အဆင့်တက်ခြင်း
Vol. 1 Ch. 4
နှင်းတောင်ပေါ်ရှိ နှင်းများက တစ်နှစ်ပတ်လုံး အရည်ပျော်ခြင်းမရှိပေ။
လုချန်း နှင့် ယိုချင်းယန် မွေးဖွားလာသည်မှာ တစ်လသာရှိသေး သော်လည်း သူတို့ခန္ဓာကိုယ်သည် အလွန်ပေါ့ပါးပြီး နှင်းများပေါ်သို့ကောင်းစွာ လမ်းလျှာက်နိုင်သည်။
နှင်းဖြူ ချိုင့်ဝှမ်းတွင် ငွေဖြူနှင်းဝံပုလွေ အကောင်လေးနှစ်ကောင် နှင်း များပေါ်တွင် ပြေးလွှားနေသည်။
သူတို့ကို မကြာသေးမီက မွေးဖွားခဲ့သော်လည်း အခြားသော ဝံပုလွေသားပေါက်များနှင့် နှိုင်းယှဉ်ပါက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကွာဟချက်ကြီးမားနေပြီဖြစ်သည်။
ထို့နောက် အခြား နှင်းဝံပုလွေတွင်းများကို သွားရောက်ခဲ့သည်။
ယိုချင်းယန် တစ်နေ့တွင် သားရဲတစ်ကောင်ဖြစ်လာပြီး မိသားစုများစွာ၏ အစာကို စားရမည်ဟု မမျှော်လင့်ခဲ့ပေ။
အခု သူမ နှင်းဝံပုလွေဘဝနဲ့ နေသားကျကာ ယခင်ဘဝက ဧကရီအမှတ်အသားကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။
သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ အဟာရဓာတ် လိုအပ်ချက်ပိုများလာသည်။
လုချန်း ဂူ သို့ပြန်လာပြီးနောက် သက်တောင့်သက်သာ လှဲလျောင်းကာ ရည်ညွှန်းချက်ဘောင်ကို စစ်ဆေးခဲ့သည်။
[အမည် - လုချန်း]
[အသက်- တစ်လ ]
[အဆင့်- 2 (0~200)]
[ကျွမ်းကျင်မှုများ-
ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ရည်(အစောပိုင်းအဆင့်)
အစာခြေဖျက်ခြင်း(အစောပိုင်းအဆင့်)
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- 205]
"အစာခြေဖျက်တာလား၊ဒီလောက်ကောင်းတဲ့ အရာ ရှိသေးတာလား?"
ကျွမ်းကျင်မှုအသစ်ကို ကြည့်ရင်း လုချန်း မျက်လုံးများ တောက်ပလာသည်။
"ဒါ အသုံးဝင်တဲ့စွမ်းရည်တစ်ခုဘဲ"
လုချန်း ပါးစပ်ထောင့်မှ အပြုံးတစ်ခုပေါ်လာသည်။
ထိုအချိန်ကာလအတွင်း နှင်းဝံပုလွေများ၏ အကူအညီရယူခြင်းဖြင့် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များရရှိခဲ့သည်။
ဆင့်ကဲပြောင်းလဲခြင်းအမှတ်က နောက်တစ်ဆင့်တက်ရန် လုံလောက်နေပြီဖြစ်သည်။
ထို့နောက် ဆင့်ကဲပြောင်းလဲခြင်းအမှတ် များကိုအဆင့်မြှင့်တင်ရန်ပေါင်းထည့်လိုက်သည်။
အရင်လို ခန္ဓာကိုယ်ထဲမှ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ထွက်ပေါ်သည်။
အဆင့်မြှင့်ပြီးနောက်၊ လုချန်း ခန္ဓာကိုယ်သွေးစီးဆင်းမှုနှုန်း အရင်ကထက် ပိုမြန်လာကာ ခန္ဓာကိုယ်အနှံ့ ကြွက်သားများ အဆက်မပြတ် စုတ်ပြဲပြီး ပြန်လည်ဖွဲ့စည်းလာသည်။
အရိုးတွေ ပိုမာကျောလာကာ ကြွက်သားတစ်သျှူးများ အရင်ကထက် ပိုဖွံ့ဖြိုးလာသည်။
