← Chapters

သူ့ကိုယ်သူ လွန်လွန်ကဲကဲ တွတ်ဆလိုက်မိတယ်

Vol. 30 Ch. 448

သူ့ကိုယ်သူ လွန်လွန်ကဲကဲ တွတ်ဆလိုက်မိတယ်

Vol. 30 Ch. 448

လင်းရှန်းက မြင်းပေါ်တက်လိုက်ပြီး မြေပြင်ပေါ်ရှိ မီးပုံကို သတိမမူမိဟန်ဖြင့် မြင်းကို မီးပုံတည့်တည့်ပေါ်သို့ ဦးတည်လိုက်သည်။ မီးပေါ်သို့ ဖြတ်သန်းမိချိန်တွင် မြင်းက မီးလောင်ဒဏ်ကြောင့် နာကျင်စွာ အော်ဟစ်လိုက်ကာ ခွာလေးဖက်လုံးကို ကန်ကြောက်လိုက်သောကြောင့် မီးဖွားများ နေရာအနှံ့ လွင့်ပျံလာသည်။ စူးချင်း ၏ကျောဘက်ရှိ အိတ်တစ်လုံးပေါ်သို့လည်း မီးစွဲလက်စ ထင်းတုံးကြီးတစ်တုံး ပျံသန်းလာခဲ့သည်။

စူးချင်းက သူမ၏ ကြာပွတ်ကို မြှောက်လိုက်ပြီး ထိုထင်းချောင်းကို ပြန်ရိုက်ထုတ်လိုက်ရာ ထင်းချောင်းက မီးတောက်များနှင့်အတူ လင်းရှန်းဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။ လင်းရှန်းက မြင်း၏ဇာက်ကြိုးကို ဆွဲကာ အလျင်အမြန် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း မြင်းက ထိတ်လန့်နာကျင်နေသောကြောင့် သခင်ဖြစ်သူ၏အမိန့်ကို မနာခံတော့ပေ။ မီးဆွဲနေသည့် ထင်းစကို မြင်လိုက်သည်နှင့် မြင်းက ကြောက်လန့်တကြားဖြင့် ကမူးရှူးထိုး ပြေးထွက်သွားတော့သည်။

"ဟီးး!"

လင်းရှန်းက မြင်းကို ထိန်းရန် ကြိုးစားလိုက်သော်လည်း လုံးဝ မထိန်းနိုင်တော့ဘဲ သူ့မြင်းက သစ်ပင်ကြီးတစ်ပင်ဆီသို့ ပြေးဝင်သွားတော့သည်။

သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လင်းရှန်းတစ်ယောက် ဘာကိုမှ မတွေးနိုင်တော့ဘဲ မြင်းပေါ်မှ ကြောက်လန့်တကြား ခုန်ဆင်းကာ နှင်းပြင်ပေါ်သို့ လိမ့်ချလိုက်ရတော့သည်။ စစ်မြင်းကြီးကလည်း သစ်ပင်ကို ဝင်တိုက်လုဆဲဆဲ ဖြစ်နေရာမှ ရှောင်တိမ်းကာ အဝေးသို့ ပြေးထွက်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ?"

ရှောင်းကျဲယွိက စူးချင်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ နှင်းများဖုံးလွှမ်းနေသော လင်းရှန်း၏ဦးခေါင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည့် စူးချင်း၏ မျက်လုံးများက အေးစက်ပြီးရင်း အေးစက်နေလေသည်။ လင်းရှန်းက စိတ်ပျက်လက်ပျက် အနေအထားဖြင့် နှင်းတောထဲမှ ရုန်းထွက်လာခဲ့သည်။

“ဒီလူက အရမ်းသံသယဖြစ်စရာကောင်းတယ်။ သူက လူသက်လက်နက်ကြီးတွေကို မီးရှို့ပစ်ပြီး ကျွန်မတို့ကို သတ်ဖို့ သူ့မြင်းခွာနဲ့ ကျွန်မရဲ့အိတ်ပေါ်ကို ထင်းချောင်း ကန်ထုတ်လိုက်တယ်”

"စစ်သည်တို့... ဒီလင်းရှန်းကို ဖမ်းချုပ်လိုက်"

စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ရှောင်းကျဲယွိ၏အမူအရာက အေးစက်သွားပြီး နှင်းများထဲတွင် တွားသွားနေသည့် လင်းရှန်းကို ဖမ်းချုပ်ရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။

