← Chapters

သခင်လေးရဲ့ဇနီး

Vol. 29 Ch. 423

သခင်လေးရဲ့ဇနီး

Vol. 29 Ch. 423

ကျိ‌ရွှေရှန့်က မြို့တံခါးကို ဖွင့်ရန် ချက်ချင်း အမိန့်လိုက်သည်။ သူက စူးချင်းနှင့်အတူ လိုက်ချင်နေသော်လည်း စူးချင်းက သူ့ကို တားဆီးလိုက်သည်။

“မြန်မြန်တွေ့အောင် လူခွဲပြီး ရှာကြမယ်”

ကျိ‌ရွှေရှန့်က စူးချင်း၏စွမ်းရည်ကို သိထားပြီး ဖြစ်သည်။ ထိုအပြင် အချိန်နှင့်တပြေးညီ လှုပ်ရှားရမည်ကို သူလည်း သေသေချာချာ သိနေသောကြောင့် ဿီးခြားရှာဖွေမှုများ ပြုလုပ်ကာ လူများကို တတ်နိုင်သမျှ မြန်မြန်ကယ်ဆယ်နိုင်ရန် ထွက်ခွာရတော့မည်ပင်။ ထိုသို့မဟုတ်ဘဲ သူတို့အား ဟာဆာပြည်ထောင်သို့ ပို့ဆောင်လိုက်ပါက သူတို့၏လူများကို ပြန်ကယ်ရန် တိုင်းပြည်နှစ်ခုအကြား အငြင်းပွားမှု ဖြစ်လာပေလိမ့်မည်။

"ချင်းအာ ဂရုစိုက်နော်"

ကျိ‌ရွှေရှန့်က စူးချင်းကို သတိပေးလိုက်သည်။ စူးချင်းက သူမ၏မြင်းပေါ်တွင် ထိုင်နေရင်း သူ့ကို လှည့်ကြည့်လိုက်ကာ "အင်း ရှင်လည်း သတိထားရမယ်နော်"

သူမတို့ ကျင့်ရှီလျိုမြောင်သို့ ရောက်ရောက်ချင်း လွမ်ဟုန် အဖမ်းခံလိုက်ရကာ ယခု သူမ၏အမေနှင့် အဒေါ်ပါ ပျောက်ဆုံးနေခဲ့သည်။ ထိုအရာက စူးချင်းကို အလွန်အမင်း စိတ်ပူနေစေခဲ့သည်။ သူမ လွမ်ဟုန်အား သွားရှာချိန်တွင် သူမ၏အမေနှင့်အဒေါ်ကို သူမနှင့်အတူ မခေါ်သွားဘဲ အန္တရာယ်ကျရောက်စေခဲ့သည်အတွက်လည်း သူမ နောင်တရနေခဲ့သည်။

"သွားကြရအောင်"

စူးချင်း သူမ၏ ကြာပွတ်ကို မြှောက်လိုက်သည်နှင့် ရှောင်ဟေးက မြှားတစ်စင်းကဲ့သို့ မြို့ထဲမှ ပြေးထွက်သွားတော့သည်။

စူးချင်းက သူမ၏မြင်းကို အရှိန်တင်ကာ ဟာဆာပြည်ထောင်ဘက်သို့ ဦးတည်လိုက်သည်။ အချိန်အတော်ကြာအောင် သူမ လိုက်လာခဲ့ပြီးမှ တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရပြန်သည်။ ထိုအခါမှ စူးချင်းက မြင်း၏ဇက်ကြိုးကို ပြန်ဆွဲလိုက်ပြီး မြေပြင်ပေါ်ရှိ ခြေရာများကို သေချာစစ်ဆေးကြည့်လိုက်သည်။

တစ်ယောက်ယောက်က နှင်းတွေပေါ်ကို ခြေချလိုက်တာနဲ့ ခြေရာတွေ ကျန်နေခဲ့လိမ့်မယ်၊ ဒါပေမယ့် အခု ဘာကြောင့် ထင်ရှားတဲ့ ခြေရာ‌တွေ မရှိရတာလဲ? လက်ရှိနှင်းတွေပေါ်မှာ ရှိနေတဲ့ ခြေရာတွေက အရမ်းတိမ်နေပြီး နှင်းတွေတောင် တစ်ဝက်တပျက် ပြန်ဖုံးလွှမ်းနေပြီ။ ဆိုတာ့ ဒါတွေက လွန်ခဲ့တဲ့ ရက်အတော်ကြာကြာက သွားလာခဲ့တဲ့ ခြေရာတွေဆိုတာ သိသာနေတယ်။

