← Chapters

တွင်းထဲက မြွေကို သတိပေးလိုက်မိပြီ

Vol. 30 Ch. 437

တွင်းထဲက မြွေကို သတိပေးလိုက်မိပြီ

Vol. 30 Ch. 437

ချိုးယုံခန်း၏ဖခင်က မီးဖိုချောင်ထဲသို့ ဝင်သွားပြီး မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကောက်ယူလိုက်သည်။ ထို့နောက် သူက ချိုးယွဲ့၏မိခင်ကို အမိန့်ပေးလိုက်သည်။

(T/n: သြော် ဟယ်၊ အဖေချိုးနဲ့ အမေချိုးဆို ရနေပါပြီဟယ်၊ ငါ့နဲ့ မသိရင် လင်ပါသားနဲ့ မယားပါသမီး ကျနေတာပဲ)

“ရှောင်ယင်ကို အိမ်ထဲကို သွားခေါ်လိုက်၊ လီရှီကိုလည်း ခေါ်လိုက်"

အဖေချိုးက သူတို့မိသားစုဝင်များ၏အသက်ကို ကာကွယ်ရန်နှင့် သူ့သား ရာထူးတိုးပြီး သူတို့မိသားစု ကြီးပွားချမ်းသာလာစေရန် သူတို့မိသားစုအား အန္တရယ်ဖြစ်စေမည့် အရာအားလုံးကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။

တယောက်ကို သတ်ရမယ်ဆိုမှတော့ နောက်တစ်ယောက်ကို ထပ်သတ်ရလည်း ဘာမှ မဖြစ်တော့ဘူး။ သေပြီးတဲ့သူတွေကပဲ လျှို့ဝှက်ချက်တွေကို တစ်သက်လုံး ထိန်းသိမ်းပေးနိုင်ကြတာ။

ထို့အပြင် အဖေချိုးက ကျိရှောင်ယင်အပေါ်တွင် မုန်းတီးစိတ်များ ရှိနေခဲ့သည်။

သူမသာ စူးချင်းကို မကယ်တင်ခဲ့ရင် ချိုးယွဲ့လည်း သေရမှာ မဟုတ်ဘူး။ ပြီးတော့ သူမအပေါ်ထားတဲ့ ယုံခန်းရဲ့ နက်နဲတဲ့ ချစ်ခြင်းမေတ္တာကြောင့်သာ မဟုတ်ရင် ယုံခန်းက အမျိုးသမီးလီကို သတ်မိမှာ မဟုတ်ဘူး။ အခုလည်း သူမက သူတို့ပြောတာတွေကို ခိုးနားထောင်နေပြီး သူတို့ကို ဒုက္ခပေးဖို့ ကြိုးစားနေတယ်။ အရာအားလုံးမှာ သူမက သူတို့ကို ဖိအားပေးခဲ့တဲ့သူပဲ။

"ကလေးတွေအဖေ၊ ယုံခန်းက ရှောင်ယင်ကို သဘောကျနေတာနော်"

အဒေါ်ချိုးက ကျိရှောင်ယင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရပြီး ကျိရှောင်ယင်ကို သူမ၏သမီးလေးကဲ့သို့ ဆက်ဆံခဲ့သူ ဖြစ်သောကြောင့် ယခုအချိန်တွင် သူမ ချီတုံချတုံ ဖြစ်နေခဲ့သည်။

သူမအတွက်တော့ ကျိရှောင်ယင်က သူမရဲ့ သမီးလေးနဲ သိပ်မကွာခြားဘူး။ ပြီးတော့ ယုံခန်းက ရှောင်ယင်ကလွဲရင် အခြားဘယ်သူကိုမှ လက်ထပ်မှာ မဟုတ်ဘူး။ သူတို့အဖေက ‌ရှောင်ယင်ကို သတ်လိုက်တာ သိသွားခဲ့ရင် ယုံခန်း စိတ်ဆိုးသွားလိမ့်မယ်။