လင်းရှန်းက လက်ခံနိုင်ဟန်ဖြင့် အော်ဟစ်ငြင်းဆန်နေခဲ့သည်။

“သခင်လေး၊ ကျွန်တော် ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး။ မြင်း လန့်သွားတာပါ”

သူက သူ မည်သူမျှ မရိပ်မိအောင် လုပ်နိုင်ခဲ့သည်ဟုသာ ထင်နေခဲ့သည်။ မြင်းက တိရိစ္ဆာန်ဖြစ်ပြီး တိရစ္ဆာန်များ ထိတ်လန့်သွားလျှင် ထိန်းချုပ်မှု ဆုံးရှုံးသွားသည်က ပုံမှန်သာ ဖြစ်သည်။ ထို့ကြောင့် ရှောင်းကျဲယွိက သူ့ကို အပြစ်ပေးလျှင် ရှောင်းကျဲယွိက လူအများ၏လေးစားမှုကို ဆုံးရှူံးရပေလိမ့်မည်။

"သူ့ကို ကြိုးချည်ထားလိုက်"

ရှောင်းကျဲယွိက လင်းရှန်းအား သူ့ကိုယ်သူ ခုခံကာကွယ်ရန် အခွင့်အရေး လုံးဝ မပေးတော့ပေ။ သူက သူ့လူများကို လင်းရှန်းအား ကြိုးဖြင့် ချည်ခိုင်းပြီး မြင်းကျောပေါ်သို့ ကန့်လန့်ဖြတ် မှောက်ခုံ တင်ခိုင်းလိုက်သည်။

လမ်းတစ်လျှောက်လုံး ထိုအနေအထားဖြင့် ချုပ်နှောင်ခံထားရခြင်းကြောင့် နောက်ဆုံးတွင် လင်းရှန်းတစ်ယောက် မူးဝေမှုကို ခံစားလာရသည်။ ထို့အပြင် ဤအနေအထားက သူ့အတွက် လုံးဝ အဆင်မပြေဖြစ်စေပြီး သူ့ခန္ဓာကိုယ်အောက်မှ မြင်းကုန်းနှီးက သူ့၏အတွင်းအင်္ဂါများကို အပြင်းအထန် နာကျင်စေသည်။ ထို့အပြင် သူ့၏ပါးစပ်ကလည်း ပိတ်ဆို့ခံထားရပြီး နှာခေါင်းဖြင့်သာ အသက်ရှုနိုင်သည်။ သူ အသက်ကို မဝတဝ ရှူနေရပြီး သူ့မျက်နှာတစ်ခုလုံး နီရဲနေကာ ကျောက်မီးသွေးတွင်းသို့ ရောက်ခါနီးတွင် သူ မေ့မြောလုနီး ဖြစ်နေခဲ့သည်။

စူးချင်းက လင်းရှန်းကို မြင်းပေါ်မှ ပြန်ချခိုင်းပြီး ကြိုးဖြည်ပေးလိုက်ကာ ‘အရိုးနှင့် အရွတ်များ ဆွဲထုတ်ခြင်း’ နည်းလမ်းဖြင့် စတင်ညှင်းပန်းတော့သည်။ သူမထံတွင် ဖြုန်းတီးနိုင်သည့် အချိန်မရှိတော့သောကြောင့် သူမက အထိရောက်ဆုံး စစ်ကြောရေးနည်းလမ်းကိုသာ တိုက်ရိုက်အသုံးပြုလိုက်သည်။

လင်းရှန်းတစ်ယောက် စူးချင်း၏ ‘အရိုးနှင့် အရွတ်များ ဆွဲထုတ်ခြင်း’နည်းလမ်းကြောင့် မြေပြင်ပေါ်တွင် တွန့်လိမ်ကောက်ကွေးနေပြီး နာ‌ကျင်မှုကို တောင့်ခံရင်း သူမကို လှမ်းကြည့်နေလေသည်။ စူးချင်းက ခဏစောင့်နေပြီးမှ သူ့ပါးစပ်ကို ပိတ်ထားသည့်အဝတ်စကို ဖယ်ခိုင်းလိုက်သည်။ ထို့နောက် သူမက လင်းရှန်း၏ရှေ့တွင် ထိုင်ချလိုက်ပြီး အေးစက်သောအသံဖြင့် မေးမြန်းလိုက်သည်။

"ပြောစမ်း၊ မင်းတို့ရဲ့ အစီအစဉ်က ဘာလဲ? ကင်းပုန်းတွေကို ဘယ်နေရာမှာ ချထားတာလဲ?”