စူးချင်းက သူမ၏မြင်းကို ပြန်လှည့်လိုက်သည်။ အစပိုင်းတွင် သူမ စိတ်ပူပြီး အလျင်စလို ဖြစ်နေခဲ့သော်လည်း သူမ စိတ်ပြန်ငြိမ်သွားပြီးနောက် စူးချင်းက သူတို့နောက်သို့ အလောတကြီး ဆက်မလိုက်တော့ပေ။ သူမက မြင်းကို ပြန်လှည့်ကာ မြေပြင်ပေါ်ရှိ ခြေရာများကို သေသေချာချာ စစ်ဆေးလာခဲ့သည်။

သို့သော်လည်း ရှောင်ဟေး၏ခွာရာများမှ လွဲ၍ အခြား မြင်းခွာရာများ သို့မဟုတ် လမ်းဘီရာများနှင့် စွတ်ကြောင်းရာများကို လုံးဝ မတွေ့ခဲ့ရပေ။

နောက်ဆုံးတွင် စူးချင်းက မြို့ရိုးနားသို့ ပြန်ရောက်လာပြီး သူမ ထိုနေရာသို့အရောက်တွင် ခြေရာလက်ရာများ ပိုရှုပ်​​ထွေးနေခဲ့သည်​။ လူများစွားက မြို့ထဲမှ ထွက်ခွာသွားပုံရပြီး ခြေရာများ၊ မြင်းခွာရာများနှင့် လှည်းဘီးရာများ အများအပြား ရှိနေလေသည်။

စူးချင်းကတော့ မျက်မှောင်ကြုတ်ကာ တွေးတောနေပြန်သည်။

သူမ လမ်းကြောင်းမှားသွားတာ ဖြစ်နိုင်လား? သူတို့ အရှေ့တံခါးကနေ ဖြတ်မသွားဘူးလား?

အဲ့လိုဆိုရင်တော့ သူမ သူတို့ကို ပိုပြီး ဝေးဝေး ပြေးစေမိပြီ။

ထို့နောက် စူးချင်းက သူမ၏မြင်းကို တောင်တံခါးဆီသို့ ဦးတည်လိုက်သည်။

ဟာဇာတိုင်းပြည်က ကျင့်ရှီလျိုမြောင်ရဲ့အရှေ့ဘက်မှာ ရှိပြီး တောင်တံခါးနဲ့ဆိုရင် အဝေးကြီးပဲ။ အဲ့တောင်ဘက်တံခါးက မြို့တော်ဘက်သို့ သွားတဲ့ အနီးဆုံး လမ်းဆိုတော့ သူမ အဲ့ဘက်ကို မတွေးမိလိုက်တာလေ။ ပြီးတော့ ကိုယ့်တိုင်းပြည်ဘက်ခြမ်းက တံခါးဆိုတော့ အဲ့တောင်တံခါးရဲ့လုံခြုံရေးက အရှေ့ဘက်တံခါးလောက် မတင်းကျပ်ဘူး။

တကယ်လို့ တိတ်တဆိတ် ထွက်ပြေးချင်ရင်တော့ တောင်တံခါးက သူတို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်နေလိမ့်မယ်။

စူးချင်း စိတ်ငြိမ်သက်သွားချိန်တွင် သူမ၏အတွေးများက ကြည်လင်လာပြီး သူမ၏ ခန့်မှန်းချက်များက မှန်ကန်လာခဲ့သည်။ သူမ တောင်ဘက်တံခါးသို့ ရောက်သွားချိန်တွင် အသစ်စက်စက် လှည်းဘီရာများကို တွေ့လိုက်ရသည်။ သူမက ထိုဘီးရာများအတိုင်း မြို့တော်ဘက်သို့ ဆက်လိုက်သွားခဲ့သည်။

