← Chapters

ငါ အစာကွင်းဆက် ရဲ့ထိပ်ဆုံးမှာရပ်တည်မယ်

Vol. 2 Ch. 16

ငါ အစာကွင်းဆက် ရဲ့ထိပ်ဆုံးမှာရပ်တည်မယ်

Vol. 2 Ch. 16

လှိုင်ဂူထဲတွင် ဝံပုလွေကလေးငယ်အုပ်စုက လုချန်း ကို ပျော်ရွှင်စွာ လိုက်ဖမ်းနေကြဆဲဖြစ်သည်။

သူတို့၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ရံဖန်ရံခါတွင် ဝံပုလွေငယ်လေးများ ရွှင်လန်းစွာ အော်ဟစ်နေကြသည်။

ဤဝံပုလွေသားပေါက်များသည် နှစ်လသာရှိသေးပြီး အရွယ်မရောက်သေးချေ။

သူတို့သည် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း မသိခဲ့ကြပေ။

လုချန်း အချိန်မီမလုပ်ဆောင်ပါက၊ ဤဝံပုလွေသားပေါက်များစွာသည် ရွှေလင်းယုန်၏ချွန်ထက်သောခြေသည်းများအောက်တွင် အသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာရရှိသွားမည်ဖြစ်သည်။

အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများပင်လျှင်ခိုကိုးရာမဲ့စေသော ထိုငှက်သည် သားပေါက်ကလေးများကို သေစေနိုင်သည်။

ယိုချင်းယန် သည် ဝံပုလွေကလေးအုပ်စုနှင့် တည်ငြိမ်စွာကစားနေသော လုချန်းကိုကြည့်ကာ သူမ စိတ်ရှုပ်ထွေးနေသေးသည်။

ဖြစ်ပျက်ခဲ့သမျှအားလုံးသည် ဝံပုလွေ ကလေးငယ်များနှင့် ကစားနေစဉ် သူမ၏ အကိုသည် ဝံပုလွေကလေးများကိုဦးဆောင်၍ လှိုင်ဂူထဲသို့ ခေါ်ဆောင်လာသည်။

"အစ်ကိုက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား?"

"ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့မယ်ဆိုရင် ဦးနှောက်သိပ်မဖွဲ့ဖြိုးသေးတဲ့ ဒီအစ်ကိုက ထက်မြက်လွန်း‌နေတယ်မဟုတ်လား!"

"ထက်မြက်လွန်းလို့ ဝံပုလွေနဲ့တောင်မတူတော့ဘူး"

တောရိုင်းတိရိစ္ဆာန်များအတွက်အားကောင်းသော သားရဲမျိုးနဲ့ ကြုံ‌တွေ့ရသည့်အခါတွင် သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ကြောက်လန့်နေမယ်ဆိုတာ သိထားရမည်ဖြစ်သည်။

သာမန်တောရိုင်းတိရိစ္ဆာန်များတွင် အတွေး သို့မဟုတ် အသိဥာဏ် သိပ်မရှိပေ။

အန္တရာယ်နှင့်ကြုံတွေ့ရသည့်အခါတွင် သူတို့၏ လုပ်ရပ်အားလုံးသည် ပင်ကိုယ်တုံ့ပြန်မှုသာဖြစ်သည်။

အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများသာဆိုလျှင် သူတို့၏သားပေါက်များကို အဝေးသို့မောင်းထုတ်ကာ ကောင်းကင်ပေါ်မှ ရွှေလင်းယုန်နှင့်ရင်ဆိုင်မည်ဖြစ်သည်။

သို့သော်လည်း ဤနည်းက ကောင်းကင်၌ ရွှေလင်းယုန်သည် ကလေးများကို ပစ်မှတ်ထားပြီး ရုတ်တရက် တိုက်ခိုက်နိုင်သည်ကို သဘောပေါက်ထားရမည်ဖြစ်သည်။

ထို့အပြင် ဝံပုလွေငယ်လေးများက နှစ်လ သားအရွယ်သာရှိနေသေးပြီး၊ ထိတ်လန့်သွားသည့်အခါတွင် သူတို့ကို ထိန်းချုပ်ရခက်သွားမည်ဖြစ်သည်။

