ငါ့ညီမက ဘာဖြစ်လို့ မိခင်နို့မသောက်ချင်ရတာလဲ?
Vol. 1 Ch. 1
ကျယ်ပြောလှပြီး လူဆိတ်ညံသောလွင်ပြင်များက တောရိုင်းတိရိစ္ဆာန်မျိုးစုံနေထိုင်ရာ နေရာဖြစ်သည်။
မရေမတွက်နိုင်သော တောရိုင်းတိရစ္ဆာန်များ ဘဝအတွက် အခွင့်အလမ်းကို လှည့်ပတ်ရှာဖွေနေကြသည်။
ဤမြေပေါ်တွင် သွေးထွက်သံယို သတ်ဖြတ်မှုများ အချိန်တိုင်း ဖြစ်ပွားနေပြီး လေထုသည် ပြင်းထန်သော သွေးနံ့များဖြင့် ပြည့်နေသည်။
တောကန္တာရအလယ်တွင်၊ တစ်နှစ်ပတ်လုံး ဆီးနှင်းတွေဖုံးလွှမ်းနေသော တောင်တန်းကြီးတစ်ခုရှိသည်။ တောင်တန်း၏မြင့်မားသောတောင်ထိပ်သည် တိမ်များထဲသို့ ရောက်ရှိနေပြီး အပူချိန်နိမ့်ကျမှုကြောင့် တောင်ထွတ်ကို ရေခဲနှင့် ဆီးနှင်းများက ဖုံးအုပ်ထားသည်။
အေးစက်သောလေများက တောင်တန်းများကို ဖြတ်သန်းတိုက်ခတ်လျက်။
နှင်းထူထပ်သော တောင်ပေါ်ရှိ ချိုင့်ဝှမ်းတစ်ခုတွင် နှင်းဝံပုလွေအုပ်စုတစ်စု နေထိုင်ကျက်စား နေသည်။
အခြားသတ္တဝါများ မချဉ်းကပ်လိုသော နှင်းများဖုံးလွှမ်းနေသည့် တောင်များက သူတို့ရှင်သန်မှုအတွက် မှီခိုနေရသော ပရဒိသု(နေရာ)ဖြစ်သည်။
ချိုင့်ဝှမ်းအဝင်ဝတွင် အင်အားကြီးသော နှင်းဝံပုလွေနှစ်ကောင် လျှောက်လှမ်းနေသည်။
လေအေးများ နှင်းဝံပုလွေနှစ်ကောင်၏ အမွေးများကို တိုးဝှေ့နေကာ၎င်းတို့ကို ပို၍ပင် ရက်စက်သောပုံပေါ်လွင်စေသည်။
ထိုနှင်းဝံပုလွေနှစ်ကောင်သည်၊အေးတိအေးစက် ရှိနေပြီး စူးရှသော မျက်လုံးများက ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
၎င်းတို့သည်နယ်မြေကို စောင့်ကြပ်နေသော အားကောင်းသည့် နှင်းဝံပုလွေနှစ်ကောင်ဖြစ်သည်။
ထိုနှင်းဖုံးချိုင့်ဝှမ်းတွင် နှင်းဝံပုလွေဂူများစွာရှိသည်။
၎င်းတို့အနက် အနက်ရှိုင်းဆုံးနှင့် အကြီးဆုံးဂူသည် နှင်းဝံပုလွေဘုရင်၏လှိုင်ဂူ ဖြစ်သည်။
နှင်းဝံပုလွေဘုရင်၏ လှိုင်ဂူအတွင်း၌ နှင်းဝံပုလွေအမ မြေပြင်ပေါ်တွင် အေးအေးဆေးဆေး လဲလျောင်းနေ၏။
မိခင်ဝံပုလွေ၏ဘေးတွင် အလွန်သေးငယ်သော နှင်းဝံပုလွေသားပေါက်လေးတစ်ကောင် လဲလျောင်းနေသည်။
ဤတောင်တန်း၌ နှင်းဝံပုလွေမျိုးနွယ်များက အလွန်မြင့်မြတ်တဲ့အသွင်အပြင်ရှိသော သတ္တဝါဖြစ်သည်။
နှင်းဝံပုလွေသားပေါက်လေးက ငွေဖြူရောင်အမွေးတို့နဲ့အပြာရောင် မျက်လုံးဝိုင်းဝိုင်း တို့ဖြင့်ချစ်စရာကောင်းနေသည်။