လူများကို တင်ဆောင်သွားရသည့် ရထားလုံးတစ်စီးက မြင်းတစ်ကောင်လောက် မြန်မြန်ဆန်ဆန် မသွားနိုင်ပေ။ ထို့ကြောင့် နှစ်နာရီကြာအောင် လိုက်သွားပြီးနောက် စူးချင်က သူမရှေ့မှ ရထားလုံးကို တွေ့သွားခဲ့သည်။ ရထားပေါ်ရှိလူများက သူမကို သတိပြုမိသွားပြီး သူမ၏အမေနှင့် အဒေါ်အား ထိခိုက်စေမည်ကို စိုးရွံ့သဖြင့် စူးချင်းက မြင်းကို ချန်ထားခဲ့ပြီး လမ်းဘေးရှိ သစ်ကိုင်းများကို ကြာပွတ်ဖြင့် ရစ်ပတ်ကာ လမ်းတစ်လျှောက်လုံး ပျံသန်းသွားလိုက်သည်။

ထိုရထားလုံး၏အရှေ့တွင် ရထားလုံးတစ်စီးထက် ပို၍ ရှိနေခဲ့ပြီး ထိုရထားလုံးများကို စောင့်ကြပ်နေသည့် မြင်းပေါ်မှ လူများက ကျေးကျွန်များသဖွယ် ၀တ်ဆင်ထားကြသည်။ သို့သော် ဤလူများက အလွန်သတိရှိနေကြပြီး လူမိုက်ပုံပေါက်နေကြသည်။ သူ့တိုက ရှေ့သို့ ခရီးဆက်နေရင်း မည်သူမျှ လိုက်မလာကြောင်း သေချာစေရန် အခါအားလျော်စွာ ပြန်လှည့်ကြည့်နေကြသေးသည်။

စူးချင်းက ထိုလူများ၏သတိချပ်မှုနှင့် နိုးကြားမှုများကို မြင်သွားခဲ့ပြီး သူမ ရှာဖွေနေသည့်လူများအား ထိုရထားလုံးထဲတွင် ဝှက်ထားသည်ဟု ပို၍ပင် ယုံကြည်လာခဲ့သည်။

စူးချင်းက တောထဲမှ လျင်မြန်စွာ ပြေးထွက်လာခဲ့ပြီး ရထားထိန်းကို အရင်ကန်ထုတ်လိုက်သည်။ ထို့နောက် သူမ၏လက်ထဲတွင် ရှိနေသော ကြာပွတ်က ပင်လယ်ထဲမှ ပျံထွက်လာသော နဂါးတစ်ကောင်သကဲ့ ပျံသန်းလာကာ ထိုရထားလုံးကို စောင့်ရှောက်နေသည့် လူနှစ်ယောက်ကို အလျင်အမြန် ရစ်ပတ်လိုက်သည်။ တခြားသူများကလည်း ချက်ချင်း သတိပြုမိသွားပြီး စူးချင်းကို တိုက်ခိုက်ရန် မြင်းများကို အမြန် ပြန်လှည့်လာကြသည်။

စူးချင်းက သူတို့ကို လောလောဆယ် မသတ်သေးဘဲ ကြာပွတ်ဖြင့်သာ ရိုက်ထုတ်လိုက်သည်။

လောလောဆယ်တော့ သူတို့ကို အသက်ရှင်လျက် ထားရဦးမယ်။

စူးချင်းက သူတို့အားလုံး တိုက်ခိုက်နိုင်စွမ်းမဲ့သွားလောက်သည်အထိ ရိုက်နှက်လိုက်ပြီးမှ ရထားလုံး၏ကန့်လန့်ကာကို သွားဖွင့်ကြည့်လိုက်သည်။ သူမ၏အမေနှင့် အဒေါ်က ရထားလုံးပေါ်တွင် အမှန်တကယ် ရှိနေခဲ့ပြီး သူမတို့ အိပ်ပျော်နေပုံရသည်။

ရထားလုံး၏အပြင်ဘက်မှ ပြင်းထန်သော တိုက်ပွဲကပင် သူမတို့ကို မနှိုးစေခဲ့သောကြောင့် စူးချင်းက သူတို့၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ရာ သူမတို့နှစ်ယောက် ဆေးဝါးတစ်ခုခုကြောင့် သတိလစ်နေကြောင်း သိလိုက်ရသည်။

