ဧကရီ ချင်းယန်
Vol. 1 Ch. 2
မကြာသေးမီက မွေးဖွားခဲ့သော နှင်းဝံပုလွေကလေးက ဤမျှလောက်အသိညာဏ်ရှိနေလိမ့်မည်ဟုမမျှော်လင့်ထားပါ
လုချန်း ရည်ရွယ်ချက်ကို သိရှိပြီးနောက် ယိုချင်းယန် အံ့သြသွားသည်။
သူမ ခန္ဓာကိုယ်က အလွန်ပိန်နေပြီဖြစ်သည်။
ခဏအကြာတွင် လုချန်း သူမအား မိခင်ဝံပုလွေ အနားသို့ တရွေ့ရွေ့ တွန်းပို့လိုက်သည်။
"ဝူး~ဝူး"
လုချန်း တိုးတိုးလေး အော်ဟစ်ပြီး ယိုချင်းယန် အား နို့စို့ရန် အချက်ပြလိုက်သည်။
ယန်ချင်းယန် မူလက နို့မစို့ချင်ပေမယ့် လေထဲတွင် သင်းပျံ့သော နို့မွှေးရနံ့ကို ရှူရှိုက်ရင်း သူမ ဗိုက်မှအသံများထွက်လာသည်
ငါ့ခန္ဓာကိုယ်က အားနည်းနေပြီ။ နို့မစို့ရင်တကယ်သေမှာကြောက်တယ်။
"ဝူး..."
ယိုချင်းယန် သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသေးသည်ကို မြင်လိုက်ရသဖြင့် လုချန်း သူ့လက်ဆန့်တန်းလိုက်ပြီး သူမ ခေါင်းကိုမိခင်ဝံပုလွေ၏ဗိုက်တွင်ဖိထားလိုက်သည်။
"ရှောင်းပိုင်၊မင်း နို့မစို့ချင်းရင်တောင် ဒီနေ့ နို့စို့ရမယ်"
ယိုချင်းယန် ခုခံချင်ပေမယ့် ရက်အတော်ကြာ ဆာလောင်နေပြီးနောက်မှာတော့ သူမမှာ ခွန်အားမရှိတော့ပါ။
အခုတော့ လုချန်း ရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်ဖို့ နေနေသာသာ သူမရဲ့ လက် မြှောက်ဖို့တောင် ခက်ခဲနေပြီ။
"မေ့လိုက်တော့ ဒါ ငါ့ကံကြမ္မာပဲ..."
ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ယိုချင်းယန် တွန့်ဆုတ်စွာဖြင့် နို့စို့လိုက်ရသည်။
ယိုချင်းယန် ဗိုက်အတော်ဆာနေလို့လား မသိ၊နို့သည် ယခင်ဘဝက သူမ သောက်ဖူးသည့် ဝိုင်ကောင်းများထက် ပိုချိုသည်ဟုခံစားခဲ့ရသည်။
တကယ်ကောင်းတယ်!
ပူနွေးသောအရည်များသည် သူမ၏ဗိုက်ထဲသို့ စီးဝင်လာပြီး အားနည်းကာသေလုနီးပါး ဖြစ်နေသော သူ ခန္ဓာကိုယ်ကို အနည်းငယ် ပြန်ကောင်းမွန်လာစေသည်။
သူမ ရေခဲပြာမျက်လုံးများက အသက်ရွယ်နှင့်မလိုက် ရင့်ကျက်နေသည်။
ထိုနှစ်ရက်အတွင်း ယိုချင်းယန် ဂူထောင့်တွင်တစ်ယောက်တည်း အိပ်နေပြီး အကြောင်းအရာများစွာကို တွေးတောနေမိသည်။
အရင်ဘဝက မရေမတွက်နိုင်သောလူများ အင်မော်တယ်လမ်း ကိုလျှောက်လမ်း ကြသည်။
သိုင်းပညာထူးချွန်သူများသည် နဂါးတံခါးကိုဖြတ်ရန် ကြိုးစားနေသော ငါးကြင်းတစ်အုပ်နှင့်တူပြီး သိုင်းပညာ တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြသော်လည်း နောက်ဆုံးတွင် မြေစာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။
မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် သူတို့ သက်တမ်း တိုးစေမည့် ဆေးဝါးများကို ရှာဖွေရုံသာမက စည်းစိမ်ဥစ္စာအားလုံး သုံးစွဲရန်ဝန်မလေးပေ။
သူမအရင်ဘဝတွင် ဧကရီ တစ်ပါးအဖြစ် ကျော်ကြားခဲ့သော်လည်း နောက်ဆုံးတွင်ရင်းနှီးသောလူများ၏လက်ချက်ဖြင့် သေခဲ့ရသည်။
အခု နတ်ဘုရားက သူမကိုပြန်လည်မွေးဖွားခွင့်ပေးခဲ့တယ်။
အနည်းငယ်ပင်ပန်းနေသည့် ယိုချင်းယန် မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။!
