← Chapters

ဝံပုလွေကလေးများရဲ့ဘုရင်ဖြစ်လာခြင်း

Vol. 1 Ch. 7

ဝံပုလွေကလေးများရဲ့ဘုရင်ဖြစ်လာခြင်း

Vol. 1 Ch. 7

အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားပြီး၊ လုချန်း ပထမဆုံးအသားစားပြီးနောက် တစ်လကြာသွားသည်။

ဤကာလအတွင်း လုချန်း အသား အမျိုးမျိုးစားပြီး နေရာတိုင်းမှနို့ကိုစို့ခြင်းဖြင့် အဆင့် 4 သို့အောင်မြင်စွာရောက်ရှိခဲ့သည်။

အခုချိန် လုချန်း တစ်လခွဲအရွယ် ဝံပုလွေတစ်ကောင် ဖြစ်နေပါပြီ။

ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အသက်တစ်နှစ်ခွဲလောက်ရှိတဲ့ နှင်းဝံပုလွေများထက် မနိမ့်ပေ။

အရွယ်ရောက် ဝံပုလွေသားရဲ ဖြင့်လာရင် အခြား,အရွယ်ရောက်ပြီးသော နှင်းဝံပုလွေတစ်ကောင်ကို တိုက်ရိုက် အနိုင်ယူနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် ချိုင့်ဝှမ်းတွင် နှင်းဝံပုလွေကလေးများ အုပ်စုလိုက် ကစားနေကြသည်။

ဤကာလသည် မွေးခါစ နှင်းဝံပုလွေများ ကြီးထွားပြီးနောက် အခု အပြင်ထွက်၍ ဆော့ကစားနိုင်‌နေပြီဖြစ်သည်။

ထိုအခိုက်တွင် နှင်းများထူထပ်နေသည့် ချိုင့်ဝှမ်းတစ်ခုလုံး စတင်အသက်ဝင်လာသည်။

လုချန်း ဂူ တစ်ခုမှ ဖြည်းညှင်းစွာ ထွက်လာပြီး နေရောင် နေရောင်ခြည်အလင်းတန်းများ ချိုင့်ဝှမ်းထဲသို့ ဖြာကျနေသည်ကိုတွေ့လိုက်သည်။

အရွယ်ရောက်ပြီးသော နှင်းဝံပုလွေအများအပြား ချိုင့်ဝှမ်းထဲတွင် အေးအေးလူလူ လမ်းလျှောက်နေကြသည်။

ဝံပုလွေသားပေါက်ကလေးများအုပ်စုလိုက် ပြေးလွှားခုန်ပေါက်ဆော့ကစားနေကြကာ ဤမြင်ကွင်းသည် လုချန်း အား မှင်တက်သွားစေသည်။

တက်ကြွသောခံစားချက်သည် ဘဝတစ်ခုတွင်နေထိုင်ခဲ့သော လုချန်း အကြောင်းအရင်းတစ်ခုခုကြောင့် အေးချမ်းမှုကို ခံစားရသည်။

လုချန်း မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသော်လည်း ပါးစပ်ထောင့်တွင် နို့အစွန်းအထင်းအချို့ ရှိနေသေးသည်။

နို့စို့ ပြီး ဂူမှ ထွက်လာတာ သိသာသည်။

သူ့နောက်တွင် ရှောင်ပိုင် ၏ အရိပ်အယောင် မတွေ့ရပေ။

လုချန်း အား ဝံပုလွေဘုရင် နို့ဖြတ်ခိုင်းပြီးကတည်းက ရှောင်ပိုင် သည် သူ့အမေကို လုံးဝလက်ဝါးကြီးအုပ်ထားသည်။

ယိုချင်းယန် ခန္ဓာကိုယ်နည်းစနစ် ဆက်လက် လေ့ကျင့်နေပြီး သူမ၏ ခံနိုင်ရည်အား ပိုအားကောင်းလာခဲ့သည်။

သားပေါက်လေးတစ်ကောင်သာ နို့တိုက်ကျွေးရသော မိခင်နှင်းဝံပုလွေအတွက် ပြဿနာတစ်ခုမဟုတ်ပေ။

