← Chapters

ကျောက်မီးသွေးတွင်းမှာ တစ်ခုခု ဖြစ်ခဲ့တယ်

Vol. 30 Ch. 446

ကျောက်မီးသွေးတွင်းမှာ တစ်ခုခု ဖြစ်ခဲ့တယ်

Vol. 30 Ch. 446

ရှောင်းကျဲယွိ၏ စိတ်ကူးယဥ်ဆန်ဆန် ပြင်းပြင်းပြပြ တောက်လောင်နေသည့် ချစ်မြတ်နိုးရိပ်များက ချက်ချင်း ပျောက်ကွယ်သွားပြီး အုပ်စိုးရှင်တစ်ယောက်၏ လေးနက်သော အမူအရာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူက တံခါးအပြင်ဘက်မှ စစ်သည်ကို လေးနက်သောအသံဖြင့် လှမ်းမေးလိုက်သည်။

"ဘာကိစ္စလဲ?"

“ကျန်းလောင်ချီက ​​ဒဏ်ရာအပြင်းအထန်နဲ့ ပြန်ရောက်လာခဲ့ပါတယ်”

"ဘာလဲ?"

ထိုစစ်သည်ထံမှ သတင်းကို ကြားလိုက်ရချိန်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က တံခါးကို ချက်ချင်း ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။ အပြင်မှ အပူချိန်က အခန်းတွင်းရှိ အပူချိန်နှင့် လုံးဝကွဲပြားနေပြီး အရိုးစိမ့်အောင် ချမ်းတုန်စေကာ အေးခဲသော ကမ္ဘာတစ်ခု ဖြစ်နေလေသည်။

သတင်းလာပို့သည့် စစ်သည်က ရှောင်းကျဲယွိ ထွက်လာသည်ကို မြင်သွားပြီး သူ့လက်သီးကို အလျင်စလို အုပ်ကာ သတင်းပို့လိုက်သည်။

“စစ်တပ်သမားတော်က ကျန်းလောင်ချီကို ကုသပေးနေပါတယ်။ ဒါပေမယ့် သူ ဒဏ်ရာက ပြင်းထန်လွန်းတော့ သူ သတိလစ်နေပါပြီ”

“သွားကြည့်ရအောင်”

ရှောင်းကျဲယွိ၏နှလုံးသားက စိုးရိမ်စိတ်ဖြင့် ပူလောင်နေလေသည်။ ကျန်းလောင်ချီက ကျောက်မီးသွေးတွင်း၌ ကျောက်မီးသွေး တူးဖော်နေခဲ့ပြီး သူ ဒဏ်ရာ အပြင်းအထန်ဖြင့် ပြန်ရောက်လာခြင်းက ကျောက်မီးသွေးတွင်း၌ တစ်ခုခု ဖြစ်သွားခဲ့သည်ဟု ဆိုလိုခြင်းပင်။

စူးချင်းက ရှောင်းကျဲယွိ၏နောက်သို့ လိုက်လာခဲ့ပြီး စနစ်အတွင်းမှ ရှောင်ချီအား အတွင်းပိုင်းအင်္ဂါများနှင့် ပြင်ပဒဏ်ရာများကို ကုသနိုင်မည့် ဆေးများ အမြန်ပြုလုပ်ရန် အမိန့်ပေးလိုက်သည်။ ရှောင်ချီက သူမ၏ ခန္ဓာကိုယ်တုတ်တုတ်လေးကို သယ်ကာ သူမ၏ ခြေထောက်တိုလေးများဖြင့် အမြန်လှုပ်ရှားနေပြီး လေကဲ့သို့ ပြေးထွက်သွားခဲ့သည်။

ရှောင်ချီက သခင်ငယ်လေးကို ကာကွယ်ရန် ကျန်နေခဲ့ရခြင်းထက် သူမ၏သခင်နှင့်အတူ လိုက်ပါပြီး သခင်ဖြစ်သူ၏အမိန့်များကို ဆောင်ရွက်ပေးရခြင်းအား ပိုနှစ်သက်သူ ဖြစ်သည်။