သူမ၏မိခင်နှင့် အဒေါ်တို့ အသက်အန္တရာယ် မရှိနိုင်မှန်းသိလိုက်ရမှသာ စူးချင်းလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ သူမက သူမ၏မိခင်နှင့် အဒေါ်တို့ကို ဖြေဆေး တိုက်ကျွေးလိုက်ပြီး မကြာခင်မှာပင် နှစ်ယောက်သား ပြန်နိုးလာကြသည်။

သို့သော်လည်း သူမတို့နှစ်ယောက်လုံး စိတ်ရှုပ်ထွေးနေပုံရပြီး စူးချင်းကို တွေ့လိုက်ရမှ အိပ်မက်မှ လန့်နိုးလာသလို ခံစားလိုက်ကရသည်။ ယန်ရူရွှယ်က သမီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ချင်းအာ၊ သမီး အဆင်ပြေရဲ့လား"

သူမ၏အမေ နိုးလာသည့်နှင့် ပထမဆုံး မေးမြန်းလိုက်သည့်စကားကို ကြားလိုက်ရသောကြောင့် စူးချင်း၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားရသည်။

စူးချင်းက သူမ၏အမေကို ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။

"အမေ၊ သမီး အဆင်ပြေပါတယ်"

"ဒါက ဘယ်နေရာလဲ?"

ယန်ရုပင်းက ရထားလုံး၏ကန့်လန့်ကာ အပြင်ဘက်မှ ဖြူဖွေးနေသည့် နှင်းပြင်ကျယ်ကြီးကို စိုက်ကြည့်နေပြီး တစ်ခုခု မှားနေမှန်း သိသွားပုံရသည်။

သူမတို့ မြို့ထဲမှာ ရှိနေတာလေ၊ ဘာလို့ တောထဲသို့ ရောက်လာရတာလဲ?

"အား၊ အင်း"

စူးချင်းဆီမှ ရိုက်နှက်ခံထားရသောကြောင့် အရိုးကျိုးသွားပြီး အရွတ်များ ပြတ်တောက်သွားသည့်လူများ၏ နာကျင်စွာအော်ဟစ်သံများက ယန်ရုပင်းကို ပို၍ ထိတ်လန့်စေခဲ့သည်။

"ချင်းအာ... ဘာတွေ ဖြစ်နေတာလဲ? သူတို့က ဘယ်သူတွေလဲ?"

စူးချင်းက သူမ၏အမေနှင့် အဒေါ်ကို နှစ်သိမ့်ပေးလိုက်သည်။

“အမေ၊ အဒေါ်၊ မကြောက်ပါနဲ့။ အခု အမေတို့ လုံခြုံသွားပါပြီ"

"ငါတို့ ပြန်ပေးဆွဲခံရတယ်လို့ မင်း ပြောနေတာလား?"

တူမဖြစ်သူ၏စကားကို ကြားသွားပြီး ယန်ရုပင်းက ရုတ်တရက် သဘောပေါက်သွားကာ မုန်းတီးမှုအပြည့်ဖြင့် အံ့ကြိတ်လိုက်သည်။

“ဒါက ရထားထိန်းပဲ။ သူ လုပ်တာ”

သူမတို့ အရက်ချက်ရုံမှ ထွက်လာပြီးနောက် ယန်ရုပင်းနှင့် ယန်ရူရွှယ်တို့က ရထားထိန်းကို အိမ်ပြန်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရထားထိန်းက သူ့လက်ကို ရုတ်တရက် မြှောက်လိုက်သည်ကို သူမတို့ တွေ့လိုက်ကြရပြီး ထူးဆန်းသော ရနံ့တစ်ခုက သူမတို့၏ဝင်သက်ထဲသို့ လွင့်ပျံလာခဲ့သည်။ နောက်ပိုင်းတွင် သူမတို့ ဘာမှ မသိတော့ပေ။

ဒီတော့ သူမနဲ့ ရူရွှယ် ဆေးမှုန့်ကြောင့် သတိလစ်နေတုန်း ကျင့်ရှီလျိုမြောင်ကနေ ခိုးထုတ်ခံလိုက်ရတာပေါ့။

