ရွှေလင်းယုန်၏အန္တရာယ်
Vol. 1 Ch. 15
ဤတစ်ကြိမ်တွင် ကုစားခြင်းစွမ်းရည် ရရှိခြင်းက လုချန်း အတွက် အံ့အားသင့်ဖွယ်ကောင်းလှသည်။
မိခင်ဝံပုလွေရဲ့ ဒဏ်ရာတွေကို ကုသရင်း မျှော်လင့်မထားဘဲ စွမ်းရည်တစ်ခုကိုရရှိခဲ့သည်။
ဆင့်ကဲဖြစ်စဉ်အမှတ်များ အလုံအလောက်ရှိနေသရွေ့ ဤ ကုစားခြင်းစွမ်းရည်သည် အနာဂတ်တွင် အံ့ဖွယ်ကောင်းတဲ့ စွမ်းရည်ဖြစ်လာနိုင်သည်။
အနည်းဆုံး ဤတောရိုင်းကမ္ဘာတွင် အသက်ရှင်ရန် အခွင့်အလမ်းများ တိုးလာမည်ဖြစ်သည်။
လုချန်း ၏ ဂရုတစိုက်စောင့်ရှောက်မှုအောက်တွင် ဝံပုလွေမိခင်၏ဒဏ်ရာများ တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသည်။
သူမ ဒဏ်ရာများ ပြန်လည်သက်သာလာပြီးနောက် အမဲလိုက်အဖွဲ့ဆီသို့ ပြန်သွားခဲ့သည်။
အမှန်တကယ်တွင်၊အရွယ်ရောက်ပြီးသော နှင်းဝံပုလွေတစ်ကောင်သည် ဝံပုလွေအုပ်စုအတွက် များစွာအထောက်အကူဖြစ်နိုင်သည်။
……
ချိုင့်ဝှမ်းသည် ခါတိုင်းကဲ့သို့ အေးချမ်းနေသည်။ ဝံပုလွေသားငယ်တစ်စုသည် ချိုင့်ဝှမ်းထဲတွင် ဆော့ကစားနေကာ ရံဖန်ရံခါ အော်ဟစ်နေကြသည်။
လုချန်း သည် ထင်းရှူးပင်၏ အကိုင်းအခက်ပေါ်တွင်ထိုင်ရင်း ငြီးငွေ့လာသလို ခံစားလိုက်ရသည်။
နွေးထွေးသောနေရောင်ခြည်က သူ့အပေါ်ကို ဖြာကျနေသည်။
လုချန်း အတွက် ဒီလိုဘဝမျိုးက အတော်လေးပျင်းစရာကောင်းပြီး သူအနည်းငယ်ငြီးငွေ့လာမိသည်။
ယခင်ဘဝတွင်၊ သူသည် ခေတ်မီလူ့အဖွဲ့အစည်းတွင် နေထိုင်သော လူသားတစ်ဦးဖြစ်သည်။
ဖျော်ဖြေရေးဆိုင်ရာ အဆောက်အဦ အမျိုးမျိုးရှိပြီး ပျင်းရိငြီးငွေ့မှုကို ပြေလျော့စေရန် အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်သော ဖုန်း များလည်းရှိသည်။
အခု သူသည် ရိုးရှင်းသော ဆက်သွယ်မှုတစ်ခုအဖြစ် ဝံပုလွေအူသံကိုသာ ပြုလုပ်နိုင်သည်။
ငြီးငွေ့ဖွယ်ကောင်းသော နှင်းချိုင့်ဝှမ်းတွင် ဝံပုလွေဘဝသည် လုချန်း အတွက် ပျင်းစရာကောင်းလွန်းလှသည်။
နေ့တိုင်းစားသောက်ကာ အိပ်စက်နေပြီး အချိန်အများစုမှာ ဤဝံပုလွေသားပေါက်ကလေးများနှင့် ဆော့ကစားပြီး ရန်ဖြစ်လေ့ရှိသည်။
"ငါက အိမ်တွင်းအောင်းသူတစ်ယောက် ဖြစ်လာလုနီးပါးပဲ...."