နှင်းဝံပုလွေများ အများအပြား ပြေးလွှား လည်ပတ်နေသဖြင့် ၎င်းတို့အား ကြည့်ရှုရန် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေ အနည်းငယ်သာ မရှိပါက ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ပေ။

ဤအခြေအနေမျိုးတွင် အသေအပျောက်များဖြင့် မလွှဲမသေ ရင်ဆိုင်ရမည်ဖြစ်သည်။

ပြိုင်ဘက်သည် တိုက်ခိုက်ရန်အခွင့်အရေးကို ဆက်လက်စောင့်ဆိုင်းနေမည်ဖြစ်ရာ တိုက်ခိုက်မှုများကို အောင်မြင်စွာ ရှောင်ရှားနိုင်ပါက အသေအပျောက်နည်းပါးသွားမည်ဖြစ်သည်။

ယိုချင်းယန်၏ထင်မြင်ချက်သည် စီရင်ချက်များအား ချမှတ်နိုင်ခြင်းနှင့် ဤကဲ့သို့ ပြုမူနေခြင်းသည် သာမန်တောရိုင်းတိရစ္ဆာန်များ လုပ်ဆောင်နိုင်သည့် အရာမဟုတ်ပေ။

အနည်းဆုံး သူ့ရဲ့ IQ(ညဏ်ရည်) သည် သာမန်တိရိစ္ဆာန်တွေထက် သာလွန်‌နေကြောင်း သက်သေပြနိုင်သည်။

"အားး..ဝူးး!"

လုချန်း သည် ဝံပုလွေလေးတစ်ကောင်ကို နှင်းပြင်ပေါ်သို့ နစ်ရန် သူ၏ ခြေလက်များကို အသုံးပြုခဲ့ပြီး အလွန်မာနကြီးစွာ အော်ဟစ်လိုက်သည်။

လုချန်း သည် အကျပ်အတည်းကို လွယ်ကူစွာ ဖြေရှင်းနိုင်သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူ‌နေမိသည်။

သို့သော် ထိုအခိုက်တွင် ဂူအပြင်ဘက် ချိုင့်ဝှမ်းမှ ဝံပုလွေတစ်ကောင်၏ ကြောက်လန့်တကြား အူသံကို ကြားလိုက်ရသည်။

လုချန်း၏ နှလုံးခုန်သံမြန်သွားပြီး..

"အိုး မဟုတ်ဘူး!"

ထို့နောက် သူသည် ဂူထဲမှအမြန်ထွက်သွားပြီး ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ရွှေလင်းယုန်၏ခြေသည်းများအောက် တွင် ရုန်းကန်လှုပ်ရှားနေသော ဝံပုလွေကလေးတစ်ကောင်အား ကုတ်ချီကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်ကိုမြင်‌တွေ့လိုက်ရသည်။

ထိုအချိန်တွင် ဝံပုလွေကလေးငယ်သည် အကူအညီမဲ့ကာ ကြောက်ရွံ့မှုဖြင့် အော်ဟစ်ဆဲဖြစ်သည်။

ထိုအသံများကို ကြားလိုက်ရပြီးနောက် လုချန်း၏နှလုံးသားတစ်စုံ တင်းကျပ်သွားသည်။

"မဟုတ်ဘူး! ဘာဖြစ်လို့ ဝံပုလွေကလေးတစ်ကောင် နောက်မှာကျန်ရစ်ခဲ့တာလဲ"

လှိုင်ဂူထဲသို့ လိုက်မဝင်နိုင်သောဝံပုလွေ တစ်ကောင် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သူသေသေချာချာစဉ်းစားပြီးနောက် သူ့နောက်မှလိုက်နေသောဝံပုလွေလေးသည် တွန်းထုတ်ခံရပြီး၊ဆက်မလိုက်နိုင်တော့ကြောင်းသိလိုက်ရသည်။

သူသည် ဂူထဲသို့ အမြန်ပြေး‌နေခဲ့ပြီး အဖြစ်အပျက်များကို ပြန်လှည့်မကြည့်မိခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် လှိုင်ဂူထဲတွင် ဆော့ကစားနေဆဲဖြစ်သော ဝံပုလွေသားပေါက်ကလေးများမှာ ဘာဖြစ်နေသည်ကိုမသိကြပေ။သူတို့သူငယ်ချင်းတွေထဲက တစ်ယောက်သည် ရွှေလင်းယုန်ရဲ့ အစာဖြစ်သွားသည်ကိုလည်း သူတို့မသိကြပေ။

