← Chapters

လျှို့ဝှက်စေ့စပ်မှုတစ်ခု လုပ်ခဲ့ပြန်ပြီလား?

Vol. 29 Ch. 424

လျှို့ဝှက်စေ့စပ်မှုတစ်ခု လုပ်ခဲ့ပြန်ပြီလား?

Vol. 29 Ch. 424

ချင်းအာက ရက်နည်းနည်းလောက် အပြင်ထွက်သွားခဲ့ပြီး အခု အခြားသူတစ်ဦးနဲ့ သီးသန့် စေ့စပ်ကြောင်းလမ်းခဲ့တာဖြစ်နိုင်လား? သူမတို့ မွေးထားတဲ့ ဒီသမီးနှစ်ယောက်က ဘာလို့ ဒီလောက် ပုန်ကန်နေရတာလဲ?

မြို့ရိုးပေါ်ရှိ စစ်သည်များက စူးချင်း၏အော်သံကို ကြားသွားပြီး မြို့တံတိုင်းအောက်သို့ ငုံ့ကြည့်လာကြသည်။ ရထားလုံးရှေ့မှ ရထားခုံတွင် လှပသော အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို သူတို့ တွေ့လိုက်ရပြီး သူမက တခြားအမျိုးသမီးများနှင့် မတူဘဲ ကြီးကျယ်ခမ်းနားသော စစ်သူကြီးတစ်ဦးကဲ့သို့ ရဲရင့်ဟန်ရကာ တောက်ပလွန်းနေသည်။

ထိုကဲ့သို့ အရှိန်အဝါရှိနေသည့် အမျိူးသမီးတစ်ဦးကို သူတို့ မလေးမစား မဆက်ဆံရဲသောကြောင့် မြို့စောင့်တပ်သားခေါင်းဆောင်က သူမကို အလျင်အမြန် ပြန်အော်ပြောလိုက်သည်။

"သခင်မလေး၊ ခဏလောက် စောင့်ပေးပါဦး။ ကျွန်တော်တို့ သခင်လေးဆီကို သတင်းသွားပို့ ပေးပါမယ့်”

ကျိ‌ရွှေရှန့် ကျားတံဆိပ်ဖြင့် ကျင့်ရှီလျိုမြောင်သို့ ပြန်ရောက်လာခဲ့စဥ်တွင် ရန်ရှစ်ခွမ်းက စစ်သည်များအားလုံးကို ဦးဆောင်ကာ ကျိရွှေရှန့်က လက်အောက်သို့ ခိုဝင်ခဲ့သည်။ ထို့ကြောင့် စစ်သည်များအားလုံးက သူတို့၏သခင်လေးကို သိထားပြီး ဖြစ်သည်။

သူတို့ သခင်လေး၏ စေ့စပ်ကြောင်းလမ်းမှုကို သူတို့ တစ်ခါမှ မကြားဖူးခဲ့သော်လည်း ဤမိန်းကလေးက သူမ၏အဆင့်အတန်းကို ရဲရဲဝင့်ဝင့် ဖော်ပြလာသောကြောင့် မြို့စောင့်တပ်သားခေါင်းဆောင်က သူမ၏အကြောင်းပြချက်က ခိုင်လုံနိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက စူးချင်းကို အလွန်ယဉ်ကျေးစွာ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူက ယဉ်ကျေးနေရုံသာဖြစ်ပြီး မြို့တံခါးကို ချက်ချင်း မဖွင့်ပေးခဲ့ပေ။ ရန်ရှစ်ခွမ်း၏စစ်စည်းကမ်းများက တင်းကျပ်လွန်းလှပြီး စစ်သည်များက အမိန့်မရှိဘဲ မြို့တံခါးများကို လုံးဝ ဖွင့်ပေးမည်မဟုတ်ပေ။

စူးချင်းအတွက်လည်း မြို့ရိုး၏အပြင်ဘက်တွင် စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

အခုအချိန်မှာ စိတ်ရှည်ရှည်နဲ့စောင့်ဖို့ကလွဲပြီး တခြား ဘာလုပ်နိုင်မှာမို့လဲ?

ဒီစစ်သည်တွေက စစ်စည်းကမ်းနဲ့ အမိန့်ကို တသွေမတိမ်း နာခံနေတာလေ။ သူတို့ကိုတောင် ချီးမွမ်းပေးဦးမယ်။ ဘယ်လိုလုပ်ပြီး ပြသနာရှာလို့ရမှာတုန်း?

