← Chapters

သစ်ပင်တက် သင်ခြင်း

Vol. 1 Ch. 8

သစ်ပင်တက် သင်ခြင်း

Vol. 1 Ch. 8

"ဒီ အစ်ကို အခု ဘာလုပ်ချင်နေပြန်ပီလဲ"

မူလက ကျင့်ကြံခြင်းတွင် နှစ်မြှုပ်‌နေသော ယိုချင်းယန် လုချန်း ကြောင့် အနှောက်အယှက်ဖြစ်ခဲ့ပြီး ခဏတာမျှ မပျော်မရွှင်ဖြစ်ခဲ့ရသည်။

လုချန်း သူ့ခေါင်းကို အဆက်မပြတ် ခါ‌ နေပြီး မျက်လုံးများက မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေတယ်။

မပျော်မရွှင်ဖြစ်နေသော ယိုချင်းယန် နောက်ဆုံးတွင် သူ့နောက်သို့လိုက်သွားသည်။

ဤနည်းဖြင့် လုချန်းကြောင့် မမှတ်မိနိုင်လောက်အောင်ပျက်စီးနေသောထင်းရှူးပင်ငယ်လေးဆီသို့ ရောက်လာသည်။

ဤသစ်ပင်ငယ်လေးသည် အစကတည်းက သိပ်မမြင့်ဘဲ ယခု ပင်စည်ခြေရင်းရှိ အခေါက်အများစုကပြုတ်ကျ‌ နေပြီဖြစ်သည်။

ကုတ်ခြစ်ရာများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်မှာ သူ့အစ်ကိုလက်ချက် ဖြစ်မှန်းသိသာသည်။

လုချန်း သည် ရှောင်ပိုင် အားကြည့်ကာ သူ့လုပ်ရပ်ကို အာရုံစိုက်ရန် အချက်ပြလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်ကို လှည့်ကာ ထင်းရှူးပင်ငယ်ဆီသို့ ရောက်လာသည်။

ခြေထောက်လေးချောင်းက မြေပြင်ပေါ်တွင် အားယူလိုက်ပြီး နောက်ခြေထောက်များဖြင့် မြေပြင်ကို တွန်းကန်ကာ ထင်းရှူးပင်ငယ်ဆီသို့ ခုန်တက်လိုက်သည်။

လုချန်း ခြေသည်းများသည် သစ်ပင်၏ပင်စည်ပေါ်တွင် ခိုင်မြဲစွာ ကုတ်တွယ် ထားသည်။

ထို့နောက် ခြေထောက်လေးချောင်းစလုံး တပြိုင်နက်တည်း အားစိုက်ကာ ပေါ်သို့ဆက်တက်သွားသည်။

လုချန်း ပြင်းထန်စွာ တွန်းကန်လိုက်ပြီး သစ်ပင်‌ပေါ်မှ ခုန်ဆင်းကာ နှင်းများပေါ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့သည်။

သူနှင့်အတူ မြေပြင်ပေါ်သို့ ကွာကြနေသော အခေါက်အချို့လည်း ရှိနေသည်။

လုချန်း ငွေဖြူရောင်အမွေးများကို ခါယမ်းလိုက်ပြီး မိမိုက်သောပုံစံဖြင့် သူ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေသည်။

လုချန်း အဆုံးထိမတက်ခဲ့ပေမဲ့ အနည်းဆုံးတော့ သူ လှုပ်ရှားမှုများက သေသပ်သည်။

အရင်ကလို နှင်းထဲသို့ ပုံပျက်ပန်းပျက်နဲ့မပြုတ်ကျတော့ပေ။

ထို့အပြင် လုချန်း အမြင်အရ၊ သူ့အသက်အရွယ်ရှိ နှင်းဝံပုလွေတစ်ကောင်သည် ဤမျှမြင့်မားစွာတက်နိုင်ခြင်းက အလွန်ရှားပါးသည်။

သို့သော်လည်း အနားမှာ ရပ်နေသော ယိုချင်းယန် ထိုအခိုက်တွင် စိတ်ရှုပ်ထွေးနေသည်။

"အစ်ကို ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ သူ့ဦးနှောက်က အလုပ်မလုပ်တော့တာလား"

"အချိန်မတန်ခင် နို့ဖြတ်လိုက်တာက ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးသွား‌တာများလား" 

