← Chapters

နို့ဖြတ် ခံလိုက်ရသော ဧကရီ ချင်းယန်

Vol. 1 Ch. 12

နို့ဖြတ် ခံလိုက်ရသော ဧကရီ ချင်းယန်

Vol. 1 Ch. 12

နှင်းများပေါ်တွင် ပြားပြားဝပ်နေသော ဝံပုလွေသားငယ်‌လေးအုပ်စုသည် အရှုံးကို ဝန်ခံရန် ငြင်းဆန်ကာ လုချန်း အား လိုက်ဖမ်းနေကြဆဲဖြစ်သည်။

တစ်ဖက်လူကို လိုက်ဖမ်း,မမိမချင်း သူတို့လက်မလျော့နိုင်ပုံရသည်။

ဒီဝံပုလွေသားပေါက်လေးများသည် အဆက်မပြတ် ထပ်လောင်းလိုက်ဖမ်းခြင်း နည်းဗျူဟာကို စတင်အသုံးပြုလာပြီဖြစ်သည်။

သို့သော်လည်း လုချန်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် ဤနည်းဗျူဟာသည် ယနေ့တွင် အသုံးမဝင်တော့ပေ။

လုချန်း ၏ ရှောင်တိမ်းခြင်း စွမ်းရည် တိုးတက်လာသောကြောင့် အခုတွင် သူသည် ဝံပုလွေသားငယ်များ၏ လိုက်ဖမ်းခြင်းကိုလွယ်လွယ်ကူကူ ရှောင်းတိမ်းနေသည်။

အားစိုက်ထုတ်မှုနည်းခြင်း၊ ပိုတိုသောအကွာအဝေးကို ပြေးခြင်းနှင့် လိုက်လျောညီထွေရှိသော ခန္ဓာကိုယ်ကို အသုံးပြုခြင်းဖြင့် လိုက်ဖမ်း,မှုမှ အလွယ်တကူ လွတ်မြောက်နိုင်သည်။

အရင်ကလို ပန်းတိုင်မဲ့ပြေးဖို့ မလိုအပ်တော့ပေ။

လုချန်း သည် ဆက်ပြေးနိုင်နေသေးသော်လည်း တက်ကြွသော ဝံပုလွေက‌လေးငယ်များသည် ဦးစွာ အရှုံးပေးခဲ့ကြသည်။

လုချန်း အား အဆက်မပြတ်လိုက်ဖမ်းနေပြီး အခုတွင် အားလုံး မောပန်းနေကြပြီဖြစ်သည်။

လှိုဏ်ဂူထဲမှာရှိ ကျင့်ကြံမှုပြီးသွားသော ယျုချင်းယန် သည် သူမ၏ အကြောများကို ဆန့်တန်းလိုက်သည်။

ထိုကာလအတွင်း သူမသည် ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်များကို လေ့ကျင့်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တစ်ဖြည်းဖြည်းနှင့်အားကောင်းလာသည်။

ယိုချင်းယန် သည် လှိုင်ဂူထဲမှ ဖြည်းညှင်းစွာ ထွက်လာကာ လတ်ဆတ်သော လေကောင်းလေသန့်ရယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဤနှင်းထူထပ်သောချိုင့်ဝှမ်းတွင် လူမရှိသလို အခြားသက်ရှိသတ္တဝါများမရှိပါ၊ ဝံပုလွေများသာ ဒီနေရာတွင်နေထိုင်ကြသည်။

ယိုချင်းယန် ၏နေ့စဉ် ပျင်းရိငြီးငွေ့မှုကို ပြေပျောက်စေရန် သူ့အစ်ကိုနှင့်ဝံပုလွေသားပေါက်ကလေးများ ဆော့ကစားနေခြင်းကို ကြည့်ရှုသည်။

သူ့အစ်ကိုသည် သိပ်ဉာဏ်မမီပေမယ့် ယိုချင်းယန် ၏ ငြီးငွေ့စရာကောင်းတဲ့ ဘဝရဲ့ စိုပြေစေကြောင်း ဝန်ခံရမည်ဖြစ်သည်။

သို့သော်လည်း ချိုင့်ဝှမ်းရှိမြင်ကွင်းသည် ယိုချင်းယန် အနည်းငယ် အံ့သြသွားသည်။

လုချန်း အရိုက်ခံရသော မြင်ကွင်းသည် သူမမျှော်လင့်ထားသလို ဖြစ်မလာပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ လုချန်း သည် သူ့နောက်မှ ဝံပုလွေကလေးငယ်အုပ်စုကို ရွှတ်နောက်နောက်ကြည့်ကာ လွယ်ကူစွာ ရှောင်တိမ်းနေသည်။

