ဒဏ်ရာဒဏ်ချက်များနဲ့ လုချန်း
Vol. 1 Ch. 10
ညနေ နေဝင်ပြီးနောက် တစ်နေကုန် အပြင်မှာ ပြေးလွှားနေသော လုချန်း နောက်ဆုံးတွင် လှိုင်ဂူဆီသို့ ပြန်သွားခဲ့သည်။
လုချန်း ခြေလှမ်းများ အနည်းငယ် မတည်မငြိမ်ဖြစ်နေကာ ခြေလက်များ တုန်ခါ နေပြီး အားနည်းနေပုံရသည်။
နေ့ခင်းဘက်နှင့် လုံးဝမတူဘဲ တက်ကြွမှုများပျောက်ဆုံးနေသည်။
တစ်ဦးချင်းတိုက်ခိုက်ရေးစွမ်းအားအရ ဝံပုလွေသားပေါက်ကလေးများကိုအသာလေးအနိုင်ယူနိုင်သော်လည်း အများနဲ့ဖြစ်သောကြောင့် အလွန်ပင်ပန်းနေသည်။
ဝံပုလွေသားကငယ်များသည် သဘာဝအတိုင်း လုချန်း အား ရူးသွပ်စွာ လိုက်ဖမ်းကြသည်။
ထို့ပြင် သူတို့၏ အမဲလိုက်ခြင်းဆိုင်ရာ အသိဉာဏ်ကို ကြိုတင်နိုးကြားခဲ့ပြီး အလံကိုင်ပြေးခြင်းကို သင်ယူခဲ့ကြသည်။
အစပိုင်းတွင် လုချန်း ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားကိုးပြီး ဝံပုလွေသားပေါက်ကလေးများနှင့် အလိုအလျောက်ကစားနိုင်ခဲ့သည်။
ရံဖန်ရံခါတွင် နောက်သို့ပြေးလိုက်လာသော ဝံပုလွေသားပေါက်ကလေးများကို နောက်ပြန်လှည့်ပြီး နှင်းများထဲသို့ နစ်ထားခဲ့သည်။
သို့ပေမယ့် တဖြည်းဖြည်းနဲ့ သူ့ရဲ့ ခံနိုင်ရည် အားနည်းလာသည်။
ဝံပုလွေသားငယ်များ အရေအတွက်များပြီး အလှည့်ကျအနားယူနိုင်သည်။
နောက်ဆုံးတွင်၊ လုချန်းသည် ဝံပုလွေသားငယ်များ၏ ဖမ်းဆီးခြင်းကို ခံရကာ ပြင်းထန်စွာ ရိုက်နှက်ခံရသည်။
လုချန်း လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေနှင့် ယှဉ်နိုင်သော်လည်း၊သူသည်အရွယ်မရောက်သေးသော ဝံပုလွေသားပေါက်အဆင့်တွင်သာရှိနေသေးသည်။
အရွယ်တူ အခြားနှင်းဝံပုလွေများထက် အနည်းငယ်သာ ပိုအားကြီးသည်။
ထို့အပြင်၊ ဤဝံပုလွေသားပေါက်ကလေးများအပေါ် ပြင်းထန်သောခွန်အားအသုံးပြုရန် မဖြစ်နိုင်ပေ။
ပြန်တိုက်ခိုက်ရန် သူ့ခွန်အား ထိန်းချုပ်ခဲ့ရပေမယ့် ဒီဝံပုလွေကလေးတွေကတော့ ဘာကိုမှဂရုမစိုက်ပေ။
သူတို့၏ အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် လုချန်း အလူးအလဲခံစားနေရသည်။
သို့သော် လုချန်း စိတ်ဓာတ်မကျပေ။ လုချန်းအမြင်အရ အခုချိန်တွင် သူအားနည်းနေသေးသည်။
သူ့အရင်ဘဝ၌ ကြည့်ခဲ့ရသော သားရဲကမ္ဘာလောကတွင် ဝံပုလွေတွေတောင် တောရိုင်းထဲတွင် ကျားအမှတ်အသားနဲ့ တွေ့ပါက သူတို့နယ်မြေ ကြိုပြီး ရွှေ့ကြရမည်ဖြစ်သည်။
ယင်းက ခွန်အားသည် အလွန်အရေးကြီး ကြောင်း သက်သေပြနေသည်။
"ဒီကောင်လေးတွေ တော်တော်ဆိုးတာပဲ၊ တစ်ကောင်ချင်းစီက အရမ်းရက်စက်တယ်..."
