← Chapters

နှင်းတောင်ကြားမှ ဘဝသည် ပျင်းစရာကောင်းလှသည်။

Vol. 1 Ch. 13

နှင်းတောင်ကြားမှ ဘဝသည် ပျင်းစရာကောင်းလှသည်။

Vol. 1 Ch. 13

အိုး!

ထိုအခိုက်တွင် ယိုချင်းယန် သည် အမှန်တကယ်ပင် ငိုချင်လာသည်။

'ငါ့ရှေ့မှာ အရသာရှိတဲ့ အသားကင်တစ်ခုရှိ‌နေတယ်၊ပျော့ပျောင်းတယ်၊ နူးညံ့တယ်၊ အရည်ရွှမ်းတယ်'

သို့ပေမယ့် အချိန်အတော်ကြာ စားသောက်ပြီးတဲ့ နောက်မှာတော့ သူမရှေ့က မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

သွေးညှီနံ့သည် ယိုချင်းယန် နှာခေါင်းထဲဝင်ရောက်လာပြီး သူမ၏ အိပ်တစ်ဝက်၊နိုးတစ်ဝက် အခြေအနေမှ ချက်ချင်း နိုးလာခဲ့သည်။

သူ့ရှေ့ရှိ အရသာရှိသော အသားကင်သည် သွေးစွန်းနေသော အသားစိမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် ပျို့အန်ချင်လာသည်။

"ဒီဧကရီက အသားစိမ်းကို ဘယ်လိုလုပ်စားနိုင်ရမှာလဲ...

အားးးး!

ရှက်စရာကောင်းလိုက်တာ!"

သူမသည် ကမ္ဘာကို ကြီးစိုးသော ဧကရီဖြစ်ချိန်တွင် ရှားရှားပါးပါး အရသာကို မြည်းစမ်းဖို့ပင် စိတ်မ၀င်စားခဲ့ပေ။

နဂါးအသည်းနှင့် ဖီးနစ်ခြင်ဆီတို့သည် သူမအတွက် အရသာမရှိပေ။

မထင်မှတ်ပဲ၊ အခု သူမသည် ရွံရှာဖွယ် အသားစိမ်းများကို စားနေလေပြီ။

သွေးညှီနံ့နှင့်မနှစ်မြို့ဖွယ် အနံ့သည် ယိုချင်းယန် အော့အန်ချင်လာသည်။

"သူ ဘာဖြစ်နေတာလဲ?"

ထိုအချိန်တွင် ရှောင်ပိုင် ၏ အော်သံကိုကြားလိုက်ရပြီး၊ သူ လှည့်ကြည့်လိုက်သောအခါ အစာစားနေရင်း တကိုယ်လုံး တုန်နေသည်ကိုတွေ့လိုက်သည်။

ငွေဖြူခေါင်းတွင် အသား,စ များကပ်နေပြီး အံကြိတ်ကာ ခြေလက်များ အဆက်မပြတ် တုန်လှုပ်နေသည်။

"ဒါ ဒဏ္ဍာရီထဲက အရသာရှိတဲ့ အစားအစာကိုစားပြီး မင်းကို တဆတ်ဆတ်တုန်အောင် ဖြစ်စေတာလား"

လုချန်း သည် သူ့ညီမ စားကောင်းသောက်ဖွယ်အစားစာကို ပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်သည်ဟုမမျှော်လင့်ထားပေ။

"စကားမစပ် ဒီအသားစိမ်းက တကယ်ပဲအရသာရှိတာလား၊သူဘာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ'

တကိုယ်လုံးတုန်နေသော ရှောင်ပိုင် ကိုကြည့်ရင်း လုချန်း သည် သက်ပြင်းတစ်ချက်ချပြီး ခေါင်းခါယမ်းလိုက်သည်။ 

ယိုချင်းယန် သည် လုချန်း ၏အမူအရာကို သတိထားမိလိုက်သည်။ သူ့မျက်လုံးထဲရှိ အရိပ်အယောင်ကို မြင်လိုက်ရပြီးသူမသည် အလွန်ရှက်မိသွားသည်။