လုချန်း လှိုဏ်ဂူထဲမှ ပြေးထွက်သွားသည်ကိုမြင်ပြီးနောက် သူတို့လေးတွေသည် လုချန်းနောက်သို့လိုက်လာကြသည်။

ထိုအချိန်တွင် လုချန်း သည် အလွန်စိတ်မကောင်းဖြစ်နေပြီး သူ့မျက်လုံးများက အလွန်မှုန်မှိုင်းနေသည်။

အခု သူသည် ဒီဝံပုလွေလေးတွေနဲ့ဆော့ ကစားဖို့ ရည်ရွယ်ချက် ရှိမနေချေ။

ဤလောကသို့ ရောက်လာချိန်မှစ၍ သူ့မျက်စိရှေ့တွင် အဖော်တစ်ယောက် ကြွေလွှင့် သွားသည်ကို ပထမဆုံး အကြိမ်ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

သားရဲလောကတွင် သေဆုံးခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သော်လည်း သူနဲ့အတူ နေ့ရောညပါရှိနေတဲ့ ဝံပုလွေတစ်ကောင်၏ သေဆုံးမှုသည် စကားအဖြစ်ဖော်ပြ၍မရနိုင်ပေ။

ဝံပုလွေကလေးတွေ အနားသို့ရောက်လာသည်ကိုကြည့်ရင်း လုချန်းသည် ဒေါသများကို မထိန်းနိုင်တော့ဘဲ ဟိန်းဟောက် လိုက်သည်။

ထို့နောက် ပြေးထွက်လာသော ဝံပုလွေသားငယ်များအားလုံး ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။

ရွှေလင်းယုန်သည် လေထဲတွင် ရှိနေဆဲဖြစ်ပြီး နောက်ပြန်လှည့်လာမည်ကို ဘယ်သူမှ မသိနိုင်ပေ။

ထိုအချိန်တွင် လုချန်း၏ ဒေါသများကို ထွက်ပေါက် ပေးရန်လိုအပ်နေသည်။

အရေထူကာ နာကျင်မှုကို ခံနိုင်ရည်ရှိသော ဝံပုလွေကလေးငယ်များကို လုချန်းသည် သဲအိတ်အဖြစ် အသုံးပြုခဲ့ပြီး အားလုံးကို ဂူထဲသို့ ပြန်သွင်းလိုက်သည်။

ထိုမြင်ကွင်းကို အဝေးမှမြင်လိုက်ရသော ယိုချင်းယန် အံ့အားသင့်သွားသည်။

အနည်းငယ် မှုန်ကုပ်နေသော သူ့အစ်ကိုကို ကြည့်ပြီး သူမ ဘာပြောရမှန်းမသိ ဖြစ်နေသည်။

"ငါ့အစ်ကို...စိတ်ဆိုးနေတာလား?"

"ဒီဝံပုလွေလေးကို ဂရုမစိုက်မိလို့ ကိုယ့်ကိုယ်ကို ဒေါသထွက်နေတာလား?"

"ဝံပုလွေကလေး ခေါ်ဆောင်သွားခံရတာသူကြည့်ပြီးဒေါသထွက်နေတာလား?"

နှစ်လသာရှိသေးသော နှင်းဝံပုလွေလေးက ထိုကဲ့သို့ရှုပ်ထွေးသော စိတ်ခံစားမှုများ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

သူတို့နဲ့ တချိန်တည်းမှာ မွေးဖွားလာတဲ့ ဝံပုလွေသားပေါက်လေးများသည် အလွန်ရိုးရှင်းတဲ့ ဉာဏ်ရည်သာရှိပြီး ဒီလိုခံစားချက်တွေ လုံးဝမရှိတာကိုသိထားရမည်ဖြစ်သည်။

ဝံပုလွေအနည်းငယ်ကို ရိုက်နှက်ပြီးနောက် သူ့၏ ဒေါသမီးလျှံများ အနည်းငယ် ငြိမ်သက်သွားသည်။

"ခွန်အား!"

"ခွန်အားက အရေးကြီးဆုံးပဲ!"

