← Chapters

အခန်း (၅၁၁)

Vol. 35 Ch. 511

အခန်း (၅၁၁)

Vol. 35 Ch. 511

ရှောင်ပိုင်ကို ခေတ္တနှစ်သိမ့်ပြီးနောက် ပိုင်ဝူတိက ချင်ဖုန်းကို အပေါ်အောက်စုန်ဆန်ကြည့်ပြီးမှ ပြောလိုက်သည်။

"ညီမမော့နဲ့ငါ အချင်းချင်းဘေးကင်းကြောင်း သတင်းစကားဖလှယ်ကြတုန်းက သူက လူသားကောင်လေးတစ်ယောက်အကြောင်း ခဏခဏပြောဖူးတယ်။ အဲ့ဒီလူက မင်းပဲဖြစ်ရမယ် ဟုတ်တယ်မလား?"

"သူပြောသလိုပဲ မင်းက တကယ်ကို အရည်အချင်းရှိတဲ့လူပဲ။ ငါ့သမီးလေးကို မင်းကပဲ စောင့်ရှောက်ပေးခဲ့တာကိုး။"

"အကြီးအကဲပိုင်က မြှောက်ပင့်လွန်းနေပါပြီ။ မမမော့နဲ့ ရှောင်ပိုင်တို့ကလည်း ကျင့်ယန်မြို့မှာ ကျွန်တော့်ကို အများကြီးကူညီခဲ့ပါတယ်။ ဒါတွေက ကျွန်တော်လုပ်သင့်တဲ့အရာတွေပါပဲ။"

ချင်ဖုန်းက ရိုသေစွာပြန်ဖြေလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ ပိုင်ဝူတိရဲ့ဗိုက်က ကျယ်လောင်စွာမြည်လာသည်။

သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး "ဘာလို့ငါ့ကို အကြီးအကဲလို့ခေါ်နေတာလဲ? မော့စန်းရီကို မမမော့လို့ခေါ်မှတော့ ငါ့ကိုလည်း အစ်မ ဝူတိလို့ပဲခေါ်လေ။"

"ဒါနဲ့... မင်းရဲ့ချက်ပြုတ်တဲ့အတတ်ပညာက အရမ်းကောင်းတယ်လို့ ငါကြားဖူးတယ်၊ သာမန်မိစ္ဆာအသားကိုတောင် အရသာရှိတဲ့ဟင်းလျာအဖြစ် ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ဟုတ်လား?"

ရှောင်ပိုင်က ချက်ချင်းဝင်ပြောသည်။

"အစ်ကို့ရဲ့ ချက်ပြုတ်လက်ရာက ဒေါ်လေးမော့ထက် အများကြီးပိုကောင်းတယ်!"

ပိုင်ဝူတိက လက်ကိုဝှေ့ယမ်းလိုက်ပြီး "ညီမမော့ ချက်တတ်တာဆိုလို့ အသားရဲ့အပေါ်ယံကို မီးနဲ့တူးအောင်လုပ်တတ်တာလောက်ပဲရှိတာ။"

"ငါ့ဆီမှာ မိစ္ဆာအသားနည်းနည်းရှိနေတာနဲ့ အတော်ပဲ၊ မင်းကိုပဲ တာဝန်ပေးလိုက်တော့မယ်။ မဟုတ်ရင် ငါဗိုက်မဝဘဲနဲ့ ဒီကလိမ်ကကျစ်မြေခွေးမကို ဘယ်လိုသွားနိုင်ပါ့မလဲ။"

ကိုးမြီးမြေခွေးတစ်ကောင်အနေနဲ့ စုထျန်းယွဲ့ဟာ မြေခွေးမျိုးနွယ်စုထဲမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ သူမဟာ ထူရှန်းမြေခွေးမျိုးနွယ်စုတစ်ခုလုံးကို အမိန့်ပေးနိုင်စွမ်းရှိပြီး သူမရဲ့ကိုယ်ပိုင်အစွမ်းကလည်း သဘာဝအတိုင်း ကြောက်စရာကောင်းလှသည်။