ယန်ရူရွှယ်က ကန့်လန့်ကာကို မတင်လိုက်ပြီး သမီးဖြစ်သူကို ဂရုတစိုက် လှမ်းမေးလိုက်သည်။

"ချင်းအာ၊ သမီး ခုန ဘာပြောလိုက်တာလဲ?"

“အမေ၊ ရွှေရှန့်ရဲ့နာမည်အရင်းက ရှောင်းကျဲယွိတဲ့။ သူက ကွယ်လွန်သွားတဲ့ စစ်သူကြီးရှောင်းဟမ်ရဲ့သားပါ၊ ပြီးတော့ သူက အဖေ သမီးအတွက် စီစဉ်ပေးထားခဲ့တဲ့ ခင်ပွန်းလောင်းလည်း ဖြစ်နေသေးတယ်"

စူးချင်းက ကျိ‌ရွှေရှန့်၏ အမည်ရင်းနှင့် အထောက်အထားကို အတိုချုံး မိတ်ဆက်ပေးခဲ့သည်။ ယန်ရူရွှယ်က ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသလို ခံစားနေရပြီး မယုံနိုင်ဖြစ်နေခဲ့သည်။

ဒီလောက်တောင် တိုက်ဆိုင်တဲ့ အဖြစ်အပျက်မျိုးက ဘယ်လိုတောင် ဖြစ်လာရတာလဲ?

သူမရဲ့သမီးလေးက ကျိ‌ရွှေရှန့်နဲ့ အတူတူ နေချင်လို့ ပူးပေါင်း ကြံစည်ခဲ့တာ ဖြစ်နိုင်လား?

"ကျိ‌ရွှေရှန့်က တကယ်ပဲ စစ်သူကြီးရှောင်းဟမ်ရဲ့သားလား?"

ယန်ရုပင်းက စူးချင်းကို ထိတ်လန့်တကြား ထပ်မေးလိုက်သည်။

တာ့ရှားပြည်ထောင်မှာ စစ်သူကြီးရှောင်းဟမ်အကြောင်း မသိတဲ့လူရယ်လို့ ရှိလို့လား? သူက လူတိုင်းလေးစားအားကျရတဲ့ စစ်သူရဲကောင်းတစ်ဦးလေ။ ပြီးတော့ လူတိုင်း နှမြောတသပြီး ဒီနေ့အထိ တမ်းတနေရတဲ့ စစ်သူကြီးတစ်ယောက် ဖြစ်နေသေးတယ်။ သူ့ရဲ့သေဆုံးမှုက သာမန်တိုင်းသူပြည်သူတွေအားလုံးကို ဝမ်းနည်းကြေကွဲစေခဲ့ဖူးတယ်။

သူမရဲ့ခင်ပွန်းဆိုရင်လည်း စစ်သူကြီးရှောင်းဟမ်ကို အရမ်လေးစားပြီး စစ်သူကြီးရှောင်းဟမ် သစ္စာဖောက်တစ်ဦးကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့အတွက် အရမ်းယူကြုံးမရ ဖြစ်ခဲ့တာလေ။ စစ်သူကြီးရှောင်းဟမ်သာ မသေခဲ့ရင် ဘယ်တိုင်းပြည်ကမှ တာ့ရှားပြည်ထောင်ကို ကျူးကျော်ဖို့ သတ္တိတွေ ရှိလာမှာ မဟုတ်ဘူးလို့လဲ သူမကို အကြိမ်ပေါင်းများစွာ ပြောပြခဲ့ဖူးသေးတယ်။

ယန်ရုပင်းက ဤကြေကွဲဖွယ် စစ်သူကြီးမင်း၏အကြောင်းကို ခင်ပွန်းဖြစ်သူဆီမှ မကြာခဏ ကြားခဲ့ရပြီး သူ့အပေါ် လေးလေးနက်နက် လေးစားမှုများ ရှိထားခဲ့သည်။

“ဟုတ်တယ်”