အချိန်အတော်ကြာ လိုက်ဖမ်းသော်လည်း ဝံပုလွေကလေးများသည် လုချန်း ၏ ခန္ဓာကိုယ်ကိုပင် မထိနိုင်ပေ။

ယိုချင်းယန် သည် ချိုင့်ဝှမ်းရှိ လုချန်း ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ မနေ့က လုချန်းသည် ဒီဝံပုလွေကလေး အုပ်စု၏ရိုက်နှက်ခြင်းကို ခံ‌နေရဆဲဖြစ်သည်။

ထိုသို့သော ကြီးမားတဲ့ပြောင်းလဲမှုသည် နေ့ချင်းညချင်း ဖြစ်ပျက်ခဲ့သည်။

……

သုံးရက်အကြာ နံနက်ခင်းတစ်ခုတွင် လုချန်း ထုံးစံအတိုင်း လှိုင်ဂူမှ ထွက်ခွာခဲ့သည်။

ဒီတစ်ကြိမ်တွင် သူ့နောက်မှာ အပိုရုပ်ပုံတစ်ခု ရှိနေသည်။

လှိုင်ဂူတွင် ကျင့်ကြံနေသော ယိုချင်းယန် သည် အခုတစ်ကြိမ်တွင် ရှားရှားပါးပါး လုချန်း နောက်သို့ အမှန်တကယ် လိုက်လာခဲ့သည်။

အကြောင်းပြချက်က ရိုးရှင်းပါတယ်။ မနေ့ညက နှင်းဝံပုလွေဘုရင်သည် သူမအား နို့ဖြတ်ဖို့ဆုံးဖြတ်ခဲ့သည်။

နှစ်လအရွယ် နှင်းဝံပုလွေက‌ကလေးငယ်သည် ပုံမှန်နို့ဖြတ်သည့်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။

 နှင်းဝံပုလွေမိခင်၏ "အကျဉ်းချထားသောကာလ" သည်လည်း ပြီးဆုံးသွားပြီဖြစ်သည်။

ပြန်လည်သက်သာလာပြီးနောက်တွင် နှင်းဝံပုလွေမိခင် သည် ဝံပုလွေများနှင့် အမဲလိုက်ထွက်ရမည်ဖြစ်သည်။

အမှန်တကယ်တွင် ဤကဲ့သို့ ကြီးမားသော မျိုးနွယ်စုသည် အေးခဲပြီး နှင်းများထူထပ်သော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်စေရန်အတွက် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေထီးများကိုသာ အားကိုးရန် မလုံလောက်ပါ။

နို့မသောက်ဘဲ ယိုချင်းယန် သည် အသားစိမ်းကို တိုက်ရိုက်မစားချင်ပေ။

လေ့ကျင့်ဖို့အတွက် နို့သောက်ရန် သူ့အစ်ကိုနောက်ကို လိုက်သွားရုံသာရှိသည်။

သူ့နောက်တွင် မပျော်မရွှင်ဖြစ်နေသော ရှောင်ပိုင် ကိုကြည့်ရင်း လုချန်း ပြုံးလိုက်မိသည်။

သူ နို့ဖြတ်ခံရတုန်းက ရှောင်ပိုင် ၏ ကြီးစိုး တဲ့အမူအရာကို သူမမေ့သေးပါ။

"မင်း‌တောင် ဒီနေ့ကိုရောက်လာပီ"

'မိခင်နို့ကို မ‌သောက်ရတော့ ငါလိုချောမောခန့်ညားတဲ့အကိုနဲ့ အပြင်ထွက်ပြီး နို့သောက်ခြင်နေပြီမဟုတ်လား'

သို့သော် သူတို့ အခြားဝံပုလွေတွင်းသို့ သွားခဲ့သော်လည်း နှင်းဝံပုလွေအမျိုးသမီး၏ တိုက်ရိုက်နှင်ထုတ်ခြင်းခံခဲ့ရသည်။

အရင်က ဤကလေးနှစ်ယောက်ကို နို့တိုက်ခဲ့တဲ့ နှင်းဝံပုလွေက ဒီတစ်ခါမှာတော့ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ အော်ဟစ်ကာနှင်ထုတ်‌နေသည်။

ဆိုလိုရင်းက....

