← Chapters

ပထမဆုံးအကြိမ် အသားစိမ်းစားခြင်း

Vol. 1 Ch. 5

ပထမဆုံးအကြိမ် အသားစိမ်းစားခြင်း

Vol. 1 Ch. 5

ဒီဂူ က သိပ်မကြီးပေ။

အခု လုချန်း ဝင်‌ရောက်လာတော့ ရွှေ့ဖို့နေရာမကျန်တော့‌ပေ။

သို့သော်လည်း လုချန်း အတွက် အဆင် မပြေမှုတစ်စုံတစ်ရာ မခံစားရပေ။

ဤထူးဆန်းသောကမ္ဘာ၌ ဘေးတွင် ချစ်ရသူရှိခြင်းက အကြီးမားဆုံးနွေးထွေးမှုဖြစ်သည်။

သူ့ဘေးနား၌ ခန္ဓာကိုယ် အပူချိန် ခံစားရတော့ ယိုချင်းယန် သက်တောင့်သက်သာ ရှိလှသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက သူမ အစ်ကိုဖြစ်သူနဲ့အတူတူအိပ်လေ့ရှိသည်။

ထိုကဲ့သို့ပင် ဝံပုလွေလေးနှစ်ကောင် အတူ ပွေ့ဖက်ပြီး တစ်ကောင်က ခန္ဓာကိုယ်နည်းစနစ် လေ့ကျင့်ရင်း ကျန်တစ်ကောင်မှာ မျက်လုံးမှိတ်ထားကာ အနားယူနေသည်။

……

အချိန်များက တဖြည်း ဖြည်း ကုန်ဆုံးလာကာ မကြာခင်‌ နေဝင်‌တော့မည်ဖြစ်သည်။

နေဝင်ချိန်၏ နီရဲသော နေရောင်ခြည်သည် ချိုင့်ဝှမ်းတစ်လျှောက် ဖြာကျနေသည်။

အေးခဲပြီး နှင်းထူထပ်သော တောင်သည် အနီရောင်အလွှာဖြင့် ဆေးဆိုးထားသကဲ့သို့။

"အာဝူးးး!"

"အာဝူးးး!"

ဝံပုလွေအူသံများ ချိုင့်ဝှမ်းပြင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအချိန် နှင်းထူထပ်နေတဲ့ တောင်ကြားအပြင်ဘက်တွင် အရွယ်ရောက်သန်မာသော နှင်းဝံပုလွေအုပ်စုကြီးသည် ချိုင့်ဝှမ်းသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

နှင်းဝံပုလွေအုပ်စုသည် စည်းကမ်းကောင်းမွန်ပြီး၊စနစ်တကျဖွဲ့စည်းကာ ချီတက်လာသည်။

ချိုင့်ဝှမ်းသို့ ရောက်တော့မယ်ဖြစ် သော်လည်း နှင်းဝံပုလွေများရဲ့ သတိရှိမှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။

နှင်းတွေပေါ်မှာ လမ်းလျှောက်သံတွေ တလိမ့်လိမ့်နဲ့ သားကောင်ဆွဲသံများ ကြားရသည်။

ဝံပုလွေအုပ်စုရဲ့ အလယ်တွင် ထူးခြားတဲ့ နှင်းဝံပုလွေတစ်ကောင်ကို တွေ့နိုင်သည်။

ထိုဝံပုလွေသည် အခြား အရွယ်ရောက် နှင်းဝံပုလွေများထက် ကြီးမားပြီး သန်မာသည်။

သူသည် နှင်းဝံပုလွေအားလုံးရဲ့ဘုရင်ဖြစ်သလို၊နှင်းဝံပုလွေအုပ်စုကို ကာကွယ်သူလည်းဖြစ်သည်။ထိုအခိုက်အတန့်တွင် လေအေးများက ငွေရောင်ဆံပင်များကို ဖြတ်တိုက်ခတ်နေကာ အေးစက်သော မျက်လုံးများနှင့် ဘုရင်တစ်ပါးရဲ့ အရှိန်အဝါ လွှမ်းခြုံထားသည်။

တစ်ချိန်တည်းမှာ ချိုင့်ဝှမ်းအတွင်းမှ ဝံပုလွေအူသံများ ထွက်ပေါ်လာသည်။

နှင်းဝံပုလွေများသည် ဂူများမှ ထွက်လာကာ ချိုင့်ဝှမ်းအဝင်ဝ ဆီသို့ ပြေးသွားကြသည်။

မူလက ရေခဲနှင့်ဆီးနှင်းများဖုံးလွှမ်းကာ တိတ်ဆိတ်နေသော ချိုင့်ဝှမ်းသည် ယခုအခိုက်အတန့်တွင် အသက်ဝင်လာသည်။