လုချန်း အတွက် ချိုင့်ဝှမ်းအပြင်ဘက်ဧရိယာသည် မသိနားမလည်မှုများနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သို့သော် ချိုင့်ဝှမ်းအပြင်ဘက်တွင် အသက်အန္တရာယ်များစွာ ရှိနေသည်ကို လုချန်း လည်း နားလည်သည်။
တောရိုင်းသားရဲဘဝသည် လူ့အသိုင်းအဝိုင်းနှင့်မတူပေ၊သတိမထားမိလျှင် အသက်ဆုံးရှုံးသွားနိုင်သည်။
အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများ၏ အကာအကွယ်မပါဘဲ ဝံပုလွေသားပေါက်ငယ်များသည် ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်မည်မဟုတ်ပေ။
ချိုင့်ဝှမ်းထဲတွင် ဆော့ကစားနေသော ဝံပုလွေငယ်ကလေးများကို ကြည့်ရင်း လုချန်း ခေါင်းကိုကူကယ်ရာမဲ့စွာခါယမ်းလိုက်သည်။
ဒီနှင်းဝံပုလွေလေးတွေကို သူတကယ်အားကျမိသည်၊သူတို့သည် အလွန်အေးချမ်းစွာ နေ့တိုင်း ကစားနိုင်ကြသည်။
သူတို့ကြားက ကစားပွဲမှာ တိုးတက်မှုမရှိပေ။
မင်းငါ့ကို လိုက်ဖမ်းတယ်၊ မင်းကို ငါပြန်ဖမ်းမယ်၊ မင်းငါ့ကို ကိုက်တယ်၊ မင်းကို ငါပြန်ကိုက်မယ်၊ နေ့တိုင်းဒီလိုဆော့နေတာ မပျင်းကြဘူးလား။
တချို့ဝံပုလွေကလေးက နှာရည်တောင် ယို နေကြပြီဖြစ်သည်။
ထိုအချိန်တွင် လေ့ကျင့်ရေးပြီးသွားသော ယိုချင်းယန် သည် ထုံးစံအတိုင်း လှိုင်ဂူအဝင်ဝတွင် ချိုင့်ဝှမ်းထဲရှိ လတ်ဆတ်သောလေကို ရှူရှိုက်နေသည်။
ယိုချင်းယန် သည် သူမ၏ ကျင့်ကြံရေးတွင် အလွန်ပင် လုံ့လဝီရိယရှိသော်လည်း တစ်ချိန်လုံး လေ့ကျင့်နေ၍မဖြစ်နိုင်ပေ၊ မဟုတ်ပါက နောက်ပိုင်းတွင် နာမကျန်းဖြစ်လာမည်ကို သူမ သိသည်။
ဤကမ္ဘာကြီးတွင် ဝိညာဉ်စွမ်းအင်မရှိပါ။ သူမ ဘယ်လောက်ပဲ ကြိုးစားနေပါစေ တစ်ခါစားရင်အများကြီးစားလို့မရပါ။
ဖြည်းဖြည်းချင်းဖြင့် သင့်လျော်စွာ ကျင့်ကြံရန် လိုအပ်သည်။
"ဇီးးးး!!"
ထိုအချိန်တွင် လုချန်း ၏ နားထဲသို့ ကျယ်လောင်စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ပျင်းရိခြင်းကြောင့် အိပ်ပျော်ခါနီးဖြစ်နေသော လုချန်း သည် ရုတ်တရက် လန့်နိုးလာပြီး၊အသံကြားရာအရပ်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်တွင် အရိပ်မည်းကြီးတစ်ခု ပျံဝဲနေတာကို တွေ့လိုက်ရသည်။
လုချန်း သည် သေချာကြည့်လိုက်ပြီး၊ အနက်ရောင်အရိပ်ကို ရှင်းရှင်းလင်းလင်းမြင်ရပြီးနောက် တုန်လှုပ်သွားသည်။
"ရွှေလင်းယုန်?!"