စုထျန်းယွဲ့ရဲ့နယ်ပယ်ဟာ ပိုင်ဝူတိနဲ့တန်းတူဖြစ်တယ်လို့တောင် ကောလာဟလတွေရှိနေသည်။ တစ်ယောက်က တာအို စိတ်အာရုံမှာ ထူးချွန်ပြီး နောက်တစ်ယောက်ကတော့ ကာယပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ သိုင်းပညာမှာ ထူးချွန်ကြသည်။

စုထျန်းယွဲ့ရဲ့အစွမ်းကို လူအနည်းငယ်သာ မျက်မြင်တွေ့ဖူးကြပေမဲ့ ပိုင်ဝူတိလို မာနကြီးတဲ့လူ တစ်ယောက်ကတောင် သူမဟာ ပြိုင်ဘက်မဟုတ်ကြောင်း သူ့အလိုလိုဝန်ခံထားတာကြောင့် စုထျန်းယွဲ့ရဲ့အစွမ်းနဲ့ပတ်သက်တဲ့ ကောလာဟလတွေဟာ အခြေအမြစ်မရှိဘဲ ထွက်ပေါ်လာတာ မဟုတ်ဘူးဆိုတာကို ညွှန်ပြနေသည်။

စုရှောင်ယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်ပြီး "ကျွန်မတို့မျိုးနွယ်စု ခေါင်းဆောင်ကို နည်းနည်း လေးစားမှုရှိပါ။ အဲ့ဒီတုန်းကသာ ခေါင်းဆောင်ကြီးရဲ့ ကြားဝင်စွက်ဖက်မှုမရှိခဲ့ရင် ရှင်က ဟိုတစ္ဆေမျက်နှာဖုံးနဲ့လူတွေ လက်ထဲမှာ သေတာကြာလှပြီ။ အခုလိုစကားတွေပြောနိုင်ဖို့ အသက်ရှင်နေဦးမှာတောင်မဟုတ်ဘူး။"

ဒီစကားကိုကြားတော့ ပိုင်ဝူတိက ထူးဆန်းတဲ့အမူအရာပြလိုက်သည်။

"ငါက သိချင်လို့မေးကြည့်တာပါ။ ငါဘယ်လိုနိုးလာပြီး မြေခွေးတွင်းထဲရောက်နေရတာလဲပေါ့? မင်းတို့က ငါ့ကိုကယ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါက သူများအပေါ် အကြွေးတင်ရတာ မကြိုက်ဘူး။ ငါ့အသက်ကို ကယ်ထားတဲ့အတွက် ဒီကျေးဇူးကို နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်မယ်။"

"ဟေ့ကောင်လေး၊ မင်းဘာရပ်လုပ်နေတာလဲ? သားရဲအသားကို မြန်မြန်လုပ်လေ။ ငါစားပြီးရင် ဟိုတစ္ဆေမျက်နှာဖုံးနဲ့လူတွေနဲ့ သွားရှင်းရဦးမယ်။ သူတို့ငါ့ကို အနောက်ပိုင်းဒေသက နဂါးသွေးကြော နယ်မြေအတွက် ချောင်းမြောင်းတိုက်ခိုက်ခဲ့တာဖြစ်မယ်။ ငါ့နယ်မြေကို ငါပြန်သိမ်းရမယ်။"

ချင်ဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"အစ်မ၀ူတိရဲ့ ပျက်စီးနေတဲ့သွေးကြောတွေနဲ့ ဝိညာဉ်ဒဏ်ရာတွေကို ကျွန်တော်ကုသပေးထားပေမဲ့ အထွတ်အထိပ်အခြေအနေကို အပြည့်အဝပြန်ရောက်ဖို့ အချိန်နည်းနည်းယူရဦးမယ်။ ဒီမှာ၊ ဝိညာဉ်ကို အားဖြည့်ပေးပြီး ပြန်လည်ကောင်းမွန်မှုကို မြန်ဆန်စေနိုင်တဲ့ ထျန်းဟူကန်က ကြာစေ့တစ်စေ့ရှိတယ်။ စားလိုက်ပါ။"