"ကျိရှောင်ယင်က ဂြိုလ်ဆိုးမပဲ။ ငါတို့ သူ့(မ)ကို အသက်ရှင်ခွင့်မပေးသင့်တော့ဘူး။ ယုံခန်း ရာထူး ရပြီး ချမ်းသာလာရင် အနာဂတ်မှာ လှပတဲ့ မိန်းကလေးတွေ အများကြီး ရှိလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ယုံခန်းက သူ့(မ)ကို မေ့သွားလိမ့်မယ်”

အများအားဖြင့် အဖေချိုးက ရိုးသားပြီး ကျင့်ဝတ်များကို လေးစားလိုက်နာတတ်သူ ဖြစ်သည်။ သို့သော်လည်း ရက်စက်ရမည့်အချိန်တွင် သူက အလွန်အမင်း ရက်စက်တတ်ပြီး လုံးဝ နှလုံးသား မရှိသလို အကြင်နာကင်းမဲ့နိုင်သူ ဖြစ်သည်။

"မြေကြီးပေါ်ကို လဲချလိုက်"

အဖေချိုးက ရက်စက်ရန် ဆုံးဖြတ်လိုက်ပြီး သူ့စိတ်ကို ငြိမ်အောင်ထိန်းထားလိုက်သည်။ အစပိုင်းတွင် သူက သူ့မိန်းမအား ကျိရှောင်ယင်နှင့် အဒေါ်လီတို့ကို လှည့်စားခိုင်းရန် တွေးခဲ့သော်လည်း သူ့မိန်းမ၏အပြုအမူများကြောင့် အမှန်တရား ပေါ်ပေါက်သွားမည်ကို စိုးရိမ်ကာ သူကိုယ်တိုင် ရှေ့ထွက်ရန် ဆုံးဖြတ်လိုက်သည်။

"ကလေးတွေအဖေ"

အဒေါ်ချိုးက မရက်စက်နိုင်သေးဘဲ သူမ၏ယောကျာ်းကို ဟန့်တားလိုက်သည်။ သို့သော် အဖေချိုးက မီးဖိုချောင်သုံးဓားကို မြှောက်လိုက်ပြီး သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ထိုအကြည့်က အဒေါ်ချိုးကို ကြောက်လန့်သွားစေပြီး သူမ၏ယောကျာ်းကို ထပ်မဖျောင်းဖျရဲတော့ပဲ မြေပြင်ပေါ်သို့ အမြန်လှဲချလိုက်သည်။

အဖေချိုးက မီးဖိုချောင်သုံးဓားကို သူ့ခါးကြားထဲသို့ ဝှက်လိုက်ပြီး သူ့အင်္ကျီဖြင့် ပြန်ဖုံးလိုက်ကာ တံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

အိမ်အပြင်ဘက်တွင်လည်း အဒေါ်လီက ကျိရှောင်ယင် ပြောလိုက်သည့် အဒေါ်ချိုး ဗိုက်နာနေသည်ဟူသော စကားကို ကြားသွားပြီး အ‌ဒေါ်ချိုးအတွက် စိတ်ပူသွားခဲ့သည်။ ထို့ကြောင့် သူမက ချိုးမိသားစု၏ခြံဝင်းထဲမှ အခြေအနေကို ကြည့်ရန် ထိုခြံထဲသို့ ဝင်သွားလိုက်သည်။

"အဒေါ်လီ၊ ရုံးတော်ကို သွားပြီးတော့ ကျွန်မ အဒေါ်ချိုးရဲ့အိမ်မှာ ရှိနေတယ်လို့ ကျွန်မရဲ့အစ်ကိုကြီးကို သွားပြောပေးပါ"