နှင်းဝံပုလွေကလေးက မိခင်ဝံပုလွေရဲ့ နွေးထွေးသော ရင်ခွင်ထဲတွင် လှဲလျောင်းနေကာ မိခင်နို့ကို မြိန်ရေရှက်ရေ စို့နေသည်။
"ဒင်၊ မိခင်နို့ကိုသောက်ပြီး 0.5 ဆင့်ကဲ ပြောင်းလဲခြင်းအမှတ်ရှိပါသည်။"
အု.. ( ကြို့ထိုး )
သူ့နားထဲတွင် သတိပေးသံကိုကြားတော့ လုချန်း သက်တောင့်သက်သာရှိသော မျက်နှာဖြင့် လှဲအိပ်လိုက်သည်။
လွန်ခဲ့သောတစ်လခွဲက လုချန်း ထူးဆန်းသောကမ္ဘာ၌ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
တစ်လခွဲခန့်က လုချန်း မှုန်ဝါးနေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ့ရှေ့တွင် ကြီးမားသော ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် တုန်လှုပ်သွားသည်။
များမကြာမီ အမည်မသိ အကြောင်းပြချက်တစ်ခုခုကြောင့် ဝံပုလွေသားပေါက်အဖြစ်ပြန်လည်မွေးဖွားလာတာကို သိလိုက်သည်။
ခေတ်မီလူ့အဖွဲ့အစည်း၌ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသော လူသားတစ်ဦးမှ အသားစိမ်းစားပြီးသွေးသောက်သည့် သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန် လုချန်း ကောင်းကင်ကြီးပြိုလဲသွားသလို ခံစားလိုက်ရသည်။
တိရိစ္ဆာန်ကမ္ဘာလောကကိုကြည့်ရတာကြိုက်ပေမယ့် ဒီလိုဘဝမျိုးကိုကြိုက်တယ်လို့ မဆိုလိုပါ။
တိရိစ္ဆာန်လောကသည် အလွန်ကြမ်းတမ်းကြောင်း သိထားသင့်တယ်။ အင်အားနည်းသူသည် အင်အကြီးသူရဲ့ သားကောင်ဖြစ်သည်။
အသက်ရှင်သန်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်နေရမည်။
ကံကောင်းထောက်မစွာနဲ့မွေးဖွားလာခြင်းနှင့်အတူ ရွှေလက်ချောင်းပါလာခဲ့သည်။
သူတွေးလိုက်သည် လုချန်း ၏ စိတ်ထဲတွင် ရည်ညွှန်းချက်ဘောင်တစ်ခု ပေါ်လာသည်
[အမည် - လုချန်း]
[အသက်- 10 ရက်]
[အဆင့်- 1 (0~10)]
[ကျွမ်းကျင်မှုများ-
ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ရည်(အစောပိုင်းအဆင့်)
အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၅ မှတ်လိုအပ်သည်။ ]
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- ၉]
"နှစ်ရက်အတွင်း အဆင့်တက် နိုင်တယ်။"
ရည်ညွှန်းချက်ဘောင်ကို ကြည့်လိုက်ရင်း လုချန်း အနည်းငယ် မျှော်လင့်နေမိသည်။
ဖြည်းညှင်းစွာအကြောဆန့်ထုတ်ပြီးနောက် လုချန်း သည် ခေါင်းလေးကို လှည့်ကာ အသိုက် ထောင့်ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် နှင်းဝံပုလွေကလေးတစ်ကောင်လည်း ရှိသေးသည်။
