ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ခြင်း
Vol. 1 Ch. 11
【အမည် - လုချန်း 】
【အသက်- နှစ်လ】
[အဆင့်- 5 (0/500)]
[ကျွမ်းကျင်မှုများ-
ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ရည်(အစောပိုင်းအဆင့်) အစာချေဖျက်ခြင်း (အစောပိုင်းအဆင့်) သစ်ပင်တက်ခြင်း (အစောပိုင်းအဆင့်) ခုခံကာကွယ်ခြင်း (အစောပိုင်းအဆင့်) လျှင်မြန်စွာကုသခြင်း(အစောပိုင်းအဆင့်) ရှောင်တိမ်းခြင်း (အစောပိုင်းအဆင့်) လျှင်မြန်မှု (အစောပိုင်းအဆင့်)
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- 210]
အရည်အချင်းအသစ်များကိုကြည့်ရင်း လုချန်း ၏ ပါးစပ်သည် နားရွက်ချိတ်မတတ်ပြုံးဖြီးနေသည်။
"နောက်ဆုံးတော့!..အရည်အချင်းအသစ်တွေရအောင်လုပ်နိုင်ခဲ့ပီ"
ဒီကာလအတွင်း သူ ကြိုးစားအားထုတ်မှုအားလုံး နောက်ဆုံးတော့ အရာထင်ခဲ့ပြီဖြစ်သည်။
လွန်ခဲ့သည့်လဝက်တွင် ဝံပုလွေသားပေါက်ကလေးများ၏ နေ့တိုင်း ညှဉ်းပန်းနှိပ်စက်ခံရခြင်း၏ခံစားချက်ကို နတ်ဘုရားများ ကသာ,နားလည်လိမ့်မည်ဖြစ်သည်။
ထိုအချိန် လုချန်း ရုတ်တရက် ငိုချင်လာသည်။ နတ်ဘုရားများသည် ကြိုးစားအားထုတ်သူများကို ပစ်,ထားမည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
သစ်ပင်တက်ခြင်းအတတ်ပညာကို လေ့ကျင့်ပြီးနောက် လုချန်း သည် အခြားအတတ်ပညာများကို စမ်းသပ်ရန် စဉ်းစားမိခဲ့ပြီး မမျှော်လင့်ဘဲ အောင်မြင်ခဲ့ခြင်းသည်။
လုချန်း သည် နေ့တိုင်း ဝံပုလွေကလေးများ၏ ရိုက်နှက်ခြင်းကို ခံရသောကြောင့် ခုခံကာကွယ်ခြင်း စွမ်းရည်ကို နိုးကြားစေခဲ့သည်..။
သာမာန်အားဖြင့် ဤကျွမ်းကျင်မှုသည် ကျွဲ၊ ကြံ့ သို့မဟုတ် တောဝက်ကဲ့သို့သော ထူထဲသောအရေပြားနှင့် သားရဲများသာ ရှိလေ့ ရှိသည်။
ထို့အပြင်၊ သားရဲလောကတွင် အလွန်အရေးပါသော ကျွမ်းကျင်မှုဖြစ်သည့် လျင်မြန်စွာ လျှင်မြန်စွာကုသခြင်း စွမ်းရည်လည်းရရှိခဲ့သည်။
လုချန်း သည် ယခင်ဘဝ၌ သားရဲလောကမှ ကျားသစ်များသည် အလွန်လျင်မြန်သော်လည်း သူတို့သည် တာတို,သာပြေးနိုင်ကြသည်။
အကြောင်းရင်းမှာ ကျားသစ်များ လှုပ်ရှားသောအခါတွင်၊ ခန္ဓာကိုယ်အပူချိန်သည် အလွန်လျင်မြန်စွာ မြင့်တက်လာပြီး သတ်မှတ်ထားသော ကန့်သတ်ချက်သို့ ရောက်သည်နှင့် ရပ်တန့်ကာ အနားယူရန် လိုအပ်သည်။
"ငါ့မှာ လျှင်မြန်စွာကုသခြင်းစွမ်းရည်ကို သိပ်အသုံးမလိုပေမယ့် အနည်းဆုံးတော့ တစ်ခြားသားရဲတွေနဲ့ယှဉ်ရင် အားသာချက်တစ်ခုပဲ"
"အခုချိန်မှာ ကျွမ်းကျင်မှုတွေ အများကြီးရှိနေတဲ့ ငါက ဆဋ္ဌဂံ စစ်ပွဲဝံပုလွေတစ်ကောင်လိုပါပဲ"