“ခဏနေပါဦး၊ မင်းရဲ့အဒေါ်ချိုး ဘာတွေ ဖြစ်နေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ မင်းရဲ့အဒေါ်ချိုးက အရမ်းသနားဖို့ ကောင်းတယ်။ သူ(မ)ရဲ့သမီးက ပျောက်သွားပြီး အခု သူ(မ)ရဲ့သားကလည်း မရှိတော့ပြန်ဘူး။ သူ(မ) နေမကောင်းရင်တောင် ဂရုစိုက်ပေးမယ့်သူ မရှိရှာဘူး”

အဒေါ်လီက အ‌ဒေါ်ချိုးအတွက် စိတ်ရင်းဖြင့် ဝမ်းနည်းပေးနေခဲ့သည်။ ကျိရှောင်ယင်ကတော့ အဒေါ်လီအတွက် စိတ်ပူလာပြီး သက်ပြင်းကိုသာ အခါခါ ချနေမိတော့သည်။

အခုအချိန်မှာ အမှန်တရားကို ပြောလိုက်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။

ကျိရှောင်ယင် စိတ်ပူနေချိန်မှာပင် တံခါးပွင့်လာပြီး အဖေချိုးက စိုးရိမ်နေဟန်ဖြင့် ထွက်လာခဲ့သည်။ သူ့မျက်လုံးများက နီရဲနေပြီး သူက ကျိရှောင်ယင်နှင့် အဒေါ်လီတို့ကို အလောတကြီး အကူအညီတောင်းလိုက်သည်။

"ရှောင်ယင်၊ လီရှီ၊ မြန်မြန် ဝင်လာပြီး ငါ့ကို ကူညီပါဦး။ ငါ့မိန်းမက နာကျင်တာကို တောင့်မခံနိုင်တော့ဘဲ မူးလဲသွားပြီ”

"ဘာလဲ? အိုက်ယား၊ မြန်မြန်ဝင်၊ မြန်မြန်ဝင်!"

အဒေါ်ချိုး မူးလဲသွားသည်ဟု ကြားလိုက်ချိန်တွင် အဒေါ်လီက အိမ်ထဲသို့ အမြန်ဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ ကျိရှောင်ယင်ကတော့ တစ်ခုခုမှားနေပြီဟု ခံစားမိသွားခဲ့သည်။

ခုနကပဲ သူတို့ စကားပြောနေကြတာ မဟုတ်ဘူး။ အခုချက်ချင်း ဘာလို့ မေ့လဲသွားရတာလဲ?

သူမက သူတို့ရဲ့လျှို့ဝှက်ချက်ကို သိသွားတာကြောင့် သူတို့က သူမကို နှုတ်ပိတ်ဖို့ သတ်ပစ်ချင်နေကြတာ ဖြစ်နိုင်မလား?

ကျိရှောင်ယင်၏နှလုံးက အခုန်မြန်လာပြီး သူမက အဖေချိုး၏အမူအရာကို ဂရုတစိုက်လှမ်းကြည့်လိုက်သည်။ အဖေချိုး၏လက်တစ်ဘက်က သူ့နောက်ကျောတွင် ရှိနေပြီး သူ့မျက်လုံးများက သူမကိုသာ စိုက်ကြည့်နေကြောင်း သူမ မြင်လိုက်ရသောကြောင့် အတွေးများသွားရပြန်သည်။

အဒေါ်ချိူး လဲကျသွားတာတောင် ဦးလေးချိုးက ဘာလို့ အဒေါ်ချိုးနားမှာ မနေဘဲ အပြင်ထွက်လာပြီး သူမတို့ကို အလျင်စလို အိမ်ထဲဝင်ခိုင်းနေရတာလဲ?

သူ့နောက်ကျောမှာ ဓားဝှက်ထားတာ ဖြစ်နိုင်လား?