သူမက ယုံကြည်ချက်အပြည့်ဖြင့် ပြတ်ပြတ်သားသား ပြောလိုက်ပြီး လင်းရှန်းအတွက် ငြင်းဆန်ရန် အခွင့်အရေး မပေးတော့ပေ။

“မဟုတ်ဘူး…”

လင်းရှန်းကလည်း အလွန်အမင်း နာကျင်နေသည့်တိုင် ဖွင့်မပြောသေးဘဲ သူ့ပါးစပ်ကို ထိန်းထားဆဲဖြစ်သည်။

သူ ပြောလိုက်တာနဲ့ သူ သေရမှာလေ။ သခင်‌လေးက သူ့ကို လွှတ်ပေးရင် လွှတ်ပေးနိုင်သေးတယ်၊ စစ်သူကြီးဝမ်ကို သစ္စာဖောက်မိရင်တော့ သူ အရမ်းကို သနားစရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေဆုံးသွားရလိမ့်မယ်။

“မပြောချင်ရင်လည်း ကိစ္စမရှိဘူး။ မင်း နာကျင်မှုကို ခံစားရင်း ဖြည်းဖြည်းချင်း သေသွားမှာကို ကြည့်နေဖို့ ငါ့မှာ အချိန်အများကြီး ရှိနေသေးတယ်"

စူးချင်း၏ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အသံကြောင့် လင်းရှန်းတစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားရသည်။

ဒီမိန်းမက တကယ့်ကို ရက်စက်လွန်းတယ်။ ချိုးယုံခန်းက သူ ဒီအစီအစဥ်ကို ဆွဲနေတဲ့အချိန်မှာ ဒီမိန်းမရှေ့မှာ ဘာလှည့်ကွက်မှ မလုပ်မိစေဖို့ သူ့ကို သေသေချာချာ သတိပေးခဲ့တယ်။ စူးချင်းရှေ့မှာ လှည့်ကွက်တွေ လုပ်မိရင် သေလမ်းတစ်လမ်းပဲ ရှိတယ်တဲ့။

သူတို့ရဲ့အစီအစဉ်အရတော့ သူက ရှောင်းမိသားစုစစ်တပ်နဲ့ စူးချင်းကို ကျောက်မီးသွေးတွင်းအထိ မျှားခေါ်ပေးဖို့ပဲ တာဝန်ရှိတယ်။ ဝမ်မိသားစုစစ်တပ်က အဲ့နေရာမှာ ဘယ်သူမှ ရုန်းမထွက်နိုင်မယ့် ထောင်ချောက်တွေ ပြင်ဆင်ထားပြီးပြီ။ သူက အစီအစဉ်အတိုင်း ရှောင်းမိသားစုစစ်တပ်ကို ထောင်ချောက်ထဲ ဆွဲသွင်းပေးဖို့ပဲ လိုအပ်တယ်။ တခြားဘာမှ လုပ်ပေးစရာ မလိုဘူး။

ဒါပေမယ့်လည်း ဝမ်မိသားစုစစ်တပ် စစ်သည်တွေက ချိုးယုံခန်းကို အထင်‌သေးနေကြပြီး သူ့ရဲ့အမိန့်ကို မနာချင်ကြဘူး။ သူကလည်း ဘုန်းအသရေနဲ့ စည်းစိမ်ဥစ္စာအတွက် ညီအစ်ကိုတွေကို သစ္စာဖောက်တဲ့ ချိုးယုံခန်းလိုလူမျိုးကို ရှုတ်ချတယ်။ အဲ့ဒါကြောင့် သူကလည်း ချိုးယုံခန်းရဲ့အမိန့်ကို အရေးတောင် မစိုက်ခဲ့ဘူး။ ပြီးတော့ သူက စူးချင်းနဲ့ ရှောင်းကျဲယွိကိုလည်း သူ့စိတ်ထဲမှာ မရှိဘူး။ သူတို့က ရှောင်းဟမ်ရဲ့ သားသမီးတွေ ဖြစ်နေတာနဲ့ သူတို့က ဘာလို့ သူ့ရဲ့အမိန့်ကို နာခံရမှာလဲ?