"ဒီအရာကို အရသာရှိတယ်လို့ ဘယ်လိုများထင်လိုက်တာလဲ"

သွေးတွေဖုံးနေတဲ့အသားက အရသာရှိတယ်လို့ထင်တဲ့သူတိုင်း စိတ်ပိုင်းဆိုင်ရာပြဿနာရှိရမယ်။

သူ့တစ်ကိုယ်လုံး တုန်လှုပ်နေပြီး မအီမသာဖြစ်နေကာ ပျို့အန် ချင်စိတ်ကို ထိန်းဖို့ကြိုးစားနေသည်။

ယိုချင်းယန် သည် ဂူအပြင်ဘက်ရှိ အေးစက်သောလေများ တိုး‌ဝှေ့သံကို နားထောင်ရင်း ငိုချင်သလိုခံစားရသော်လည်း မျက်ရည်မထွက်ဖြစ်နေသည်။

ဘာပဲဖြစ်ဖြစ် အသားစိမ်းကို မျိုချပြီးနောက်မှာတော့ သူမရဲ့ ဆာလောင်မှုဟာ နည်းပါးသွားသည်။

အရင်တုန်းက ယိုချင်းယန် သည် ဗိုက်ဆာလွန်းလို့ ရင်ဘတ်သည် နောက်ကျောနှင့် ကပ်နေသည်ဟု ခံစားရသည်။

ပြီးတော့ ဒီအသွေးအသားတွေက သူမခန္ဓာကိုယ်ကို စွမ်းအင်များပေးစွမ်းခဲ့သည်။

"အစပိုင်းမှာအရာအားလုံးကခက်ခဲတယ်၊အခု ငါ ပထမဆုံး အကြိမ် အသားစိမ်းကို အိပ်တဝက်နဲ့ နိုးတဝက်နိုးအခြေနေမှာစားခဲ့တယ်"

ဒါပေမယ့် ဒါဟာ အစပဲဖြစ်ပြီး ဆက်စားဖို့ သိပ်မခက်တော့ပေ။

အရေးကြီးဆုံးအချက်မှာ သူမ၏ လက်ရှိအခြေအနေအရ အသားစိမ်းမစားပါကဒီနှင်းတွေထူထပ်တဲ့ ချိုင့်ထဲတွင် အစာငတ်ပြီးသေလိမ့်မည်ဖြစ်သည်။

သူ့ရှေ့က အသားစိမ်းတွေကို စိုက်ကြည့်ရင်း ယိုချင်းယန် ၏ အေးစက်နေတဲ့ အပြာရောင်မျက်လုံးများပေါ်တွင် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

စား!

"အရင်ဘဝတုန်းက ကျင့်ကြံခြင်းအတွက် အခက်အခဲအမျိုးမျိုး ‌ဖြတ်ကျော်ခဲ့ရတယ်၊အသားစိမ်းစားတာက ဘာအရေးကြီးလိုလဲ"

"ဒါတင်မက‌သေးဘူး၊ ငါက ရှင်သန်ဖို့အတွက် ကြိုးစားနေတာ"

' လေးလံသောဝန်ကိုထမ်း၍ အရှက်ကွဲခြင်း' ဟုခေါ်သည်

သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် ယိုချင်းယန် သည် အသက်ပြင်းပြင်းရှူကာ ပျို့အန်ချင်စိတ်ကိုထိန်းပြီး ပါးစပ်ဖွင့်ကာအသားစိမ်းကို စားလိုက်တော့သည်။

အက်! အက်!

