← Chapters

အခြားဝံပုလွေ မိသားစုများသို့သွားရောက်လည်ပတ်ခြင်း။

Vol. 1 Ch. 3

အခြားဝံပုလွေ မိသားစုများသို့သွားရောက်လည်ပတ်ခြင်း။

Vol. 1 Ch. 3

အနားတွင် ထွက်ပေါ်လာသော နွေးထွေးတဲ့ခံစားချက်က ယိုချင်းယန် နှလုံးသားထဲ နွေးထွေးစေသည်။

လုချန်း ရဲ့ရေခဲပြာမျက်လုံးများထဲတွင် နူးညံ့မှုနှင့်စိုးရိမ်မှုတို့ရှိနေသည်။

အရင်ဘဝ၌ သူမ လူသားမျိုးနွယ်အတွက် ဧကရီတစ်ပါး၊သိုင်ပညာလောကတွင်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

သူမ တစ်ချက်လှုပ်ရှားတိုင်း ကမ္ဘာကိုတုန်လှုပ်‌စေကာ သန်းပေါင်းများစွာသော သက်ရှိများ သူမရှေ့တွင် ဒူးထောက်ကြရသည်။

ကန့်သတ်နယ်မြေကို ပြန်လည်သိမ်းပိုက် ကာ၊လူသားမျိုးနွယ်ရဲ့ကျူးကျော်လာသူများကို နှိမ်နင်းပေးခဲ့ပြီး၊လူသားမျိုးနွယ်အတွက် ကြိုးကြိုးစားစား လုပ်ဆောင် ပေးခဲ့သည်။

သို့သော် သူမ ကာ‌ကွယ်ပေးနေသော လူသား များကသာနောက်ကျောကို ဓားနဲ့ထိုးခဲ့ခြင်းဖြစ်သည်။ 

အခု မွေးဖွားလာသည်မှာ တစ်လမျှသာရှိသေးသော ဝံပုလွေသား‌ပေါက်‌လေးတစ်‌ကောင်သည် မိသားစုဝင်များအချင်းချင်း တစ်ယောက်ကိုတစ်ယောက် မည်သို့ဂရုစိုက်ရမည်ကို သိရှိနေပြီဖြစ်သည်။

သူမ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖြေလျှော့ပြီး လုချန်း အား မှီလိုက်သည်။

ငွေဖြူဝံပုလွေလေးနှစ်ကောင်သည် အအေးဒဏ်ကို ခံနိုင်ရည်ရှိသယောင်ဖြင့် ‌အချင်းချင်းမှီခိုနေကြသည်။

မနက်စောစော ယိုချင်းယန် နိုးလားပြီးနောက် သူမ ဂူ အသစ်မှ ထွက်လာခဲ့သည်။

လုချန်းက ရှောင်ပိုင် အအေးဒဏ်ကိုခံနိုင်ရည်မရှိဟု ထင်သောကြောင့် သူ့ကိုယ်နှင့်နွေးထွေးလာအောင် လုပ်ပေးခဲ့ပြီး၊ သူ့ညီမအတွက် ဂူ တစ်ခုပြင်ပေးခဲ့ခြင်းဖြစ်သည်။

တကယ်တော့ လုချန်း ပြင်ဆင်ပေးထားတဲ့ ဂူ သည် မြက်ပင်အချို့၊သားမွေးအပိုင်းအစအချို့နဲ့ ဖွဲ့စည်းထားပြီး ရိုးရိုးရှင်းရှင်းနေရာတစ်ခုဖြစ်သည်။

အလွန်ကြမ်းတမ်းပြီး ရိုးရှင်းရုံသာမက ညှီနံ့သင်းသင်းလေးလည်း ရှိသည်။

အဆုံးမာတော့၊ တောရိုင်းထဲမှာ သန့်ရှင်းပြီး သက်တောင့်သက်သာ ထားဖို့ မဖြစ်နိုင်ပါ။

သို့သော် ဒီရိုးရှင်းတဲ့ ဂူ ကိုကြည့်ရင်း၊ သူမ၏ နှလုံးသားထဲတွင် အလွန်နွေးထွေးနေခဲ့သည်။

သူမ ယခင်ဘဝက ဆင်းရဲသော မိသားစုတွင် မွေးဖွားခဲ့ပြီး ကျင့်ကြံခြင်းနည်းစနစ်ကို မတော်တဆ သင်ယူခဲ့ခြင်းဖြစ်သည်။

သူမ ကိုယ်ပိုင်ဇွဲလုံ့လကို အားကိုးကာ ရက်စက်ကြမ်းကြုတ်သော သိုင်းပညာလောကတွင် အဆင့်ဆင့်ရုန်းကန်ခဲ့ရသည်။

ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများမရှိ မည်သူမျှ သူ့ကို အကူညီမပေးခဲ့ကြပေ။

လူအများ သူမရဲ့အလှကြောင့် မက်မောကြခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယိုချင်းယန် သန်မာကာ၊ရဲရင့်သော စိတ်ဓာတ်ရှိပြီး သူမအား ပိုးပန်းနေကြသော သြဇာကြီးမိသားစု သခင်လေးများကိုငြင်းဆန်ခဲ့သည်။ 