ရှောင်းကျဲယွိနှင့် စူးချင်းတို့က စစ်သည်များနှင့်အတူ မြောက်တံခါးဆီသို့ လိုက်ပါသွားခဲ့ကြသည်။ ကျန်းလောင်ချီကို ပြန်လည်ခေါ်ဆောင်လာသည့် စစ်သည်ကလည်း ပြင်းထန်စွာ ဒဏ်ရာရလာခဲ့ကြပြီး ရှောင်းကျဲယွိကို မြင်လိုက်သည်နှင့် ဒူးတစ်ဖက်အနေအထားဖြင့် အလျင်အမြန် လက်သီးအုပ် အရိုအသေပေးလိုက်သည်။

“ဒီလက်အောက်ငယ်သားက သခင်လေးရဲ့ပေးအပ်တဲ့ တာဝန်ကို မကျေပွန်ဘဲ ကျောက်မီးသွေးတွင်းကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့မိပါတယ်”

ရှောင်းကျဲယွိက ထိုစစ်သည်ကို လက်နှစ်ဖက်ဖြင့် ကူညီထူမပေးလိုက်သည်။

“ဒီလောက် ယဉ်ကျေးနေဖို့ မလိုဘူး။ ကျန်းလောင်ချီ ဘယ်မှာလဲ?"

ရှောင်းကျဲယွိ ကျန်းလောင်ချီအတွက် စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့သည်။ သူ၏ညီအစ်ကိုကောင်းများထဲမှ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့ငာ သူ့ဘေးတွင် ကျန်နေတော့ပြီး သူတို့နှစ်ဦးက ရိုးသားကာ သစ္စာရှိသည့် သူ တန်ဖိုးထားရသော သူငယ်ချင်းကောင်းများ ဖြစ်သည်။ ထို့ကြောင့် သူ သူတို့နှစ်ယောက်ကို လုံးဝ မဆုံးရှုံးချင်တော့ပေ။

"ဒီမှာပါ"

စစ်တပ်သမားတော်၏တစ်ကိုယ်လုံးတွင် ချွေးသီးချွေးပေါက်များ ပြည့်နေပြီး သူ့လက်များတွင် သွေးများ ဖုံးလွှမ်းနေလေသည်။ ကျန်းလောင်ချီ၏မျက်နှာကလည်း စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေကာ စစ်တပ်သမားတော်က သူ့ပခုံးပေါ်ရှိ မြှားကို ဖယ်ရှားထားပုံရသည်။ သူ့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ ဖုံးလွမ်းနေပြီး သူ့က အသက်ရှုမဝဖြစ်နေကာ သူ့၏နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းနေရပေါ်သည်။

ရှောင်းကျဲယွိက ကျန်းလောင်ချီ၏နံဘေးသို့ ခပ်မြန်မြန် လှမ်းသွားလိုက်ပြီး သူ့ကို စစ်ဆေးကြည့်လိုက်ရာ ကျန်းလောင်ချီ၏ပခုံးပေါ်မှ သွေးထွက်နေသေးသည်ကို သူ တွေ့လိုက်ရသည်။ ရှောင်းကျဲယွိက သွေးတတ်စေမည့် အပ်စိုက်မှတ်ကို နှိပ်လိုက်ပြီး ကျန်းလောင်ချီ၏လက်ကို စိတ်အားထက်သန်စွာ ကောက်ကိုင်လိုက်သည်။ ထို့နောက် သူက သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး ကျန်းလောင်ချီ၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။

အပ်ချည်မျှင်ကဲ့သို့ ပါးပါးလေးသာ ကျန်နေတော့သည့် ကျန်းလောင်ချီ၏အသက်ရှုသံနှင့်အတူ သူ့၏သွေးခုန်နှုန်းက အလွန်အားနည်းနေပြီဖြစ်ကာ စမ်းသပ်ရန်ပင် မလွယ်ကူတော့ပေ။ ကြီးမြတ်သော မသေမျိုးများပင်လျှင် ထိုအရာနှင့်ပတ်သက်ပြီး မည်သို့မျှ လုပ်ဆောင်နိုင်တော့မည် မဟုတ်သောကြောင့် ရှောင်းကျဲယွိ၏မျက်လုံးများ နီရဲလာကာ သူက စူးချင်းကို အကူအညီတောင်းရန် မော့ကြည့်လိုက်သည်။

"ချင်းအာ၊ မင်း သူ့ကို ကယ်တင်ပေးနိုင်မလား?"