စူးချင်းက ချက်ချင်း ခေါင်းပြန်ညိတ်ပြလိုက်သည်။

ဒီလိုယောက္ခမမျိုးရခဲ့လို့ သူမလည်း အရမ်း ဂုဏ်ယူနေမိတယ်။

"တိုက်ဆိုင်လိုက်တာ၊ တကယ်ကို တိုက်ဆိုင်လွန်းတာပဲ"

ယန်ရူရွှယ်က လုံးဝ မယုံနိုင်ဖြစ်နေခဲ့ပြီး တိုးဖွဖွလေသံဖြင့် ထပ်ခါထပ်ခါ ရေရွတ်နေခဲ့သည်။

ယန်ရုပင်းက‌တော့ သူမ၏ကယ်တင်ရှင်ကို ရှာတွေ့သွားပုံဖြင့် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

ကျိ‌ရွှေရှန့်က ကျင့်ရှီလျိုမြောင်၏ သခင်လေးဖြစ်နေသောကြောင့် လွမ်ဟုန်ကို ကယ်တင်ပေးရန် ပိုလွယ်ကူလာသည်ဟု သူမ တွေးလိုက်ခြင်းပင်။

ထို့ကြောင့် သူမက စူးချင်းကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကာ "ချင်းအာ၊ လွမ်ဟုန်ကို ရှာတွေ့အောင် ကူညီပေးဖို့ အဒေါ့်အစား သူ့ကို တောင်းဆိုပေးနိုင်မလား?"

“အဒေါ် စိတ်မပူပါနဲ့၊ အခု ရွှေရှန့်က စပြီး ရှာနေပါပြီ။ မြို့တံခါးတွေကို ပိတ်ထားဖို့တောင် သူ အမိန့်ပေးခဲ့တာပါ၊ အခု တစ်မြို့လုံးကို လိုက်ရှာနေတာပါ”

စူးချင်းက သူမ၏အဒေါ် စိတ်ငြိမ်သွားအောင် နှစ်သိမ့်သည့်အနေဖြင့် ကျိ‌ရွှေရှန့်နှင့် သူ့လူများ လွမ်ဟုန်ကို ရှာနေသည့်အကြောင်း ပြောပြလိုက်သည်။

"‌အော့မိသော့ဖော်"

ယန်ရုပင်းက သူမ၏လက်နှစ်ဖက်ကို ယှက်ကာ ပါးစပ်မှ ဘုရားစာများ ဆက်တိုက် ရွတ်ဆိုနေပြန်သည်။ သူမ၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျနေပြီး သူမ၏သမီးကို တတ်နိုင်သမျှ အမြန်ဆုံးရှာတွေ့ရန် ဆုတောင်းနေခဲ့သည်။ တချိန်တည်းမှာပင် အနာဂတ်၌ သူမ၏သမီးကို အပြင်ထွက်ခွင့် မပေးရန် ဆုံးဖြတ်လိုက်သည်။

လွမ်ဟုန် နှစ်ကြိမ်တိတိ ပြန်ပေးဆွဲခံရခြင်းက စိတ်ဓာတ်ကြံ့ခိုင်သော ယန်ရုပင်းကိုပင် ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။

ကျိ‌ရွှေရှန့်က သူ့တပ်ဖွဲ့များကို ဦးဆောင်ကာ လွမ်ဟုန်ကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရှာနေခဲ့ပြီး စစ်သည်တစ်ယောက် ရောက်လာကာ သူ့ကို သတင်းပို့လာခဲ့သည်။

“သခင်လေးကို သတင်းပို့ပါတယ်။ မြို့ရဲ့တောင်တံခါးမှာ သခင်လေးရဲ့ဇနီးလို့ ပြောတဲ့ အမျိုးသမီးတစ်ယောက် ရှိနေပါတယ်”

“သူ(မ)ကို ဝင်ခွင့်ပြုလိုက်ပါ”

ကျိ‌ရွှေရှန့်က စူးချင်းမှန်းသိလိုက်ပြီး သတင်းလာပို့သော စစ်သည်လေးကို ချက်ခြင်း ပြန်လွှတ်လိုက်သည်။ ထို့နောက် သူက သူ့လူများကို ဆက်လက်ရှာဖွေရန် ညွှန်ကြားခဲ့ပြီး စူးချင်းကို ကြိုရန် တောင်ဘက်တံခါးဆီသို့ ထွက်လာခဲ့သည်။

ကျိ‌ရွှေရှန့် တောင်ဘက်တံခါးသို့ ရောက်လာချိန်တွင် စူးချင်းက ရထားလုံးဖြင့် မြို့ထဲသို့ ဝင်လာနေပြီ ဖြစ်သည်။ သူက သူမကို ကြိုဆိုရန် မြင်းကို အလျင်အမြန် စီးသွားလိုက်ပြီး ကြင်လင်ပြတ်သားသောအသံဖြင့် အော်မေးလိုက်သည်။

"ချင်းအာ၊ မင်း သူ(မ)ကို ရှာတွေ့ခဲ့လား?"