"ဘာလို့ ထင်းရှူးပင်ကို ဖျက်ဆီး‌နေရတာလဲ၊ ဒါဘယ်လို ကစားနည်းမျိုးလဲ"

ယိုချင်းယန် ရဲ့ရှုပ်ထွေးနေတဲ့အကြည့်များနှင့်ရင်ဆိုင်လိုက်ရချိန်တွင် လုချန်းခေါင်းခါယမ်းကာ နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။

"ငါ့ညီမ တုံးအ,လွန်းတယ် "

ရှောင်ပိုင် သူ့အပြုအမူကို နားမလည်နိုင်သည်ကို မြင်လိုက်ရသဖြင့် လုချန်း အကြိမ်ပေါင်းများစွာ ထပ်ကြိုးစားရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

လုချန်း၏ ပြင်းထန်သော အရှိန်အဟုန်အောက်တွင် သစ်ပင်ငယ်သည် စတင်တုန်ခါလာပြီး သစ်ပင်ပေါ်မှ နှင်းပွင့်များ ကြွေကျလာသည်။

အကြိမ်ပေါင်းများစွာ ဆက်တိုက် လုပ်ဆောင် ပြီးနောက် မောပန်းနွမ်းနယ်နေသော လုချန်း ကိုကြည့်ရင်း ယိုချင်းယန် သည် နောက်ဆုံးတွင် နားလည်သွားသည်။

"ငါ့အစ်ကိုက...သစ်ပင်တက်ဖို့ သင်ယူခိုင်းနေတာလား"

"မဟုတ်‌သေးဘူး... နို့ဖြတ်တာစောလွန်းလို့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နေတာ"

"မှန်တစ်ချပ် လို ရေကန်ကိုရှာပြီး မင်းဘာကောင်လဲဆိုတာ ပြလိုက်ချင်တယ်ဝံပုလွေတစ်ကောင်ကဘာလို့ သစ်ပင်တက်ဖို့သင်ယူနေတာလဲ?!"

ယိုချင်းယန် အနည်းငယ် စိတ်ရှုပ်ထွေးနေ သည်။

ဒီထူးဆန်းတဲ့အစ်ကိုရဲ့ အတွေးအမြင်တွေကိုလိုက်မီရန် နည်းလမ်းမရှိဟု သူမတွေ့ရှိခဲ့သည်။

ယိုချင်းယန် ခေါင်းခါယမ်းလိုက်ပြီး လှိုင်ဂူဆီသို့ ပြန်သွားလိုက်သည်။

သူမတွင် လေ့ကျင့်ရန် ကာယကျင့်ကြံ နည်းစနစ်အချို့ ရှိပါသေးသည်။

ဤကမ္ဘာကြီးတွင် ဝိညာဉ်စွမ်းအင်မရှိ၍ ကျင့်ကြံမှုသည် ယခင်ဘဝကထက် အချိန်ပိုကြာသည်။

အခု သစ်ပင်တက်လေ့ကျင့်ဖို့ သူမမှာအချိန်မရှိပေ။

ထို့အပြင် သစ်ပင်တက်ခြင်းကဲ့သို့ ရိုးရှင်းသော အရာများကို နေ့စဉ်လေ့ကျင့်ရန် လိုအပ်ပါသလား။

လှည့်ထွက်သွားသော ရှောင်ပိုင် ကိုမြင်တော့ လုချန်း အနည်းငယ်ထိတ်လန့်သွားသည်။

"ငါ့ ရည်ရွယ်ချက်ကိုနားမလည်ဘူးလား"

လုချန်း ပြန်စဉ်းစားလိုက်တဲ့အခါ ရှောင်ပိုင် မျက်လုံးထဲတွင် လှောင်ပြောင်မှု အရိပ်အမြွက်ရှိနေသည်ကို အမြဲတမ်းခံစားနေရသည်။

'ဒါဘာကိုဆိုလိုတာလဲ?'

'မင်းငါ့ကို လှောင်‌ရယ် နေတာလား?'

'ဝံပုလွေတွေ သစ်ပင်တက်မရဘူးလို့ ဘယ်သူပြောလဲ။ ငါဘယ်လောက် ခန့်ညားလည်းဆိုတာ သိစေရမယ်!'