မျော်လင့်ချက်များပြန်ရှင်သန် ပြီးနောက် သူမခန္ဓာကိုယ်ထဲက ပျောက်ဆုံးနေတဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ နို့ကိုမြန်မြန် စုပ်ယူလိုက်ပါတယ်။
ရှောင်းပိုင် သည် နောက်ဆုံးတွင် သူ့ဘာသာသူ နို့စို့နေသည်ကို မြင်လိုက်ရသသဖြင့် လုချင်း စိတ်သက်သာရာရကာ သူ၏ရေခဲပြာရောင်မျက်လုံးများက နူးညံ့မှုဖြင့်ပြည့်နေသည်။
……
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားသည်။
နှင်းဝံပုလွေဘုရင်၏ လှိုင်ဂူ ထဲတွင် ငွေဖြူ နှင်းဝံပုလွေသားပေါက် နှစ်ကောင်သည် မိခင်ဝံပုလွေ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသည်။
တိုတောင်းတဲ့ ငွေဖြူ အမွေးများက အလွန်နူးညံ့လှသည်။
အရွယ်ရောက် နှင်းဝံပုလွေကြီးများကဲ့သို့ ကြီးကျယ်ခမ်းနားခြင်းမရှိပေမဲ့၊နှင်းဝံပုလွေကလေးများက ပိုချစ်စရာကောင်းသည်။
နို့သောက်နေသော သားပေါက်လေးနှစ်ကောင်ကို ကြည့်ရင်း ဝံပုလွေမိခင် မျက်လုံးထဲ ချစ်ခြင်းမေတ္တာများဖြင့်ပြည့်နှင့်နေသည်။
နှင်းဝံပုလွေမျိုးနွယ်များသည် တစ်ကောင်နှင့် တစ်ကောင်အမြဲမှီခိုနေပြီး သူတို့၏သားပေါက်များကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားသည်။
နို့စို့ နေစဉ်တွင် သူမ ဘေးမှ လုချင်း ကို တစ်ချက်ကြည့်လိုက်သည်။
သူမ သားရဲတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာတာဖြစ်ကြောင်းတစ်ဖြေးဖြေးနဲ့ လက်ခံလာခဲ့သည်။
ဒီလိုဆိုရင် ဒီနှင်းဝံပုလွေကြီးကသူ့အမေ၊ နှင်းဝံပုလွေကလေးက သူ့အကို။
ယိုချင်းယန် လွန်ခဲ့သည့် နှစ်ရက်ကပင် တစ်ဖက် ကို လက်ခံရန် ကြိုးစားနေခဲ့သည်။
ဒီလိုရေခဲနဲ့နှင်းတွေထူထပ်တဲ့ တောင်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက် မှီခိုကာ ကြီးပြင်းလာနိုင်ပါတယ်။
သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရောက်ချင်တယ်ဆိုရင် အရင်ဆုံး အသက်ရှင်နေဖို့ လိုတယ်။
"ဒင်၊ မိခင်နို့ကိုသောက်ပြီး 0.5 ဆင့်ကဲပြောင်းလဲခြင်းအမှတ်ရရှိပါတယ်"
နို့စို့ရင်း စနစ် အချက်ပြသံကိုကြားပြီးနောက် လုချန်း ခေတ္တအနားယူခဲ့သည်။
စကားမစပ်၊ သူ့ဘာသာသူနို့စို့ စပြုနေပြီဖြစ်တဲ့ လုချန်း ဘေးက ရှောင်ပိုင် ကိုကြည့်လိုက်တယ်။
"အင်းနည်းနည်းတော့တိုးတက်လာပီ..."