နှင်းဝံပုလွေကလေးများ ကြီးပြင်းမလာခင်တွင် ကုန်းပေါ်ရှိ သားရဲများရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရန်လိုအပ်ရုံသာမက ကောင်းကင်ပေါ်မှ ငှက်တွေကိုလည်း သတိထားရမည်ဖြစ်သည်။
ကောင်းကင်၌ ရွှေလင်းယုန်သည် ချိုင့်ဝှမ်းထဲတွင် ဆော့ကစားနေသော နှင်းဝံပုလွေကလေးများကိုတွေ့ရှိခဲ့သည်။
ထိုငှက်သည် ဝံပုလွေကလေးများကို သားကောင်အဖြစ် မှတ်ယူထားပြီးသားဖြစ်သည်။
အရွယ်မရောက်သေးသော နှင်းဝံပုလွေ ကလေးများသည် ဤရွှေလင်းယုန်ကို တွန်းလှန်ရန် စွမ်းအားမရှိပေ။ အရွယ်ရောက်ပြီးသော နှင်းဝံပုလွေတစ်ကောင်ပင်လျှင် လင်းယုန်ကြီးနှင့် တိုက်ခိုက်လျှင် ရှုံးနိုင်ပြီး၊ကျောရိုးများလည်း ကျိုးသွားနိုင်သည်။
အဆုံးမှာတော့၊ထိုသားကောင်၏ ခြေသည်းများသည် အလွန် ချွန်ထက်ပြီး သိုးတစ်ကောင်ကို လေထဲသို့ တိုက်ရိုက်ကုတ်ယူ သွားနိုင်သည်။
ကောင်းကင်မှ အန္တာရယ်ကိုသတိမထားမိဘဲ ဆော့ကစားနေဆဲဖြစ်သော ဝံပုလွေကလေးငယ်များကို ကြည့်ရင်း လုချန်း သည် သစ်ပင်ပေါ်မှ အမြန်ခုန်ဆင်းသွားသည်။
ထိုအချိန်တွင် အသိုက်၏အဝင်ဝတွင် အနားယူနေသော ယိုချင်းယန် သည်လည်း နားမလည်နိုင်သော အေးစက်မှုကို ခံစားရသည်။
သူမသည် ကောင်းကင်မှ ထွက်ပေါ်လာသော သားရဲကို ချက်ချင်းတွေ့လိုက်ရပြီး အလွန်ထိတ်လန့်သွားသည်။
သူမ အစ်ကို,ကို မသိစိတ်မှ လှမ်းကြည့်လိုက်ပြီး၊သူ့အစ်ကိုသည် သတိမထားမိဘဲ ဆော့ကစားနေသော ဝံပုလွေသားပေါက်အဖွဲ့တွင် ပါဝင်ကစားနေကြောင်းတွေ့လိုက်ရသည်။
"အိုး!"
ယိုချင်းယန် သည် ၎င်းမြင်လိုက်ရပြီး အလွန်စိုးရိမ်သွားကာ တစ်ဖက်ကိုသတိပေးဖို့ ကြိုးစားလိုက်သည်။
သို့သော် သူမ၏ ကြောက်ရွံ့နေသော ဝံပုလွေအူသံကို ကြားလိုက်သော်လည်း လုချန်း အပါအဝင် ဝံပုလွေကလေးအုပ်စုက လုံးဝတုံ့ပြန်ခြင်းမရှိဘဲ သူ့ကို လျစ်လျူရှုနေခဲ့သည်။
"မဖြစ်ဘူး၊ဒီတစ်ခါတော့ အသုံးမကျတဲ့အစ်ကို အန္တရာယ်ရှိနေပြီ!"
