← Chapters

ကုစားခြင်းစွမ်းရည်ရရှိခြင်း

Vol. 1 Ch. 14

ကုစားခြင်းစွမ်းရည်ရရှိခြင်း

Vol. 1 Ch. 14

နှင်းဝံပုလွေများသည် စည်းလုံးညိညွှတ်မှုရှိကြသော တိရစ္ဆာန်များဖြစ်ပြီး များသောအားဖြင့် အုပ်စုလိုက် အမဲလိုက်‌ လေ့ရှိသည်။

ကြီးမားသောမျိုးနွယ်စု၏ အစားအစာလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နှင်းဝံပုလွေများသည် ၎င်းတို့၏အချိန်အများစုကို တောရိုင်းတိရစ္ဆာန်ကြီးများ သို့မဟုတ် တိရစ္ဆာန်အုပ်စုငယ်များကို အမဲလိုက်ကာ အချိန်အများစုကို ကုန်ဆုံးလေ့ရှိသည်။

ဤဧရိယာတွင် နှင်းဝံပုလွေများသာမက အခြားသော အသားစားသတ္တဝါများလည်း ရှိသည်။

အကယ်၍ အားကောင်းတဲ့ သားကောင်များ သို့မဟုတ် ပြင်းထန်စွာ ခုခံတိုက်ခိုက်နိုင်သော တိရစ္ဆာန်ကြီးများနှင့် ကြုံတွေ့ရပါက၊အမဲလိုက်ခြင်းဖြစ်စဉ်တွင် နှင်းဝံပုလွေများ ဒဏ်ရာရရှိမည်မှာ မလွဲမသွေပင်ဖြစ်သည်။

တောရိုင်းတိရိစ္ဆာန်များကြားတွင် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့က သဘာဝ အတိုင်းပင်ဖြစ်သည်။

ခွဲခွာပြီးတာနဲ့ ပြန်ဆုံတွေ့ဖို့ အခွင့်မသာတော့တာလဲဖြစ်နိုင်သည်။ဤကမ္ဘာသည် အလွန်ရက်စက်လှသည်။

နှင်းချိုင့်ဝှမ်းရှိ နှင်းဝံပုလွေအမဲလိုက်ခြင်းခရီးစဉ်သည် ဤတစ်ကြိမ်တွင် ချောမွေ့ခြင်းမရှိချေ။

လုချန်း သည် သူ့မိခင်သာမက အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများစွာတွင်လည်း ဒဏ်ရာအနည်းနှင့်အများ တွေ့ရသည်။

နှင်းဝံပုလွေမိခင် လှိုင်ဂူထဲသို့ ဝင်သွားပြီးနောက် လုချန်း ၏ အပြာရောင်မျက်လုံးလေးများသည် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသည်။

သူဤလောကသို့ ရောက်ရှိလာပြီးကတည်းက ဒဏ်ရာရနေသော ဝံပုလွေများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

အနည်းငယ် ပေါ့လျော့သွားသော လုချန်း သည် ဤကမ္ဘာ၏ ရက်စက်မှုကို တစ်ဖန်ပြန်လည် သိရှိလာစေသည်။

သူ့အမေအနားသွားရောက်ပြီးနောက် သေးငယ်သောနဖူးဖြင့် မိခင်ခန္ဓာကိုယ်ကိုညင်သာစွာပွတ်သပ်လိုက်သည်။

သူသည် လူဝင်စားတစ်ယောက်သာဖြစ်သော်လည်း ဤသည်မှာ သူ့အမေဖြစ်သည်။

သူမက နှင်းဝံပုလွေတစ်ကောင်သာဖြစ်သော်လည်း သူမကြောင့် ကျန်းမာစွာကြီးပြင်းလာနိုင်ခြင်းဖြစ်သည်။

လုချန်း အနားရောက်လာတာကိုမြင်သောအခါ မိခင်နှင်းဝံပုလွေက သူ့သားလေးကို နှစ်သိမ့်ပေးပြီး အသာအယာ ပွတ်သပ်လိုက်တယ်။