"နင်တို့နှစ်ယောက် အသက်ဘယ်လောက်ရှိ‌နေပြီလဲ၊ ငါ့ရင်သားတွေကို စို့ဖို့ ဒီမှာရှိ‌ နေတုန်းပဲလား၊ !

ဘယ် ဝံပုလွေကလေး က နှစ်လကျော်အထိ နို့ တောင်းချင်‌နေသေးလို့တုန်း။ !"

မောင်နှမနှစ်ယောက်သည် နှင်းဝံပုလွေအမျိုးသမီးရဲ့ ဒီလို အရှက်ကွဲတဲ့ အခြေအနေဖြင့် နှင်ထုတ်ခံရသည်။

လုချန်း သည် အရှုံးမပေးဘဲ အသိုက်ပေါင်းများစွာကို တစ်ခုပြီးတစ်ခု သွား‌ရောက်ခဲ့သော်လည်း ခြွင်းချက်မရှိ၊၎င်းတို့အားလုံးသည် တူညီတဲ့အခြေနေဖြင့် နှင်ထုတ်ခဲ့သည်။

ချိုင့်ဝှမ်းရှိ ဆီးနှင်းများကိုကြည့်ရင်း ယိုချင်းယန်သည် ကောင်းကင်ကြီးပြိုကျနေသလို ခံစားလိုက်ရသည်။ 

"အို နတ်ဘုရားတို့ ငါ နို့မသောက်ရင် ဘယ်လို အသက်ရှင်သန်နိုင်မှာလဲ !"

ယိုချင်းယန် သည် ခေါင်းတွင် သွေးများဖြင့် ဖုံးအုပ်ကာ တိရိစ္ဆာန်အ‌သေတွေကို လုချန်း ကိုက်နေ‌သော မြင်ကွင်းကို ဆက်ပြီးမတွေးချင်တော့ပေ။

ကိုယ်တွင်းအင်္ဂါနဲ့ အသားတွေရဲ့ မနှစ်မြို့ဖွယ် အနံ့အသက်တွေတွေခံစားရပြီး သူကို‌အော့အန်စေသည်။

"မဟုတ်ဘူး! ငါလုံးဝမစားဘူး!

ငတ်သေသွားရင်တောင် အသားစိမ်းတွေကို လုံးဝ,မစားဘူး!"

အနားမှာ ရပ်နေတဲ့ လုချန်း သည်လည်း စိတ်မသက်မသာ ဖြစ်နေသည်။

အသက်လေးကြီးလာရုံနဲ့ဒီလို‌တွေဖြစ်လာမယ်လို့မ‌မျှော်လင့်ထားပေ။

နို့မသောက်ဘဲ အသားစားရင် အရသာတစ်ဝက် ပျောက်ကွယ်သွားပါလိမ့်မယ်။

အရင်က မိခင်၏နို့ဖြတ်ခံရခြင်းကို လုချန်းသိပ်ပြီး‌မတွေးခဲ့ပေ။

အခုတော့ လုချန်း သည် မိခင်နို့၏ချိုမြိန်မှုကို တမ်းတ,မိလာသည်။

……

ညသန်းခေါင်မှာ အမဲလိုက်ထွက်တဲ့ ဝံပုလွေတွေဟာ ချိုင့်ဝှမ်းကို ပြန်ရောက်လာကြသည်။

နှင်းဝံပုလွေဘုရင်သည် ကြီးမားသော ဆတ်သေအလောင်းကို ဆွဲယူကာ မိခင်ဝံပုလွေနှင့်အတူ ဂူထဲသို့ ဝင်လာခဲ့သည်။

ထို့နောက် လုချန်း သည် အသားများကို အငမ်းမရ စားသောက်လိုက်သည်။

သူသည် နေ့ခင်းဘက်တွင် နို့မသောက်ရသောကြောင့် ဗိုက်ဆာ နေခြင်းဖြစ်သည်။

သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု တိုးတက်လာသောကြောင့် လုချန်း ၏ အစာစားချင်စိတ်သည်လည်းတိုးလာခဲ့သည်။

တစ်ချိန်က သူ့အတွက် ရွံရှာပုံပေါက်‌နေသော အသားစိမ်းသည် အခုတော့ စားသုံးရန် ကျင့်သားရနေပြီဖြစ်သည်။