ရှောင်းဟမ်လို စစ်သူကြီးမင်းတောင်မှ လက်ရှိဧကရာဇ်မင်းဆီမှာ အသတ်ခံခဲ့ရတာ မဟုတ်ဘူးလား? အခု ဘာစွမ်းအားမှ မရှိတဲ့ ရှောင်းမိသားစုက ကောင်ငယ်လေးက ဝမ်မိသားစုတပ်ရဲ့ မြင်းတပ်နဲ့ သံကျပ်ကာတပ်သားတွေကို ဘယ်လို တွန်းလှန်ခုခံမှာလဲ?

အခု သူ သူ့ဇာတိရုပ်ကို ထုတ်ဖော်ပြမိသွားတာက သူ ရန်သူကို လျှော့တွက်ခဲ့ပြီး သူ့ကိုယ်သူ ပိုတွက်မိတာကြောင့် သဲလွန်စတချို့ကို ထုတ်ဖော်ပြသမိသွားတာပါ။ သူက အောင်မြင်ဖို့ စိတ်အားထက်သန်ပြီး ရှောင်းကျဲယွိနဲ့ စူးချင်းကို ဖောက်ခွဲပစ်ချင်ဖို့ အလွန်ဟလို လုပ်ခဲ့မိတယ်။

အခု သူ သူ့လုပ်ရပ်အတွက် နောင်တရနေမိပေမယ့် ဒီလောကကြီးမှာ နောင်တအတွက် ဆေးဆိုတာ မရှိဘူး။ အခုတော့ သူ သူ့ရဲ့မိုက်မဲမှုအတွက် အဖိုးအခကို ပေးရတော့မှာပေါ့လေ။

လင်းရှန်း၏ ခံနိုင်ရည်က ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီး သူ့စိတ်က ပြိုကျသွားခဲ့သည်။

ဒီအဆုံးမဲ့နာကျင်မှု ရပ်တန့်သွားမယ်ဆိုရင် သူ ဘာမဆိုလုပ်ဖို့ ဆန္ဒရှိပါတယ်။

“ငါ…ပြောမယ်”

နောက်ဆုံးတွင် လင်းရှန်းက အားလုံးကို ဝန်ခံလိုက်သည်။ ဤကိစ္စကို ချိုးယုံခန်း အမှန်တကယ် စီစဉ်ပေးခဲ့ကြောင်း သိလိုက်ရချိန်တွင် ရှောင်းကျဲယွိ၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။ ထို့နောက်တွင် သူက သူ့တပ်များနှင့် စစ်သူကြီးများကို သူတို့ကိုယ်တိုင် ဦးစီးကာ တပ်ဖြန့်ရန် နည်းဗျူဟာများ စတင်သတ်မှတ်ပြီး ဝမ်မိသားစုစစ်တပ်၏ထောင်ချောက်ကို ဖြိုခွဲရန် စတင်ပြင်ဆင်တော့သည်။

"ရွှေရှန့်၊ ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး"

ရှောင်းကျဲယွိ၏အမိန့်သံများကို ကြားလိုက်ရချိန်တွင် စူးချင်းက သူမ၏မြင်းပေါ်မှ အိတ်ကို ဖွင့်ကာ လက်ပစ်ဗုံးများကို ထုတ်ယူလိုက်သည်။

“ဒါကိုအသုံးပြုတာက ရိုးရှင်းပြီး မြန်ဆန်လိမ့်မယ်။ ကျွန်မတို့ရဲ့လူအင်အားကို ချွေတာနိုင်လိမ့်မယ်”

ရှောင်းမိသားစုစစ်တပ်က စစ်သည်တွေရဲ့အသက်က အဖိုးတန်တယ်။ သူတို့ဘက်က အသေအပျောက်အနည်းဆုံးနဲ့ ရန်သူကို အနိုင်ယူနိုင်ရမယ်။ သူမတို့က ဘာအကြောင်းနဲ့မှ သက်စွန့်ဆံဖျား တိုက်ခိုက်နေစရာ မလိုဘူး။

"ဒါကို ဘယ်လိုသုံးရမှာလဲ?"

ရှောင်းကျဲယွိက စူးချင်းကို ပြန်မေးလိုက်သည်။ စူးချင်းက လက်ပစ်ဗုံးပေါ်မှ ကြိုးကို ညွှန်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။

“ဒါကို ဆွဲထုတ်ပြီး ပစ်ချလိုက်ရုံပဲ”

“လူသတ်လက်နက်ကြီးထက်တောင် ပိုရိုးရှင်းတာလား?”