သူမ၏ ကျောပေါ်ရှိ ဒဏ်ရာမှ နာကျင်မှုကြောင့် နှင်းဝံပုလွေ အမျိုးသမီး၏ အသက်ရှူသံ လေးလံလာသည်။

ဒဏ်ရာ ပြန်လည်သက်သာလာရန် လှိုင်ဂူထဲတွင်သာ အစွမ်းကုန် လှဲလျောင်းနေနိုင်သည်။

ဝံပုလွေများတွင် ကုသရန်နည်းလမ်းမရှိပေ။သားကောင်များ အနေဖြင့် ဒဏ်ရာရပြီးသည်နှင့် ၎င်းတို့သည် လှဲလျောင်းပြီး ပြန်လည် သက်သာလာနိုင်သလို၊သေဆုံးခြင်းလည်းဖြစ်နိုင်သည်။

ဒဏ်ရာအပြင်းအထန်ရပြီဆိုလျှင် သေဒဏ်ပေးခံရတာနဲ့ အတူတူပင် ဖြစ်သည်။

အားနည်းသော နှင်းဝံပုလွေမိခင်ကို ကြည့်ရင်း၊ ယိုချင်းယန် သည်လည်း စိုးရိမ် နေသည်။

အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့သော သူမ နှလုံးသားထဲတွင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။

သူမသည် လုချန်း ထက်နောက်ကျပြီးမှ လူပြန်ဝင်စားလာခဲ့ခြင်းသည်။

သူ့မ ရှေ့မှာရှိတဲ့ နှင်းဝံပုလွေနဲ့ သိပ်ပြီး နက်နဲတဲ့ ဆက်ဆံရေး မရှိ‌ပေ။

သူမ အရင်ဘဝတုန်းကဆိုရင် ဒီလိုဒဏ်ရာတွေကို အလွယ်တကူ ကုသ ပေးနိုင်မည်ဖြစ်သည်။

သူ့မ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဤဝံပုလွေ‌တွေအားလုံး နေနဲ့လကို မျိုချနိုင်တဲ့ နတ်သားရဲတွေအဖြစ် ပြောင်းလဲသွားနိုင်သည်။

ယခုမူ သူမသည် ဂူထဲတွင်သာ ခိုကိုးရာမဲ့နေနိုင်တော့သည်။

နှင်းဝံပုလွေတွေကို ကုသ‌ ပေးဖို့မဆိုနဲ့ အမဲလိုက်ဖို့တောင် သူမ အတွက်မဖြစ်နိုင်သေးပေ။

ချိုင့်ဝှမ်းထဲမှ ထွက်သွားပြီး ဝံပုလွေများ၏ အကာအကွယ်ကို စွန့်လိုက်တဲ့အခါ သူ့အရွယ် နှင်းဝံပုလွေတစ်ကောင် သည် ဧကန်မုချ ဒုက္ခရောက်မည်ဖြစ်ပြီး၊ အခန့်မသင့်ရင် အခြားသားရဲကောင်များ၏ အစာဖြစ်လာမည်ဖြစ်သည်။

ခွန်အား!

ခွန်အား သည်သာ အရေးကြီးဆုံးဖြစ်သည်။

ဒီည ဖြစ်ပျက်ခဲ့တာတွေက ယိုချင်းယန် အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ စိတ်ပိုင်းဖြတ်မှုကို ပိုပြီး ခိုင်မာစေတယ်။

သင် သန်မာနေမှသာလျှင် တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်းကို မခံရမည်ဖြစ်သည်။

သူမ ယခင်ဘဝက အားနည်း‌ နေချိန်တွင် အသက်အန္တာရာယ်များနှင့်ကြုံတွေ့ခဲ့ရသည်။

........