နှင်းဝံပုလွေသည် လှိုဏ်ဂူထဲတွင် အသားစိမ်းကို အလောတကြီးစားသောက်နေသည်။ တစ်ယောက်ယောက်က ဝါး‌နေတဲ့အသံများကိုကြားရင် ကျောရိုးအေးစိမ့် သွားမည်မှာသေချာပါသည်။

သို့ပေမယ့် ဒီနှင်းဝံပုလွေတွေအတွက် ထိုအခိုက်တန့်သည် အပျော်ဆုံးအချိန်များပင်ဖြစ်သည်။

ရေခဲနှင့် နှင်းများရှိသော ဤနေရာတွင် တောရိုင်းတိရိစ္ဆာန်များအတွက် အကြီးမားဆုံး ပျော်ရွှင်မှုမှာ သူတို့၏ ဗိုက်ပြည့်အောင်စားနေရသည့်အချိန် ဖြစ်သည်။ 

ယိုခင်းယန် သည် အသားစိမ်းများအားလုံး စားသောက်လိုက်သည်ကို မြင်လိုက်ရသဖြင့် နှင်းဝံပုလွေမိခင်၏ မျက်လုံးများသည် ကျေနပ်အားရမှုဖြင့် ပြည့်နှက်နေခဲ့သည်။

သူမသည် နှင်းဝံပုလွေနှစ်ကောင်ကို မွေးဖွား‌ပေး ခဲ့ပြီး၊လုချန်း သည် နှင်းဝံပုလွေဘုရင် အသိအမှတ်ပြုခံရခြင်းအတွက် အလွန်ဂုဏ်ယူမိပါသည်။

ဒါပေမယ့် သမီးလေးကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။

ငယ်စဉ်ကတည်းက အားနည်းပြီး ဖျားနာရုံတင်မကဘဲ မိခင်နို့ကိုတောင် သောက်ဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။

နှင်းဝံပုလွေမိခင်သည် ယိုချင်းယန် ကျန်းမာစွာကြီးပြင်းနိုင်မည်မဟုတ်ကြောင်း အမြဲစိုးရိမ်နေခဲ့ပြီး အခုတွင် အသားစိမ်းများ အငမ်းမရ စားနေသည် ကိုမြင်လိုက်ရသဖြင့် သူမ အလွန်ပျော်ရွှင်နေမိသည်။

"မိုက်မဲတဲ့သမီးလေး အမေ့ကို စိုးရိမ် အောင် အမြဲလုပ်‌တယ်.."

လုချန်း ကိုကြည့်သောအခါ သူ့မျက်လုံးထဲတွင် ဂုဏ်ယူမှုတို့ဖြင့်ပြည့်နှက်နေသည်။

ဝံပုလွေဘုရင်၏ အမွေကို ဆက်ခံမည့် သားတော်နှင့် ... ကျန်းမာစွာ ကြီးပြင်းလာသော သမီးတော် ...

ဝံပုလွေမိခင်၏အမြင်မှာ သူမတွင်ပါရမီရှိသောသားနှင့်အသုံးမကျသောသမီးတစ်ဦးရှိသည်..။

အကယ်၍ ယိုချင်းယန် သည် အခု ချိန်သူ့အမေ အတွေးများကို သိပါက သူမ အလွန် စိတ်ဆိုး နေမည်မှာ သေချာသည်။

ဂုဏ်သိက္ခာရှိသော ဧကရီကို နှင်းဝံပုလွေမိခင် က အရှုံးသမားအဖြစ် မှတ်ယူနေခြင်းကိုမည်သို့လက်ခံနိုင်မည်နည်း။

အရေးကြီးဆုံးအချက်မှာ ဦးနှောက်သေ‌နေသောအစ်ကိုအား ကောင်းကင်ဘုံအလိုတော်နှင့် ဆန့်ကျင်ကာ ပါရမီရှင်တစ်ဦးအဖြစ်ပင် မှတ်ယူထားခြင်းဖြစ်သည်။ !