ကျိရှောင်ယင်က ထိုအကြောင်းကို စဉ်းစားနေခဲ့ပြီး သူမ တွေးလေလေ အိမ်ထဲသို့ မဝင်သင့်ကြောင့် သေချာလာလေလေ ဖြစ်နေခဲ့သည်။

ဒီအိမ်ထဲကို မဝင်သင့်တော့ဘူး၊ အိမ်ထဲကို ဝင်လိုက်တာနဲ့ သူမရော အဒေါ်လီပါ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။

“ဦးလေးလီ၊ ဦးလေးလီရေ...အဒေါ်ချိုး မူးလဲသွားလို့တဲ့၊ သမားတော် ရှာဖို့ ကူညီပေးပါဦး!"

ကျိရှောင်ယင်က အိမ်ထဲသို့ မဝင်ရုံသာမျှမကဘဲ အနောက်သို့ ပြန်လှည့်ကာ ခြံတံခါးပေါက်ဆီသို့ ပြေးသွားပြီး ဦးလေးလီကို အော်ခေါ်လိုက်သည်။

အဖေချိုးက ကျိရှောင်ယင် ထိုကဲ့သို့ ပြုမူမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူက ကျိရှောင်ယင်ကို လိုက်ဖမ်းရန် တံခါးအပြင်သို့ ပြေးထွက်လာခဲ့သည်။ ထိုအချိန်တွင် ဘေးအိမ်မှ အဖိုးလီနှင့် လီတာ့ကျွမ်း(အဖေလီ)တို့က ကျိရှောင်ယင်၏အော်သံကြောင့် အပြင်သို့ ပြေးထွက်လာခဲ့ကြသည်။

လီတာ့ကျွမ်းနှင့်အတူ အဖိုးလီလည်း ရှိနေသောကြောင့် အဖေချိုးတစ်ယောက် မလှုပ်ရှားရဲတော့ပေ။ ကျိရှောင်ယင် သမားတော်ခေါ်ရန် အော်ဟစ်ရင်း ထွက်ပြေးသွားသည်ကိုသာ သူ ကြည့်နေလိုက်ရတော့သည်။

အဖေချိုးက မုန်းတီးမှုအပြည့်ဖြင့် အံကြိတ်နေရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေပြန်သည်။

အရင်တုန်းက ကျိရှောင်ယင်က ဒီလောက်လိမ္မာပါးနပ်တာကို သူ ဘာကြောင့် မသိခဲ့ရတာလဲ?

ကျိရှောင်ယင် ထိုကဲ့သို့ ကောင်းကောင်းမွန်မွန် ပြုမူနေလေလေ အဖေချိုးက သူမကို အသက်ရှင်ခွင့် မပေးနိုင်​​လေလေ ဖြစ်နေခဲ့သည်။

နောက်ဆုံးတွင် အဖေချိုးက ဆုံးဖြတ်ချက် ချလိုက်ပြီး လီတာကျွမ်းတို့သားအဖကို အကူအညီတောင်းလိုက်သည်။

“ငါ့မိန်းမကို အိပ်ရာပေါ်တင်ဖို့ ကူညီပေးကြပါဦး။ ငါ သမားတော် ရှာဖို့ ရှောင်ယင်နောက်ကို လိုက်သွားလိုက်မယ်"

ထိုသို့ပြောပြီးနောက် သူက လီတာကျွမ်းတို့သားအဖ၏တုံ့ပြန်ကိုပင် မစောင့်ဆိုင်းတော့ဘဲ တံခါးအပြင်သို့ ပြေးထွက်သွားခဲ့သည်။ အခြားသူများ၏အမြင်တွင် သူက သူ့ဇနီးကို စိတ်ပူနေပြီး သမားတော်ထံသို့ အလောတကြီး ပြေးသွားသည်ဟု ထင်ရစေသည်။