လုချန်း သူ့ညီမ၏ မထီမဲ့မြင်ပြုခြင်းကို ခံခဲ့ရသည်။

"ဘာပဲဖြစ်ဖြစ် ငါ သစ်ပင်တက်တာကို အောင်အောင်မြင်မြင် လေ့ကျင့်ပြီး ချိုင့်ဝှမ်းတစ်ခုလုံးမှာ အခန့်ညား ဆုံး ဝံပုလွေ ဖြစ်လာရမယ်"

"သစ်ပင်ပေါ်က ငါဘယ်လောက်ချောမော ခန့်ညားကြောင်း တခြား နှင်းဝံပုလွေတွေ သိလာရမယ်"

ဤသို့ဖြင့် ‌နောက်ရက်အနည်းငယ်တွင် လုချန်း ဖြည့်စွက်စာကို စားပြီးနောက်၊ သူ၏သစ်ပင်တက်ခြင်းအတတ်ပညာကို လေ့ကျင့်ရန် ပြေးလာခဲ့သည်။

'ဝံပုလွေတွေက သစ်ပင်တက်လို့မရဘူးလို့ ဘယ်သူပြောလဲ'

ဆုံးဖြတ်ချက်ခိုင်မာနေရင်လောကတွင် ဘယ်အရာမှ မခက်ခဲပါ။သူ လုံလုံလောက်လောက် ကြိုးစားအားထုတ်နေသ၍ အောင်မြင်မည်ဟု အခိုင်အမာ ယုံကြည်သည်။

ရက်အတော်ကြာအောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက် ထင်းရှူးပင်လေးကို တောက်ပြောင်စေခဲ့တယ်။

ပြင်းထန်စွာကြိုးစားမှုအောက်တွင်လုချန်း သည် မြေနှင့်အနီးဆုံး ထင်းရှူးပင်၏ အကိုင်းအခက်ပေါ်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်။

သစ်ကိုင်းပေါ်တွင် မတ်တပ်ရပ်ရင်း လုချန်း တေက်ပစွာပြုံးလိုက်သည်။

ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ရည်ညွှန်းချက်ဘောင် ကို ဖွင့်လိုက်သည်။

【အမည် - လုချန်း】

【အသက်-တစ်လ】

[အဆင့်- 4 (0/400)]

[ကျွမ်းကျင်မှုများ- 

ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ရည်(အစောပိုင်းအဆင့်)

အစာခြေဖျက်ခြင်း(အစောပိုင်းအဆင့်)

သစ်ပင်တက်ခြင်း(အစောပိုင်းအဆင့်)

ဆင့်ကဲပြောင်းလဲခြင်းအမှတ် 200 ကို အဆင့်မြှင့်ရန်အတွက် အသုံးပြုနိုင်ပါသည်။ ]

[မျိုးနွယ်- နှင်းဝံပုလွေ]

[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- 250]

လုချန်း မျှော်လင့်ထားသည့်အတိုင်း၊ ကျွမ်းကျင်မှုကော်လံတွင် သစ်ပင်တက်ခြင်းဟုခေါ်သော အကြောင်းအရာအသစ်တစ်ခု ပေါ်လာသည်။

"ဟားဟားဟား၊ ငါအောင်မြင်ပြီ!"

"ဝံပုလွေတွေ သစ်ပင်တက်မရဘူးလို့ ဘယ်သူပြောလဲ၊ငါလုပ်နိုင်ခဲ့ပီ။ဟာဟား!"

လုချန်း အလွန်စိတ်လှုပ်ရှားနေသဖြင့် ဝံပုလွေအူသံများကို ထပ်ခါထပ်ခါ ထုတ်လွှင့်နေသည်။

လုချန်း ဘာကိုအရမ်းစိတ်လှုပ်ရှားနေမှန်းမသိတဲ့ တခြားဝံပုလွေသားပေါက်လေးများက ခေါင်းကိုလိမ်ပြီး သူ့ကိုကြည့်ရင်း စိတ်ရှုပ်ထွေးနေကြသည်။

လုချန်း သစ်ကိုင်းမှ ခုန်ဆင်းပြီး အရှိန်ပြင်းပြင်းဖြင့် လှိုင်ဂူ ဆီသို့ ပြေးသွားသည်။

သူမ၏ မလိုလားအပ်သောအကြည့်များနှင့်အတူ လေ့ကျင့်နေဆဲဖြစ်သော ယိုချင်းယန်ကို ခေါ်ထုတ်လာသည်။

သူ့ညီမရဲ့ မထီမဲ့မြင်ပြုသည့်အကြည့်များ ပြန်တွေးကာ....