ထို့ကြောင့် အခု ယိုချင်းယန် အပြင်၌ နို့သွား‌သောက်ရန် မလိုအပ်တော့ပေ။

လုချန်း ခေါင်းခါယမ်းလိုက်သည်။

ထို့နောက် သူသည် ဝံပုလွေသားလေးများအဖွဲ့သို့ ရောက်ရှိလာသည်။

လုချန်း လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် တစ်နှစ်ခွဲအရွယ် နှင်းဝံပုလွေနှင့် ညီမျှသည်။

ရုပ်ရည်သွင်ပြင်မှာ သိသိသာသာ ပြောင်းလဲခြင်းမရှိပေ။အခြား နှင်းဝံပုလွေက‌လေးများထက် အရွယ်အစား နှစ်ဆမျှသာ ကြီးသည်။

ဝံပုလွေသား‌သားပေါက်များအဖွဲ့ နှင့်အချိန်အတော်ကြာ အတူတူ ဖြတ်သန်းပြီးနောက် လုချန်း ဝံပုလွေသား‌သားပေါက်များ၏ ဘုရင် ဖြစ်လာခဲ့သည်။

တင်ပါးကန်လိုက်ရုံနဲ့ ဒီဝံပုလွေလေးတွေ မြေပြင်မှာ မှောက်နေဖို့လုံလောက်ပါသည်။

အနီးတစ်ဝိုက်တွင် လေအေးနှင့် ရေခဲနှင်းများရှိနေသော်လည်း အေးသောပတ်ဝန်းကျင်သည် သက်ရှိများအတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။

ဒီဝံပုလွေအကောင်ပေါက်ကြားထဲမှာ လုချန်း အနည်းငယ် စိတ်သက်သာရာရသွားတယ်။

ဤနေရာတွင် အချိန်ပိုအလုပ်ဆင်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ကားချေးငွေအတွက် စိတ်ပူစရာမလို‌ပေ။

အထက်လူကြီးအား နှိုက်နှိုက်ချွတ်ချွတ် မြှောက်ပင့်ပြောဆိုမှုများနှင့် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပါ။

နေ့တိုင်းစားသောက်၊ ဆော့ကစားနေခြင်းဖြင့် ဘဝရဲ့အေးချမ်းမှုကိုခံစားရသည်။

ကျေနပ်မှုနဲ့ နွေးထွေးမှု....

အရင်ဘဝတွင် သူသည် တိရိစ္ဆာန်ကမ္ဘာ‌ လောက ကိုကြည့်ရှုခြင်းကို နှစ်သက်ပြီး တောရိုင်းတိရစ္ဆာန်များကြား ရက်စက်ကြမ်းကြုတ်သောရန်ပွဲများကို ကောင်းစွာသိရှိခဲ့သည်။

သဘာဝ ဇီဝနယ်ပယ်တွင်၊ အသင့်လျော်ဆုံးရှင်သန်မှုနှင့် တောတွင်းဥပဒေသည် အလွန်သွေးထွက်သံယို ဖြစ်သည်။

ယခု သူသည် နှင်းဝံပုလွေမျိုးနွယ် တွင် နေထိုင်သော်လည်း ဝံပုလွေများ၏ ဂရုစိုက်မှုဖြင့် အလွန်သက်တောင့်သက်သာရှိသော ဘဝဖြင့်နေထိုင်ရသည်။

သို့သော် မကြာသေးမီက မွေးဖွားခဲ့သော သူနှင့်သူကဲ့သို့ ဝံပုလွေသား‌ပေါက်များအနာဂတ်တွင် မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

ဒါပေမယ့် လုချန်း သူ့လက်ရှိအခြေအနေကို သိတယ်။

စနစ်တစ်ခုရှိလျှင်ပင် အချိန်တိုအတွင်း ပိုမိုအားကောင်းလာရန် မဖြစ်နိုင်ပါ။

ထို့ကြောင့် အချိန်မတန်မီ သေဆုံးခြင်းမှ ရှောင်ရှားနိုင်ရန် လုချန်း အသက်ကယ်ကျွမ်းကျင်မှုအချို့ကို လေ့ကျင့်ရန် သူ့တွင်ရှိသော အချိန်နှင့် စွမ်းအင်ကို အခွင့်ကောင်းယူရန် ဆုံးဖြတ်ခဲ့သည်။