ယိုချင်းယန်သည် ဘဝအတက်အကျများကို ဖြတ်သန်းပြီးနောက် အထီးကျန်မှုကို ကျင့်သားရနေခဲ့ပြီဖြစ်သည်။

သူမ အခြားသူများထံမှ ဂရုစိုက်မှုကို ဘယ်သောအခါမှ မရရှိခဲ့ပေ။

ရက်စက်ကြမ်းကြုတ်သော သိုင်းပညာလောကတွင် အင်အားနည်းသူသည် အင်းအားကြီးသူရဲ့သားကောင် ဖြစ်သည်။

သို့သော် အခုတွင် သူမ စစ်မှန်သောနွေးထွေးမှုကိုခံစားရသည်။

ဒါ အစ်ကိုတစ်‌ယောက်ရဲ့ နွေးထွေးစွာဂရုစိုက်ခံရတဲ့ ခံစားချက်ဖြစ်သည်။

ယိုချင်းယန် အတွေးများကို လက်စသတ်ကာ ဝံပုလွေမိခင်ဆီသို့ သွားလိုက်သည်။

နည်းစနစ်ကို တစ်ညလုံး လေ့ကျင့်ပြီးနောက် သူမ စွမ်းအင်များစွာ သုံးစွဲခဲ့ရကာ မိခင်နို့ကို စို့ခြင်းဖြင့် သူမ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်သည်။

ဒီကမ္ဘာကြီး တွင် ဝိညာဉ်စွမ်းအင်မရှိ၊ ယင်းကြောင့် ဝိညာဉ်ရေးဆေးတွေ စားချင်ရင် မဖြစ်နိုင်သလောက်ပင်။

လုချန် အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်လိုက်သည်။

အစက ရှောင်းပိုင် ကို အတူတူနို့‌သောက်ဖို့ ခေါ်ချင်ပေမယ့် သူမ,ကတော့ မိခင်ဝံပုလွေအောက်မှာ လဲလျောင်းနေပြီး နို့စို့နေတာ တွေ့ခဲ့ရတယ်။

"ဒီအကောင်လေး သူ့အကျင့်စရိုက် ပြောင်းလဲပြီး သူ့ဘာသာသူ နို့သောက်နေတာလား?"

 မိခင်နို့သည် သူတို့ကို အမြဲနွေးထွေးစေသည်။

လုချန်း လာမည့်ရက်အနည်းငယ်တွင် ဆင့်ကဲပြောင်းလဲမှုအမှတ်များစုကာ အဆင့်မြှင့်ရန်အတွက် ပြင်ဆင်ကာ နို့သောက်ခြင်းဖြစ်သည်။

ထို့နောက် သူ့ညီမ ဘေးတွင် လှဲချလိုက်သည်။

လုချန်း သည် သူ့ညီမ ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အမှန်တကယ် အားနည်းနေသည်ကို တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

သူမ အတွက် နွေးထွေးတဲ့ ဂူ ကို ပြင်ပေးထားပြီးပြီ ဆိုပေမယ့် သူအိပ်နေတဲ့အချိန် တုန်လှုပ် နေဆဲပါပဲ။

ကူကယ်ရာမဲ့စွာဖြင့် သူ့ညီမကို ပို‌နွေးလာအောင် နေ့တိုင်း ကိုယ်အပူချိန်ဖြင့်နွေးထွေးအောင် လုပ်ပေးခဲ့သည်။

တစ်ဖက်တွင် ယိုချင်းယန် နေ့တိုင်း ကျင့်ကြံမှုတွင် နှစ်မြှုပ်နေခဲ့သည်။

သူမ နေ့စဉ် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ရင်း ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် တဖြည်းဖြည်း တိုးတက်လာသည်။

သူမရဲ့ ခန္ဓာကိုယ်ကလည်း အဟာရဓာတ် အများအပြားကို ဖြည့်တင်းရန် လိုအပ်‌‌သောကြောင့် သူမသောက်သောနို့ပမာဏဟာ အလွန်များပြားလာသည်။

လုချန်း တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ ဝံပုလွေမိခင်သည် နို့လုံလောက်စွာမထုတ်နိုင်တော့ပုံရသည်။ဘေးနားက သူ့ညီမလေးကို ကြည့်ကာ လုချန်း အံ့သြသွားရသည်။

ဒီအကောင်လေးက သူ့ထက် ဘာလို့ နို့ပိုစို့နိုင်လဲဆိုတာ သူ နားမလည်နိုင်ဖြစ်နေရသည်။

သို့သော် ရှောင်ပိုင် သည် ယခင်ကထက်အနည်းငယ် ဖွံဖြိုးလာကြောင်းမြင်နိုင်သည်။

ရှောင်ပိုင် တစ်ကိုယ်လုံးသည် တက်ကြွနေပုံရပြီး၊အမွေးများ ယခင်ကဲ့သို့ မခြောက်သွေ့တော့ပေ။