လီတာကျွမ်းတို့သားအဖကလည်း သူ့အပေါ် ဘာသံသယမျှ မရှိခဲ့ကြပေ။ ချိုးမိသားစုက အလွန်သနားစရာကောင်းပြီး အသက်ကြီးသူ၊ အားနည်းသူနှင့် မကျန်းမာသူသာ ကျန်ရစ်နေသောကြောင့် အိမ်နီးနားချင်းများအနေဖြင့် တတ်နိုင်သမျှ ကူညီရန်သာ တွေးနေခဲ့ကြသည်။

သားအဖနှစ်ယောက်က အိမ်ထဲသို့ ဝင်သွားကြပြီး အဒေါ်ချိုးကို အုတ်ခုတင်ပေါ်သို့ မတင်ပေးလိုက်ကြသည်။ အဒေါ်လီကလည်း အဒေါ်ချိုးကို ပြုစုစောင့်ရှောက်ပေးရင်း အလုပ်ရှုပ်နေခဲ့သည်။ သူမက အဒေါ်ချိုး၏နဖူးကို ရေနွေးဝတ်ဖြင့် သုတ်ပေးနေကာ သူမ၏ဗိုက်ကို သေရည်ဖြင့် ပွတ်သပ်ပေးနေခဲ့သည်။ သူမက သူမသိထားသည့် ရိုးရာနည်းလမ်းများအားလုံးကို အသုံးပြုကာ အဒေါ်ချိုးကို ပြုစုပေးနေခဲ့သည်။

လက်ရှိတွင် အဒေါ်ချိုးကလည်း အလွန်အမင်း စိတ်ပူနေကာ အမှန်တကယ် နေမကောင်းချင်သလို ဖြစ်လာခဲ့သည်။

ကျိရှောင်ယင်က သူမတို့အကြောင်း အခြားသူတွေကို ပြောပြလိုက်မှာလား? ဒီလိုဖြစ်လာခဲ့ရင် သူမတို့မိသားစုတစ်ခုလုံး ပျက်စီးသွားရလိမ့်မယ်။

ထိုအကြောက်တရားကြောင့် သူမ၏မျက်ခွံအောက်မှ မျက်လုံးများက အပြန်ပြန်အလှန်လှန် လှုပ်ယမ်းနေလေသည်။ အဒေါ်လီက သူမအတွက် ရေနွေးဝတ်လဲပေးနေရင်း ထိုအရာကို သတိပြုမိသွားခဲ့သည်။ သူမက ထူးဆန်းသည်ဟု တွေးကာ အဒေါ်ချိုး၏မျက်ခွံများကို ဆွဲလှန်ကြည့်လိုက်သည်။ အဒေါ်ချိုးက အဒေါ်လီ၏ ရုတ်တရတ် အပြုအမူကြောင့် ထိတ်လန့်သွားပြီး တခြားသူကို ရိုက်ရန် သူမလက်ကို အမှတ်တမဲ့ မြှောက်လိုက်သည်။

"နိုးပြီ.... နိုးလာပြီ"

သူမ၏လက်ခုံကို အရိုက်ခံလိုက်ရသော်လည်း အဒေါ်လီက လုံးဝ စိတ်မဆိုးဘဲ ထိုအစား သူမ၏သားကိုသာ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"မြန်မြန်သွားပြီး မင်းရဲ့ဦးလေးချိုးကို သွားပြန်ခေါ်လိုက်။ မင်းရဲ့အဒေါ်ချိုး ပြန်နိုးလာပြီ"

ထိုအချိန်တွင် လီတာ့ကျွမ်တို့သားအဖက အရှေ့ဘက်ခန်းတွင် ရှိနေပြီး အဘိုးကြီချိုးနှင့် စကားပြောနေခဲ့ကြသည်။ သူတို့က အဘိုးကြီးချိုး စိတ်မပူစေရန် နှစ်သိမ့်ပေးနေခဲ့ကြပြီး ကံကောင်းခြင်းမျာ ပြန်ရောက်လာနိုင်ကြောင်း ပြောနေခဲ့ကြသည်။ အဒေါ်လီ၏ အော်သံကို ကြားလိုက်မှသာ နှစ်ယောက်သား ပြန်ပြေးသွားကြသည်။