အရေးကြီးဆုံးကတော့ သူ့တွင် ပလပ်အင် (plug-in) လို့ ခေါ်နိုင်တဲ့ စနစ်တစ်ခုရှိလို့ အရမ်းကြီး စိတ်ပူနေစရာ မလိုအပ်ပေ။

စွမ်းရည်တစ်ခုကိုတတ်ကျွမ်းအောင် လေ့ကျင့်ပြီး ၎င်းကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ ဒါက တခြားတိရိစ္ဆာန်တွေမှာ မရှိနိုင်တဲ့ အားသာချက်တစ်ခုဖြစ်သည်။

လုချန်း အလုံအလောက် ကျွမ်းကျင်ပြီး တတ်ကျွမ်းသရွေ့၊ ရက်စက်ကြမ်းကြုတ်သော တော၌ ရှင်သန်နိုင်မည်ဟု ယုံကြည်သည်။

ခဏလောက်စဉ်းစားပြီးနောက် လုချန်း သစ်ပင်တက်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

သစ်ပင်တက်ခြင်းအတတ်ပညာကို လေ့လာနိုင်လျှင် တောရိုင်းတိရစ္ဆာန်ကြီးများစွာ၏ အမဲလိုက်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ထို့အပြင် နှင်းဖုံးနေတဲ့ တောင်တန်းတွေကြားမှာ ထာဝရနေထိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်သည်။

အကယ်၍ သင်သည် သစ်ပင်တက်ခြင်းအတတ်ပညာကို ကျွမ်းကျင်ပါနေပြီး၊ သစ်ပင်မတက်နိုင်သော သတ္တဝါများနှင့် ကြုံတွေ့ရပါက သင့်ဘဝသည် အခြေခံအားဖြင့် အန္တရာယ်ကြီးမည်မဟုတ်ပေ။

လုချန်း ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူမြင်သမျှအရာအားလုံးသည် အဖြူရောင်ဖြစ်သော်လည်း အနီးတွင် ထင်းရှူးပင်ငယ်တစ်ပင်ရှိနေသည်။

ဝံပုလွေများအတွက်၊သစ်ပင်တက်ခြင်းသည် အလွန်ခက်ခဲသောအလုပ်ဖြစ်သည်။

အကြောင်းမှာ ဝံပုလွေတွေရဲ့ ခြေသည်းဟာ ကြောင်တွေနဲ့ ယှဉ်ရင် လုံလောက်တဲ့ ထက်မြက်မှုမရှိလို့ပါပဲ။

အခေါက်တွင် လက်သည်း မြှပ်သွင်းရန် နည်းလမ်းမရှိသလို ခန္ဓာကိုယ်ကို သင့်လျော်သော ပေါ့ပါးမှုလည်းမရှိပေ။

ထို့အပြင်၊ ဝံပုလွေများသည် ဆွဲငင်အားရဲ့ဗဟိုချက်အတော်လေးနည်းပါးပြီး ဟန်ချက်မညီပေ။

လုချန်း ဤဝံပုလွေများ၏ လက္ခဏာများကို သိရှိသောကြောင့် ရေရှည်လေ့ကျင့်ရန် အစီအစဉ်များချမှတ်ခဲ့သည်။

မြေနှင့် အနီးဆုံး ထင်းရှူးပင်၏ အကိုင်းအခက်ကို ပထမဆုံး ပစ်မှတ်အဖြစ် အစွမ်းရှိသမျှ တက်ခဲ့သည်။

သို့သော်……

အချိန်အတော်ကြာ တက်ခဲ့ပေမယ့် မတက်နိုင်ခဲ့ပေ.....