ရူးသွပ်စွာ နို့စို့နေဆဲဖြစ်သော ညီမလေးကို ကြည့်ရင်း နို့စို့နေတာ ကြာလှပြီဆို‌‌ပေမယ့် ဗိုက်မပြည့်လို့ မကျေမနပ် ဖြစ်နေတာ ထင်ရှားပါတယ်။

လုချန်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ထို့နောက် လုချန်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်သည်။

သူ ရှောင်းပိုင်ရဲ့ ခေါင်းလေးကို ပွတ်သပ်ပြီး လှိုဏ်ဂူထဲမှ ဆွဲထုတ်လာသည်။

ထို့နောက် သူက ဦးဆောင်ကာ ဂူထဲမှ ထွက်လာခဲ့သည်။

နို့စို့နေတာကို အနှောင့်အယှက်ပေးခဲ့သော သူမ အကိုကိုရှုပ်ထွေးမှုအချို့နဲ့ လှမ်းကြည့်လိုက်သည်။

သူ့အစ်ကို ဘာလုပ်ချင်မှန်း သူမ မသိသော်လည်းလုချန်းနောက်မှလိုက်သွားဆဲ၊

ယိုချင်းယန်သည် ဂူထဲမှ ပထမဆုံး အကြိမ် အပြင်ထွက်ခြင်းဖြစ်သည်။

ခဏလောက်‌နေတော့ အေးစက်တဲ့လေများက သူ့မ ခန္ဓာကိုယ်ကို တိုက်ခတ်သွားတယ်။

သူ့ပတ်ဝန်းကျင် လေထုထဲ၌အေးစက်မှုကိုခံစားလိုက်ရသည်။

သူမ, မြင်သမျှသည် အဖြူရောင်အကွက်များဖြစ်သည်။ နေရာတိုင်းတွင် ရေခဲနှင့် နှင်းများက ဖုံးလွှမ်းထားသည်။

"ဝူး~"

လုချန်း တိုးတိုးလေးအော်ကာယိုချင်းယန် သူ့နောက်ကို လိုက်ဖို့ လှုံ့ဆော်လိုက်သည်။

ယခုအချိန်သည် နှင်းဝံပုလွေမျိုးနွယ်စုအတွက် မျိုးပွား ရာသီဖြစ်သည်။

ထို့ကြောင့် ဤချိုင့်ဝှမ်းရှိ ဂူတိုင်းလိုလိုတွင် ဝံပုလွေသားပေါက်များကို မြင်တွေ့ရသည်။

လုချန်း ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်၊အဲဒါက သူ့ညီမကို အခြားမိသားစုရှိရာကို ခေါ်သွားဖို့ပါဘဲ။

ဘာပဲဖြစ်ဖြစ် နှင်းဝံပုလွေဘုရင်ရဲ့မျိုးဆက်အဖြင့် မွေးဖွားလာတာကြောင့် အခြားမိသားစုများကိုသွားရောက်လည်ပတ်တာက ပြဿနာမရှိပေ။

ဒီမှာ အေးခဲပြီး နှင်းတွေကျနေတယ်၊ ငါတို့ ဂရုစိုက်ရမယ်။

‌လုချန်း တို့နှစ်ယောက်က ဝံပုလွေဘုရင်ရဲ့ မျိုးဆက်ဖြစ်သောကြောင့် လူတိုင်းမျက်နှာပေးသင့်သည်။

ဤနည်းဖြင့် ဝံပုလွေသားပေါက်နှစ်ကောင်၊ ရေခဲ့နဲ့နှင်းများအတွင်းသို့ဝင်ရောက်သွားသည်။

လုချန်းသည် ရှေ့မှ တွင်းထဲသို့ ဦးစွာဝင်ရောက်ကာ သားပေါက်များကို နို့တိုက်ကာ ပွတ်တိုက်နေသော မိခင်ဝံပုလွေထံသို့ တည့်တည့် လျှောက်သွားလိုက်သည်။

ထိုရေခဲပြာမျက်လုံးတစ်စုံဖြင့် စိုက်ကြည့်ရင်း အလွန်ချစ်စရာကောင်း‌နေသဖြင့်မည်သူမှမငြင်းရက်နိုင်‌ပေ။

နှင်းဝံပုလွေအမ ခေါင်းညိတ်တာကို မြင်ပြီးနောက် လုချန်း သူ့ညီမ ရှောင်ပိုင် ကို သွားခေါ်ကာ ဂူအတွင်းဝင်ရောက်ခဲ့ကြသည်။

လုချန်း ခန့်မှန်းထား သလိုပဲ၊ သူတို့ နှင်းဝံပုလွေဘုရင်ရဲ့ မျိုးဆက် ဖြစ်သောကြောင့် ရောက်သည့်နေရာတိုင်းတွင်ကြိုဆိုခံရသည်။

သို့သော် နှင်းဝံပုလွေများက ထိုအကောင် လေးနှစ်‌ကောင်ကိုကြည့်ကာ အံ့အားသင့်သွားကြသည်။

သူတို့မွေးတာ တစ်လ‌လောက်ပဲရှိအုံးမယ် ဒါပေမယ့် အစားအရမ်းကြီးတယ်....

All Chapters