လုချန်းသည် ကျွမ်းကျင်မှုအားလုံးကို အမြင့်ဆုံးအထိ အဆင့်မြှင့်တင် လိုက်ပါက မည်သို့ဖြစ်လာမည်ကို မတွေးဘဲမနေနိုင်ပေ။
အရင်ဘဝက သူသိခဲ့သော သားရဲများထဲတွင် အထူးချွန်ဆုံး မုဆိုးမှာ ကျားဖြစ်သည်။
"ကျားကို အတောင်ပံတပ်ပေးခြင်း" ဟူသော စကားစုသည် သားရဲလောကရှိ ကျားများအား အစွမ်းထက်ခြင်းကြောင်း ညွှန်ပြနေသည်။
ဒီအရည်အချင်းတွေကို အစွမ်းကုန် အဆင့်မြှင့်တင်ပြီးရင် ကျားတစ်ကောင်က သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်နဲ့မခြားတော့ပေ။
ဤသည်ကို တွေးမိသောအခါ လုချန်း စိတ်လှုပ်ရှားမှုကို ထိန်းမနိုင်တော့ဘဲ ကျယ်လောင်သော ဝံပုလွေအူသံကို ထုတ်လွှတ်လိုက်မိသည်။
"အာ~ဝူး~"
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယိုချင်းယန် သည် လုချန်း ကြောင့် နိုးလာပြီး သူမ၏ မျက်နှာ ရုတ်တရက် အလွန်ရုပ်စိုးသွားသည်။
ယိုချင်းယန်သည် သူ့အစ်ကိုရဲ့ တွေးခေါ်မှုသည်၊ဘာဖြစ်လို့ဒီလောက်ထိ ထူးခြားနေမှန်း နားမလည်နိုင် ဖြစ်နေရသည်။
သူအကိုသည် နေ့တိုင်း ရုတ်တရက်စိတ်ထဖောက်ပြီး ယခု ပိုဆိုးလာသည်။ မနက်အစောကြီး ထဖောက်နေပြီ...
ယိုချင်းယန် ၏ အပြာရောင် မျက်လုံးများတွင် ဒေါသမီးတောက်များဖြင့် တောက်လောင်နေသည်။
ဘေးမှ စိတ်လှုပ်ရှားနေသော လုချန်း သည် သူ့ညီမ နိုးလာသည်ကိုမြင်သောအခါတွင် သူမကို ပွတ်သတ်ရန် ပြေးသွားလိုက်သည်။
လချန်း သည် စကားမပြောနိုင်သောကြောင့် သူ့ညီမနှင့် ဤနည်းဖြင့်သာပျော်ရွှင်မှုကိုဝေမျှနိုင်သည်။
သို့သော်လည်း သူ့အပြုအမူသည်၊ ယိုချင်းယန် အား ဆွံအ,သွားစေသည်။
ယိုချင်းယန် သည် အနည်းငယ် သံသယဝင်သွားကာ သူ့အစ်ကိုက နှင်းဝံပုလွေ လား၊ခွေး လား ဝေခွဲမရဖြစ်နေသည်။
သူက စိတ်ရူးဖောက်ရုံသာမက ဦးနှောက်လည်း သိပ်မကောင်းပေ။
"ငါ့အစ်ကိုက တုံးအလွန်းတယ်၊ သူ့ကို အားကိုးရမယ်လို့ထင်ထားပေမဲ့.. အခုတော့.."
နိုးလာသော ယိုချင်းယန် အခုချိန်တွင် ကူကယ်ရာမဲ့ နေသည်။
ထို့နောက် ကျင့်ကြံခြင်းတွင်ပြန်လည် နှစ်မြှုပ်ကာ လုချန်းအား လျှစ်လျူရှူ လိုက်သည်။
လုချန်း သည် ရှောင်ပိုင် နိုးလာသော်လည်း ပြန်လည်အိပ်ပျော်သွားသည်ကို မြင်သောအခါ သူမ အား,ဆက်မနှောက်ယှက်တော့ပေ။
သူ့အကြည့်များကိုရည်ညွှန်းချက်ဘောင် ပေါ်သို့ ရွှေ့လိုက်သည်။
စုဆောင်းထားသော ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀၀ ကျော်ကို ကြည့်ရင်း ပြန်လည်စိတ်အားထက်သန်လာခဲ့သည်။
"ရှောင်တိမ်းခြင်းကို အဆင့်မြှင့်ဖို့ ဆင့်ကဲပြောင်းလဲခြင်း အမှတ်အားလုံး သုံးလိုက်ရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ?"