ငွေဖြူအမွေးအမှင်များ၊ရေခဲပြာရောင်မျက်လုံးများနဲ့အသွင်အပြင်သည် သူနှင့်တစ်ပုံထဲ နီးပါးတူသည်။
သို့သော် လုချန်း နှင့် နှိုင်းယှဉ်ကြည့်လျှင် ဤနှင်းဝံပုလွေသည် အလွန်ပိန်ပါးကာ အာဟာရချို့တဲ့ပြီးဆာလောင်နေသည်မှာ ထင်ရှားသည်။
လုချန်း ဒီကမ္ဘာကို ရောက်နေသည်မှာ အချိန်တိုလေးသာရှိသော်လည်း၊ သူသည် ရွယ်တူအခြားဝံပုလွေသားပေါက်များနှင့် ယှဉ်လျှင် ပိုသန်မာသည်။
ဆင့်ကဲဖြစ်စဉ်အမှတ်များစုဆောင်းရန်အတွက် အစားတစ်နပ်ကိုမှ မလွတ်ခဲ့ပါ။
လုချန်း မှတ်ဉာဏ်ထဲတွင်၊ ဒီအကောင်လေးက သူ့ထက် မိနစ်အနည်းငယ်နောက်ကျပြီး မွေးဖွားခဲ့တဲ့ သူ့ ညီမအရင်းဖြစ်သည်။
"ထူးဆန်းတယ် ၊ရှောင်ပိုင် ဘာလို့ နို့သောက်ဖို့ ငြင်းနေတာလဲ၊ သူမ ဗိုက်မဆာဘူးလား"
ဒီကမ္ဘာမှာ နေရတာ အရမ်းပျင်းတဲ့အတွက် လုချန်း သူ့ညီမကို ရှောင်ပိုင် ဟု နာမည်ပေးထားခြင်းဖြစ်သည်။
သူ့အမြင်အရ ဒီအကောင်ငယ်လေးအသက်မဲ့နေသောမျက်လုံး နဲ့ နေ့တိုင်း မလှုပ်မယှက်ဘဲ ထောင့်မှာ အိပ်နေခြင်းဖြစ်သည်။
အချိန်ပိုအလုပ်ဆင်းပြီးတော့ အသက်ရှင်ချင်စိတ်မရှိတော့တဲ့သူတစ်ယောက်လိုဘဲ။
အိုး... အရင်ဘဝက ငါနဲ့ တော်တော်တူတယ်...
ရှောင်ပိုင်၏ ခန္ဓာကိုယ်သည် မွေးကတည်းက အားနည်းနေခဲ့သည်။
ဘာဖြစ်သွားမှန်း မသိပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်ကရုတ်တရက်မေ့မြောသွားခဲ့သည်။
မူလက လုချန်း သူ့ညီမ အသက်မရှင်နိုင်တော့ဟု ထင်ခဲ့သည်။
မထင်မှတ်ပဲ တစ်ဖက်က အံ့ဩစရာကောင်းစွာပင်၊ပြန်နိုး ထလာခဲ့သည်။
ရှောင်ပိုင် နိုးလာသည်နဲ့ မိခင်နို့သောက်ရန် ငြင်းဆန်ခဲ့ပြီး ထိုနေရာတွင် နေ့တိုင်း အိပ်နေသည်။
"မဟုတ်သေးဘူး၊ ဒီအတိုင်းဆက်သွားရင် ရှောင်ပိုင် သေသွားလိမ့်မယ်။"
နောက်တစ်ခုက ငါတို့ တူညီတဲ့အမေက မွေးဖွားလာတာ။
လုချန် သည် ရှောင်ပိုင်ကို ကယ်တင်ရန် လိုအပ်သည်ဟု ခံစားမိသည်။
ထို့နောက် ထရပ်ပြီး ရှောင်ပိုင် ထံသို့ ပြေးသွားသည်။
ရှောင်ပိုင် ၏ခန္ဓာကိုယ်ကို တွန်းရန် သူရဲ့အမွေးနုခေါင်းလေးကို အသုံးပြုခဲ့သည်။
ရှောင်ပိုင်အား မိခင်ဝံပုလွေ နို့သောက်ရန် သူ၏ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
"ဟမ်၊ ဒီဝံပုလွေကလေးက ဘာလုပ်ချင်နေတာလဲ?!"
