နို့ဖြတ်ခံရသော လုချန်း
Vol. 1 Ch. 6
နွေးထွေးသောနေရောင်ကြောင့် ရေခဲပြာမျက်လုံးများက အရည်ပျော်သွားပုံရသည်။
အပြင်မှာ သူက အေးစက်ပြီး အစွမ်းထက်တဲ့ နှင်းဝံပုလွေဘုရင် ဖြစ်သည်။
သို့သော်ဂူထဲတွင်တော့ ဖခင်တစ်ယောက်သာဖြစ်သည်။
အေးခဲပြီး နှင်းထူထပ်နေသော တောင်တန်းတွင် ဝံပုလွေများ ရှင်သန်ရန် သူ့ ခေါင်းဆောင်မှု ကိုလိုအပ်သည်။
ဝံပုလွေဘုရင်အနေဖြင့် အမဲလိုက်ခြင်းတိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး လှိုင်ဂူသို့ ပြန်လာရန် အချိန်အနည်းငယ်သာရှိသည်။
လုချန်း တစ်လသားအရွယ်တွင် အသားစတင်စားနိုင်သည်ကိုမြင်ရသောအခါ သူအလွန်ဂုဏ်ယူမိသည်။
လုချန်း ဆင့်ကဲပြောင်းလဲအမှတ်များ တိုးမြင့်လာရန် အသားကိုရှူးသွပ်,စွာစားသောက်နေသည်။
သူ့ခေါင်းထက်က နှင်းဝံပုလွေဘုရင် အစာမစားတော့ဘဲ သူ့ကို ညင်သာစွာ ကြည့်နေသည်ကိုသတိမထားမိလိုက်ပေ။
"မင်းက ငါ့သားဖြစ်ထိုက်တယ်၊ မင်း အနာဂတ်မှာ သေချာပေါက်သန်မာလာလိမ့်မယ်၊နှင်းဖြူဝံပုလွေမျိုးနွယ်စုက ဘုရင်အသစ်ဖြစ်ချင်ရင် ဝံပုလွေဘုရင်ဟောင်းကို စိန်ခေါ်ရမယ်"
အနိုင်ရမှသာလျှင် နှင်းဖြူဝံပုလွေ မျိုးနွယ်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်ဖြစ်သည်။
နှင်းဝံပုလွေဘုရင် သူ့သားအပေါ်ယုံကြည်သည်။ သူ့အမြင်အရ တစ်လသားအရွယ်မှာ အသားစားနိုင်တဲ့အတွက် သူ့သားဟာ သန်မာပြီး သန်မာလာမှာ သေချာသည်။
ထို့နောက် နှင်းဝံပုလွေဘုရင် သူ့ဘေးနားရှိ နှင်းဝံပုလွေမိခင်ကို ကြည့်ကာ မျက်လုံးဖြင့် အချက်ပြလိုက်သည်။
တစ်ယောက်နဲ့တစ်ယောက် နှစ်ပေါင်းများစွာ မှီခိုလာတဲ့ လက်တွဲဖော်တွေဖြစ်တဲ့ နှင်းဝံပုလွေအမျိုးသမီးက ချက်ချင်း ဆိုလိုရင်းကို နားလည်လိုက်သည်။
နှင်းဖြူဝံပုလွေမျိုးနွယ်ရဲ့ဘုရင် အဖြစ်ပြုစုပျိုးထောင်ရန် အချက်ပြခဲ့ခြင်းဖြစ်သည်။
နှင်းဖြူဝံပုလွေမျိုးနွယ်ဘုရင် အဖြစ်ပြုစုပြိုးထောင်ရန် လုချန်း အား မိခင်နို့စို့ ခွင့်မပေးတော့ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ဝံပုလွေများသည် အသားစားရရန် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ကြသည်။ အသားကို အဆက်မပြတ်စားခြင်းဖြင့်သာ နှင်းဝံပုလွေများ၏ခန္ဓာကိုယ်ကို သန်မာစေပြီး ပိုမိုအားကောင်းလာမည်ဖြစ်သည်။