အမဲလိုက်ရာမှ ပြန်လာသော နှင်းဝံပုလွေအုပ်စု ဆတ် ကောင်ကြီးများစွာဆွဲယူလာသည်။

နှငဝံပုလွေဘုရင်သည် ဆတ် တစ်ကောင်ဆွဲယူကာထွက်လာသည်။

နှင်းဝံပုလွေဘုရင် ထွက်လာတာကို တွေ့လိုက်သည်နှင့်နှင်းဝံပုလွေများစွာက နောက်ပြန်ဆုတ်သွားပြီး ဦးညွှတ်ကာခေါင်းငုံ့ထားကြသည်။

အိပ်ပျော်နေသော လုချန်း အပြင်ဘက်မှ အသံများ ယောင်ဝါးဝါးကြားလိုက်ရပြီး အိပ်ငိုက်နေသော မျက်လုံးများကို ဖွင့်လိုက်သည်။

လှိုင်ဂူ၏အဝင်ဝတွင် ငွေဖြူရောင်ပုံသဏ္ဍာန် တစ်ခုတွေ့လိုက်ရသည်။

အပြင်မှ ဆူညံသံများက အောင်ပွဲခံနေသောအသံများဖြစ်သည်။ဝံပုလွေများသည် နောက်ထပ် အောင်မြင်သော အမဲလိုက်ခြင်း နှင့်အတူ ပြန်လာပြီဖြစ်ကြောင်း သူသိလိုက်သည်။

လုချန်း ဤကဲ့သို့ မြင်ကွင်းကို နှစ်ကြိမ်သုံးကြိမ် ကြုံဖူးသည်။

ပထမတော့ ချိုင့်ဝှမ်းမှာရှိတဲ့ နှင်းဝံပုလွေများ ရန်သူတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

လုချန်း ထိုအချိန်တွင် ကြောက်လန့်သွားခဲ့သည်။

"ငါလေးက ကံကောင်းလို့ပြန်မွေးဖွားရုံဘဲရှိသေးတယ် ထပ်ပီး ကြွ တော့မာလား"

ကံကောင်းထောက်မစွာနဲ့ရန်သူမဟုတ်ဘဲ ဖခင်ဖြစ်သူ ဝံပုလွေဘုရင်ဖြစ်ကြောင်း သူသိလိုက်ရသည်။

သိပ်မကြာခင် လုချန်း ကြီးမားတဲ့ ငွေဖြူနှင်းဝံပုလွေကြီးကို တွေ့လိုက်ရသည်။

အရွယ်ရောက်ပြီးသော နှင်းဝံပုလွေထက် နှစ်ဆပိုသော ဆတ်တစ်ကောင်ကို သူ့ပါးစပ်နဲ့ ဆွဲယူကာ ဂူထဲသို့ဝင်ရောက်လာသည်။

လုချန်းသည် နှင်းဝံပုလွေဘုရင် သားကောင်နှင့် ဂူ အတွင်းသို့ဝင်လာသည်ကို မြင်ရခြင်းက ပထမဆုံးအကြိမ်မဟုတ်ပေ။

အလွန်သန်မာသော ငွေဖြူ ဝံပုလွေကြီးကို မြင်တိုင်း လုချန်း အားကျမိသည် ။

နှင်းဝံပုလွေများက နှင်းထူထပ်သော တောင်များတွင် နေထိုင်သည့် ထူးခြားမျိုးစိတ်တစ်ခုဖြစ်သည်။ ငွေဖြူအမွေးနှင့် ရေခဲ-အပြာရောင် မျက်လုံးများဖြင့် ဤကမ္ဘာပေါ်တွင် သူရဲကောင်းဆန်သော သတ္တဝါဖြစ်သည်။

ထို့အပြင် နှင်းဝံပုလွေဘုရင်သည် အခြားနှင်းဝံပုလွေများထက် အမြင်အာရုံအား‌ကောင်းပုံရသည်။

