← Chapters

သူက ဘယ်သူမှ ထင်မထားတဲ့ နေရာမှာ ပုန်းနေနိုင်တယ်

Vol. 30 Ch. 444

သူက ဘယ်သူမှ ထင်မထားတဲ့ နေရာမှာ ပုန်းနေနိုင်တယ်

Vol. 30 Ch. 444

စူးချင်းက ထိုနေရာသို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး ဂူထဲသို့ ငုံ့ကြည့်လိုက်သည်။ မီးရောင်မှိန်မှိန်အောက်တွင် တစ်စုံတစ်ယောက် လဲကျနေသည်ကို သူမ မြင်လိုက်ရပြီးထိုလူက လုံးဝ မလှုပ်သောကြောင့် သူ သေနေသည်လား? အသက်ရှင်နေသးသည်လားကိုတော့ မသိနိုင်သေးပေ။

“ငါ ဆင်းကြည့်မယ်၊ မင်းတို့ ကြိုးကို ဆွဲထားပေး”

စူးချင်းက အခြားမည်သူ့ကိုမှ မဆင်းခိုင်းဘဲ သူမ ကိုယ်တိုင်ဆင်းရန် ဆုံးဖြတ်လိုက်သည်။ ချိုးယုံခန်း သေဆုံးသွားသည်ဖြစ်စေ အသက်ရှင်နေသည်ဖြစ်စေ သူမကိုယ်တိုင်မျက်စိဖြင့် သူမကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“သခင်၊ ဒီဂူရဲ့အောက်ခြေမှာ အသက်ရှင်နေတဲ့သူ မရှိဘူး”

ရှောင်ချီက ဖန်သားပြင်ရှေ့တွင် ရပ်နေရင်း အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဂူထဲတွင် အသက်ရှင်နေသေးသူတစ်ဦးကိုမျှ မတွေ့ရသောကြောင့် စူးချင်းကို သတင်းပို့လိုက်သည်။

စူးချင်းက ခေါင်းညိတ်လိုက်ပြီး တွင်းအောက်ခြေကို စစ်ဆေးရန် ကြိုးကို ကိုင်ကာ လျှောဆင်းသွားခဲ့သည်။

သူမ၏ခန္ဓာကိုယ်က ပျံလွှားတစ်ကောင်ကဲ့သို့ ပေါ့ပါးနေပြီး သူမက သူမ၏လက်များကို မထိခိုက်စေရန် သိုးသားရေနှစ်ပိုင်းကို လက်အိတ်အဖြစ် အသုံးပြုထားပြီး မယုံနိုင်ဖွယ် အရှိန်အဟုန်ဖြင့် ဆင်းသက်သွားခဲ့သည်။

မြေပြင်ပေါ်ရှိ ခန္ဓာကိုယ်၏နောက်ကျောက ချိုးယုံခန်း၏နောက်ကျောနှင့် ခပ်ဆင်ဆင်တူနေသောကြောင့် စူးချင်းက အောက်သို့ရောက်ရောက်ချင်း ထိုအလောင်းကို ကန်ထုတ်လိုက်သည်။

သူမ ကန်ထုတ်လိုက်သည့်အရှိန်ကြောင့် ထိုအလောင်းက ပက်လက်လန်သွားပြီး စူးချင်း မျှော်လင့်နေသော ချိုးယုံခန်း မဟုတ်ခဲ့ပေ။

သို့သော်လည်း စူးချင်းက သူမ၏လက်ကို ဆန့်လိုက်ပြီး အလောင်း၏လည်ပင်းကို ထိကြည့်လိုက်သည်။ အလောင်းက မတောင့်တင်း သေးသောကြောင့် သူ သေသွားသည်မှာ သိပ်မကြာသေးကြောင့် သက်သေပြနေခဲ့သည်။

စူးချင်းက သူမ၏ကျောကို တည့်တည့် ပြန်မတ်လိုက်ပြီး အပေါ်မှ လူများအား သူမကို ပြန်ဆွဲတင်ရန် ကြိုးကို လှုပ်ကာ အချက်ပြလိုက်သည်။

ထိုအလောင်းက ချိုးယုံခန်းမဟုတ်သည့်အတွက် သူမက သူ့ကို ဤနေရာတွင်သာ အနားယူခွင့်ပေးထားခဲ့ပြီး ဤသည်က သူ့အတွက် အထူးသင်္ချိုင်းဟုသာ သတ်မှတ်ပေးလိုက်တော့သည်။