အတွေးတစ်ခုဖြင့် လုချန်း ရည်ညွှန်းချက်ဘောင် ကို ဖွင့်လိုက်သည်။
[အမည် - လုချန်း]
[အသက်- 12 ရက်]
[အဆင့်- 1 (0~10)]
[ကျွမ်းကျင်မှုများ-
ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ရည်(အစောပိုင်းအဆင့်)
ကျွမ်းကျင်မှုများအဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၅ မှတ်လိုအပ်သည်။ ]
[မျိုးနွယ်-နှင်းဝံပုလွေ ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- ၁၀]
အချိန်အတော်ကြာအောင် စုဆောင်းပြီးနောက်၊ နောက်ဆုံးတွင် ဆက်ကဲပြောင်းလဲခြင်းအမှတ် ၁၀ မှတ်ရှိနေပီဖြစ်သည်။
လုချန်း မစောင့်နိုင်တော့ဘဲ ဆင့်ကဲပြောင်းလဲခြင်းအမှတ်ကို အဆင့်မြှင့်တင်ရန် တိုက်ရိုက်ပေါင်းထည့်လိုက်သည်။
ခန္ဓာကိုယ်ထဲ ထူးခြားတဲ့ စွမ်းအားတစ်ခု စီးဝင်လာသလို ခံစားလိုက်ရသည်။
ခြေလက်နှင့်အရိုးများရှိ သွေးစီးဆင်းမှုနှုန်းတိုးလာပုံရပြီးအရိုးများသိပ်သည်းဆ အရင်ကထက် ပိုမိုပြင်းထန်လာသည်။!
"ဒါ ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အရင်ကထက် ပိုအားကောင်းလာစေတယ်"
နှင်းဝံပုလွေတစ်ကောင်အနေဖြင့် ဤကမ္ဘာတွင် အသက်ရှင်ကျန်ရစ်ရန် အခွင့်အလမ်း တိုးလာသည်။
ထို့အပြင် လုချန် သူ့အဆင့် တိုးလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် အရင်ကထက် အနည်းငယ်ပိုကြီးလာသည်။
နို့စို့နေသော ယိုချင်းယန် ထိတ်လန့်သွားပြီး သူမဘေးနားရှိ လုချန်း ကို အံ့သြတကြီး ကြည့်နေသည်။
သူမ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုတ်မဟုတ် မသိသော်လည်း သူ့အစ်ကို တခဏချင်း ကြီးထွားလာပုံရသည်။
သူမ ခေါင်းခါယမ်းလိုက်ပြီး နို့ဆက်စို့နေလိုက်သည်။
နို့စို့ ပြီးတာနဲ့ ယိုချင်းယန် ပိုနွေးတဲ့ထောင့်ကိုရှာပြီး အိပ်လိုက်တယ်။
ရက်အနည်းငယ်လေ့လာကြာပြီးနောက်၊ သူမ ဒီကမ္ဘာပေါ်မှာ ဝိညာဉ်စွမ်းအင်မရှိဟု သေချာလာခဲ့သည်။
ထို့ကြောင့် ယိုချင်းယန် သူမအရင်ဘဝက ကမ္ဘာ မဟုတ်ကြောင်း သိလိုက်သည်။
ဝိညာဉ်စွမ်းအင်မရှိရင် ဝိညာဉ်စွမ်းအင်နည်းပညာ လေ့ကျင့်ရန် နည်းလမ်းမရှိပါ။
"အဆင့် မြှင့်တင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် လေ့ကျင့် ရမယ်"
အရင်ဘဝ ယိုချင်းယန် နေထိုင်ခဲ့သည့် ကမ္ဘာတွင် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် များစွာရှိသည်။ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကိုသာလွန်အဆင့်ထိရောက်အောင်ကျင့်ကြံပါက အထွတ်အထိပ်သို့ ရောက်နိုင်သည်။