ဝံပုလွေဘုရင်၏သားတော်အနေဖြင့် ဝံပုလွေဘုရင်၏ရဲစွမ်းသတ္တိကိုပြသရန်၊ စောစီးစွာနို့ဖြတ်ရန် နှင့် အသားစားခြင်းဖြင့်သန်မာလာရမည်ဖြစ်သည်။
နှင်းဝံပုလွေမိခင်သည်လည်းဒီအချက်ကို သဘောတူသည်။
ဝံပုလွေအုပ်စုကိုယ်တိုင်က အသင့်တော်ဆုံး ရှင်သန်မှုကို အလေးပေးသည့် ဂေဟစနစ်ရှိသော မျိုးနွယ်တစ်ခုဖြစ်သည်။
ဝံပုလွေကလေးများ သန်မာလာမှသာလျှင် အနာဂတ်တွင် ဝံပုလွေအဖွဲ့၌ ရာထူးတစ်ခုရနိုင်မည်ဖြစ်သည်။
မိခင်ဝံပုလွေသည် လုချန်းအားနို့ဖြတ်လိုက်ရခြင်းအတွက်ဝမ်းနည်းမှု အနည်းငယ် မျှမခံစားရပေ။ ယင်းအစား သူမ အလွန်ဂုဏ်ယူမိသည်။
အသားစားရင်းအလုပ်ရှုပ်နေသောလုချန်းသည် သူနို့ဖြတ်ခံရကြောင်း မသိခဲ့ပေ။
စားပြီးသောအခါ လုချန်း အမွေးထူသော ဦးခေါင်းလေးသည် နီညိုရောင်ပြောင်းသွားသည်။
သူ့ဝမ်းဗိုက်ကို ထိကာ လုချန်း အလွန်ကျေနပ်နေပုံရသည်။
နှင်းဖုံးနေသော တောင်တန်းမှာ နေထိုင်တဲ့ ဆတ်တွေဟာ ပရိုတင်းနဲ့ အဆီဓာတ်တွေ ကြွယ်ဝကာ စွမ်းအင်အများအပြား ပေးစွမ်းသည်။
လုချန်း ပထမဆုံးအကြိမ် အသားစိမ်းစားသောကြောင့် အနည်းငယ် မအီမသာ ခံစားရဆဲဖြစ်သည်။
သို့ပေမဲ့ တဖြည်းဖြည်းနဲ့ အသားကျလာသည်။
လုချန်း လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းကို သဘောကျနေသည်။
သို့သော် အဆီများတဲ့ အသားကို အလွန်အကျွံစားသောက်ပြီး အဆီတက်လာနိုင်သည်ဟုခံစားရသည်။
လုချန်း အဆီတက်ခြင်းသက်သာစေရန် နို့သောက်လို၍ သူ့အမေဆီသို့ လျှောက်သွားလိုက်သည်။
မထင်မှတ်ပဲ နှင်းဝံပုလွေမိခင်အနားသို့ ရောက်တာနဲ့ သူ့အားလှည့်ကာရှောင်တိမ်းလိုက်သည်။
လုချန်း အံ့အားသင့်သွားသော်လည်း ဂရုမစိုက်ဘဲ တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည်ဟု တွေးလိုက်သည်။
ချက်ချင်း သူ ဦးတည်ရာ ပြောင်းလိုက်ပေမယ့် နှင်းဝံပုလွေမိခင်သည် နောက်တဖန် ပြန်လှည့်ကာ သူ့အားရှောင်တိမ်းလိုက်သည်။
လုချန်း အရှုံးမပေးဘဲ မိခင်ဝံပုလွေကို ကြိမ်ဖန်များစွာ လှည့်ပတ်ခဲ့သည်။
သို့သော် အရာမထင်ခဲ့ပေ။
လုချန်း ထိုအချိန်တွင် အနည်းငယ် စိတ်ရှုပ်သွားသည်။ ခဏလေးအတွင်းမှာ ဘာဖြစ်သွားမှန်း မသိပေမဲ့..