သို့သော် ဘေးတွင်ရပ်နေသော ယိုချင်းယန် သည် ထိုနေရာမှာပဲ မလှုပ်မယှက် ရပ်နေသည်။

သူ့ဗိုက်က ဆာလောင်မှုနဲ့အတူ အော်ဟစ်နေပေမယ့် သူ့ကိုယ်သူ ခံနိုင်ရည်ရှိအောင် တွန်းအားပေး‌နေသည်။

ဧကရီတစ်ယောက်ဖြစ်ခဲ့သော သူသည် အသားစိမ်းကိုလုံးဝမစားချင်ပေ။

ယိုချင်းယန် သည် အသက်ပြင်းပြင်းရှူကာ ခြေလက်များကို ဆန့်ထုတ်ပြီး နားရွက်ကို အုပ်ရန် ကြိုး‌စားနေသည်။

"ဧကရီဖြစ်တဲ့ငါက ဘယ်လိုလုပ်အသားစိမ်း‌တွေကိုစားရမှာလဲ"

"မစားဘူး! လုံးဝမစားဘူး!"

"အိပ်တော့၊ အိပ်‌ပျော်သွားရင် ဗိုက်ဆာ‌ တော့မှာ မဟုတ်ဘူး"

ယိုချင်းယန် သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ဆဲဖြစ်ပြီး ဗိုက်ဆာခြင်းကို ညှို့ယူနေချိန်တွင် လုချန်းသည် သူမအား မော့ကြည့်လိုက်သည်။

ထောင့်မှာ ဗိုက်ဆာနေတဲ့ ညီမကို ကြည့်ရင်း စိတ်မပူဘဲ မနေနိုင်ပေ။

"ငါ့ညီမက အားနည်းရုံတင်မက အစားအသောက်လည်း အရမ်းဇီဇာကြောင်တယ်၊ဒါကို ဘယ်လိုလုပ်ပီးလက်ခံပေးရမာလဲ!"

"အသားမစားချင်ရင် သူ ဘယ်လိုကြီးပြင်းလာ နိုင်မလဲ"

ဆိုရိုးစကားအတိုင်း "ဝံပုလွေတစ်ကောင်သည် အသားစားရန် မိုင်တစ်ထောင် ခရီးထွက်သည်"

အသားမစားချင်သောဝံပုလွေသည် အရည်အချင်းပြည့်မီသော နှင်းဝံပုလွေမဟုတ်ပါ။

ဤညီမသည် တစ်ချိန်က သူ့ကို မထီမဲ့မြင်ပြုကာလှောင်ပြောင်ပြီး မိခင်နို့ကို လက်ဝါးကြီးအုပ်ထားသော်လည်း...

သူမသည် လုချန်း၏ တစ်ဦးထဲသော ညီမလေး သာဖြစ်သည်။

လုချန်း ဘာမှမတတ်နိုင်ပေ။သေချာတာကတော့ သူမ အရင်ကဆိုးခဲ့သမျှကိုတောင် ခွင့်လွှတ်ဖို့ ရွေးချယ်ခဲ့‌သေးတာ ပဲ...။

သူ့ညီမကို အစာမငတ်စေရန် လုချန်း သည် သမင်ထံမှ အလွန်နူးညံ့သောအသားတစ်ပိုင်းကို ဆုတ်ဖြဲကာ ယိုချင်းယန် ရှေ့တွင် ချလိုက်ပြီး နဖူးဖြင့် ညင်သာစွာ သူမ ကိုပွတ်သပ်လိုက်သည်။

အိပ်‌ပျော်ရန် အတင်းလုပ်ယူနေသော ယိုချင်းယန် "...."

ယိုချင်းယန် သည် ကြောင်စီစီဖြစ်ကာ ပါးစပ်ထောင့်တွင် သရေ များဖြင့် နိုးလာသည်။

အိပ်ပျော်တစ်ဝက်နှင့် နိုးတစ်ဝက် ဖြစ်နေသော သူမသည် ဆာလောင်မှုကြောင့် သူမရှေ့တွင် အရသာရှိတဲ့ အသားကင်တစ်ပိုင်းကို အမှန်တကယ် မြင်လိုက်ရသည်။

အပြင်တွင် ကြွပ်ကြွပ်လေးဖြစ်နေကာ အတွင်းထဲတွင် နူးညံ့ပြီးဆွဲဆောင်မှုရှိတဲ့ရနံ့ကိုတောင် ရလိုက်ပါသေးတယ်။

မဆိုင်းမတွဘဲ သူမပါးစပ်ကိုဖွင့်ပြီး စားလိုက်ပါတော့တယ်။

"အင်း! အရမ်းအရသာရှိတယ်!"

All Chapters