ရှောင်းကျဲယွိက စူးချင်းကို မျှော်လင့်တကြီး မေးမြန်းလိုက်သည်။ သူမ၏ ဆေးပညာက အလွန်အစွမ်းထက်လှပြီး ရောဂါများစွာကို အလျင်အမြန် ကုသပေးနိုင်သည်ကို သူ သိထားပြီး ဖြစ်သည်။

"ကျွန်မ ကြိုးစားကြည့်ပါ့မယ်"

စူးချင်းကတော့ သွေးခုန်နှုန်းကိုပင် မစစ်ဆေး‌တော့ပေ။ ကျန်းလောင်ချီ၏မျက်နှာက စက္ကူဖြူကဲ့သို့ ဖြူဖျော့နေကာ သူ့၏သွေးတစ်ဝက်ကျော် ဆုံးရှုံးပြီးမှန်း သိသာနေသလို သေလုမျောပါးလည်း ဖြစ်နေပြီ ဖြစ်သည်။ သူ့၏သွေးခုန်နှုန်းကို စစ်ဆးကြည့်နေလျှင် အချိန်ကြန့်ကြာသွားလိမ့်မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။

ရှောင်းကျဲယွိက သွေးတတ်စေရန် အပ်စိုက်မှတ်ကို ဖိနှိပ်ထားပြီး ဖြစ်သော်လည်း မြှားက ကျန်းလောင်ချီ၏ နှလုံးနားအထိ စူးဝင်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သွေးတိတ်သွားလျှင်ပင် အခြေအနေ ပြန်ကောင်းလာတော့မည် မဟုတ်ပေ။ ထို့ကြောင့် စူးချင်းက ကျန်းလောင်ချီအတွက် အဖိုးတန်ဆုံး အသက်ကယ်ဆေးပြား အရင် ပေးလိုက်သည်။ ထိုဆေးကို လင်ဇီးမှ ပြုလုပ်ထားသောကြောင့် သေဆုံးသူများကိုပင် ပြန်လည်ရှင်သန်စေသော အာနိသင် ရှိသည်။

သို့သော်လည်း ထိုဆေးကို အသက်တစ်ထောင်သက်တမ်းရှိ လင်ဇီးဖြင့် ပြုလုပ်ထားခြင်း မဟုတ်သောကြောင့် ဆေး၏ အာနိသင်က အနည်းငယ် အားနည်းလျော့နည်းနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျန်းလောင်ချီ၏အသက်ကို ကယ်တင်ရန်တော့ လုံလောက်နေသေးသည်။

ဆေးဝင်သွားပြီးနောက် ကျန်းလောင်ချီ၏ အသားအရေက ပြန်လည်ကောင်းမွန်လာပြီး စူးချင်းက သူ့ကို နောက်ထပ် သွေးအားဖြည့်ဆေး ထပ်တိုက်လိုက်သည်။ သူ့၏သွေးများ ပြန်ပြည့်လာလျှင်လည်း သူ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

သူ့အသက်ကို ကယ်တင်ပေးနိုင်သည့် ဆေးနှစ်မျိုးကို သောက်ပြီးနောက် ကျန်းလောင်ချီ၏ သွေးခုန်နှုန်းက ယခုနထက် ပိုသန်မာလာခဲ့သည်။ စူးချင်းက ရှောင်းကျဲယွိအား အခြားသူများကို ရှင်းထုတ်ခိုင်းလိုက်ပြီး သူမက အခန်းကို ပိုးသတ်ကာ ခွဲစိတ်ခန်းသုံးကိရိယာများကို စနစ်ထဲမှ ထုတ်ယူလိုက်သည်။