နောက်တစ်နေ့တွင် မော့ချန်၏ မြောက်ဘက်တံခါးကို ကျယ်ကျယ် ဖွင့်ပေးခဲ့ပြီး လူများကို ဝင်ထွက်ခွင့်ပေးခဲ့သော်လည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲဖြစ်သည်။

မြို့ပြင်တွင် စောင့်နေသည့်လူများကလည်း ထွက်လာသည့်လူများကို စောင့်ကြည့်နေကြသည်။ မနေ့က မြို့တံခါး ရုတ်တရက် ပိတ်သွားသည့်အတွက် အထဲတွင် ဘာဖြစ်နေသည်ကို သူတို့ မသိခဲ့ကြပေ။

စစ်သူကြီးဝမ်၏ သွေးစွန်းစားမြှောင်အဖွဲ့ မြို့ပြင်သို့ ထွက်မလာသေးလို ဧကရာဇ်မင်းမြတ်၏ အထူးယုံကြည်မှုကို ရရှိထားသည့် ချိုးယုံခန်းလည်း ထွက်မလာသေးပေ။ ဤလူများက အလွန် စိုးရိမ်နေပြီး သူတို့လည်ပင်းကို ဆန့်တန်းကာ မြို့တံခါးဆီသို့ လှမ်းမျှော်ကြည့်ရှုနေကြသည်။

သုံးရက်ကြာပြီးနောက် ရှောင်းကျဲယွိက သူ့လူများနှင့်အတူ တာ့ထန်မှ ပြန်လာခဲ့သည်။ သူ မြောက်ဘက်မြို့တံခါးဝသို့ ဝင်ခါနီးတွင် ကုန်သည်များကဲ့သို့ ၀တ်ဆင်ထားသော သံသယဖြစ်ဖွယ်လူအချို့ကို သူ သတိပြုမိသွားခဲ့သည်။ ထိုလူများက မြို့တံခါးကိုသာ စိုက်ကြည့်နေကြပြီး မြို့ထဲသို့ လုံးဝ မဝင်ကြပေ။

ရှောင်းကျဲယွိ၏မျက်လုံးများတွင် သံသယရိပ်များ တောက်ပလာသည်။ ယခင်က စူးချင်းကို လုပ်ကြံရန် သွေးစွန်းဓားမြောင်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်သူများ မြို့ထဲသို့ ဝင်လာခဲ့ဖူးသောကြောင့် ဤလူများက ထိုလူများနှင့်အတူ ရောက်လာခြင်း ဖြစ်နိုင်နေသေးသည်။ ထို့ကြောင့် ရှောင်းကျဲယွိက သူတို့ကို သွားစုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

"မင်းတို့ သွေးစွန်းဓားမြောင်အဖွဲ့က လူတွေကို စောင့်နေတာလား?"

ရှောင်းကျဲယွိက မြင်းပေါ်တွင် ထိုင်နေရင်း ထိုလူများကို ငုံ့ကြည့်နေခဲ့သည်။ သူက ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော်လည်း သူ၏သာလွန်သော အသွင်အပြင်က သာမန်လူတစ်ယောက်ကဲ့သို့ မဟုတ်ပေ။ ထို့အပြင် သူ ပါးစပ်ဖွင့်လိုက်သည်နှင့် သွေးစွန်းဓားမြောင်အဖွဲ့အကြောင်း ပြောလာခဲ့သည်။ ထိုလူများ၏အမူအရာများက ပြောင်းလဲသွားပြီး တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

သွားပြီ.... သူတို့ ရှာတွေ့ခံလိုက်ရပြီလား?

သူတို့က သူတို့၏လက်နက်များကို ချက်ချင်း ထုတ်ယူကာ ရှောင်းကျဲယွိကို အတူတကွ စတင်တိုက်ခိုက်ကြတော့သည်။ ရှောင်းကျဲယွိကလည်း မူလကတည်းက သူတို့ကို မင်္သကာဖြစ်နေသောကြောင့် လာစစ်ဆေးခြင်းဖြစ်ကာ သူတို့ကို သတိထားနေခဲ့သည်။ သူတို့ စတင်တိုက်ခိုက်လိုက်သည်ကို မြင်လိုက်သည်နှင့် သူ၏မှန်းဆချက် မှန်ကန်သွားကြောင်း သူ နားလည်သွားပြီး သူ၏လွမ်တောင်ကို ချက်ချင်းဆွဲထုတ်ကာ တိုက်ပွဲကို ရင်ဆိုင်လိုက်သည်။