"ရွှေရှန့်၊ ရှင် သူ(မ)ကို ရှာတွေ့ပြီလား?"

နှစ်ယောက်သား တစ်ချိန်တည်းနီးပါး ပြိုင်တူမေးလိုက်ကြသည်။ ထိုမေးခွန်းကပင် စူးချင်း လွမ်ဟုန်ကို မတွေ့ခဲ့ကြောင်း ကျိ‌ရွှေရှန့်ကိ နားလည်စေခဲ့ပြီး စူးချင်းလည်း ကျိ‌ရွှေရှန့် လွမ်ဟုန်အား ရှာမတွေ့သေးကြောင်း နားလည်သွားခဲ့သည်။

ယန်ရုပင်းက သူတို့၏စကားသံများကို ကြားသွားပြီး ရထားလုံး၏ကန့်လန့်ကာကို အမြန်ဆွဲဖွင့်လိုက်သည်။ ထိုနောက် သူမ မြင်းပေါ်တွင် ဝင့်ဝင့်ကြွားကြွားထိုင်နေသည့် ကျိ‌ရွှေရှန့်ကို ကြည့်ကာ အလောတကြီး ထပ်မေးလိုက်သည်။

"လွမ်ဟုန်ကို မတွေ့သေးဘူးလား?"

"မတွေးသေးဘူး၊ ဒါပေမယ့် အ‌ဒေါ် အရမ်းစိတ်မပူပါနဲ့၊ ကျွန်တော်တို့ သူ့(မ)ကို ရှာနေပါတယ်"

ယန်ရုပင်းကို မြင်လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်ကလည်း သူမကို အမြန် ပြန်ဖြေရင်း နှစ်သိမ့်ပေးလိုက်သည်။

"ဒီကိစ္စကို မင်းဆီ အပ်ထားပါရစေ"

ယန်ရုပင်းက သူမ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်စိတ်များကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း သူမ၏မျက်လုံးများထဲမှ စီးကျနေသော မျက်ရည်များက သူမ၏ စိုးရိမ်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသေးသည်။

ကျိ‌ရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး “အဒေါ် စိတ်မပူပါနဲ့။ ကျွန်တော်တို့ လွမ်သခင်မလေးကို ရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ယန်ရုပင်းက ကျိ‌ရွှေရှန့်အား ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။

တကယ်တော့ သူ့ရဲ့လက်ရှိအထောက်အထားက မရိုးရှင်းတော့ဘူး။ သူက သူမတို့ မိသားစုတွေ လက်လှမ်းမီနိုင်တဲ့သူမျိုး မဟုတ်တော့ဘူး။ ချင်းအာနဲ့ သူရဲ့ စေ့စပ်မှုသာ မရှိခဲ့ရင် အခုအချိန်မှာ သူမတို့က သူ့ကို စကားပြောနိုင်ဖို့နေနေသာသာ ခွင့်ပြုချက်မရဘဲ မော့တောင်ကြည့်ရဲတော့မှာ မဟုတ်ဘူး။

ထိုအချိန်တွင် စူးချင်းက ကျိ‌ရွှေရှန့်ကို လှမ်းပြောလိုက်သည်။

“ကျွန်မ အမေနဲ့ အဒေါ်ကို အရင် ပြန်ပို့ပေးလိုက်ဦးမယ်။ ပြီးမှ ရှင့်ကို လာရှာမယ်"

"ကောင်းပြီ၊ ကိုယ် တောင်ဘက်က လမ်းမှာ ရှိနေမယ်"