ဒီမြင်ကွင်းကိုတွေ့တော့ ချန်းဖေးလန်က ချင်ဖုန်းကို အဓိပ္ပာယ်ပါပါနဲ့ တစ်ချက်လှမ်းကြည့်လိုက်သည်။

သူမက သူ့ယောက်ျားကို ကြာစေ့သုံးစေ့ပေးခဲ့သော်လည်း သူက တစ်စေ့သာ စားခဲ့သည်။ ယခုမူ အခြားအမျိုးသမီးတစ်ဦးကို ပေးရန် ပြင်နေပြန်သည်။ သဘာဝအတိုင်းပဲ သူမက စိတ်ထဲမှာ နည်းနည်းတော့ မသက်မသာခံစားလိုက်ရသည်။

ပိုင်ဝူတိ ကြာစေ့ကိုစားပြီးနောက် ချင်ဖုန်းက သားရဲအသားကို စတင်ပြင်ဆင်ရင်း အရင်ကဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မေးမြန်းလိုက်သည်။

ထူရှန်းကတော့ အေးချမ်းနေဆဲဖြစ်ပေမဲ့ အနောက်ပိုင်းဒေသတစ်ခုလုံးကတော့ ပရမ်းပတာဖြစ်နေသည်။

မိစ္ဆာနှိမ်နင်းရေးဌာနနဲ့ အဓိကမြို့ကြီးအသီးသီးရဲ့အစိုးရတွေက လူတွေကို မြို့ထဲကမထွက်ဖို့နဲ့ အိမ်ထဲမှာပဲနေကြဖို့ အမိန့်တွေထုတ်ပြန်ထားသည်။

ဘာပဲဖြစ်ဖြစ်၊ မြို့ပြင်မှာ မိစ္ဆာတွေက လွတ်လပ်စွာသွားလာနေကြပြီး ညဘက်မှာတော့ တစ္ဆေတွေက လမ်းတွေပေါ်မှာ လျှောက်သွားနေကြသည်။

အနောက်ပိုင်းဒေသက မိစ္ဆာတွေနဲ့ တစ္ဆေတွေအားလုံးဟာ ပိုင်ရှင်မဲ့ နဂါးသွေးကြောနယ်မြေအတွက် အပြိုင်အဆိုင်ကြိုးစားနေကြသည်။

လဲ့ယင်းရဲ့ဦးဆောင်မှုအောက်မှာ စစ်ဘုရင်ခံတပ်မတော် ဟာ ချုံယွိမြို့ပြင်ဘက်က မိစ္ဆာတွေ၊ တစ္ဆေတွေနဲ့ ထိပ်တိုက်တွေ့ခဲ့သည်။

ကံကောင်းစွာနဲ့ပဲ သူတို့ရင်ဆိုင်ခဲ့ရတဲ့ရန်သူတွေထဲမှာ မိစ္ဆာဘုရင်တွေ ဒါမှမဟုတ် တစ္ဆေဘုရင်တွေ မပါဝင်ခဲ့တာကြောင့် စစ်တပ်အတွင်းမှာ ထိခိုက်သေဆုံးမှု အနည်းငယ်သာရှိခဲ့သည်။

တောင်တန်းတွေကိုဖုံးလွှမ်းနေတဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေ၊ တစ္ဆေတွေရဲ့အလောင်းတွေကိုကြည့်ရင်း သွေးတွေက မြေကြီးကို အနီရင့်ရောင်အဖြစ် ပြောင်းလဲစေခဲ့ပြီး ထူထဲတဲ့သွေးညှီနံ့က ပျို့အန်ချင်စရာကောင်းလှသည်။