သူမ သည် အလွန်ဆာလောင်နေသဖြင့် အားမရှိတော့ကာ လုံးဝမလှုပ်ရှားချင်ပေ။
ဒီအခိုက်အတန့်တွင် သူမအနားရောက်လာသော လုချန်း ကိုကြည့်ရင်း အံ့သြသွားသည်။
လုချန်း ကဲ့သို့ ယိုချင်းယန် သည်အရင်ဘဝက လူသားတစ်ဦးဖြစ်ခဲ့သည်။
သူမသည် မူလက လူသားမျိုးနွယ်၏ ဧကရီတစ်ပါးဖြစ်ကာ အဆင့်အတန်း မြင့်မားပြီး စွမ်းအားကြီးသူတစ်ယောက်ဖြစ်သည်။
သို့ရာတွင် လူသားမျိုးနွယ်အပေါ် သစ္စာဖောက်သူဟုသတ်မှတ်ကာ ကောင်းကင်ပေါ်၌ လူအများ၏ တိုက်လိုက်ခြင်းကိုခံခဲ့ရသည်။
နောက်ဆုံးတွင် ယိုချင်းယန် သည် အထီးကျန်ပြီး အကူအညီမဲ့ဖြစ်ခဲ့ရသည်။
သူမသည် အလွန်အစွမ်းထက်သော်လည်း လူအရေအတွက်များလွန်းသဖြင့်နောက်ဆုံးတွင် သေဆုံးခဲ့ရသည်။
သို့သော် မထင်မှတ်ပဲ သူမ မျက်လုံး ပြန်ဖွင့်လိုက်သောအခါ နှင်းဝံပုလွေသားရဲအဖြစ် ပြန်လည်မွေးဖွားလာသည်ကိုသိလိုက်ရသည်။
ထိုအချိန်တွင်၊ ယိုချင်းယန် သည် ကံကြမ္မာက သူ့အပေါ် လှည့်စားနေသည်ဟု ခံစားရသည်။
လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာရှိသော အမျိုးသမီးဧကရီသည် သားရဲအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။ !
ဒါက ရိုးရိုးရှင်းရှင်း ရှက်စရာကောင်းပြီး အရှက်ကွဲမှုတစ်ခုပါပဲ။ ယိုချင်းယန် အတွက် ကြီးမားသော အရှက်ရစရာကြီးပင်။
ထို့ကြောင့် ပြန်လည်မွေးဖွားပြီးနောက် ယိုချင်းယန် သည် မိခင်နို့ကို မသောက်တော့ပေ။
ဤသည်မှာ ယိုချင်းယန် ၏ နောက်ဆုံးဂုဏ်သိက္ခာဖြစ်သည်။
သူမ ဒီဂူထဲမှာ ငတ်သေရင်တောင် ဒါမှမဟုတ် အပြင်မှာ အေးခဲပြီး သေသွားရင်တောင်မိခင်နို့ကိုလုံးဝ,မသောက်ဘူး။ !
ရက်အနည်းငယ်ကြာပြီးနောက် ခန္ဓာကိုယ်က,ပိုအားနည်းလာသည်။
ယိုချင်းယန်လည်း သူမ ခန္ဓာကိုယ် အားနည်းလာတာကို ခံစားရပြီး သူမ သေခြင်းနှင့် မဝေးတော့ကြောင်းသိလိုက်သည်။
သို့သော် လုချန်း ဒီအချိန်တွင် မမျှော်လင့်ဘဲ ပြေးလာခဲ့သည်။
လုချန်းက မိခင်ဝံပုလွေဆီရောက်အောင် သူမ ကိုအဆက်မပြေတ်တွန်းနေခြင်းဖြစ်သည်။
ယိုချင်းယန် နောက်ဆုံးတွင် တုံ့ပြန်ခဲ့ပြီး အလွန်အံ့သြသွားခဲ့သည်။
"ဒီဝံပုလွေကလေးက ငါ့ကို မိခင်နို့သောက်စေချင်တာလား"