ဒီလောက်နဲ့တင်မပြီးသေးဘဲ သူ့အာရုံငါးပါး အရင်ကထက် ပိုရှင်းသွားသည်ဟု ခံစားရသည်။
သူ အတွင်းအင်္ဂါများ ပိုမိုအားကောင်းလာပြီး ပြင်းထန်သောနှလုံးခုန်သံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
ခန္ဓာကိုယ်ကြံခိုင်မှုအရင်ကထက်ထိုတက်လာခဲ့ပြီး၊လုချန်း နှာခေါင်းမှ အဖြူရောင်အငွေ့များ မှုတ်ထုတ်လိုက်သည်။
လုချန်း အခု တစ်လသားအရွယ် ဝံပုလွေကလေးတစ်ကောင်မျှသာ ရှိသေးသော်လည်း၊ရွက်တူများထက် အနည်းငယ်ပိုကြီးမားသည်။
အတွင်းအင်္ဂါများ၊ ကြွက်သားများနှင့် အရိုးများ ကြီးကြီးမားမားပြောင်းလဲသွားသည်။မျက်လုံးများကိုဖွင့်ပြီးနောက် သူ အမြင်အာရုံသည် အလွန်ရှင်းလင်းသွားသည်ကို ခံစားလိုက်ရသည်။
မှောင်မိုက်သော ဧရိယာများ အခုတွင် အလွန်ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီဖြစ်သည်။
ရေခဲပြာမျက်လုံးများသည် ကြည်လင်ပြတ်သားပြီး ကျောက်စိမ်း ကဲ့သို့ တောက်ပနေသည်။
ခြေလက်တွေရဲ့သန်မာမှု၊ ခန္ဓာကိုယ်ရဲ့ တောင့်တင်းမှုနဲ့ ကိုက် အားများ သိသိသာသာ တိုးတက်လာသည်။
အဆင့် 2 တွင် လုချန်း ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သုံးလသားအရွယ် ဝံပုလွေများနှင့်ယှဉ်နိုင်သည်။
အဆင့် 3 ရောက်ပြီးနောက် လုချန်း ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် တစ်နှစ်အရွယ် နှင်းဝံပုလွေများထက် အားမနည်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။
သူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲများကို ခံစားမိပြီး လုချန်းခေါင်းကိုညင်သာစွာ ခါယမ်းလိုက်ရင်း မာနကြီးသောအကြည့်များ သူ့ မျက်လုံးတွင်ပေါ်လွင်နေသည်။
လေ့ကျင့်ရန်ပြင်ဆင်နေသော ယိုချင်းယန် ရုတ်တရက်မျက်ဖွင့်ပြီးလုချန်းအားကြည့်လိုက်သည်။
လာနောက်နေတာလား။
သူ့အကို့ ဆီက ထွက်လာတဲ့ အငွေ့အသက် ပိုပြင်းထန်လာသည်။ ယိုချင်းယန် ထိုခိုက်အတန့်တွင် ထိတ်လန့်သွားသည်။
အရင်က သူ့အကို ခန္ဓာကိုယ်ထွားလာတုန်းကသူမ အလေးအနက်မထားခဲ့ပေ။ ခန္ဓာကိုယ်အားနည်း၍ထင်ယောင်ထင်မှားဖြစ်သည်ဟုမှတ်ယူခဲ့သည်။
အခု သူမ ဖြည့်စွက်စာသောက်ပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို စတင်လေ့ကျင့်နေပြီဖြစ်သည်။
လုချန်းရဲ့ ခန္ဓာကိုယ် ထူခြားမှုရှိကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
"ငါ့အစ်ကိုက ငါ့လို ခန္ဓာကိုယ်နည်းစနစ် လေ့ကျင့်နေတာလား"
"မဟုတ်ဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး"
" ငါ ဧကရီဖြစ်ပေမဲ့ ကျင့်ကြံမှုအရှိန်က အဲ့လောက်မမြန်ဘူး..."