လဲ့ယင်းက မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်တော့ အနောက်ဘက်တောင်တန်းတွေပေါ်မှာ နေဝင်သွားတာကို တွေ့လိုက်ရသည်။

"ကျစ်! စစ်ရေးအကြံပေးချင် ထွက်သွားတာနဲ့ ဘယ်လိုဖြစ်ပြီး အခြေအနေတွေက ဒီလောက် ပရမ်းပတာဖြစ်သွားရတာလဲ? သူ့ဘက်မှာ အခြေအနေတွေ ဘယ်လိုရှိနေမလဲမသိဘူး။"

အနောက်ပိုင်းဒေသတပ်မှူးရဲ့ စုစည်းအမိန့်ပေးမှုအောက်မှာ သစ်သားတံဆိပ်မိစ္ဆာ နှိမ်နင်းရေးသမားတွေက လူသားမြို့တွေကို စောင့်ရှောက်နေတာကလွဲရင်...

သစ်သားအဆင့်အထက် မိစ္ဆာ နှိမ်နင်းရေးသမားအားလုံးဟာ မိစ္ဆာတွေ၊ တစ္ဆေတွေကို တိုက်ခိုက်ဖို့ ထွက်ခွာသွားကြသည်။

အနောက်ပိုင်းဒေသကို တာဝန်ယူထားတဲ့ မင်းသားက သူ့အရာရှိတွေနဲ့စစ်သားတွေကို စစ်တပ်ကိုဦးဆောင်ပြီး စစ်ထွက်ဖို့ အမိန့်ပေးခဲ့သည်။

ဒီတစ်ခါတော့ အနောက်ပိုင်းဒေသက မိစ္ဆာနဲ့တစ္ဆေဘေးအန္တရာယ်တွေဟာ နေရာတော်တော်များများမှာ တစ်ချိန်တည်းဖြစ်ပွားခဲ့ပြီး အရေအတွက်ကလည်း ပထမတန်းစားအဆင့်ကိုကျော်လွန်ကာ သဘာဝဘေးအန္တရာယ်တွေနဲ့တူနေလောက်အောင် တုန်လှုပ်ချောက်ချားစရာကောင်းလှသည်။

သဘာဝအတိုင်းပဲ ဖုန်းထျန်းမြို့ကနေ အကူအညီတောင်းဖို့က အရေးတကြီးလိုအပ်နေသည်။

ဒါကြောင့် ကြယ်တာရာစစ်သူကြီးသုံးဆယ့်ခြောက်ဦးထဲက နှစ်ဦးနဲ့ စစ်သားတစ်စုဟာ ဧကရာဇ်မြို့တော်ဘက်ကို ဦးတည်သွားနေကြသည်။

ဘုန်း!

ကြီးမားတဲ့ ရွှေရောင်တုတ်တံကြီးရဲ့အရိပ်ဟာ မိုးခြိမ်းသံလိုဟိန်းဟောက်သံနဲ့အတူ ကျဆင်းလာပြီး မြေကြီးကို ခဏတာတုန်ခါသွားစေသည်။ ရှည်လျားတဲ့တူးမြောင်းကြီးတွေဟာ မိုင်ဝက်နီးပါးလောက်အထိ ရှည်လျားသွားပြီးမှ နောက်ဆုံးမှာ ရပ်တန့်သွားသည်။

စစ်သားတွေနဲ့ ဗိုလ်ချုပ်တွေက ရွှေရောင်တုတ်ရှည်ကြီးကို ကိုင်ထားတဲ့လူကို လေးစားအားကျတဲ့အကြည့်တွေနဲ့ ကြည့်နေကြသည်။

အနောက်ပိုင်းဒေသရဲ့ ကြယ်တာရာစစ်သူကြီးသုံးဆယ့်ခြောက်ဦးထဲကတစ်ဦးဖြစ်တဲ့ တုတ်သိုင်း သူတော်စင် 'လုရုံ' ဟာ စတုတ္ထအဆင့် နတ်သိုင်းအထွတ်အထိပ် စစ်သည်တော်ဖြစ်ပြီး တုတ်သိုင်းပညာရပ်မှာ ထူးကဲတဲ့ကျွမ်းကျင်မှုကို ပြသနိုင်ခဲ့သည်။