အဒေါ်ဖြစ်သူ၏စကားကို နားထောင်ပြီးနောက် စူးချင်းက ရထားလုံးပေါ်မှ ခုန်ဆင်းသွားပြန်သည်။ သူမ ရထားထိန်းဆီသို့ လျှောက်သွားလိုက်ရာ သူ့မျက်နှာက ပြာနှမ်းနေပြီး ဒွါရခုနစ်ပေါက်မှ သွေးထွက်နေသည်ကို တွေ့လိုက်ရသည်။

အခြားသူများကလည်း သူတို့၏ပါးစပ်ထဲမှ အဆိပ်များကို ကိုက်ပြီး သတ်သေသွားကြကာ ဒဏ်ရာအပြင်းအထန် ရခဲ့သောကြောင့် သတိလစ်နေသူတစ်ဦးသာ အသက်ရှင်လျက်ကျန်နေတော့သည်။

စူးချင်းက သူ့ပါးစပ်ကို ဆွဲဖွင့်လိုက်ရာ သူ့၏အံ့သွားထဲတွင် ဝှက်ထားသည့် အဆိပ်ကို တွေ့လိုက်ရသည်။ သူမက ထိုအဆိပ်ကို ထုတ်ယူရန်ပင် ပျင်းလွန်းနေပြီး သူ့ပါးစပ်ထဲသို့ အဆိပ်ဖြေဆေးတစ်လုံး ပစ်ထည့်လိုက်သည်။

ဒါက အဆိပ်အတောက်အားလုံးကို ကုသပေးနိုင်တယ်လေ။ ကြိုက်တဲ့အဆိပ်ကိုသာသောက်... သေဖို့တော့ မမျှော်လင့်နဲ့။

စူးချင်းက လူသေများကို ဂရုမစိုက်တော့ဘဲ အသက်ရှင်နေသေးသည့်လူကို တာ့ဟေး၏ကျောပေါ်သို့ ပစ်တင်ကာ ရထားလုံးပေါ် ပြန်ခုန်တက်သွားခဲ့သည်။ တာ့ဟေးက ဉာဏ်ရည်ထက်မြက်ပြီး ၎င်း၏သခင် မစီးနင်းနေသည့်တိုင် ရထားလုံးနောက်မှ လိုက်ရန် နားလည်နေသေးသည်။

"ချင်းအာ၊ လွမ်ဟုန်ကို ရှာတွေ့ပြီလား?"

မိခင်နှင့်သမီးတို့က နှလုံးသားချင်း ချိတ်ဆက်ထားလေ့ရှိကြပြီး ရန်ရုပင်း၏ နှလုံးသားက အကြောင်းပြချက်မရှိ ပူလောင်နေကာ သူမ၏ ညာဘက်မျက်ခွံကလည်း လှုပ်ယမ်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူမက သူမ၏သမီး အကြောင်းကို တွေးမိသွားပြီး စိုးရိမ်တကြီး ထပ်မေးလိုက်သည်။

"အခုထိတော့ မတွေ့ရသေးဘူး"

စူးချင်းက ခေါင်းယမ်းလိုက်သည်။

သူမ သူမရဲ့အဒေါ်ကို စိတ်မပူစေချင်ပေယ့် ဒါက ဖုံးကွယ်ထားလို့ရတဲ့အရာ မဟုတ်ဘူး။ သူမတို့ ပြန်ရောက်လို့ လွမ်ဟုန်ကို မတွေ့တာနဲ့ သူမရဲ့အဒေါ်က သေချာပေါက် သိသွားမှာလေ။

"သူ(မ) ဘယ်ကို သွားနေတာလဲ? ဖြစ်နိုင်တာက....”