လုချန်း လှိုင်ဂူ ထဲသို့ ပြန်ရောက်လာပြီး အံကိုကြိတ်ကာ ရေရွတ်လိုက်သည်။
ယိုချင်းယန် အသံတစ်ခုကြားပြီးနောက် ခေါင်းမော့ကြည့်လိုက်တယ်။
လုချန်း၏ တစ်ကိုယ်လုံးတွင် သွားရာများ နှင့်ကုတ်ခြစ်ရာများကို သူမ သတိပြုမိပြီး ခေါင်းခါယမ်းလိုက်သည် ။
ထို့နောက် မျက်လုံးမှိတ်ပြီး အာရုံစူးစိုက်မှုဖြင့် ဆက်လက်လေ့ကျင့်သည်။
ယိုချင်းယန်၏ မျက်လုံးများကို မြင်ပြီး လုချန်း ရုတ်တရက် နာကျင်သွားသည်။
'ရှောင်ပိုင် မင်းမျက်လုံး ရဲ့ အကြည့်က ဘာလဲ၊အစ်ကိုတစ်ယောက်ဒဏ်ရာရနေတာကို မြင်တာတောင် နည်းနည်းလေးတောင် မနှစ်သိမ့်ပေးဘူးလား?'
'ဘာပဲဖြစ်ဖြစ် ဒီအစ်ကိုက မင်းအတွက် ဂူတစ်ခုပြင်ပေးထားတာကို မမေ့နဲ့!'
'ခဏနေပါအုံး... ဒီအကောင်လေး ငါ့ကို လှောင်ပြောင် နေတာတော့မဟုတ်ဘူးမလား!'
ရှောင်ပိုင် ရဲ့အကြည့်များကို ပြန်တွေးကြည့်ရင်း သူထင်တာမှန်သည်ဟု ပိုခံစားလာရသည်။
'အိုက်ယား.. ဒီနေ့ ငါ့ညီမ ငါ့ကိုနှစ်ခါ တောင်လှောင်ရယ်ခဲ့တာပဲ'
"မင်းအစ်ကိုဖြစ်တဲ့ ငါက အများနဲ့ တိုက်ခိုက်ရင်းရှုံးနိမ့်လာတာ!နည်းနည်းရှက်စရာကောင်းပေမယ့် ဒါ ဂုဏ်ယူစရာကောင်းတဲ့ ရှုံးနိမ့်မှုတစ်ခုပဲ"
ဘာပဲဖြစ်ဖြစ် သူသည် နှင်းဝံပုလွေဘုရင် ၏ အကြီးဆုံးသားဖြစ်သည်။
ဝံပုလွေဘုရင်၏ စိတ်ဓာတ်အချို့ကို သင်ပြသရမည်ဖြစ်သည်။
သူ ခွန်အားကို တိုးမြင့်ပြီးဒီဝံပုလွေ ကလေးငယ်များကို အနိုင်ယူရန် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
နာခံရန် ငြင်းဆိုသူများရှိရင် နာခံလာအောင် ရိုက်လိုက်မည်ဖြစ်သည်။
'ရှောင်းပိုင် ရဲ့ အမြင်ပြောင်းလဲလာအောင်လုပ်ရမယ်၊မဟုတ်ရင် သူငါ့ကို တကယ်ပဲ အရှုံးသမားလို့ ထင်နေလိမ့်မယ်"
ဒီလိုနဲ့ နောက်ပိုင်းကာလတွေမှာ နှင်းများဖုံးနေတဲ့ ချိုင့်ဝှမ်းဟာ အလွန်သက်ဝင်လှုပ်ရှားလာခဲ့လေတော့သည်။
နေ့တိုင်း ချိုင့်ဝှမ်းထဲတွင် လုချန်း အား ဝံပုလွေကလေး အုပ်စုလိုက်ဖမ်းနေတာကို မြင်တွေ့ရမည်ဖြစ်သည်။
ထိုဝံပုလွေသားပေါက်ကလေးများသည် ချိုင့်ထဲတွင် ပြေးလွှားနေကြပြီး ရံဖန်ရံခါ ဝံပုလွေအူသံများ ထွက်ပေါ် နေသည်။
ဒီလိုနဲ့ ပြေးရင်း၊လိုက်ရင်းနဲ့.....အချိန်များလျှင်မြန်စွာကုန်ဆုံးသွားသည်။
လဝက်ကြာပြီးနောက်....