ဝိညာဏ်စွမ်းအား ကျင့်ကြံသော သူတော်စင်များသာမက ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် ဖြင့် သူတော်စင်အဆင့် ရောက်ရှိနေသောကျင့်ကြံသူများလည်းရှိသည်။
ဧကရီဖြစ်တဲ့ ယိုချင်းယန် သဘာဝအတိုင်း ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် ပြတ်တောက်မှုမရှိပါ။
မျက်လုံး မှိတ်ထားရင်း လက်ရှိအခြေအနေနဲ့ သင့်လျော်တဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သူမစိတ်ထဲတွင် ပေါ်လာသည်။
နည်းစနစ်ကို စတင်ကျင့်ကြံသည်နှင့် သူမခန္ဓာကိုယ်ရှိ အသွေးအသားများသည် အဆက်မပြတ် တွန့်လိမ်နေပြီး အခက်အခဲနဲ့ကြုံတွေ့လိုက်ရသည်။
ဝိညာဉ်စွမ်းအင်မရှိတဲ့ ဒီကမ္ဘာမှာ၊ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် လေ့ကျင့်ခြင်းက အနည်းငယ်ခက်ခဲသည်။
ဒါပေမယ့် ယိုချင်းယန် အတွက် ပြဿနာ တစ်ခုမဟုတ်ပါ။
သူမ အရင်ဘဝတွင် ကျင့်ကြံရန်အတွက် အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံခဲ့သည်။
သေခြင်း၊ရှင်ခြင်း အကျပ်အတည်း အမျိုးမျိုးကို ဖြတ်သန်းခဲ့သူဖြစ်သည်။ အချိန်နည်းနည်းပိုပေးပြီး အားစိုက်ထုတ်ရင် ဘာပြဿနာမှရှိမှာမဟုတ်ပေ။
ထိုအချိန် လုချန်း အောင်မြင်စွာ အဆင့်မြှင့်တင်ပြီး သူ့တစ်ကိုယ်လုံး အဆုံးမရှိသော စွမ်းအင်ရှိကြောင်း ခံစားမိသည်။
အဆက်မပြတ် စမ်းသပ်မှုတွေနဲ့ သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲကို ဂရုတစိုက် အာရုံခံပြီးနောက် ခန္ဓာကိုယ် ကြံ့ခိုင်မှု အရင်ကထက် အနည်းဆုံး နှစ်ဆလောက် တိုးတက်လာသည်။
သူသည် တလမပြည့်သေးသော ဝံပုလွေသားငယ်တစ်ကောင်မျှသာဖြစ်သည်။သို့ပေမဲ့ ခန္ဓာကိုယ်အရွယ်အစားသည် သုံးလသား ဝံပုလွေသားပေါက်နဲ့ ယှဉ်နိုင်ပါတယ်။
ဒီဆင့်ကဲဖြစ်စဉ်ကို လုချန်း ကျေနပ်အားရစေသည်။
ဒါပေမယ့် ရှောင်ပိုင် ထောင့်မှာ ကွေးကောက်နေတာကို ရုတ်တရက် သတိထားမိသည်။
ရှောင်းပိုင်၏ ပိန်ပါးသော ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်နေသည်။
"ရှောင်းပိုင် အအေးမိနေတာများလား"
နှင်းဝံပုလွေများသည် သဘာဝအတိုင်း အအေးဒဏ်ခံနိုင်သော မျိုးစိတ်များဖြစ်သောကြောင့် ရှောင်းပိုင် အအေးမိနေတာမဖြစ်နိုင်ပါ။
" ရှောင်ပိုင် အရမ်းအားနည်းနေပုံရတယ်။"
လုချန်း သက်ပြင်းတစ်ချက်ချကာ ရှောင်ဘိုင် အနားသို့ လျှောက်သွားလိုက်သည်။
ယိုချင်းယန် နွေးထွေးသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
မျက်လုံးဖွင့်၍ကြည့်လိုက်သောအခါ အစ်ကိုဖြစ်သူ အနားမှာ ရှိနေတာကို တွေ့လိုက်ရပြီး နွေးထွေးသောခံစားချက်သည်သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။