ဆက်ပြီးဟန်ဆောင်ရန် မဖြစ်နိုင်တော့သောကြောင့် အဒေါ်ချိုးက သူမ၏နဖူးကို ကိုင်ကာ ထထိုင်လိုက်ပြီး အားနည်းနေ‌သေးဟန် ဟန်ဆောင်ကာ အကြိမ်အနည်းငယ် ညည်းညူလိုက်သည်။

"အိုက်ယား၊ ငါ ဘယ်ရောက်နေတာလဲ?"

သူမ၏သရုပ်ဆောင်မှုက အောင်မြင်သည်ဟု ပြောနိုင်ပြီး အနည်းဆုံးအနေဖြင့် အဒေါ်လီက ဘာကိုမှ သံသယမဝင်ခဲ့ပေ။ သူမက အဒေါ်ချိုး၏ကျောကို လက်ဖြင့် ပုတ်ပေးရင်း ပြန်ဖြေလိုက်သည်။

“နင့်အိမ်မှာလေ၊ခုန နင် မူးလဲသွားတာ။ နင် အရမ်း နေမကောင်း ဖြစ်တယ်လို့ ထင်ပြီး ငါတို့ အရမ်းစိုးရိမ်နေခဲ့ကြတာ၊ နင် အခု မထနဲ့ဦး"

“ဟူး”

အဒေါ်ချိုးက သက်ပြင်းချလိုက်သည်။ သူမက အဒေါ်လီ၏အကြံပေးချက်ကို လျစ်လျူရှုကာ တံခါးဘက်သို့ လှမ်းကြည့်နေခဲ့သည်။ သူမ၏နှလုံးသားက တုန်လှုပ်ချောက်ချားနေပြီး သူမ၏ကြောက်စိတ်ကို သူမ မထိန်းချုပ်နိုင်တော့ပေ။

ကျိရှောင်ယင်က ချိုးအိမ်မှ ထွက်လာခဲ့ပြီး ရုံးတော်ဆီသို့ ပြန်ပြေးလာခဲ့သည်။ သူမက အလွန်အလျင်အမြန် ပြေးလာခဲ့ပြီး လူများသော လမ်းမကြီးများကို ရွေးချယ်ကာ ပြန်ပြေးလာခဲ့သည်။ အဖေချိုးက သူမကို ရှာတွေ့သွားခဲ့သော်လည်း တခြားသူများ ရှိနေသောကြောင့် သူမကို တိုက်ခိုက်ရန် အခွင့်မသာခဲ့ပေ။ သူက ကျိရှောင်ယင်ကို မုန်းလွန်းသောကြောင့် အံကြိတ်ပြီးရင်း အံ့ကြိတ်နေခဲ့သည်။

နောက်ဆုံးတွင် သူ ကျိရှောင်ယင်က အမီလိုက်နိုင်ခဲ့သော်လည်း သူမကို မသတ်နိုင်ဘဲ သူမ ရုံးတော်ထဲသို့ ပြေးဝင်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။

မဟုတ်သေးဘူး၊ ကျိရှောင်ယင်က တခြားသူတွေကို သေချာပေါက် ပြောပြလိမ့်မယ်။ မဖြစ်တော့ဘူး၊ သူ ပြန်သွားပြီး ထွက်ပြေးဖို့ ပြင်ဆင်သင့်ပြီ။

အဖေချိုးက နောက်သို့ ပြန်လှည့်လိုက်ပြီး သူ့အိမ်သို့ ပြန်ပြေးလာခဲ့သည်။ သို့သော် သူ ခြေလှမ်းနှစ်လှမ်းမျှသာ ပြေးပြီးနောက် ရှောင်းကျဲယွိ၏မြင့်မားထွားကြိုင်းသော ခန္ဓာကိုယ်ကြီးနှင့် တိုက်မိသွားတော့သည်။ ရှောင်းကျဲယွိ၏ခန္ဓာကိုယ်က တောင်ငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် အဖေချိုး တုန်ယင်သွားပြီး မြေပြင်ပေါ်သို့ ပြန်လဲကျသွားရသည်။