ရှောင်းကျဲယွိတစ်ယောက် မယုံနိုင်ဖြစ်သွားရသည်။

လူသတ်လက်နက်ကြီးတွေက မီးညှိပြီးမှ ပစ်ရတာလေ၊ ဒါတွေက မီးညှိနေဖို့တောင် မလိုဘူးလား?

“အင်း”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ ရှောင်းကျဲယွိနှင့် ချန်ယွိတို့ စစ်ရေးအခြေအနေများအကြောင်း ဆွေးနွေးနေချိန်တွင် သူမက ဤလက်ပစ်ဗုံးများကို ပြုလုပ်ထားခဲ့သည်။ ဤလက်ပစ်ဗုံးများက သူမနှင့် ကျုံးယုံတို့ ထိုနေ့က ပန်းပဲဖိုတွင် ပြုလုပ်နေခဲ့သည့် ဤလက်ပစ်ဗုံးများဖြစ်သည်။ ထို့နေက သူမ ယမ်းမှုန့်များ မဖြည့်ထားရသေးသောကြောင့် လုပ်ကြံသူများကို ဒီအတိုင်း ပြန်တိုက်ခိုက်ခဲ့ရပြီး ထိုစဥ်က သူမ ယမ်းမှုန့်ဖြည့်ပြီးချိန်မျိုးဆိုလျှင် သူတို့အားလုံးတစ်ချက်တည်း အသက်ထွက်သွားပေလိမ့်မည်။

သူမက လက်ပစ်ဗုံးအလုံး ၅၀ ကျော် ပြုလုပ်ထားခဲ့ပြီး ချန်ယွိကို အလုံး ၂၀ ပေးထားခဲ့ကာ ကျန်နေသည့်လက်ပစ်ဗုံးများအားလုံးကို သူမဘာသာ ယူဆောင်လာခဲ့သည်။

“ဒီပစ္စည်းက အရမ်းကောင်းတယ်”

ရှောင်းကျဲယွိက အလွန်စိတ်လှုပ်ရှားနေပြီး ချက်ချင်း ချီးမွမ်းလိုက်သည်။

ဒါတွေ ရှိနေရင် သူတို့ကို ထောင်ချောက်ဆင်နေတဲ့ ဝမ်မိသားစုစစ်တပ်ကို စိတ်ပူစရာ မလိုတော့ဘူး။

သို့သော်လည်း သူက အနည်းငယ် စိုးရိမ်နေသေးသည်။

"အခုန လင်းရှန်းက သူတို့မှာ လူသတ်လက်နက်ကြီးတစ်ခုရှိတယ်လို့ ပြောခဲ့တယ်နော်"

“စိတ်မပူပါနဲ့။ ကျွန်မတို့ ဘက်က အရင်စတိုက်ကြမယ်"

စူးချင်းက ကြီးကျယ်ခန်းနားသော စစ်သူကြီးတစ်ဦးကဲ့သို့ လေထဲတွင် ရပ်နေကာ ဗျူဟာများ စဆွဲနေလေသည်။ ယခုအချိန်တွင် ဝမ်မိသားစုစစ်တပ် သူမတို့ ဘာမှ မသိသေးဘူးဟုသာ ထင်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့က ရှောင်းမိသားစုစစ်တပ်ကို သူတို့၏အိတ်ထဲမှ ဖားများဟု သတ်မှတ်ပြီး အေးအေးဆေးဆေး စောင့်ဆိုင်းနေပေလိမ့်မည်။ ထိုအခြေအနေ ကွာခြားချက်က သူမတို့အတွက် အကောင်းဆုံးအခွင့်အရေးသာ ဖြစ်သည်။

“ကောင်းပြီလေ”

ရှောင်းကျဲယွိက အခိုင်အမာ ယုံကြည်နေသောအကြည့်ဖြင့် စူးချင်းကို ကြည့်နေကာ သူမကို ပြုံးပြလိုက်သည်။

ချင်းအာ ဒီမှာရှိနေသရွေ့ ပြဿနာအားလုံး ပြေလည်သွားလိမ့်မယ်လို့ သူ ဘာကြောင့် ခံစားနေရတာလဲ?