ယန်ရုပင်းက မီးတောက်ကဲ့သို့ ရဲရင့်သူဖြစ်ပြီး ဘယ်သောအခါမှ မျက်ရည်မကျခဲ့သော်လည်း ယခု သမီးဖြစ်သူကို စိတ်ပူမိသောကြောင့် မျက်ရည်များကျလာခဲ့သည်။ ယခုအချိန်တွင် သူမကလည်း နုနယ်သောမိခင်တစ်ဦးသာ ဖြစ်သည်။

ယန်ရူရွှယ်က သူမ၏အစ်မကို ကမန်းကတန်း နှစ်သိမ့်ပေးလိုက်သည်။

“အစ်မ စိတ်မပူပါနဲ့။ လွမ်ဟုန် ပြန်ရောက်နေတာလည်း ဖြစ်နိုင်ပါသေးတယ်"

အစ်မရဲ့စိုးရိမ်ပူပန်မှုကို သူမ ကောင်းကောင်းနားလည်တာပေါ့။ သူမက သမီးလေးကို ဆုံးရှုံးရလို့ ဆယ်နှစ်ကျော် ရူးသွပ်ခဲ့ရတာလေ။ ဒီလို နာကျင်ကိုက်ခဲမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ရှုပ်ထွေးမှုတွေ၊ ကြောက်ရွံ့မှုတွေကို ဘယ်သူက သည်းခံနိုင်မှာလဲ?

သားသမီးဆိုတာ မိခင်ရဲ့နှလုံးသား ဖြစ်ပြီး နှလုံးသား မရှိတော့ရင် လူတွေက အသက်ရှင်နိုင်လို့လား?

“ဒေါ်လေး စိတ်မပူပါနဲ့၊ ဝမ်းကွဲညီမမှာ အန္တရာယ်မရှိနိုင်ပါဘူး။ ကျွန်မ လွမ်ဟုန်ကို ကယ်တင်ပေးပါ့မယ်”

ထို့စကားက စူးချင်း၏နှစ်သိမ့်ပေးမှု သက်သက်မဟုတ်ပေ။ ဟာဆာတိုင်းပြည်မှ လူများက လွမ်ဟုန်ကို ချူကျင်းဖုန်းနှင့် လဲလှယ်ရန် ဆန္ဒရှိနေသောကြောင့် လောလောဆယ်တွင် သူမကို မည်သည့်နည်းနှင့်မျှ သတ်ရဲကြမည် မဟုတ်ပေ။

သို့သော် စူးချင်းက လွမ်ဟုန်နှင့် သူမ၏အမေကို အဘယ်ကြောင့် သီးခြားစီ ဖမ်းခေါ်သွားမှန်း နားမလည်နိုင်ဖြစ်နေသေးသည်။

လွမ်ဟုန်ကို ဘယ်လမ်းကနေ ခေါ်သွားခဲ့ကြတာလဲ?

စူးချင်းက သူမ၏အမေနှင့် အဒေါ်ကို ခေါ်ကာ တောင်ဘက်မြို့တံခါးဆီသို့ ရောက်လာပြန်သည်။ ထိုအချိန်တွင် မြို့တံခါးကို ပိတ်ထားကာ ကြီးမြတ်သောစစ်သည်များက မြို့တံခါးပေါ်တွင် ရပ်နေကြသည်။ မြို့တံခါးများတွင် ချိတ်ဆွဲထားသော အလံများကလည်း တာ့ရှားအလံမှ ရှောင်းမိသားစုစစ်တပ်၏အလံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

စူးချင်းက မြို့တံခါး ဖွင့်ပေးရန် အော်ဟစ်လိုက်သော်လည်း မြို့တံခါးက စောင့်ကြပ်နေသည့် စစ်သည်များက ရန်ရှစ်ခွမ်း၏အမိန့်ကိုသာ နာခံကြပြီး စူးချင်း၏ တောင်းဆိုမှုကို လျစ်လျူရှုနေခဲ့ကြသည်။

“ငါက မင်းတို့ သခင်လေးရဲ့ဇနီးပါ။ ကျေးဇူးပြုပြီး မြို့တံခါး ဖွင့်ပေးပါဦး”

စူးချင်းက ရွေးချယ်စရာ မရှိတော့ဘဲ သခင်လေး၏ဇနီးဟူသော ဂုဏ်ပုဒ်ကို သုံးကာ မြို့တံခါး ဖွင့်ပေးရန် စစ်သည်များအား တောင်းဆိုလိုက်သည်။ သမီးဖြစ်သူ၏စကားကို ကြားလိုက်ရချိန်တွင် ယန်ရူရွှယ်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ ယန်ရုပင်းကလည်း သူမ နားကြားလွဲနေပြီဟု ထင်သွားခဲ့သည်။

All Chapters