ကောင်းပြီ၊ ဦးလေးရန်ကလည်း သူရဲကောင်းကို အဖော်ပြုပေးဖို့ အသက်ကိုတောင် စွန့်နိုင်တယ်"

ရန်ရှစ်ခွမ်းကလည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူ ဒီသခင်မလေးရဲ့ ရဲရင့်မှုကို အရမ်း နှစ်သက်သွားပြီ။ တကယ်တော့ ဒီအရက်ခွက်တွေက အရမ်းသေးလွန်းတယ်။

ကျိ‌ရွှေရှန့်ကလည်း သူတို့ဆီသို့ ရောက်လာခဲ့သည်။ သူလည်း အများကြီး သောက်ထားပြီးဖြစ်ကာ သူ့မျက်နှာတစ်ခုလုံး နီမြန်းနေလေသည်။ သို့တိုင်အောင် သူ့မျက်လုံးများက အားမာန်အပြည့် စူးရှနေဆဲဖြစ်ကာ သူ့၏ချင်းအာကို အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။

"အတူတူသောက်ကြမလား?"

စူးချင်းက အရက်အိုးကို ကိုင်ထားရင်း ကျိ‌ရွှေရှန့်ကို အပြုံးဖြင့် ပြန်ကြည့်နေခဲ့သည်။ သူမ၏ အပြုံးလေးက အေးမြသော နှင်းများထဲတွင် ပွင့်လန်းနေသည့် ဇီးပန်းပွင့်လေးကဲ့သို့ လှပလွန်းနေပြန်သည်။ သူမ၏ အမြဲတမ်း အေးစက်နေတတ်သော မျက်လုံးများလေးက ယခုအချိန်တွင် ကောင်းကင်မှ ကြယ်လေးများကဲ့သို့ တောက်ပနေပြီး အပြုံးရိပ်များ ပြည့်နှက်နေလေသည်။ အတိုချုံးပြောရလျှင် သူမ၏ အပြုံးက သူ့ကို ပို၍ မူးဝေနေစေသည်။

“အင်း”

ကျိ‌ရွှေရှန့်က သူ့မျက်လုံးထဲတွင် သူမမှလွှဲ၍ အခြားမည်သူ့မှမရှိသလို သူမကိုသာ စိုက်ကြည့်နေခဲ့သည်။

လေးယောက်သား အရက်ပန်းကန်များကို မြှောက်လိုက်ပြီး အချင်းချင်း ဂုဏ်ပြုကာ ခွက်ချင်းတိုက်လိုက်ကြသည်။

ယနေ့တွင် စစ်သည်များကလည်း ကောင်းကောင်းမွန်မွန် စားသောက်နေကြပြီး အရက်ကို အိုးလိုက်မော့ကာ ဇလုံကြီးထဲမှ အသားများကို အားရပါးရ စားနေကြသည်။ သူတို့က သူတို့၏ စစ်သူကြီးရှောင်းဟမ် အသက်ရှင်နေသေးသည့်အချိန်ကို ပြန်ရောက်သွားသလို ခံစားနေကြရပြီး ဤအောင်ပွဲကို ဆင်နွဲရခြင်းက သူတို့အတွက် စိတ်ဓာတ်တက်ကြွစေခဲ့သည်။

အားလုံးက ပြုံးပျော်နေပြီး ရွှင်မြူးနေခဲ့ကြသည်။ ကျိရှောင်ယင်တစ်ယောက်သာလျှင် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ထိုနေရာ၌ ရှိနေခဲ့သည်။ သူမက သီးခြားကျွန်းတစ်ကျွန်းတွင် ပိတ်မိသလို ဖြစ်နေခဲ့ပြီး ပြင်ပကမ္ဘာက မည်မျှပင် တက်ကြွပျော်ရွှင်နေပါစေ ထိုအပျော်များက သူမဆီသို့ မကူးစက်လာနိုင်တော့ပေ။

"ရှောင်ယင်၊ ဘာဖြစ်နေတာလဲ?"

စူးချင်းက ကျိရှောင်ယင်၏ အခြေအနေကို သတိပြုမိသွားပြီး သူမကို မေးရန် အလောတကြီး ပြန်ထိုင်ချလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး။ ကျွန်မ နည်းနည်း ပင်ပန်းနေလို့ပါ"

ကျိရှောင်ယင်က ခေါင်းခါလိုက်ပြီး အားတင်းကာ စူးချင်းကို ပြုံးပြလိုက်သည်။

"ဒါဆို စောစောပြန်အိပ်တော့!"

စူးချင်းက ကျိရှောင်ယင်ကို အရင် ပြန်သွားနားရန် အကြံပေးလိုက်သည်။

မွေးစားအမေ သေဆုံးသွားတာက ရှောင်ယင်ကို အများကြီး ထိခိုက်သွားစေခဲ့တယ်။ အခု ရှောင်ယင်က အရမ်းပိန်သွားပြီး သူမရဲ့မျက်ဝန်းကျယ်ကျယ်လေးတွေက အခု ပိုပြီးတော့ ကြီးမားနေပြီ။

ကျိရှောင်ယင်၏ မျက်လုံးများထဲမှ ဝမ်းနည်းမှုများနှင့် တုံ့ဆိုင်းနေမှုများက စူးချင်း၏နှလုံးသားကိုလည်း နာကျင်စေခဲ့သည်။

"အင်း၊ ကျွန်မ အရင်ပြန်သွားလိုက်မယ်နော်"

ကျိရှောင်ယင်ကလည်း ဆက်မထိုင်ချင်တော့ဘဲ မတ်တပ်ထရပ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"အစ်မတို့ ပျော်လိုက်ကြပါဦးနော်"

ထိုသို့ ပြောပြီးနောက် ကျိရှောင်ယင်က ထွက်သွားခဲ့သည်။ သူမ၏ အထီးကျန်ဆန်သော ကျောပြင်နှင့် နှေးနှေးကွေးကွေး လျှောက်လှမ်းနေသည့် အသက်မဲ့ခြေလှမ်းများက စူးချင်းကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။

ကျိရှောင်ယင်က တစ်ခုခုတော့ မှားနေပြီ။

အဲ့ချိုးယုံခန်းဆိုတဲ့ အကောင်က စက်ဆုပ်ဖို့ကောင်းလွန်းတယ်။ သူ မထွက်သွားခင်မှာ ရှောင်ယင်အတွက် လေးလံတဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို ထားခဲ့သေးတယ်။ သူမ အဲ့လူကို ဖမ်းမိတာနဲ့ အပိုင်းပိုင်း ခုတ်ပိုင်းပစ်မယ်။

ရှန်ရှစ်ခွမ်းက မော့ချန်ကို ကူညီရန် သူ့၏တပ်သားအချို့ကို ချန်ထားခဲ့ပြီး ကျန်စစ်သည်များကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ကျိ‌ရွှေရှန့်နှင့်စူးချင်းတို့ကလည်း သူတို့အတွက် အရေးကြီးကိစ္စများ ရှိနေသေးသဖြင့် ကျင့်ရှီလျိုမြောင်သို့ အတူပြန်လိုက်လာခဲ့ကြသည်။

All Chapters