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ငါ့အားနည်းလွန်းလို့ဖြစ်ရတာ"

အကယ်၍ သူသည် ဒီနေ့တွင် သန်မာနေပါက ရွှေလင်းယုန်ငှက်ကို တိုက်ရိုက်သတ်နိုင်သည်။

သို့သော် ယင်းအစား ခေါင်းမပြဝံ့ဘဲဝံပုလွေကလေးငယ်အုပ်စုနှင့်အတူ ဂူထဲသို့ ပြေးဝင်ခဲ့ရသည်။

ဝံပုလွေငယ်လေး၏ နာကျင်စွာ အော်ဟစ်နေတဲ့ အသံကြားတာတောင် ဘာကိုမှ မလုပ်ပေးနိုင်ခဲ့ပေ။

လုချန်းသည် အေးစက်သောလေကို မှုတ်ထုတ်လိုက်ပြီး၊အားနည်းလို့ ဒေါသထွက်နေတာအသုံးမဝင်ပေ၊အဓိကက ကိုယ့်ကိုယ်ကို တတ်နိုင်သမျှ သန်မာလာအောင်လုပ်ရမည်ဖြစ်သည်။

ဤကာလအတွင်း ချိုင့်ဝှမ်းထဲရှိ အေးချမ်းနေသောဘဝသည် သားရဲလောက၏ ရက်စက်မှုကို မေ့ပျောက်လုနီးပါးဖြစ်စေခဲ့သည်။

တောတွင်းဥပဒေသည် ထိုလောက၏ မပြောင်းလဲသော ဥပဒေဖြစ်ပြီး မည်သည့် သက်ရှိသတ္တဝါမှ တောတွင်းဥပဒေနဲ့ မလွှတ်မြောက်နိုင်ပါ။

အရွယ်မရောက်သေးသော နှင်းဝံပုလွေများ ကောင်းစွာ မွေးဖွားလာခြင်းသည် အရွယ်ရောက် နှင်းဝံပုလွေများ၏ အကာအကွယ် ပေးခြင်းခံထားရ၍ဖြစ်သည်။

လုချန်း ဤသည်ကို ဟိုးအရင်ကတည်းက တွေးမိခဲ့သင့်သည်။

နှင်းဝံပုလွေဘုရင် သားကောင်ကို ပြန်ယူလာတိုင်း၊နှင်းဝံပုလွေကလေးများအတွက် အကောင်းဆုံး သတိပေးချက်ဖြစ်သည်။

'ဒီကမ္ဘာမှာ မင်းမသန်မာဘူးဆိုရင် တရားမျှတမှုအတွက် ဘယ်သူကမှ ကူညီပေးမှာ မဟုတ်ဘူး၊မင်းက တခြားသူတွေရဲ့ ပါးစပ်ထဲမှာ အရာသာခံ,စရာတစ်ခုဖြစ်လာလိမ့်မယ်!'

အေးစက်သောလေသည် လုချန်း ၏ ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသော်လည်း ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။

ချိုင့်ဝှမ်းအပြင်ဘက်ရှိ လေပြင်းများနှင့် ဆီးနှင်းများကို ငေးကြည့်ရင်း သူ၏ ရေခဲပြာ မျက်လုံးတွင် ခိုင်မာတဲ့ဆုံးဖြတ်ချက် တစ်ခုချမှတ်လိုက်သည်။

ဘာပဲဖြစ်‌နေဖြစ်နေ တခြားသားရဲတွေရဲ့ သားကောင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ဟု သူ့စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

"ငါသာ အသက်ရှင်ရမယ်ဆိုရင် ဒီကမ္ဘာကြီးရဲ့အစာကွင်းဆက် ထိပ်ဆုံးမှာ ရပ်တည်ပြီး တခြားသူတွေ ငါ့ဘဝကို ဘယ်တော့မှ လွှမ်းမိုးခွင့်မပေးဘူး"

လှိုဏ်ဂူထဲမှ ယိုချင်းယန် သည်လည်း ထိုအချိန်တွင် ခံစားချက်များဖြင့် ပြည့်နေခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော ကမ္ဘာတွင် ရှင်သန်လိုပါက တတ်နိုင်သမျှ မြန်မြန်ကြီးပြင်းလာရမည်ဖြစ်သည်။

All Chapters