ခုနကပဲ၊ မြေကြီးကိုတုန်ခါသွားစေတဲ့ တစ်ချက်တည်းသောရိုက်ချက်နဲ့ သူဟာ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေ၊ တစ္ဆေတွေကို မျက်စိတစ်မှိတ်အတွင်းမှာ ဖျက်ဆီးပစ်ခဲ့ပြီး နားလည်ရခက်တဲ့အစွမ်းကို ပြသခဲ့သည်။

အဝါရောင်ဝတ်ရုံနဲ့ အဖိုးအိုတစ်ယောက်က လုရုံအနားကို ချဉ်းကပ်လာပြီး မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ မိစ္ဆာတွေ၊ တစ္ဆေတွေရဲ့အလောင်းတွေကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူကလည်း ကြယ်တာရာစစ်သူကြီးသုံးဆယ့်ခြောက်ဦးထဲက တစ်ဦးဖြစ်ပြီး တစ္ဆေတစ်ရာ တာအိုမျိုးရိုးစဉ်ဆက်ကို ဆက်ခံသူ၊ အနောက်ပိုင်းဒေသကလူတွေကတော့ တစ္ဆေအကြီးအကဲ 'ကူဖုန်း' လို့သိကြသည်။

ဒီလူအုပ်စုဟာ အန္တရာယ်ကျရောက်နေတဲ့အခြေအနေမှာ ဧကရာဇ်မြို့တော်ကနေ စစ်ကူတောင်းဖို့ တာဝန်နဲ့သွားနေကြတာဖြစ်သည်။

လမ်းတစ်လျှောက်မှာ သူတို့ဟာ သူတို့လမ်းကိုပိတ်ဆို့နေတဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာတွေ၊ တစ္ဆေတွေအုပ်စုနဲ့ ကြုံတွေ့ခဲ့ရသည်။

"တစ္ဆေအကြီးအကဲ၊ ဘာဖြစ်လို့လဲ?" လုရုံက ခေါင်းလှည့်ပြီးမေးလိုက်သည်။

"အနောက်ပိုင်းဒေသက ဒီသဘာဝဘေးအန္တရာယ်က ရုတ်တရက်ကြီးဖြစ်ပွားခဲ့တာ။ ဒီမိစ္ဆာတွေ၊ တစ္ဆေတွေထဲက တချို့က အစွမ်းမနိမ့်ကျဘူး၊ ပြီးတော့ သူတို့မှာ ဉာဏ်ရည်ရှိတာ ထင်ရှားတယ်။"

"ပုံမှန်ဆိုရင် သူတို့ငါတို့ကိုမြင်တာနဲ့ အရပ်လေးမျက်နှာကို ထွက်ပြေးကြမှာပဲ၊ ဒါပေမဲ့ သူတို့က တစ်ကောင်ပြီးတစ်ကောင် ရှေ့ကိုတိုးဝင်လာကြတယ်၊ အသေခံဖို့ တမင်တကာ တိုးဝင်လာကြသလိုပဲ၊ ဒါက တကယ်ကိုထူးဆန်းတယ်။"

"ဒါ့အပြင်..."