လုချန်း သည် အသစ်ပေါ်လာသော ကျွမ်းကျင်မှုများကို ကြည့်ရင်း စမ်းကြည့်ရန် လက်ယားလာသလို ခံစားလိုက်ရသောကြောင့် ရှောင်တိမ်းခြင်းကို ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀၀ တိုက်ရိုက် ပေါင်းထည့်လိုက်သည်။
တချိန်တည်းမှာ လုချန်း ရဲ့ စိတ်ထဲသို့ အချက်အလက်များ စီးဆင်းဝင်ရောက်လာသည်။
ခဏလေးအတွင်းမှာ လုချန်း သည် မရေမတွက်နိုင်သော တိုက်ပွဲ အတွေ့ကြုံများခံစားလိုက်ရသည်။
ခြေလက်များ ပေါင်းစပ်ဖွဲ့စည်းမှု၊ ခန္ဓာကိုယ် ပျော့ပျောင်းမှုနှင့် တုံ့ပြန်နိုင်စွမ်း အားလုံးသည် ကြီးမားစွာ တိုးတက်လာသည်။
များပြားသော အမှတ်တရများ ခေါင်းထဲသို့ဝင်ရောက်ခြင်းကြောင့် လုချန်း အနည်းငယ် မှင်တက်သွားသည်။
လုချန်း သည် သူ၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်ခြင်းသည် ယခင်ကထက်စာလျှင် များစွာတိုးတက်ကောင်းမွန်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ထို့နောက် ရည်ညွှန်းချက်ဘောင်ကိုဖွင့် ကြည့်လိုက်ပြီး အစောပိုင်းရှောင်တိမ်းခြင်း စွမ်းရည်သည် အလယ်အလတ် ရှောင်တိမ်းခြင်း စွမ်းရည်အဖြစ်သို့အဆင့်မြှင့်သွားသည်ကိုမြင်လိုက်ရသည်။
လုချန်း အဆင့်မြှင့်တင်နေချိန်တွင် ယိုချင်းယန် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး ကျင့်ကြံခြင်းကိုရပ်တန့်လိုက်ကာ၊သူ့ဘေးနားရှိ လုချန်းအား သံသယများဖြင့်ကြည့်လိုက်သည်။
သူမ၏အစ်ကို၌ အပြောင်းအလဲအချို့ ဖြစ်ပေါ်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
အဆင့်မြှင့်ပြီးနောက် လုချန်း သည် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အကြည့်ဖြင့် အသိုက်ထဲမှ ပြေးထွက်သွားသည်။
ရေခဲနှင့် နှင်းများပေါ်တွင် ပြေးနေသည့် လုချန်း ၏ အရှိန်သည် ယခင်ကထက် များစွာ ပိုမြန်လာသည်။
အကြောင်းမှာ သူ့ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်စွမ်း အရင်ကထက် ပိုမို ချောမွှေ့လာသောကြောင့်ဖြစ်သည်။
လုချန်း သည် နို့စို့ရန် အခြားဝံပုလွေတွင်းသို့ သွားကာ နို့စို့ပြီးနောက် အားအင်အပြည့်ဖြင့် အပြင်သို့ထွက်လာသည်။
ဝံပုလွေသားငယ်အုပ်စု ကစားနေသည်တွေ့လိုက်ရသောအခါ လုချန်း ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သောအပြုံးတစ်ခုထွက်ပေါ်လာသည် ။
သူသည် လျှင်မြန်သော အရှိန်ဖြင့်ပြေးသွားကာ ဝံပုလွေသားငယ်များကို နှင်းများပေါ်သို့ နှစ်လိုက်သည်။
ထို့နောက်၊ လွန်ခဲ့သောဆယ်ရက်ကမြင်ကွင်းသည် နှင်းထူထပ်သော ချိုင့်ဝှမ်းတွင် ထပ်မံဖြစ်ပွားခဲ့သည်။
သို့ပေမယ့် ဒီတစ်ခါတွင် ဇာတ်လမ်းသည်အပြောင်းအလဲ ဖြစ်သွားသည်။
အခု ဝံပုလွေငယ်လေးများသူ့အား လိုက်ဖမ်းသောအခါ လုချန်း သည်အလောတကြီး မပြေးတော့ဘဲ အေးဆေးတည်ငြိမ်နေသည်။
ဝံပုလွေလေးတစ်ကောင် အမီလိုက်လာတိုင်း သူ့ခန္ဓာကိုယ်သည် အလွန်လျှင်မြန်ပြီး၊လိုက်လျောညီထွေ လှည့်ပတ်နေ ကာ အလွယ်တကူ ရှောင်တိမ်းလျှက်ရှိသည်။
ဝံပုလွေကလေးများ ပစ်မှတ်ကို လွဲချော်ကာ နှင်းထဲတွင်နှစ်မြှုတ်သွားကြသည်။
ယင်းကိုမြင်သည်နှင့် လုချန်း၏ အပြုံးများ တောက်ပလာသည်။