“ဒါကို ဘယ်လိုသုံးရမယ်ဆိုတာ သင်ပေးမယ်”

ရှောင်းကျဲယွိက သူ့၏ကိုယ်ပိုင် သက်တော်စောင့်အနည်းငယ်ကို ခေါ်ယူလိုက်သည်။ လင်းရှန်းက ဥပမာကောင်းတစ်ခု ဖြစ်ပြီး လက်ရှိအချိန်တွင် မရင်းနှီးသည့်စစ်သည်များကို ပေါ့ပေါ့တန်တန် မသုံးဝံ့တော့ပေ။

စူးချင်း၏အတိုးချုံး မိတ်ဆက်ပေးမှုနှင့် လေ့ကျင့်ပေးမှုအပြီးတွင် ရှောင်းကျဲယွိ၏ သက်တော်စောင့်များက လက်ပစ်ဗုံးအသုံးပြုနည်းကို ကျွမ်းကျင်လာခဲ့ကြသည်။ နောက်ဆုံးတွင် စစ်သည်ထက်ဝက်ကျော်ကို ထိုနေရာတွင် ချန်ထားခဲ့ပြီး ကျန်စစ်သည်များကို ရှေ့သို့ ဆက်လက်ချီတက်စေခဲ့သည်။

သူမတို့ ဘေးကင်းစေရန်အတွက် စူးချင်းက လင်းရှန်းနှင့်တူသော စစ်သည်တစ်ဦးအား လင်းရှန်း အတုအဖြစ် အသွင်ပြောင်းပေးခဲ့ပြီး ရန်သူများ စိတ်ရှုပ်ထွေးစေရန် ဖန်တီးထားခဲ့သည်။

ရှောင်းကျဲယွိက သူ့၏စစ်သည်များကို ဝမ်မိသားစု၏ထောင်‌ချောက် အနီးသို့ ခေါ်ဆောင်လာခဲ့သည်။ စူးချင်းက သစ်ပင်များပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်မှ အခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့သည်။ သူမ၏ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၇၀ သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူမက သူမ၏ပတ်ဝန်းကျင်မှ လူသတ်အရိပ်အယောင်များကို အတိအကျ ခံစားနိုင်နေပြီ ဖြစ်သည်။ ထိုအရာက လင်းရှန်း မလိမ်ခဲ့ကြောင်း သက်သေပြနေခဲ့သည်။

"အဆင်သင့်ဖြစ်ပြီ၊ ပစ်တော့"

တပ်သားတစ်ဝက်ခန့် ထောင်ချောက်ထဲသို့ ရောက်သွားပြီးနောက်တွင် ရှောင်းကျဲယွိက သူ့၏သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း လက်ပစ်ဗုံး၏ကြိုးစကို ဆွဲကာ ထောင်ချောက်၏အလယ်ဗဟိုဆီသို့ ပစ်လွှတ်လိုက်သည်။

"အုန်း!"

လက်ပစ်ဗုံး ပေါက်ကွဲပြီး ခြုံခိုနေသည့် လေးသမားများ ကောင်းကင်သို့ ပျံတက်သွားကြသည်။ သက်တော်စောင့်များကလည်း ကြိုးများကို ဆွဲထုတ်ကာ လက်ပစ်ဗုံးများ လှမ်းပစ်လိုက်ကြသည်။ ရှောင်းကျဲယွိက သူတို့ လက်ပစ်ဗုံးပစ်ရမည့် ထောင်ချောက်၏အရေးကြီးသော နေရာအမျိုးမျိုးကို ညွှန်ကြားပေးနေခဲ့ပြီး မြေပြင်တွင် အလောင်းများ ပြည့်နှက်လာတော့သည်။

ရှောင်ကျဲယွိကို သတ်ရန် ပြင်ဆင်ထားသည့် ဝမ်မျိုးနွယ်စစ်တပ်က ဆုံးရှုံးမှုများစွာ ခံစားခဲ့ရပြီး သူတို့၏ ထောင်ချောက်က လုံးဝ ပျက်စီးသွားခဲ့ရသည်။ ထိုတပ်ဖွဲ့ကို ဦးစီးနေသည့် တပ်မှူးက မီးခိုးငွေ့များကြားမှ အလောတကြီး အော်ဟစ်နေကာ ကစဉ့်ကလျားဖြစ်နေသည့် သူ့လက်အောက်ငယ်သားတွေကို အမိန့်ပေးနေခဲ့သည်။

“လူသတ်လက်နတ်ကြီးကို ပစ်ပြီး သတ်ဖြတ်မှုကြီးကို စတင်လိုက်တော့”

“လက်နက်ကြီး... မြန်မြန်ပစ်..... လူသတ်လက်နက်ကြီးကို ပစ်ကြစမ်း"

All Chapters