'ခဏစောင့်၊ မင်း မှေးရိုးပြုတ်ကျသွားအောင် လုပ်ပြမယ်'

ထင်းရှူးပင်ဆီသို့ ရောက်လာ ပြီးနောက် ယိုချင်းယန် ပါးစပ် ထောင့်အနည်းငယ်လှုပ်ရှားသွားသည်။

'ရက်အနည်းငယ်အတွင်း ငါ့ ရှေ့က ထင်းရှူးပင် အရင်ကထက် အခြေနေပိုဆိုးလာ သလိုပဲ'

လုချန်းသည် ယိုချင်းယန် အား သူ့လှုပ်ရှားမှုများကို အာရုံစိုက်ရန် အချက်ပြလိုက်သည်။

ထို့နောက် ခြေလက်လေးချောင်းစလုံး အားစိုက်ကာ ထင်းရှူးပင်ဆီသို့ ပြေးသွားလေသည်။

ဤတစ်ကြိမ်တွင်၊လုချန်း၏ခုန်နှုန်းသည် ယခင်ကထက် ပိုမိုမြန်ဆန်လာကာ နောက်ဆုံးတွင် အကိုင်းအခက်ပေါ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့သည်။

လုချန်းသည် သူ့ညီမ၏လေးစားသည့်အကြည့်များဖြင့် ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီး ခေါင်းကို မော့လိုက်သည်။

ဒီအချိန်မှာတော့ ယိုချန်းယန် အမှန် တကယ်ကို အံ့သြသွားသည်။

သိပ်ဉာဏ်မမီတဲ့ သူ့အစ်ကို တကယ်အောင်မြင်လိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။

'ငါ သစ်ပင်တက်နိုင်တဲ့ ဝံပုလွေတစ်ကောင်ကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ'

ရှောင်ပိုင်ရဲ့ အံ့အားသင့်နေသည့် အကြည့်ကိုရင်ဆိုင်ရချိန််တွင် သူကိုယ်သူ အလွန်ဂုဏ်ယူနေသည်။

ထို့နောက် သူသည် မြေပေါ်သို့ ခုန်ဆင်းကာ သူ့ညီမကိုလည်း စမ်းကြည့်ရန် လှုံ့ဆော်လိုက်သည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ဂုဏ်ယူနေသောမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။

သူ့ကိုယ်သူအထင်ကြီးနေသော လုချန်း ကိုမြင်လိုက်ရသောအခါ ယိုချင်းယန် အတွင်းစိတ်ထဲ၌ ပြုံးလိုက်သည်။

အရင်ဘဝက ဧကရီ ဖြစ်ခဲ့သော ယိုချင်းယန် အတွက်သစ်ပင်တက်ရသည်မှာ ရိုးရှင်းလွန်းသည်။ 

သူမသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေပြီဖြစ်ပြီး၊လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အဆင့်မြှင့်ထားသော လုချန်း လောက် မကောင်းမွန်ပေမဲ့ ကြွက်သားနှင့် ခွန်အား ထိန်းချုပ်ခြင်းသည် ယခင်ဘဝက အလုပ်သမားတစ်ဦးဖြစ်ခဲ့သော လုချန်း ယှဉ်မရပါ။

သူမ ခြေလက်များကို အားစိုက်ရင်း ထမင်းစားရေသောက်သကဲ့သို့ သစ်ပင်ပေါ် လွယ်လွယ်ကူကူ တက်လိုက်သည်။

အခု လုချန်း အံ့ဩရမည့် အလှည့်ဖြစ်သည်။

သူ ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးမှ သစ်ပင်ပေါ်သို့တက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရလဒ်အနေဖြင့် ရှောင်ပိုင် တစ်ကြိမ်တည်းဖြင့် လွယ်ကူစွာ လုပ်ဆောင်ခဲ့သည်။

ဒါက ရှောင်ပိုင် အပေါ် သူ့အမြင်လုံးဝပြောင်းလဲသွားစေတယ်။

'ရှောင်ပိုင် လုံးဝ မတုံးဘူး၊ဆန့်ကျင်ဘက် သူ တကယ်တော်တယ်'

All Chapters