ယိုချင်းယန် ၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေတယ်။ သူမသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်များကို လေ့ကျင့်ခဲ့သော်လည်း၊ ဝံပုလွေသားငယ် လေးတစ်ကောင်မျှသာ ရှိသေးသည်။
လေထဲမှ လင်းယုန်ကို ရင်ဆိုင်နိုင်စွမ်း မရှိချေ။
ထိုအချိန်တွင်၊ လုချန်း သည် ဝံပုလွေကလေးများအုပ်စုထဲသို့ ပြေးဝင်သွားခဲ့ပြီဖြစ်သည်။
ထုံးစံအတိုင်း ခြေလက်များဖြင့် ဘယ်ညာတိုက်ခိုက်နေသည်။
သူ၏ ပြင်းထန်သော အင်အားကို အသုံးပြု၍ သူ့ပတ်ဝန်းကျင်ရှိ ဝံပုလွေ ကလေးငယ်များကို ရိုက်နှက်ကာ ၎င်းတို့အားလုံးကို နှင်းပေါ်သို့ နစ်ထည့်လိုက်သည်။
ထိုအရာသည် ရင်းနှီးပြီးသားဂိမ်းတစ်ခုဖြစ်ပြီး ပျော်ရွှင်စရာအချိန်များ စတင်ခဲ့သည်။
အရိုက်ခံရပြီးနောက်၊ ဤဝံပုလွေသားပေါက်ငယ်များသည် ဒေါသလုံးဝ မထွက်ဘဲ တစ်ကောင်ပြီးတစ်ကောင်စိတ်လှုပ်ရှားလာကြသည်။
သူ၏ရေခဲပြာမျက်လုံးများကို ပြူးပြရင်း လျှာကိုထုတ်ကာ ဝံပုလွေကလေးငယ်များ ကို စနောက် လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့နောက်ကိုလိုက်၊ အားလုံးငါ့နောက်ကိုလိုက်၊ဖမ်းမိအောင်ဖမ်း"
လုချန်း သည် ဤဝံပုလွေလေးများနှင့်အတူ ရူးသွပ်စွာ ပြေးနေသည်။ တစ်ယောက်ယောက်က မလိုက်တော့ဘူးဆိုရင် လှည့်ပြီး ရိုက်ပါလိမ့်မယ်။
"ဟင်? ရှောင်ပိုင် အရမ်းအန္တရာယ်များတာကို ဘယ်လုပ်ပီးထွက်လာရတာလဲ"
ဝံပုလွေကလေးများနှင့်အတူ ပြေးနေသော လုချန်း သည် ရှောင်ပိုင် က သူ့အား အော်ဟစ်နေသည်ကိုမြင်နေရပြီး အထိတ်တလန့် ဖြစ်သွားသည်။
'ငါ့မှာ ဒီညီမလေးတစ်ယောက်ပဲရှိတယ်၊ သူက အားနည်းပြီးကျမ်းမာရေး မကောင်းဘူး၊ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့က ပြဿနာတစ်ခုပဲ'
"ငါ့ညီမ ငယ်ငယ်ရွယ်ရွယ်နဲ့ မသေစေရဘူး!"
လုချန်း သည် သူ့ညီမကို ဘာမှ မဖြစ်စေချင်တာကြောင့် ဝံပုလွေလေးတွေအုပ်စုနဲ့အတူ အလျင်အမြန် ပြေးလာခဲ့တယ်။
ရှောင်းပိုင် အနားသို့ရောက်လာသောအခါ သူမ ကို လှိုင်ဂူထဲသို့အလျှင်အမြန် တွန်းပို့လိုက်သည်။
ယိုချင်းယန် သည် သူ့အစ်ကို လှိုင်ဂူသို့ ပြေးလာသည်ကို မြင်သောအခါ သူမသည် စိတ်သက်သာရာရပြီး သူ့နောက်သို့ အမြန်လိုက်သွားလိုက်သည်။
သူမ ၏ အစ်ကိုဘေးကင်းရေးကိုသာ ဂရုစိုက်ပြီး အခြားဝံပုလွေသားပေါက်များအကြောင်း သူမ တွေးတောမနေပေ။
ကူညီချင်သော်လည်း သူ့မတွင် ကာကွယ် ပေးနိုင်စွမ်းမရှိသေးချေ။
သို့သော် ယိုချင်းယန် သည် ဝံပုလွေတွင်းသို့ ပြေးလာပြီးနောက် အပြင်ဘက်တွင် ဝံပုလွေသားပေါက်ငယ်များကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ သူတို့အားလုံး လုချွမ်နောက်လိုက်ကာ လှိုင်ဂူထဲသို့ ပြေးဝင်သွားကြသည်။
မူလက နည်းနည်း ခြောက်ကပ်နေသည့် လှိုင်ဂူသည် ဤဝံပုလွေကလေးငယ်များ ဝင်လာပြီးနောက် သက်ဝင်လှုပ်ရှားလာခဲ့သည်။
ယိုချင်းယန် သည် သူ့အစ်ကိုနှင့်ဝံပုလွေကလေးငယ်များ လှိုင်ဂူထဲသို့အပြေးအလွှားဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရပြီးနောက် အံ့အားသင့်သွားခဲ့သည်။
လုချန်း ကို ကြည့်ရင်း သူမ သံသယဝင်သွားကာ...
"အဲ့ဒီ ဝံပုလွေကလေးတွေကို ကယ်တင်ဖို့အတွက် အစ်ကိုက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ ဖြစ်နိုင်ပါ့မလား"