ထိုရေခဲပြာမျက်လုံးများက ငြိမ်သက်နေသော်လည်း ကြီးစိုးမှုဖြင့်ပြည့်နေသည်။

ဧကရာဇ်မင်းတစ်ပါး ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ကောင်းကင်ပြိုကျသွားသည့်တိုင် တည်ငြိမ်နေသကဲ့သို့ပင်။

အကြိမ်ရေ မည်မျှ တွေ့ဆုံခဲ့ပါစေ နှင်းဝံပုလွေသည်လုချန်း အားမမြင်နိုင်တဲ့ ဖိနှိပ်မှု ခံစားချက်ကို အမြဲပေးခဲ့သည်။

ကံကောင်းထောက်မစွာ၊နှင်းဝံပုလွေဘုရင်သည် သူတို့၏ဖခင်ဖြစ်သည်။

လုချန်း နှင့် ယိုချင်းယန် တို့ကို ကြည့်လိုက်သောအခါ သွေးချင်းဆက်နွယ်နေသည့် ခံစားချက်သည် နှင်းဝံပုလွေဘုရင်ရဲ့ မျက်လုံးအနည်းငယ်လှုပ်ရှားသွားသည်။

နှင်းဝံပုလွေဘုရင်သည် ကြီးမားသောခွန်အားဖြင့် ဆတ်သေအလောင်းကို ဆွဲယူသွားသည်ကိုကြည့်ရင်း လုချန်း နှလုံးသားထဲတွင် ခံစားချက်များလှိုင်းထန်လာသည်။

ဖခင်ရဲ့ ခိုင်ခံ့သောကျောပြင်သည် ကောင်ကင်ပြိုရင်တောင်ထမ်းထားနိုင်ပုံရသည်။

နှင်းဝံပုလွေအမသည် နှင်းဝံပုလွေဘုရင် ပြန်လာတာကိုမြင်တဲ့အခါ အလွန်စိတ်လှုပ်ရှားကာ ဂူပေါက်ဝကို အမြန်ပြေးသွားသည်။

ငွေဖြူ နှင်းဝံပုလွေနှစ်ကောင်သည် အချင်းချင်း ပွတ်သတ်ကာ ပျော်ရွှင်စွာ အော်ဟစ်ရင်း တစ်ယောက်ကို တစ်ယောက် ဖက်ထားသည်။

ဝံပုလွေတစ်ကောင်၏ အချစ်သည် သစ္စာရှိပြီး တစ်သက်တွင် လက်တွဲဖော်တစ်ဦးသာရှိသည်။

သူတို့ တစ်ယောက်ကို တစ်ယောက် မှီခို ကြပြီး၊ဤရေခဲနှင့် နှင်းကမ္ဘာတွင် ရှင်သန်ရန် အတူတကွကြိုးစားလုပ်ဆောင်ကြသည်။

နှင်းဝံပုလွေဘုရင်သည် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေအထီးများကို အမဲလိုက်ထွက်စေပြီး၊နှင်းဝံပုလွေအမများက သူတို့သားပေါက်များအား ဂူထဲတွင်မွေးမြူစောင့်ရှောက်ကြသည်။

လုချန်း နှင့် ယိုချင်းယန် တို့သည် တိတ်ဆိတ်စွာ ဘေးနားတွင် ရပ်နေကြသည်။ 

အသားစိမ်းစားပြီး သွေးသောက်သော ဤသားရဲများပင်လျှင် ကမ္ဘာပေါ်တွင် အရိုးသားဆုံး စိတ်ခံစားမှုများ ရှိသည်။

ထို့နောက် နှင်းဝံပုလွေအမျိုးသမီးသည် ဆတ်သေကောင်ဆီသို့ သွားကာ စ,စားသည်။ အထူးသဖြင့် အလွန်လောဘကြီးသော သားပေါက်နှစ်ကောင်ကို မွေးမြူ ထားရခြင်းကြောင့် မိခင်ဝံပုလွေအတွက် အခွန်ကောက်ခြင်းပင်ဖြစ်သည်။

နှင်းဝံပုလွေအမ၏ ကိုက်အားသည် အံ့မခန်းပင်။ သူမသည် သူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ပြန်လည်ဖြည့်တင်းရန်အတွက် မြန်ဆန်စွာစားသုံးလျက်။

ဂူအတွင်းက အပြင်မှာထက် ပိုနွေးသည်။ ဂူအတွင်း ရေခဲနှင့် နှင်းများ အရည်ပျော်လာသည်နှင့်အမျှ အသားစိမ်း၏ သွေးနံ့သည် လှိုဏ်ဂူအတွင်း ပျံ့နှံ့သွားသည်။