ထိုအချိန်တွင် လုချန်း ၏ စိုးရိမ်နေသော မျက်လုံးများဖြင့် သူ့အမေ၏ ကျောပြင်ပေါ်က နက်နဲသည့်ဒဏ်ရာများကို သေချာကြည့်နေသည်။

သူ့အရင်ဘဝကသိခဲ့ရသည့် တိရိစ္ဆာန်လောကရဲ့ အဆိုအရ တောရိုင်းတိရိစ္ဆာန်များသည် အသက်အန္တာရာယ်များနှင့်ကြုံတွေ့ပါက ၎င်းတို့၏ ရန်သူကို ခြေထောက်များဖြင့် ကန်ထုတ်ခြင်းဖြင့် အတွင်းပိုင်းဒဏ်ရာများ ဖြစ်‌‌ပေါ်စေနိုင်သည်။

ဥပမာ- အရိုးကျိုးပြီး အတွင်းအင်္ဂါများ ပျက်စီးခြင်း။

သို့မဟုတ် နွားနှင့် သမင်ကဲ့သို့သော ဦးချိုတိရစ္ဆာန်များက ထိုးခွေ့ ခြင်း သို့မဟုတ် ၎င်းတို့၏ ဦးချိုများဖြင့် ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်ခြင်းလည်း ဖြစ်နိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျောမှာ ဒီလိုဒဏ်ရာတွေ မဖြစ်စေနိုင်ပါ။

"ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်၊ ဝံပုလွေ‌တွေ ဒီတစ်ခါ အမဲလိုက်ထွက်တာ အသားစားသတ္တဝါ တွေနဲ့ကြုံတွေ့ခဲ့တာဖြစ်နိုင်တယ်"

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လုချန်း သည် ရှေ့သို့ လျှောက်သွားပြီး သူ့မိခင်၏ ဒဏ်ရာကို လျှာဖြင့်လျက်လိုက်သည်။

ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းမှ ကာကွယ်ပြီး အနာမှသွေးများကို သန့်ရှင်းစေရန် မိခင်အား ကူညီပေးခြင်းဖြစ်သည်။

ထို့အပြင် နှင်းဝံပုလွေမျိုးနွယ်၏လျှာတွင် တံတွေးများက ဘက်တီးရီးယားပိုးမွှားများကိုသေစေနိုင်သည်။

၎င်းသည် နောက်ဆက်တွဲပြဿနာများကို အတိုင်းအတာတစ်ခုအထိ ဟန့်တား‌ပေးနိုင်သည်။

တောရိုင်းတိရိစ္ဆာန်အများစုတွင်လည်း ထိုစွမ်းရည်ရှိသည်။ တကယ်တမ်းမှာတော့ တောရိုင်းတိရိစ္ဆာန်များတွင် ဆရာဝန်မရှိသောကြောင့် ၎င်းတို့၏ဒဏ်ရာများကို ဤနည်းဖြင့်သာ ကုသနိုင်သည်။

ဒဏ်ရာကို လျှာဖြင့်လျက်ခြင်းသည် ဒဏ်ရာတစ်ဝိုက်တွင် သွေးလည်ပတ်မှုကို အားကောင်းစေပြီး အနာကျက်ခြင်းကို အရှိန်မြှင့်တင်ပေးနိုင်သည်။

လုချန်း ဒဏ်ရာကို ထိလိုက်သောကြောင့် နှင်းဝံပုလွေအမျိုးသမီး အနည်းငယ် နာကျင်သွားသည်။

သူမ နာကျင်သောကြောင့် တိုးတိုးတိတ်တိတ် ညည်းတွား‌နေသော်လည်း ဒေါသမထွက်ခဲ့ပေ။

မိခင်နှင်းဝံပုလွေသည် သူ့ကလေးက သူမကို ကူညီပေးနေကြောင်း နားလည်သည်။

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပြီး အသက်ပြင်းပြင်းရှူကာ အံကြိတ်ပြီး နာကျင်မှုကိုသည်းခံ နေသည်။

ကျင့်ကြံမှုအပြီးတွင် ယိုချင်းယန် သည် လုချန်း ယခင်ကကဲ့သို့ သူမနားတွင်ရှိမ‌နေကြောင်း သိလိုက်ရသည်။

သူမ လှည့်ကြည့်လိုက်သောအခါ သူ့အစ်ကိုက နှင်းဝံပုလွေမိခင်အနားတွင် ကပ်နေသည်ကိုတွေ့လိုက်ရတယ်။

မိခင်ဝံပု‌လွေ၏နာကျင်မှုကို သက်သာစေရန် ဤနည်းလမ်းကို အသုံးပြု‌နေပုံရသည်။

အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ယိုချင်းယန်သည်လည်း သူ့အမေ အနားသို့ ရောက်လာပြီး ဝင်အိပ်လိုက်သည်။