တစ်ချိန်တည်း ဝိုင်းဝန်းတိုက်ခိုက်ခံရလျှင် ထိုနေရာမှ လွတ်မြောက်ရန် ခက်ခဲလွန်းလှပြီး လွတ်မြောက်သွားသူကလည်း မရှိသလောက် နည်းပါးလှသည်။ ထို့ကြောင့် သူတို့က ရှောင်းကျဲယွိကို ချက်ချင်းဝိုင်းလိုက်ကာ တပြိုင်နက်ထိုးနှက်ပြီး တက်နိုင်သမျှ မြန်မြန်ပြေးနိုင်မည်ဟု ထင်နေကြသည်။

သို့သော်လည်း လွမ်တောင်နှင့် ထိမိသည်နှင့်တပြိုင်နက် သူတို့၏လက်နက်များ ဖြတ်တောက်ခံလိုက်ရမည်ဟုတော့ သူတို့ မမျှော်လင့်ခဲ့ပေ။ သူတို့၏လက်နက်များ ကျိုးပဲ့သွားပြီး သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် လွမ်တောင်က သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ရောက်ရှိလာပြန်သည်။ ရှောင်းကျဲယွိက သူတို့၏ခွေးအသက်များကို ချက်ချင်းနှုတ်ယူချင်နေသော်လည်း သူတို့ကို စစ်မေးချင်သေးသောကြောင့် လောလောဆယ်တွင် သူတို့ကို အသက်ရှင်ခွင့်ပေးထားခဲ့သည်။

မြို့ရိုးပေါ်မှ ကင်းစောင့်တပ်သားများက သူတို့၏သခင်လေး တိုက်ခိုက်နေသည်ကို မြင်သွားပြီး ကူညီပေးရန် မြို့ပြင်သို့ ချက်ချင်း ပြေးထွက်လာခဲ့ကြသည်။ နောက်ဆုံးတွင် ထိုလူများအားလုံး တစ်ယောက်မှ မလွတ်မြောက်နိုင်တော့ဘဲ အားလုံး အဖမ်းခံလိုက်ရတော့သည်။

သို့သော်လည်း လူတချို့က အဆိပ်အိတ်ကို ကိုက်ကာ သူတို့ကိုယ်သူတို့ သတ်သေသွားခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်းကျဲယွိက ၎င်းကို အချိန်မီ တွေ့ရှိခဲ့ပြီး ကျန်လူနှစ်ဦး၏အပ်စိုက်မှတ်နေရာကို ဖိလိုက်သည်။ ထို့နောက် သူက သူတို့၏သွားများကြားတွင် ဝှက်ထားသော အဆိပ်များကို ဖယ်ရှားရန် သူ့စစ်သည်များအား အမိန့်ပေးလိုက်သည်။

စူးချင်းကလည်း ဤရက်များအတွင်း တပ်ဖွဲ့များကို ဦးဆောင်ကာ နေ့စဥ် ရှာဖွေစစ်ဆေးနေခဲ့သည်။ ရုပ်အလောင်းများ ထားသည့် သုသာန်ခန်းမအတွင်းမှ ရုပ်အလောင်းတစ်လောင်း ခေါင်းတလားထဲမှ ထွက်ကျနေကြောင်း စစ်သည်အချို့က သူမထံသို့ သတင်းပို့ခဲ့သည်။ ထိုအချိန်မှသာ သူမ မော့ချန်ကို ဇောက်ထိုးလှန်ခဲ့သည့်တိုင် ချိုးယုံခန်းကို အဘယ်ကြောင့် မဖမ်းမိကြောင်း စူးချင်း သဘောပေါက်သွားခဲ့သည်။

သူက သူ အသက်ရှင်သန်ဖို့ သုသာန်ခန်းမကို သွားပြီး ခေါင်းတလားထဲကို ဝင်နေခဲ့တဲ့အပြင် အပေါ်ကနေ အလောင်းကြီးဖိထားတာကိုတောင် သည်းခံနိုင်တော့ပေါ့။

ဒီလူက လိမ္မာပါးနပ်လွန်းတဲ့အပြင် သူ့ကိုယ်သူတောင် ရက်စက်နိုင်လွန်းတယ်။ အဲ့လိုလူမျိုးက အရမ်းကြောက်စရာကောင်းတဲ့ ရန်သူပဲ။ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ချေမှုန်းပစ်ရမယ်။