ရှောင်းကျဲယွိက စူးချင်း ဤကဲ့သို့ လေထုထဲမှ တစ်စုံတစ်ခု ထုတ်ယူနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်တော့ပေ။ ဤသည်မှာ သူမဆရာ၏ မသေမျိုးတံခါးပေါက် ဖြစ်ကြောင်းနှင့် ဆေးပစ္စည်းများကို သိမ်းဆည်းထားနိုင်ကြောင်း စူးချင်းက သူ့ကို တစ်ခါ ရှင်းပြခဲ့ဖူးသောကြောင့် သူ မအံ့သြတော့ဘဲ ကျန်းလောင်ချီကို ခွဲစိတ်မှုပြုလုပ်ရန် စူးချင်းကို အေးအေးဆေးဆေး ကူညီပေးနေခဲ့သည်။

စူးချင်း၏လက်များက အလွန်လျင်မြန်လှပြီး ဦးရေပြားပေါ်သို့ ခွဲစိတ်ထားတင်ပြီးသည်နှင့် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။ တစ်ရှီးချန်(နှစ်နာရီ)ခန့်အကြာတွင် သူမ၏ ခွဲစိတ်မှုက ပြီးစီးသွားပြီး စူးချင်းက ကျန်းလောင်ချီ၏ဒဏ်ရာပေါ်သို့ အနာကျက်ဆေးမှုန့်များ ဖြန်းကာ ပတ်တီးစည်းပေးလိုက်သည်။

“ရပြီ၊ သူ အသက်ရှင်နိုင်သွားပြီ”

ခွဲစိတ်မှုအပြီးတွင် စူးချင်းက ကျန်းလောင်ချီ၏သွေးခုန်နှုန်းကို စစ်ဆေးခဲ့ပြီး သူ့၏သွေးခုန်နှုန်းက ညင်သာနေဆဲဖြစ်သော်လည်း တည်ငြိမ်နေပြီ ဖြစ်သည်။ သူ ချက်ချင်း မနိုးလာနိုင်သေးသော်လည်း အသက်အန္တရာယ် မရှိနိုင်တော့ဘဲ ကောင်းကောင်း အနားယူရန်သာ လိုအပ်တော့မည် ဖြစ်သည်။

ရှောင်းကျဲယွိကလည်း ကျန်းလောင်ချီ၏သွေးခုန်နှုန်းကို အာရုံစိုက်ထပ်စစ်ဆေးလိုက်သည်။ ကျန်းလောင်ချီ၏သွေးခုန်နှုန်းက ပြန်သန်မာလာပြီး သူ အဆင်ပြေနေကြောင်း သိလိုက်ရမှ ရှောင်းကျဲယွိက သက်ပြင်းချလိုက်ပြီး စူးချင်း၏လက်ကို ဆုပ်ကိုင်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ချင်းအာ၊ ကျေးဇူးတင်ပါတယ်"

စူးချင်းက ရိုးရှင်းသောအပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။ ရှောင်းကျဲယွိက သူ့၏ညီအစ်ကိုများကို မည်မျှတန်ဖိုးထားကြောင်း သူမ သိနေပြီး ကျန်းလောင်ချီသာ သေဆုံးသွားခဲ့ပါက သူ အကြီးအကျယ် စိတ်ပျက်သွားပေလိမ့်မည်။

“ကျောက်မီးသွေးတွင်းမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သွားမေးကြည့်ရအောင”

စူးချင်း၏ အပြုံးက မှိန်ဖျော့ပျောက်ကွယ်သွားပြီး သူမ၏အမူအရာက ချက်ချင်း ပြန်လေးနက်သွားခဲ့သည်။