ကျိ‌ရွှေရှန့်က တောင်ဘက်မှ လမ်းမကြီးဆီသို့ ညွှန်ပြရင်း ပြန်ပြောလိုက်သည်။ ရှာဖွေကယ်ဆယ်ရေးအတွက် အဖွဲ့များခွဲထားခဲ့ပြီး သူ၊ ရန်ရှစ်ခွမ်းနှင့် အခြားလက်ထောက်စစ်သူကြီးနှစ်ဦးတို့က တစ်ဖွဲ့စီ တာဝန်ယူထားခဲ့ကြသည်။ သူက တောင်ဘက်အခြမ်းအတွက် တာဝန်ခံ ဖြစ်သည်။

စူးချင်းက သူမ နားလည်ကြောင်း တုံ့ပြန်ရန် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏အမေနှင့် အဒေါ်တို့ကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။

ဒီတခေါက် သူမ အိမ်ပြန်တာက လုပ်စရာတွေ ရှိသေးလို့ပဲ။ လက်ရှိ စူးအိမ်တော်မှာ ရှိနေတဲ့ ကျေးကျွန်တွေကို လုံးဝ လွှတ်ထားလို့ မရတော့ဘူး။ သူမ သူတို့အားလုံးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရတော့မယ်။ မသင်္ကာဖြစ်စရာ မရှိတဲ့သူဆိုရင်တောင် ပြန်ရောင်းစားမှ ဖြစ်လိမ့်မယ်။ တစ်ယောက်တောင် ချန်ထားလို့ မဖြစ်ဘူး။

စူးချင်းက သူမ၏အမေနှင့် အဒေါ်ကို အိမ်သို့ ပြန်ခေါ်လာခဲ့ပြီး အတွင်းခန်းထဲအထိ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် ယန်ကျစ်နှင့် သူ့၏လက်အောက်ငယ်သားများကို ခေါ်ကာ အစေခံများနှင့် ကျေးကျွန်များကို ဖမ်းခိုင်းလိုက်သည်။ ဘာဖြစ်နေမှန်း သူ မသိသော်လည်း သူ့သမီးလေး၏အေးစက်စက် အမူအရာကို မြင်လိုက်သိနှင့် ဤကိစ္စက လေးနက်လွန်းနေမှန်း စူးဟန်ရွှမ် နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် သူက သူမကို မတားဆီးတော့ပေ။

စူးချင်းက အကြောင်းပြချက်မရှိဘဲ ထိုသို့ မလုပ်နိုင်ကြောင်း သိနေသည့် ယန်ကျစ်ကလည်း လုံးဝ နှောင့်နှေးမနေဘဲ အစေခံများနှင့် ကျေးကျွန်များအားလုံးကို ဖမ်းဆီးရန် သူ့လူများကု ချက်ချင်း ခေါ်သွားခဲ့သည်။

ခဏအကြာတွင် စူးအိမ်တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး ကျေးကျွန်များ၏ ​အော်ဟစ်ငိုကြွေးတောင်းပန်သံများ ထွက်ပေါ်လာ​လေသည်​။ သူတို့အားလုံးက သူတို့ အပြစ်ကင်းကြောင်း တယောက်ပြီး တယောက် ကြောက်လန့်တကြား ငြင်းဆိုနေကြသည်။

“ဦးလေးယန်၊ ဦးလေးတို့ အဖွဲ့ဝင်တွေ အားလုံး ပင်ပန်းသွားရပြီ။ ဒါပေမယ့် ကျွန်မရဲ့မိဘတွေနဲ့ အဒေါ်နဲ့ ဦးလေးကို ဆက်ကာကွယ်ပေးဖို့ တောင်းဆိုပါရစေ"

စူးချင်းက ယန်ကျစ်ကို ထပ်အကူအညီတောင်းလိုက်သည်။ သူမထံတွင် အရေးကြီးသည့်အရာများ ရှိနေဆဲဖြစ်သော်လည်း တခြားမိသားစုဝင်များ၏ ဘေးကင်းရေးအတွက်လည်း အာမခံချက် လိုအပ်နေသေးသည်။

သူမ၏စကား မဆုံးသေးသလို ယန်ကျစ်လည်း သဘောမတူရသေးခင် ကျိ‌ရွှေရှန့် စေလွှတ်သော တပ်ဖွဲ့တစ်ဖွဲ့ ရောက်လာခဲ့သည်။ ကောင်းစွာလေ့ကျင့်ထားသော ‌ရှောင်းမိသားစုစစ်တပ်၏ တပ်ဖွဲ့တစ်ဖွဲ့ ရောက်လာသောကြောင့် စူးချင်း စိတ်မပူဘဲ ထွက်သွားနိုင်ပြီ ဖြစ်သည်။