"ငါ့အစ်ကိုမှာ ထူးခြားတဲ့သွေးမျိုးဆက် ရှိနေတာလား"
"နှင်းဝံပုလွေဘုရင်ရဲ့ အကြီးဆုံးသားဖြစ်လို့ အထူးအသွေးမျိုးဆက် ရှိနေတာလား"
ယိုချင်းယန် စိတ်ရှုပ်ထွေးကာ ခေါင်းခါလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမ နှလုံးသားထဲ အရေးတကြီးခံစားချက် ရလိုက်သည်။
သူမအရင်ကမ္ဘာတွင် လွှမ်းမိုးခဲ့သောဧကရီဖြစ်သောကြောင့် ဒီဘဝတွင် လူတိုင်းထက် သာလွန် မည်ဖြစ်ကြောင်းယုံကြည်ခဲ့သည်။
အခု သူသည် မွေးကင်းစနှင်းဝံပုလွေ ကိုတောင်မယှဉ်နိုင်သေးပေ။
ယိုချင်းယန် မျက်လုံးများ အမြန်မှိတ်ကာ ကျင့်ကြံခြင်းတွင် စိတ်နှစ် လိုက်သည်။
အဆင့်တက်ပြီးနောက် လုချန်း စိတ်လှုပ်ရှားကာ ပြေးလွှားနေသည်။
ဂူသို့ ပြန်ရောက်ချိန်တွင် ရှောင်ပိုင် လဲလျောင်းနေပြီး တုန်တုန်ယင်ယင် ဖြစ်နေတာကို တွေ့လိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ ရှောင်းပိုင် ဒီအတောအတွင်း ကျမ်းမာ နေပြီ မဟုတ်လား"
"ငါနဲ့ငါ့ညီမ က ဝံပုလွေသားပေါက်တွေထဲမှာ အသန်မာဆုံးပဲ"
"အနည်းဆုံး အခြား နှင်းဝံပုလွေလေးတွေ သူ နဲ့ နို့ပြိုင်မစို့နိုင်ဘူး..."
"အမိဝမ်းထဲမှာ မျိုးရိုးဗီဇ ချို့ယွင်းသွားတာ ဖြစ်နိုင်လား။နို့ အများကြီး သောက်ပြီးဘာလို့နေမကောင်းဖြစ်နေသေးတာလဲ"
မည်သည့် ကျင့်ကြံရေးနည်းစနစ်ကိုမျှ မထိတွေ့ဖူးသော လုချန်း သည် အခုအချိန်တွင် ယိုချင်းယန် ကျင့်ကြံနေမှန်း မသိခဲ့ပေ။
ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ် အလွန်အစွမ်းထက်သော်လည်း သူမ လက်ရှိတွင် အရွယ်မရောက်သေးသော သားပေါက်လေးတစ်ကောင်သာဖြစ်သည်။
ယင်းကြောင့် ခန္ဓာကိုယ်နည်းစနစ်ကျင့်ကြံ နေချိန်တွင် ခန္ဓာကိုယ် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေခြင်းဖြစ်သည်။
လုချန်း ခေါင်းခါယမ်းလိုက်ပြီး ရှောင်ပိုင် နှင့်အတူ အိပ်လိုက်သည်။
ဝံပုလွေသားငယ်နှစ်ကောင်သည် တစ်ဖန် ပူးကပ်နေပြန်သည်။
ငါလုပ်နိုင်တာ ဘာမှမရှိဘူး၊ ငါ့မှာ ဒီညီမတစ်ယောက်ပဲရှိတယ်။