အခုတွင် လုချန်းအသက် နှစ်လရှိနေပြီဖြစ်သည်။
ဤကာလအတွင်း လုချန်း ဘဝတွင် ပျော်စရာအသစ်များကို တွေ့ရှိခဲ့သည်။
နေ့တိုင်း ဝံပုလွေကလေးများ၏လက်ချက်ဖြင့် အရိုက်ခံနေရပြီး၊ထွက်ပြေးခြင်းနည်းပညာကို စတင်လေ့ကျင့်နေသည်။
ဝံပုလွေသားပေါက်လေးများက အချိန်တိုင်း တက်ကြွနေသည်။
ဤရက်များတွင် လုချန်း သည် ထွက်ပြေးခြင်း သို့မဟုတ်ဝံပုလွေသားပေါက်လေးအုပ်စု ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
နှင်းဝံပုလွေလေးတွေချန်ရစ်ခဲ့တဲ့ လုချန်းခန္ဓာကိုယ်အနှံ့ သွားရာများနှင့်ကုတ်ခြစ်ရာများ ရှိနေပေမယ့် သူ့၏ အမြင်မှာ အဲဒါတွေက ဂုဏ်ယူစရာ ဆုတံဆိပ်တွေပါပဲ။
ယိုချင်းယန် သည် ကျင့်ကြံမှုတွင် နှစ်မြှုပ်နေပြီး လတ်ဆတ်သောလေကို ရှူရန် ဂူအပြင်သို့ ရံဖန်ရံခါ လမ်းလျှောက်ထွက်လေ့ရှိသည်။
သူမ အပြင်ထွက်တိုင်း နှင်းတောထဲ၌ တခြားဝံပုလွေကလေးများ လက်ချက်ဖြင့်အရိုက်ခံနေ ရသော သူမအစ်ကို,ကိုအမြဲမြင်တွေ့ရလေ့ရှိသည်။
သူ လှိုင်ဂူသို့ပြန်လာတိုင်း ဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နှက်နေသော်လည်း လုချန်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အပြုံးတစ်ခုအမြဲရှိနေသည်။
ယိုချင်းယန် ပင်လျှင် သူ့အစ်ကိုတွင် စိတ်ရောဂါ ရှိမရှိကို အနည်းငယ် သံသယဖြစ်မိသည်..။
'နေ့တိုင်း ရိုက်ခံနေရပေမယ့် သူက စိတ်လှုပ်ရှားနေတုန်းပဲ'
လုချန်း အဘယ်ကြောင့် ဤမျှ တက်ကြွနေသည်ဟူသော အကြောင်းပြချက်ကို ယိုချင်းယန် မသိပေ။
လုချန်း,သည် လိုက်ဖမ်းခြင်း၊ ထွက်ပြေးခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းများကို နေ့စဉ်ဆောင်ရွက်နေပြီး အရှိန်အဟုန်၊ တုံ့ပြန်မှုနှင့် ထိုးနှက်ချက်များနှင့်ခံနိုင်ရည်ရှိမှုတို့သည် သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် တိုးတက်လာသည်။
စနစ်၏အဆင့်မြှင့်တင်မှုများဖြင့် လုချန်း ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ရရှိနိုင်သော်လည်း၊သူသည် ဝံပုလွေပေါက်လေးတစ်ကောင်မျှသာဖြစ်သည်။
လဝက်အကြာ လေ့ကျင့်မှုအပီးတွင် လုချန်း၏ ခွန်အား တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
လွန်ခဲ့သောငါးရက်က လုချန်း၏ဆင့်ကဲပြောင်းခြင်းအမှတ်များသည် နောက်တစ်ဆင့်တက်ရန်လုံလောက်နေပြီဖြစ်သည်။
လုချန်းသည် နောက်ဆုံးတွင် အဆင့် 5 သို့ အောင်မြင်စွာတက်ရောက်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာသည်။
လုချန်းသည် အစပိုင်းတွင် ရိုက်နှက်ခြင်းကို အပြင်းထန်ကာကွယ်နေရပေမဲ့ အဆင့်တက်ပြီးနောက် သက်တောင့်သက်သာဖြင့် ကာကွယ်နေသည်။
သို့သော် အောင်မြင်မှုရပြီးနောက်၊ သူသည် အရာတစ်ခုကို လျစ်လျူရှုထားခဲ့မိသည်။
၎င်းသည် နှင်းဝံပုလွေမျိုးနွယ်၏သွေးထဲ၌ ထူးခြားသည့် အမဲလိုက်ခြင်း စွမ်းရည်ဖြစ်သည်။
ဝံပုလွေများသည် ခံနိုင်ရည်ကြီးမားသည့် မုဆိုးများဖြစ်ကြပြီး ပစ်မှတ်ထားသော သားကောင်ကိုများကို အဆုံးထိအမဲလိုက်သော သားရဲများဖြစ်သည်။
နောက်ဆုံးတွင် သူ၏ ပေါ့ဆမှု ကြောင့် ရုပ်ပိုင်းဆိုင်ရာ အားအင်များ ကုန်ဆုံးသွားပြီးနောက် မလွှဲမရှောင်သာ အရိုက်ခံလိုက်ရပြန်သည်။
လုချန်း ရှုပ်ပွပြီး ပြန်လာသည်ကို မြင်ပြီးနောက် ယိုချင်းယန် ဆွံအကာ စကားမပြောဖြစ်သွားရသည်။
သူ့အစ်ကို၏ အရှိန်အဝါ အရင်ကထက် ပိုပြင်းထန်လာသည်ကို သူမ ခံစားရတယ်။
ဒါပေမယ့် ဒါက တကယ်ကို ဒုက္ခရှာတဲ့နည်းလမ်းတစ်ခုဖြစ်သည်။
……
နံနက်စောစောတွင် လုချန်း အိပ်ရာမှ နိုးလာပြီးနောက် မသိစိတ်မှသူ့ရဲ့ ရည်ညွှန်းချက်ဘောင်ကို ဖွင့်လိုက်သည်။
အထက်ဖော်ပြပါ အချက်များကို ဖတ်ရှုပြီးနောက်တွင် သူ့၏ အိပ်ငိုက်နေသော မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။