"အဖေ၊ သမီး လွမ်ဟုန်ကို ရှာဖို့ ပြန်သွားရဦးမယ်"

စူးချင်းက သူမ၏အဖေကို ခွင့်တောင်းလိုက်ပြီး စူးဟန်ရွှမ်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

"သတိထားနော်"

"သမီး သိပါပြီ"

စူးချင်း နာနာခံခံ တုံ့ပြန်လိုက်သည်။ ရှောင်ချီက သူမအား မျက်လုံးပြူးလေးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် စူးချင်းက ရှောင်ချီကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ရှောင်ချီ... ငါနဲ့ လိုက်ခဲ့"

ရှောင်းမိသားစု၏စစ်တပ် ရှိနေသောကြောင့် စူးအိမ်တော်က လုံခြုံနေပြီ ဖြစ်ကာ ရှောင်ချီအား ထားခဲ့ရန် မလိုအပ်တော့ပေ။

သူမ လူသွားကယ်ရဦးမယ်လေ။ ရှောင်ချီနဲ့ ကူညီပေးလိုက်တာနဲ့ တလောက်လောက် ကြိုးစားရင် ရလဒ်က နှစ်ဆဖြစ်လာလိမ့်မယ်။

သခင်ဖြစ်သူက သူမအား ခေါ်နေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်ချီ၏မျက်လုံးလေးများ လင်းထိန်သွားကာ အတော်လေး ‌ဝမ်းသာသွားပုံရသည်။ သူမက ပျော်ရွှင်ဖြင့် စူးချင်းဘေးသို့ ပြေးလာပြီး တောက်ပသော မျက်လုံးလေးများဖြင့် စူးချင်းကို ကြည့်ကာ မြှောက်ပင့်လာပြန်သည်။

"သခင်နဲ့ လိုက်ခွင့်ရလို့ ရှောင်ချီ အရမ်းပျော်ပါတယ်!"

“...”

စူးချင်းက ရှောင်ချီ၏ခေါင်းလေးကို ဆွဲခါလိုက်ကာ “ငါ့ကို မြှောက်ပင့်မနေနဲ့”

စူးချင်းက ရှောင်ချီနှင့်အတူ ထွက်ခွာသွားခဲ့ပြီး ယန်ရူရွှယ်က သူမ၏ခင်ပွန်းအား ကျိ‌ရွှေရှန့်၏အထောက်အထားအကြောင်း ပြောပြလိုက်သည်။

"သူက ချင်းအာရဲ့ ခင်ပွန်းလောင်းလား?"

ဤသတင်းက စူးဟန်ရွှမ်ကိုလည်း ထိတ်လန့်တကြား ဖြစ်သွားစေခဲ့သည်။ သူ့အမူအရာက သူ့ဇနီးသည်နှင့် အတူတူဖြစ်ကာ သူက ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုးကို လုံးဝ မယုံနိုင် ဖြစ်နေခဲ့သည်။

စူးချင်းကတော့ စူးဟန်ရွှမ် မည်မျှ ထိတ်လန့်သွားသည်ကို မသိနိုင်တော့ဘဲ ရှောင်ချီကို ခေါ်ဆောင်ကာ ကျိ‌ရွှေရှန့်နှင့် တွေ့ဆုံရန် ပြေးလွှားနေခဲ့သည်။

သူမ တောင်ဘက်လမ်းသို့ ရောက်သွားချိန်တွင် စာအိတ်တစ်အိတ်ချည်နှောင်ထားသည့် မြှားတစ်ချောင်းကို ကိုင်ထားသည့် စစ်သည်တစ်ယောက်က ကျိ‌ရွှေရှန့်နှင့် စကားပြောနေသည်ကို သူမ တွေ့လိုက်ရသည်။

စူးချင်းက မြင်းကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ဇက်ကြိုးကို မြင်းကျောပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် သူမက ကျိ‌ရွှေရှန့်ဆီသို့ လမ်းလျှောက်သွားလိုက်ပြီး သူ့ကို မေးမြန်းလိုက်သည်။

"ရွှေရှန့်၊ စာက ဘာတဲ့လဲ?"

All Chapters