ကျန်းလောင်ချီ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာနဲ့ ပြန်ရောက်လာမှတော့ ကျောက်မီးသွေးတွင်း အတိုက်ခိုက်ခံခဲ့ရတာပဲ ဖြစ်နိုင်တယ်။

“အင်း”

ရှောင်းကျဲယွိက ကျန်းလောင်ချီကို ဂရုစိုက်ပေးရန် သူ့လူများကို အမိန့်ပေးလိုက်ပြီး ကျန်းလောင်ချီကို အသက်စွန့်ကယ်တင်ခဲ့သည့် စစ်သည်အား မေးမြန်းရန် စူးချင်းနှင့်အတူ လိုက်ပါသွားခဲ့သည်။

သူတို့ အိမ်ထဲမှ ထွက်လာချိန်တွင် စစ်တပ်သမားတော်က ထိုစစ်သည်၏ဒဏ်ရာများကို ပတ်တီးစည်းပေးနေခဲ့ပြီး ရှောင်းကျဲယွိ ထွက်လာသည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် သူတို့က အလျင်အမြန် ထရပ်ကာ အလေးပြုလိုက်ကြသည်။ ရှောင်းကျဲယွိက စစ်တပ်သမားတော်ကို သူ့လက်နှစ်ဘက်ဖြင့် ထူမပေးလိုက်ပြီးမှ သန်မာပုံရသည့်စစ်သည်ကို လှမ်းကြည့်ကာ စတင်မေးမြန်းလိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ?"

"သခင်လေး၊ ဒီလက်အောက်ငယ်သားက လင်းရှန်း"

“ကောင်းတယ်၊ ဒီနေ့ကစပြီး မင်းကို တပ်ဖွဲ့မှူးအဖြစ် ရာထူးတိုးပေးမယ်”

ရှောင်းကျဲယွိက ကျန်းလောင်ချီ၏အသက်ကို ကာကွယ်ပေးခဲ့သည့် ထိုစစ်သည်ကို ကျေးဇူးတင်နေခဲ့သည်။ ထို့ကဲ့သို့ ရဲရင့်သော စစ်သည်ကို ဆုချရမည် ဖြစ်သောကြောင့် ရှောင်းကျဲယွိက သူကို သာမာန်စစ်သည်မှ တပ်ဖွဲ့မှူးအထိ အဆင့်သုံးဆင့် တိုက်ရိုက် ရာထူးတိုးမြှင့်ပေးလိုက်သည်။

လင်းရှန်းက အံ့သြဝမ်းသာသွားပုံဖြင့် သူတို့၏သခင်လေးကို ကျေးဇူးတင်ရန် ဒူးထောက်လိုက်သည်။ ရှောင်းကျဲယွိက သူ့ကို ကူညီထမပေးလိုက်ပြီး လေးလေးနက်နက် ထပ်မေးလိုက်သည်။

"ကျောက်မီးသွေးတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ?"

ထိုကျောက်မီးသွေးတွင်းက သူတို့၏ အထင်ရှားဆုံး ဝင်ငွေအရင်းအမြစ် ဖြစ်ပြီး သူတို့၏စစ်အသုံးစရိတ်ကို ထောက်ပံ့ပေးနိုင်သောကြောင့် ဘာအမှားမှ အဖြစ်မခံနိုင်ပေ။

လင်းရှန်း၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး ရှောင်းကျဲယွိ၏မေးခွန်းကို ပြန်ဖြေလာခဲ့သည်။

“သခင်လေးကို သတင်းပို့ပါတယ်၊ နန်းတွင်းက ကျောက်မီးသွေးတွင်းကို သိမ်းပိုက်ဖို့ သူတို့ရဲ့တပ်ဖွဲ့တွေကို ရုတ်တရက် စေလွှတ်လိုက်ပါတယ်။ သူတို့ဘက်က လူအရမ်းများပြီး ကျွန်တော်တို့ထက် အရေအတွက် အဆပေါင်းအများကြီး ပိုများပါတယ်၊ ကျွန်တော်တို့ အားလုံး အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ညီအကိုတွေ အားလုံး တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်”

"ဒါဆို မင်း ဘယ်လို လွတ်လာခဲ့တာလဲ?"