တစ်နှစ်ပတ်လုံး ရေခဲနှင့် ဆီးနှင်းများဖုံးလွှမ်းနေသည့် ချိုင့်ဝှမ်းတွင် လေအေးများက တိုးဝှေ့ တိုက်ခတ်လျှက်ရှိသည်။

အေးစိမ့်လှသည့် ညတွင် အပြင်ဘက်မှ လေပြင်းများက နတ်ဆိုးအော်သံကဲ့သို့ပင်အေးစက်သောကမ္ဘာကို တိုက်ဖျက်ရန် လုံလောက်ပုံပေါ်သည်။ 

.........

နောက်တစ်နေ့မနက်တွင် လုချန်း သည် ချိုင့်ထဲတွင် ပြေးလွှား‌နေသည်။

တောထဲတွင် ရပ်လိုက်ပြီး တစ်ခုခုကို အဆက်မပြတ် ရှာဖွေနေသည်။

"ဒါဖြစ်သင့်တယ်။"

ထိုအချိန်တွင် လုချန်း ၏ရှေ့မှာ အနည်းငယ်ထူးဆန်းသောအပင်တစ်ပင်ရှိနေပြီး ဘေးနားရှိမြစ်ပင်များနှင့်အနည်းငယ်ကွာခြားနေပုံရသည်။

လုချန်း ယခင်ဘဝတွင် တိရိစ္ဆာန်ကမ္ဘာကြည့်ရှူခြင်းကို နှစ်သက်ခဲ့သည်။

အချို့သော တိရစ္ဆာန်များသည် ဒဏ်ရာရပြီးနောက် ရောင်ရမ်းမှုကို သက်သာစေရန် ဆေးဖက်ဝင်အပင်အချို့ကို ရှာ‌ဖွေတွေ့ရှိခဲ့ကြောင်း သူသိသည်။

အခု သူတွေ့ခဲ့တာက အရင်ဘဝက သူလေ့လာခဲ့တဲ့ သွေးတိတ်ဆေးပင်ဖြစ်ပြီး၊ တောင်ပေါ်‌တွေမှာ ပေါက်ရောက်လေ့ရှိသည်။

ရေခဲနှင့် ဆီးနှင်းများ ဖုံးလွှမ်း‌နေသည့်တိုင် ညှိုးနွမ်းပြီး အဝါရောင်ရှိနေသော ထိုဆေးဖက်ဝင်အပင်၏အာနိသင်ရှိနေဆဲဖြစ်သည်။

လှိုဏ်ဂူသို့ပြန်လာပြီးနောက် လုချန်း သည် ထိုအပင်ကို အပိုင်းပိုင်းဖြစ်အောင်ပြုလုပ်ပြီး သူ့မိခင်၏ဒဏ်ရာ‌ပေါ်တွင် လျှာဖြင့် ညင်သာစွာ လိမ်းပေး‌နေသည်။

ယိုချင်းယန် သည် ထိုမြင်ကွင်းကိုမြင်ပြီးနောက် အလွန်အံ့ဩသွားသည်။

"မကြာသေးမီက မွေးဖွားခဲ့တဲ့ငါ့အစ်ကိုက ဆေးပညာကိုသိနေတာလား?"

"ဦးနှောက်မကောင်းတဲ့ ငါ့အစ်ကိုက ဒီလိုလဲလုပ်တတ်တာပဲလား?"

လုချန်း ၏ အဆက်မပြတ် ကုသမှုကြောင့် မိခင်ဝံပုလွေ၏ ဒဏ်ရာများသည် တဖြည်းဖြည်းနဲ့သက်သာလာသည်။

ထိုနေ့တွင် လုချန်းသည် ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို စစ်ဆေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ရည်ညွှန်းချက်ဘောင်ကို ဖွင့်ကြည့်လိုက်သည့်အခိုက်တွင် "ကုသခြင်း" အတတ်ပညာအသစ်တစ်ခု ပေါ်လာသည်ကိုတွေ့ရှိခဲ့သည်။

All Chapters