……

နှင်းများဖုံးလွှမ်းနေတဲ့ ချိုင့်ဝှမ်းတွင် ငွေဖြူ ဝံပုလွေအဖွဲ့တစ်ဖွဲ့ ပြေးလွှားနေပြီး အကြီးဆုံးတစ်ကောင်သည် အရှေ့ဆုံးမှ ပြေးလွှားနေသည်။

ဒီနှင်းဝံပုလွေလေးက တခြားဝံပုလွေကလေးများထက် ပိုမြန်သည်။

သူသည် ရှေ့သို့ပြေးနေပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ့နောက်မှ နှင်းဝံပုလွေကလေးအား နှင်းပေါ်သို့ နှစ်လိုက်‌သည်။

ထိုလှုပ်ရှားမှုက ဝံပုလွေသားငယ်အုပ်စုကို နားမလည်နိုင် ဖြစ်စေခဲ့သည်။

"ငါတို့အားလုံးက ဝံပုလွေတွေဆိုတာသေချာပါတယ်၊သူဘယ်လိုများ လုပ်ရက်ရတာလည်း"

နှစ်ဖက်စလုံးသည် အကြိမ်ပေါင်းများစွာ ပြေးလွှားခဲ့ကြသော်လည်း ဝံပုလွေသားငယ်များက သူ့အမြီးကိုတောင် မထိနိုင်ခဲ့ကြပေ။

ဝံပုလွေသားငယ်တိုင်း အကြိမ်ပေါင်းများစွာ နှင်းထဲသို့ နှစ်မြှုတ် ခံနေရသည်။

လုချန်း သည် သူ့နောက်တွင် ရွှဲနစ်နေသော ဝံပုလွေသားငယ်ကို အနိုင်ရသည့် အကြည့်ဖြင့် ကြည့်နေသည်။

နှင်းတောင်ကြားမှ ဘဝသည် ပျင်းစရာကောင်းလှသည်။

လုချန်း သည် ဤချိုင့်ဝှမ်းတွင် ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်၊သူ၏နေ့စဉ်‌ပျော်ရွင် မှုမှာ ဤဝံပုလွေသားပေါက်ကလေးများနှင့်ကစားခြင်း ဖြစ်သည်။

ဤဝံပုလွေသားငယ်လေးများ မွေးတာ မကြာသေးပေ။

သူတို့တစ်‌ကောင်ချင်းစီက တကယ့်ကို ရဲရင့်ပြီး ခွန်အား အပြည့်ရှိကြသည်။

သူတို့တွေသည် လုချန်းအား လိုက်မမီနိုင်သော်လည်း အလွန်စိတ်အားထက်သန်စွာ ဖြင့်လိုက်ဖမ်း‌နေကြဆဲဖြစ်သည်။

လုချန်း သည် ဤဝံပုလွေသားငယ်အုပ်စုနှင့် ရင်ဆိုင်သောအခါတွင် အားနည်းသူများကို အနိုင်ကျင့်‌နေသလို ခံစားရကြောင်း ဝန်ခံသည်။

လက်သီးပိုကြီးသူသာ စကားပြောနိုင်သည်။

"ဒီခံစားချက်က အလွန်ကိုမိမိုက်လွန်းတယ်"

"အိုး~"

"လာ၊ ဝံပုလွေလေးတွေ၊ ငါမင်းတို့ကို ဘယ်လိုရိုက်မလဲဆိုတာ စောင့်ကြည့်နေ"

……

ထိုညနေပိုင်းတွင် ချိုင့်ဝှမ်းအပြင်ဘက် ဝံပုလွေအူသံများ ထပ်မံကြားရသည်။

ထိုအသံကိုများကြားပြီးနောက် လုချန်း သည် အမဲလိုက်ထွက်ပြီးပြန်လာသော နှင်းဝံပုလွေဘုရင် ဖြစ်ကြောင်း သိလိုက်ရသည်။

ထုံးစံအတိုင်း လုချန်း သည် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ပြီး စားသောက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ လုချန်း တုန်လှုပ်သွားသည်။

အကြောင်းမှာ သူ့မိခင် ကျောပေါ်ရှိဒဏ်ရာတစ်ခုကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

All Chapters