"အမေ၊ ဘာဖြစ်နေတာလဲ၊သား ကိုကြည့်ပါအုံး!"
"မျက်နှာမှာ သွေးတွေဖုံးနေပေမယ့် အမေ့ကလေးတစ်ယောက်ပဲလေ၊သား ကို မေ့သွားပြီလား"
လုချန်း သွေးတွေနဲ့ ဖုံးနေလို့ သူ့ကို ရှောင်နေသည်ဟုတွေးလိုက်သည်။ သူ ဂူအပြင်ဘက်သို့ သွားကာ သွေးများ ဆေးကြောရန် နှင်းများကို အသုံးပြုခဲ့သည်။
တစ်လသားအရွယ် နှင်းဝံပုလွေသည် ပိုးသားကဲ့သို့ ချောမွေ့သောသားမွေးရှိသည်။
မကြာမီတွင် သွေးစွန်းနေသော အစွန်းအထင်းများသည် နှင်းများကြောင့် ပျောက်ကွယ်သွားခဲ့ပြီးလုချန်းရဲ့ချစ်စရာကောင်းသောမျက်နှာပြန်ပေါ်လာသည်။
ဒါပေမယ့် ဂူထဲကို ပြန်ရောက်တော့ အရင်အတိုင်း ရှောင်တိမ်းခံနေရဆဲ ဖြစ်သည်။
လုချန်း ချက်ချင်းပင် နှင်းဝံပုလွေမိခင်ရှေ့ ပြေးသွားပြီး သူအမေ သနားအောင်ပုံစံ အမျိုးမျိုးလုပ်ပြနေသည်။
သူ့ သေးငယ်သော ခန္ဓာကိုယ်ကို ပို၍သေးငယ်အောင်လုပ်ပြီး အပြာရောင်မျက်လုံးဝိုင်းဝိုင်းလေးဖြင့် မော့ကြည့်နေသည်။
ရံဖန်ရံခါ သူ့အမေ သနားလာအောင် ငိုကြွေးနေတတ်သည်။
သူ့ကလေးကို ဒီလိုမြင်လိုက်ရသဖြင့် နှင်းဝံပုလွေမိခင် ခဏတာ စိတ်မကောင်းဖြစ်သွားသည်။
ဝံပုလွေဘုရင်သစ်ဖြစ်လာခြင်းဖြစ်စဉ်သည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
လုချန်းသည် တစ်လသား အရွယ်ကလေးတစ်ယောက်သာဖြစ်သည်။ ရွယ်တူ နှင်းဝံပုလွေလေးများသည် မိခင်ရဲ့ရင်ခွင်ထဲတွင် ခိုအောင်းနေဆဲဖြစ်သည်။
နှင်းဝံပုလွေမိခင် ခဏတာမျှ တုံ့ဆိုင်းသွားကာ နှင်းဝံပုလွေဘုရင်ကို လှည့်ကြည့်လိုက်သည်။
"အဲဒါက ကလေး အရွယ်နည်းနည်းရောက်ရင် နို့ဖြတ်ပီးလေ့ကျင့်ပေးတာ မကောင်းဘူးလား"
နှင်းဝံပုလွေဘုရင် ခေါင်းခါပြီး စကားတစ်ခွန်းမှ မပြောဘဲ လုချန်း ဆီရောက်လာသည်။
ဖခင်ဖြစ်သူ၏ဖိအားကြောင့် လုချန်း ခေတ္တရပ်သွားခဲ့သည်။
သို့သော်လည်း သူ နှင်းဝံပုလွေဘုရင် ၏ နှလုံးသားထဲတွင် နက်နဲသော ဖခင်မေတ္တာကို နှိုးဆွရန် ကြိုးစားလိုက်သည်။
သို့သော် နှင်းဖြူဝံပုလွေဘုရင် အရာအားလုံး လျစ်လျူရှုကာ၊ပါးစပ်ဖြင့် ကောက်ချီလိုက်ပြီး မစားရသေးသော အသားရှေ့တွင် ချလိုက်သည်။
အဆုံးမှာ လုချန်းနားလည်သွားသည်။
ယခုအချိန်မှစ၍ နို့ဖြတ်ပြီးအသားစားရန် ဆုံးဖြတ်ချက်ချတာ ငွေဖြူဝံပုလွေဘုရင်ဖြစ်သည်။
"မဟုတ်ဘူး... ငါတစ်လသားပဲရှိသေးတယ်၊ သူကငါ့ကို နို့ဖြတ်ခိုင်းနေပြီလား"
"ဒါက ရက်စက်လွန်းတယ်!"