"စူးသခင်မလေး၊ သခင်လေး ပြန်ရောက်လာပြီ"

စစ်သည်တစ်ယောက်က စူးချင်းကို သတင်းလာပို့ခဲ့ပြီး ရှောင်းကျဲယွိ ပြန်လာကြောင်း ကြားလိုက်ရချိန်တွင် စူးချင်းက အခြားသူများကို ဆက်လက်ရှာဖွေနေရန် အမိန့်ပေးလိုက်သည်။ သူမက ရှောင်းကျဲယွိနှင့် တွေ့ဆုံးပြီး ချိုးယုံခန်း မော့ချန်ထဲသို့ ခိုးဝင်လာသည့်အကြောင်း ရှောင်းကျဲယွိအား ပြောပြရန် ရုံးတော်သို့ ပြန်လာခဲ့သည်။

ရှောင်းကျဲယွိက ရုံးတော်သို့ ပြန်ရောက်နေပြီဖြစ်ကာ ရှင်းရုဟိုင်နှင့် ချန်ယွိတို့က သူ့ထံသို့ အလျင်အမြန် သတင်းပို့ခဲ့ကြသည်။ ဦးလေးချိုး ခေါင်းဖြတ်ခံလိုက်ရသည့်အကြောင်း ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိ၏မျက်လုံးများမှ ဝမ်းနည်းနေသည့်အရိပ်အယောင်များ ပေါ်လာပြန်သည်။ အချိန်အတော်ကြာပြီးနောက် သူက သူ့ခေါင်းကို မော့လိုက်ပြီး ချန်ယွိနှင့် ရှင်းရုဟိုင်အား ပြန်ပြောလိုက်သည်။

“စူးချင်းက လုပ်သင့်တာကို လုပ်ခဲ့တာပါ၊ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူကို သတ်ပစ်မှ ဖြစ်မယ်။ အခုလိုဖြစ်သွားတော့ တခြားသူတွေလည်း ဦးလေးချိုးလိုမျိုး လိုက်လုပ်ရဲကြတော့မှာ မဟုတ်ဘူး”

“ဟုတ်တယ်၊ ငါတို့လည်း အဲ့လိုပဲ တွေးမိတယ်။ စူးသခင်မလေးက တကယ်ကို ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက်ပါ”

စူးချင်းအပေါ်ထားသည့် ချန်ယွိ၏လေးစားမှုက စစ်သူကြီးရှောင်းဟမ်အပေါ်ထားသည့် သူ့၏လေးစားမှုထက် မလျော့နည်းပေ။ သူ စူးချင်းအကြောင်း ပြောနေသည့်အချိန်တွင်ပင် သူ့အမူအရာက လေးလေးနက်နက် ဖြစ်နေပြီး သူ့မျက်လုံးများတွင် လေးစားမှုများ ပြည့်နှက်နေလေသည်။

သူလို အတွေ့အကြုံရင့် စစ်သူကြီးအိုကြီးတစ်ယောက်က တခြားလူတစ်ဦးဆီမှာ လက်အောက်ခံဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် စူးချင်းကတော့ သူ့ကို ကြောက်ရွံ့ရိုသေခြင်းဆိုတဲ့စကားတွေ သင်ကြားပေးခဲ့တယ်။

"မှန်တယ်။ ကျုပ်လည်း စူးသခင်းမလေးရဲ့ ပြတ်ပြတ်တဲ့ ဆုံးဖြတ်ချက်တွေကို အရမ်းလေးစားနေမိတယ်"

ရှင်းရုဟိုင်ကလည်း ချန်ယွိနှင့် အတူတူသာ ဖြစ်သည်။ သူက စူးချင်းကို အလွန်လေးစားနေပြီး သူ့၏စကားများကလည်း သူ့နှလုံးသားထဲမှ လာသည့် ချီးကျူးစကားသာ ဖြစ်သည်။

စူးချင်းက အခန်းထဲသို့ ဝင်ပြီးပြီးချင်း ရှင်းရုဟိုင်၏စကားကို ကြားလိုက်ရသည်။ သို့သော် သူမ၏တည်ငြိမ်နေသော မျက်နှာတွင် ဘာအပြောင်းအလဲမှ မရှိခဲ့ပေ။

"ချင်းအာ"