စူးချင်းက လင်းရှန်းကို အေးစက်သော မျက်နှာဖြင့် ကြည့်နေရင်း ဝင်မေးလိုက်သည်။

အားလုံး သေသွားတာတောင် သူက ဘယ်လို လွတ်မြောက်လာနိုင်ခဲ့တာလဲ?

အခု နန်းတွင်းက ရှောင်းကျဲယွိရဲ့တည်ရှိမှုကို သိသွားပြီဆိုတော့ သူ့ကို ဖယ်ရှားဖို့ နည်းလမ်းမျိုးစုံ တွေးတောပြီး ပြင်ဆင်နေနိုင်တယ်လေ။ နောက်ပြီး “သားကောင်ထောင်ချောက်” လို့ လူသိများတဲ့ နည်းဗျူဟာတစ်ခုလည်း ရှိနေသေးတယ်။ ဝမ်မျိုးနွယ်တွေက ရှောင်းကျဲယွိရဲ့နံဘေးက လူတွေကို အသုံးချပြီး သူလျှိုတွေ ဖန်တီးနိုင်တယ်၊ အဲ့တာကို သားကောင်ထောင်ချောက်လို့ ခေါ်တယ်။ အဲ့တော့ သူမက မစုံစမ်း မစစ်ဆေးဘဲ ဘဘ်သူကိုမှ အလွယ်တကူ ယုံကြည်မှာ မဟုတ်ဘူး။

“ဒီလက်အောက်ငယ်သားက လျှို့ဝှက်လမ်းကြောင်းတစ်ခုကို သိထားလို့ အဲဒီလမ်းကနေ ဖြတ်ပြေးလာခဲ့တာပါ”

လင်းရှန်းက လက်သီးအုပ်ကာ တည်တည်ငြိမ်ငြိမ် သတင်းပြန်ပို့လိုက်သည်။ သူ့မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်မျိုး လုံးဝ ရှိမနေခဲ့ပေ။

"ရွှေရှန့်၊ သူ့မျက်နှာကို ရေဆေးခိုင်းလိုက်"

စူးချင်းက ဆပ်ပြာနှင့်တူသော အရာတစ်ခုကို ရှောင်းကျဲယွိအား လှမ်းပေးလိုက်သည်။ လင်းရှန်းက လူ့အရေပြားမျက်နှာဖုံး မဝတ်ထားကြောင်း သူမ သတိပြုမိသောကြောင့် သူ့မျက်နှာပေါ်မှ အညစ်အကြေးများကို ဖယ်ရှားခိုင်းရန် ဆပ်ပြာနှင့် မျက်နှာသစ်ခိုင်းလိုက်ခြင်း ဖြစ်သည်။

ရှောင်းကျဲယွိနှင့် စူးချင်းတို့က စိတ်ချင်းဆက်နေသူများ ဖြစ်သောကြောင့် သူက သူမ၏ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် ရှောင်းကျဲယွိက သူ့လူများအား ရေသန့်အချို့ ယူလာစေကာ ရေနှင့် ဆပ်ပြာကို လင်းရှန်းထံသို့ လှမ်းပေးလိုက်ပြီး သူ့ရှေ့တွင် မျက်နှာသစ်ရန် အမိန့်ပေးလိုက်သည်။

လင်းရှန်းက သူ့သခင်လေး မျက်နှာသစ်ခိုင်းရသည့် အကြောင်းအရင်းကို နားမလည်နိုင်သော်လည်း သူက အမိန့်ကို တသွေမသိမ်းလိုက်နာကာ ဆပ်ပြာကို ယူပြီး မျက်နှာသစ်လိုက်သည်။

ရေက အနည်းငယ် ညစ်ပတ်သွားသော်လည်း သူ့မျက်နှာက မပြောင်းလဲသွားဘဲ မျက်နှာအစစ်ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