ထိုအစား လုချန်း အလွန်ပင် မောပန်းကာ အသက်ပြင်းပြင်း ရှုနေသည်။

အချိန်အတော်ကြာပြီးနောက်၊ထင်းရှူးပင်၏ ပင်စည်ပေါ်တွင် ခြေသည်းရာ များသာကျန်ခဲ့ပြီး လုချန်း အခေါက်များစွာကိုလည်း နှုတ်ပစ်ခဲ့‌သေးသည်..။

လုချန်း၏ လှုပ်ရှားမှုသည် အဝေးမှ နှင်းဝံပုလွေကလေးများရဲ့ အာရုံကို စွဲဆောင်လိုက်သည်။

ကလေးများသည် စူးစမ်းချင်စိတ်ပြင်းပြကြပြီး ကမ္ဘာကြီးကို စူးစမ်းလိုစိတ်ဖြင့် မွေးဖွားလာကြခြင်းဖြစ်သည်။

လုချန်း ထိုနေရာတွင် သစ်ပင်တက်နေတာကိုမြင်တော့ နှင်းဝံပုလွေလေးများ ကလည်း လုချန်း အား အတုယူကာ လိုက်တက် ချင်လာသည်။

သို့သော် သူတို့၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုသည် အဆင့်မြှင့်ထားသော လုချန်း ထက် များစွာဆိုးရွားသည်။

သူတို့ သစ်ပင်ရဲ့ပင်စည်ပေါ်သို့ တက်ရန်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် နှင်းထဲသို့ ပြုတ်ကျသွားသည်။

နှင်းဝံပုလွေလေး ဇောက်ထိုးကျနေတာကို မြင်တော့ လုချန်း ၏ ရယ်သံများ မရပ်တန့်နိုင်တော့ပေ။

ဒီအခိုက်အတန့်မှာ အသိုက်ထဲမှာ အိပ်နေဆဲဖြစ်သော သူ့ညီမကို ရုတ်တရက် သတိရလိုက်သည်။

"ဒီကလေး နေ့တိုင်း နို့သောက်ရင်း ဂူထဲမှာပဲ အိပ်နေတယ်၊ဒါကို ဘယ်လိုလုပ်ခွင့်ပြုနိုင်ရမှာလဲ"

"ဆင်းရဲခက်ခဲမှုမှာ မွေးဖွားပြီး သက်တောင့်သက်သာနဲ့ သေရမယ်။ နှင်းဝံပုလွေမျိုးနွယ်ရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းတဲ့ကာလမှာ အန္တရာယ်အတွက် ပြင်ဆင်ဖို့ သင်ယူရမယ်။"

" ရှောင်ပိုင် ဒီလိုဆက်နေနေမယ်ဆို အနှေးနဲ့အမြန်ဆို အသုံးမဝင်တဲ့ ဝံပုလွေ ဖြစ်လာလိမ့်မယ်။ အန္တရာယ်နဲ့ ကြုံလာတဲ့အခါ သူ ထွက်ပြေးဖို့ အနှေးဆုံးဖြစ်မှာ သေချာတယ်။"

လုချန်း ဒါကိုတွေးမိပြီး သူ့ညီမအတွက် စိတ်ဓာတ်ကျ,ကာ ဆုံးဖြတ်ချက်ချလိုက်ပြီး လှိုင်ဂူ ကို ပြန်သွားခဲ့သည်။

သူမျှော်မှန်းထားသည့်အတိုင်း လှိုင်ဂူ သို့ပြန်ရောက်သည်နှင့် ရှောင်ပိုင် တုန်တုန်ယင်ယင်နဲ့အသိုက်ထဲတွင် အိပ်နေသည်။

လုချန်း သူ့ညီမ ဘာဖြစ်လို့ အိပ်နေရင်း အမြဲတမ်းတုန်နေသည်ကို နားမလည်နိုင်ဖြစ်နေသည်။

သူ့ညီမ ထက်ငယ်သော နှင်းဝံပုလွေများသည် ယခုတွင် ချိုင့်ဝှမ်းတွင် နေ့တိုင်းဆော့ကစားနိုင်နေပြီဖြစ်သည်။

လုချန်း ရှောင်ပိုင် ဆီသို့ လျှောက်လာပြီး သူမကို ပွတ်သပ်ကာ သူနှင့်အတူ အပြင်ထွက်ရန် လှုံ့ဆော်ခဲ့သည်။

All Chapters