ရှောင်းကျဲယွိက စူးချင်း ဝင်လာသည်ကို မြင်သွားပြီး အမြန်ထရပ်ကာ သူမကို ကြိုဆိုလိုက်သည်။

သူတို့နောက်ဆုံးတွေ့ခဲ့တာ နှစ်ရက်သုံးရက်ပဲ ရှိသေးပေမယ့် သူကတော့ အချိန်အတော်ကြာ ခွဲခွာနေရသလို ခံစားရတယ်။

စူးချင်းကို ကြည့်နေသည့် ရှောင်းကျဲယွိ၏မျက်လုံးများက တောက်ပနေပြီး သူ့နှုတ်ခမ်းထောင့်များက တွန့်‌ကွေးနေကာ သူ့၏ပျော်ရွှင်မှုကို အတိအကျဖော်ပြနေခဲ့သည်။

စူးချင်းက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စုံစမ်းရှာဖွေမှုများကို ဦးဆောင်နေခဲ့ပြီး သူမက မြေခွေးသားမွေးအပေါ်ဝတ်ရုံနှင့် စစ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ ယခုအချိန်တွင် သူမက ပန်းချီကားချပ်ထဲမှ အမျိုးသမီးစစ်သူကြီးတစ်ဦးကဲ့သို့ ရဲရင့်ခန့်ညားနေလေသည်။

စူးချင်း၏ အေးစက်သောမျက်လုံးများမှ အပြုံးရိပ်လေးများ ထွက်ပေါ်လာပြီး သူမက ရှောင်းကျဲယွိကို ပြန်စိုက်ကြည့်နေကာ သူမ၏အသံတွင်လည်း ပျော်ရွှင်မှုအရိပ်အမြွက်ကလေးများ ပါဝင်နေပြန်သည်။

"ရှင် ပြန်လာပြီလား?"

“အင်း၊ ကိုယ် ပြန်လာပြီ။ ဒီခရီးက အရမ်းကို ချောမွေ့လွန်းတယ်။ မင်း မှာလိုက်တဲ့ ကောက်နှံတွေပဲ အကုန်ပြန်ယူလာခဲ့တယ်"

စူးချင်းက အရက်ချက်ရုံကို ပြန်စချင်နေသောကြောင့် လိုအပ်သော ကောက်နှံပမာဏက များပြားလွန်းနေခဲ့သည်။ ထို့ကြောင့် သူမက ရှောင်းကျဲယွိ တာ့ထန်သို့သွားစဥ်တွင် သိုးများအစား ကောက်နှံများ လိုချင်ကြောင်း ပြောပြခဲ့သည်။

ထို့အပြင် လောလောဆယ်တွင် မော့ချန်၌ သိုးအရေအတွက် များပြားနေပြီဖြစ်ကာ ၎င်းတို့အတွက် နေ့စဉ်အစာ လိုအပ်ချက်ကလည်း စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်လာခဲ့သည်။ လောလောဆယ်တွင် ၎င်းတို့ကို ကျင်းချန်သို့ မပို့သေးနိုင်သောကြောင့် သိုးသိုလှောင်မှုကို လျှော့ချပြီး ကောက်နှံနှင့် အလဲအလှယ်ပြုလုပ်ရန် ပိုသင့်တော်သည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

အရက်ချက်ရုံမှ ထွက်လာသော အကြွင်းအကျန်တချို့ကို တိရစ္ဆာန်အစာအဖြစ် ပြန်သုံးနိုင်သော်လည်း သူတို့မွေးထားသည့် ဝက်အနည်းငယ်အတွက်သာ လောက်ငှသောပမာဏ ဖြစ်သည်။

"ရွှေရှန့်၊ ဒါက ရှင့်ဥစ္စာမလား?"

စူးချင်းက ရှောင်းကျဲယွိအား မြို့ရိုးပေါ်တွင် ချိုးယုံခန်း ချန်ထားခဲ့သည့် ငါးခွချိတ်ကို ထုတ်ပြလိုက်သည်။ ရှောင်းကျဲယွိက ထိုပစ္စည်းကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ပြလာခဲ့သည်။

"ဟုတ်တယ်၊ အဲ့ဒါ ကိုယ်ဟာ။ ဒါပေမယ့် ကိုယ် ဘယ်မှာထားခဲ့မှန်း မသိတော့ဘူး။ ကိုယ် ပြန်လိုက်ရှာခဲ့ပေမယ့် လုံးဝ မတွေ့တော့ဘူး”