သူ့မျက်လုံးထဲမှာ ရင်းချီစွမ်းအင်တစ်ခု စုစည်းသွားပြီး ကူဖုန်းက သူ့မျက်လုံးတွေကို ပတ်ပတ်လည်ဝေ့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။

"တစ္ဆေတစ်ရာတာအိုက ဝိညာဉ်တွေကို တော်တော်လေး အာရုံခံနိုင်စွမ်းရှိတယ်။ ဒီလောက်များတဲ့ မိစ္ဆာတွေ၊ တစ္ဆေတွေသေဆုံးသွားတာက ခဏလေးအတွင်းမှာပဲဖြစ်လိမ့်မယ်။"

"ငါက ကျန်နေတဲ့ဝိညာဉ်အစအနလေးတစ်ခုတောင် မခံစားမိဘူး၊ တစ်စုံတစ်ခုက အဲ့ဒါတွေကို စုပ်ယူသွားသလိုပဲ။"

"ဒီလိုအရာမျိုးရှိနေတယ်လား?" လုရုံရဲ့အမူအရာက လေးနက်သွားသည်။

"ငါတို့ ဒီကိစ္စကို တပ်မှူးကြီးဆီ အကြောင်းကြားဖို့ လူတစ်ယောက်လွှတ်လိုက်လို့ရတယ်၊ ဒါပေမဲ့ အရေးတကြီးကိစ္စက ဧကရာဇ်မြို့တော်ကို အမြန်ရောက်ဖို့ပဲ။"

" ကျွန်တော်နားလည်ပါတယ်။" ကူဖုန်းက ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်က အဖွဲ့ရဲ့ရှေ့ကိုပြန်လာပြီး သူတို့ရဲ့ခရီးကို ဆက်ဖို့ပြင်ဆင်လိုက်ကြသည်။

ဒါပေမဲ့ သူတို့ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။ သူတို့အားလုံး မျက်လုံးပြူးသွားကြပြီး ကျယ်လောင်စွာအော်လိုက်ကြသည်။

"နောက်ဆုတ်!"

သူတို့ပြောနေစဉ်မှာပဲ လုရုံရဲ့တုတ်က မြေကြီးကိုရိုက်ချလိုက်ပြီး ကြီးမားတဲ့ကျောက်နံရံကြီးတစ်ခု ချက်ချင်းပေါ်ထွက်လာသည်။

ကူဖုန်းကလည်း သူ့ရဲ့ရုပ်သေးအရိပ်သိုင်းကွက်ကိုသုံးလိုက်ပြီး အရိပ်တွေက လှိုင်းလုံးတွေလို လိမ့်သွားကာ စစ်သားတွေကို နောက်ကိုတွန်းပို့လိုက်သည်။

စစ်သားတွေ ကြောင်နေတုန်းမှာပဲ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

သူတို့က အသံလာရာဘက်ကို ကြည့်လိုက်တော့ ကြယ်တာရာစစ်သူကြီးသခင် တည်ဆောက်ခဲ့တဲ့ ဧရာမကျောက်နံရံကြီးဟာ ချက်ချင်းဆိုသလို ကြီးမားတဲ့အပေါက်ကြီးတစ်ခုအဖြစ် ကြေမွသွားတာကို တွေ့လိုက်ရသည်။

ဒါ့အပြင်၊ အပေါက်ရဲ့ပုံစံက တော်တော်လေးထူးဆန်းနေသည်။ ဖော်ပြရမယ်ဆိုရင်၊ တစ်စုံတစ်ယောက်က ကိုက်ဖြတ်သွားသလိုမျိုးပဲ!

ဒါပေမဲ့ ချောက်ကမ်းပါးပေါ်မှာ တခြားသတ္တဝါတစ်ကောင်မှ မရှိတာထင်ရှားနေပြီး ဘယ်သူကများ ဒီလောက်ကြီးတဲ့ပါးစပ်ကြီးကို ပိုင်ဆိုင်နိုင်မှာလဲ?

လုရုံနဲ့ ကူဖုန်းတို့ တင်းမာသွားကြပြီး သူတို့ရဲ့အမူအရာတွေက သတိကြီးစွာနဲ့ ပတ်ပတ်လည်ကို ကြည့်နေကြသည်။

"ဘယ်သူလဲ? ထွက်ခဲ့!"

တိုးညှင်းတဲ့အသံတစ်ခုက သူတို့ကို ပြန်ဖြေလိုက်သည်:

"ဆာတယ်၊ အရမ်းဆာတယ်။"

All Chapters