“အဲဒီလျှို့ဝှက်လမ်းကနေ ငါတို့ကို ကျောက်မီးသွေးတွင်းရောက်အောင် ခေါ်သွားပေး”

စူးချင်းက စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်ချင်နေပြီး ကျောက်မီးသွေးတွင်းသို့သွားသည့် လျှို့ဝှက်လမ်းကြောင်းရှိ မရှိကိုလည်း သူမ အမှန်တကယ် သိချင်နေခဲ့သည်။

တော်ဝင်ရုံးတော်ရဲ့စစ်တပ်က နယ်စပ်အထိရောက်လာပြီး အခြားစစ်သည်တွေနဲ့ ကျောက်မီးသွေးတွင်းလုပ်သားတွေအားလုံး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပြီး ကျန်းလောင်ချီကိုတောင် တိုက်တိုက်ဆိုင်ဆိုင် ပြန်ခေါ်လာနိုင်ခဲ့တာလား? အရေးအကြီးဆုံးကတော့ ဒီစစ်သည်က မျက်နှာသစ်ပဲ။ သူမ ကျောက်မီးသွေးတွင်းမှာ သူ့ကို တွေ့ဖူးခဲ့တာမျိုး မရှိဘူး။

ဒီလူက ကျန်းလောင်ချီနဲ့ ရှောင်းကျဲယွိကြားက ဆက်ဆံရေးအကြောင်းကို သိနေပြီး ရှောင်းကျဲယွိရဲ့ယုံကြည်မှုကို ရဖို့ ကျန်းလောင်ချီကို အသုံးချင်နေတာလည်း ဖြစ်နိုင်သေးတယ်။

“ကောင်းပါပြီ”

လင်းရှန်းက သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရှိနေသေးသည်ကို ဂရုမစိုက်တော့ဘဲ အမိန့်ကို မဆိုင်းမတွ လက်ခံလိုက်သည်။

ဒါက သူ့အတွက် သူ အကျိုးဆောင်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးတစ်ခုလေ။

"ရွှေရှန့်၊ တပ်ဖွဲ့ဝင်တချို့လောက် ခေါ်သွားကြရအောင်!"

စူးချင်း၏ အမူအရာက အေးစက်နေပြီး သူ့မျက်လုံးများတွင် ပါးနပ်သော အရိပ်အယောင်များ တလက်လက် တောက်ပနေလေသည်။

ခုလောက်ဆို ဝမ်မိသားစုစစ်တပ်က သူတို့ ထောင်ချောက်ထဲ ဝင်လာမှာကို စောင့်ဆိုင်းနေပြီး ကျောက်မီးသွေးတွင်းရဲ့ပတ်ဝန်းကျင်မှာ ရှောင်လွှဲလို့ မရနိုင်တဲ့ ပိုက်ကွန်တွေကို ပြင်ဆင်ထားပြီးလောက်ပြီပေါ့။ သူမတို့ကို စောင့်မျှော်နေမယ့် အန္တရာယ်တွေ ရှိနေတာကို သိနေရင်တောင် ကျောက်မီးသွေးတွင်းကိုတော့ မဖြစ်မနေ ပြန်သိမ်းယူရမယ်။ ဒီလိုမှ မဟုတ်ဘဲ ကျောက်မီးသွေးသာ တော်ဝင်ရုံးတော်ရဲ့လက်ထဲ ကျရောက်သွားရင် အကျိုးဆက်တွေက တွေးကြည့်လို့တောင် ရနိုင်တော့မှာ မဟုတ်ဘူး။

လင်းရှန်းက သူ့မျက်လုံးထဲမှ ခံစားချက်များကို တခြားသူများ မမြင်အောင် ခေါင်းငုံ့ထားခဲသည်။ စူးချင်းက ကျောက်မီးသွေးတွင်းသို့ တပ်ဖွဲ့များ ခေါ်ဆောင်သွားမည်ဟု ကြားလိုက်ချိန်တွင် သူ့မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

All Chapters