လုချန်း သူ့ရှေ့ရှိ အသားစိမ်းကို မြင်သောအခါ အံ့အားသင့်သွားပြီး အလွန်နောင်တရသွားလေသည်။
အသားစားပြီးရင် နို့မသောက်နိုင်တော့ဘူးဆိုတာ သိထားရင် စားခဲ့မှာမဟုတ်ဘူး
အဖြစ်ပျက်များကို မျက်မြင်တွေ့ခဲ့သော ယိုချင်းယန် မျက်လုံးထဲတွင် လှောင်ရိပ်သန်းနေသည်။
'အစ်ကို၊ မင်း လောဘကြီးလို့ အခုနောင်တရနေပြီလား။
"ဝူးးး!"
ထိုအချိန် ဝံပုလွေအူသံ ထွက်ပေါ်လာပြီး နှင်းဝံပုလွေဘုရင် လုချန်းကို ဒေါသဖြင့်ကြည့်လိုက်သည်။
လုချန်း မော့ကြည့်ကာ ဝံပုလွေဘုရင်သည် ငွေဖြူအမွေးတွေနဲ့ ဖုံးလွှမ်းနေပြီး သူ့ပါးစပ်ထောင့်က သွေးများစီးကျနေတာကို တွေ့လိုက်ရသည်။
လုချန်း ခြေထောက်များ ရုတ်တရက် အားနည်းသွားသလို ခံစားလိုက်ရသည်။
နောက်ဆုံးတော့၊ သူ့လက်ရှိခန္ဓာကိုယ်က တစ်လသား ဝံပုလွေသားပေါက်လေးရဲ့ ခန္ဓာကိုယ်သာဖြစ်သည်။
မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သော ငွေဖြူဝံပုလွေဘုရင် ကိုရင်ဆိုင်ချိန် ပြင်းထန်သောဖိအားက သူ့ကို ခံနိုင်ရည် မရှိဖြစ်စေခဲ့သည်။
"သူဘာလို့ဒီလောက်ရက်စက်ရတာလဲ။ အသားလေးစားရုံပဲ မဟုတ်ဘူးလား"
"ဒီနေရာမှာ နို့မစို့ရပေမဲ့ နို့စို့ဖို့ အခြားနေရာတွေ ရှိသေးတယ်"
အရင်က လုချန်း သူ့ညီမကို နေ့တိုင်း နို့တိုက်ရန် ခေါ်သွားခဲ့ပြီး လုပ်ရိုးလုပ်စဉ်နှင့် ရင်းနှီးနေပြီဖြစ်သည်။
လုချန်း သူ့ညီမကို စည်းရုံးတော့မယ်အချိန်တွင် သူ့ညီမကို မတွေ့ရတော့ပေ။
သူလှည့်ကြည့်လိုက်တော့ ရှောင်းပိုင် မိခင်ဝံပုလွေ အောက်တွင် နို့ကို လောဘကြီးစွာ နို့စို့နေတာကို တွေ့လိုက်ရသည်။
လုချန်း ရုတ်တရက် စိတ်ဆိုးသွားသည်။
သူတို့နှစ်ယောက်လုံး တစ်ဝမ်းထဲမှ ဆင်းသက်လာခြင်းဖြစ်သည်။
"ဘာဖြစ်လို့ငါ့ထက် ငါ့ညီမလေးကပိုအချစ်ခံနေရတာလဲ"