စူးချင်းက ခေါင်းညိတ်လိုက်ပြီး သူမ ချိုးယုံခန်းကို ရှာဖွေနေသည့်အကြောင်း ရှောင်းကျဲယွိအား ပြောပြလိုက်သည်။

"ချိုးယုံခန်းက မော့ချန်ကို ပြန်ရောက်နေပြီ။ သူက ဒီငါးခွချိတ်ကို အသုံးပြုခဲ့တဲ့သူလို့ ကျွန်မ သံသယဖြစ်နေမိတယ်၊ ဒါပေမယ့် နှင်းတွင်းထဲကို ကျသွားတဲ့လူက သူ မဟုတ်ဘူး။ ဒါက ချိုးယုံခန်း ဖန်တီးခဲ့တဲ့ အတုအယောင်လည်း ဖြစ်နိုင်တယ်၊ အဲ့တော့ သူ မော့ချန်ကနေ လွတ်မြောက်သွားပြီလို့တောင် တွေးလို့ရတယ်၊ အဲ့ဒါကြောင့် ကျွန်မ ရှာဖွေမှုတွေကို လျော့ချလိုက်တာ၊ သူ ဘယ်မှာ ပုန်းနေမယ်လို့ ရှင် ထင်လဲ?”

ရှောင်းကျဲယွိနှင့် ချိုးယုံခန်းတို့က ညီအစ်ကိုကောင်းများဖြစ်ကြပြီး သူတို့ အတူတူ ကြီးပြင်းလာခဲ့ကြသောကြောင့် တစ်ယောက်၏ပင်ကိုယ်စရိုက်များကို တစ်ယောက်က သိနိုင်သည်အထိ ရင်းနှီးလွန်းသည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် ရှောင်းကျဲယွိ မှန်းဆနိုင်မည်ဟု တွေးကာ စူးချင်းက ချိုးယုံခန်း ပုန်းခိုနိုင်မည့်နေရာအား သူ့ကို စဉ်းစားခိုင်းလိုက်သည်။

ရှောင်းကျဲယွိက လေးလေးနက်နက် တွေးတောရင်း မျက်ခုံးပင့်ကာ နှေးကွေးသော အသံနိမ့်နိမ့်ဖြင့် ပြန်ဖြေလာခဲ့သည်။

“ယုံခန်းက စေ့စေ့စပ်စပ် တွေးတောတတ်တယ်။ သူ သုသာန်ခန်းမ ဒါမှမဟုတ် ရေတွင်းဟောင်းလိုမျိုး ဘယ်သူမှ မထင်မှတ်ထားတဲ့ နေရာမှာ ပုန်းနေနိုင်တယ်”

“ဘယ်လိုတောင် ကောင်းလိုက်တဲ့ ညီအစ်ကိုကောင်းတွေလဲ? ရှင်ထင်တာ မှန်တယ်။ သူက သုသာန်ခန်းမရဲ့အလောင်းအောက်မှာ ပုန်းနေခဲ့တာ။ အခု ရေတွင်းဟောင်းတွေ စစ်ဆေးဖို့ လူတွေ ထပ်လွှတ်လိုက်မယ်”

စူးချင်းက ရှောင်းကျဲယွိကို ချီးကျူးလိုက်သည်။

ရွှေရှန့်က ချိုးယုံခန်းရဲ့အလေ့အထတွေနဲ့ အမှန်တကယ် ရင်းနှီးနေပြီး ချိုးယုံခန်း ပုန်းအောင်းနိုင်မည့်နေရာကိုတောင် အတိအကျ ခန့်မှန်းနိုင်ခဲ့သေးတယ်။

"ယုံခန်းက မိဘအပေါ်သိတတ်တဲ့ သားလိမ္မာပဲ။ သူသာ မော့ချန်မှာ ရှိနေသေးရင် အဒေါ်ချိုး ဒီလို ပြင်းထန်တဲ့ ဒဏ်ရာရနေတာ သိတာနဲ့ တိတ်တဆိတ် လာတွေ့လိမ့်မယ်။ ပြီးတော့ ရှောင်ယင်ကို ကာကွယ်ဖို့ လူပို လွှတ်ထားရမယ်။ ယုံခန်းရဲ့ခံစားချက်တွေက ထူးဆန်းနေတော့ ‌ရှောင်ယင်အန္တရာယ်ဖြစ်မှာကို ကိုယ်စိုးရိမ်တယ်"

All Chapters