အထူးသဖြင့် ကိုယ်တွင်းအင်္ဂါတွေရဲ့ အနံ့နဲ့ ရောစပ်လိုက်တဲ့အခါ အနံ့က ပိုလို့တောင် မနှစ်မြို့စရာပါပဲ။

ယခင်ဘဝကဧကရီဖြစ်ခဲ့သော ယိုချင်းယန် မအီမသာဖြစ်နေသည်။

ဆန့်ကျင်ဘက် လုချန်း သူ့စိတ်ထဲမှာ အတွေးများစွာနဲ့ ဆတ်ရဲ့အလောင်းကို စိုက်ကြည့်နေတယ်။

"နို့သောက်ရင်‌တောင်ဆင့်ကဲပြောင်းလဲအမှတ်ရနိုင်ရင် အသားစားမယ်ဆိုရင် အမှတ် ပိုရနိုင်‌လား"

"အဆင့်မြှင့်ဖို့လိုတဲ့ ဆင့်ကဲပြောင်းလဲအမှတ်များလာပြီ။နို့တစ်ခုတည်းသောက်ရုံနဲ့ မလုံလောက်‌တော့ဘူး။"

ခဏလောက်စဉ်းစားပြီးနောက် လုချန်း ဆတ်သေကောင်ကို စမ်းစားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

ဝံပုလွေများသည်တစ်ကောင်နဲ့တစ်‌ကောင် ရင်းနှီးတဲ့ဆက်ဆံရေး ရှိပင်မဲ့ သူတို့သည် များသောအားဖြင့် အစားအစာများကို ကာကွယ်တတ်ကြသည်။

သို့သော် လုချန်း သူတို့၏ကလေးဖြစ်‌သောကြောင့် နှင်းဝံပုလွေဘုရင်နှင့် မိခင်ဝံပုလွေ သူ့အားမ,မောင်းထုတ်ခဲ့ပါ။

သွေးစွန်းနေသော အလောင်းကိုမြင်‌တော့ လုချန်း မူးဝေသွားသည်။

"ငါ ဝံပုလွေတစ်ကောင်ဖြစ်သွားပြီ၊ ငါဘာလို့ကြောက်နေရမာလဲ၊ ဘယ်ဝံပုလွေက အသားမစားလို့လဲ"

"တိုးတက်ပြီး အဆင့်မြှင့်ဖို့၊ တိုက်ပွဲဝင်ရမယ်။"

အနည်းငယ် ရွံမုန်းသော်လည်း လုချန်း စားရန် ကြိုးစားဆဲပင်။

"ဒင်၊ ရိုးရိုးအသားစိမ်းစားပြီး ဆင့်ကဲပြောင်းလဲခြင်းအမှတ် 0.7 ရရှိပါသည်။"

စနစ်သတိပေးချက်ကြားပြီးနောက် လုချန်း မျက်လုံးများ တောက်ပလာသည်။

"ငါ‌ မျှော်လင့်ထားတဲ့အတိုင်း အသားစားရင် ဆင့်ကဲပြောင်းလဲခြင်းအမှတ်ပိုတယ်"

"ရှလွတ်...ရှလွတ်"

ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ လှုံ့ဆော်မှုကအာက်တွင် လုချန်း အငမ်းမရ စားသောက်နေသည်။ 

သူ့ဦးခေါင်းလေး သွေးများဖြင့်ဖုံးလွမ်း !‌ နေသည်ကို ဂရုမစိုက်‌တော့ပေ။

ဒါကိုမြင်တော့ ဘေးနားက ဝံပုလွေဘုရင် အံ့သြဝမ်းသာမှုနဲ့ ပြည့်နေတယ်။

"အသက်တစ်လပဲရှိသေးတဲ့ ငါ့သားလေးက အသားစားနိုင်နေပီ"

နှင်းဝံပုလွေအမျိုးသမီး၏ အေးစက်သောအပြာရောင်မျက်လုံးများသည် ကြင်နာယုယမှုနဲ့ပြည့်နှက်နေသည်။

အနည်းငယ် မအီမသာဖြစ်နေဆဲဖြစ်သော ယိုချင်းယန်သည် လုချန်း မြိန်ရေရှက်ရေစားနေသည်ကို မြင်လိုက်ရတဲ့အခါ သူမခေါင်းခါယမ်းလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်း သူကထူးခြားတယ်"

All Chapters