"ဦးလေးချိုး"

ရှောင်းကျဲယွိက သူ့ကို ကူညီရန် ခေါင်းငုံချလိုက်သည်။ အဖေချိုးကလည်း ရှောင်းကျဲယွိကို မြင်သွားပြီး သူ့တစ်ကိုယ်လုံး အေးခဲသွားတော့သည်။

သွားပြီ၊ အခု ပြီးသွားပြီ။ သူတို့ အခု ပြေးနိုင်ပါတော့မလား?

"ဘာဖြစ်တာလဲ? ဦးလေးက ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ?"

ရှောင်းကျဲယွိက စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။

“မင်း... မင်းတို့ရဲ့အဒေါ် မူးလဲသွားလို့ ငါ... သမားတော် ရှာနေတာ”

အဖေချိုးက အပြစ်ရှိသလို ခံစားနေရပြီး အလွန်ထိတ်လန့်နေသောကြောင့် သူ စကားပြောနေချိန်တွင် သူ့သွားများ တဆတ်ဆတ် တုန်ခါနေကာ စကားထစ်နေခဲ့သည်။

"ဟင်? မူးလဲသွားတာလား? ဒါဆို သေချာ စစ်ဆေးမှ ဖြစ်တော့မယ်၊ ဦးလေး အရမ်းတော့ စိတ်မပူပါနဲ့၊ ကျွန်တော် စစ်တပ်က သမားတော်ကို လွှတ်ပေးလိုက်မယ်"

ရှောင်းကျဲယွိက စိုးရိမ်နေပုံဖြင့် အဒေါ်ချိုး၏ရောဂါကို စစ်ဆေးပေးရန် အဖေချိုးနှင်အတူ စစ်တပ်သမားတော်ကို သွားခေါ်ဖို့ သူ့လက်အောက်ငယ်သားတစ်ယောက်အား အမိန့်ပေးလိုက်သည်။

အဖေချိုးတစ်ယာက် ထွက်ပြေးချင်လျှင်ပင် မပြေးနိုင်တော့ဘဲ သူ့အသက်ဝိညာဉ်ကို ဆုံးရှုံးသွားဟန်ဖြင့် စစ်တပ်သမားတော်၏နေအိမ်သို့ လိုက်သွားရတော့သည်။

သူက ကျေးဇူးတင် စကားပင် မပြောနိုင်လောက်အောင် ဗျာများနေခဲ့ပြီး ရှောင်းကျဲယွိက‌တော့ သူ့ခါးနောက်ကို အေးအေးဆေးဆေး လှမ်းကြည့်နေခဲ့သည်။ ထိုနေရာတွင် ဓား၏လက်ကိုင်ကြောင့် အဖုအထစ်တစ်ခု ရှိနေပြီး ကျွမ်းကျင်သူများက တစ်ချက်ကြည့်ရုံဖြင့် သူ့ခါးတွင် ဓါးတစ်ချောင် ဝှက်ထားသည်ဟု ပြောပြနိုင်ကြသည်။

ဆိုတော့ တစ်စုံတစ်ယောက်ကို နှုတ်ပိတ်ဖို့ ရောက်လာခဲ့တာပေါ့လေ။

ရှောင်းကျဲယွိက တွေးတောနေရင်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။

ရှောင်ယင်က ချိုးအိမ်ကို သွားပြီး ရန်သူကို သတိပေးခဲ့မိပြီ။ သူကတော့ ဒီအ​ခြေအ​နေကို ​ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ ထပ်​တွေးရပြန်ဦးမယ်​။

All Chapters