မောင်နှမ နှစ်ယောက်၏မျှော်လင့်ချက်
Vol. 2 Ch. 30
နှင်းဝံပုလွေများရဲ့အော်သံသည် ချိုင့်ဝှမ်းရှိနေရာတိုင်းတွင် ပဲ့တင်ထပ်နေလျှက်။
လှိုဏ်ဂူထဲတွင် နှင်းဝံပုလွေမိခင်သည် ဝံပုလွေဘုရင်ဟောင်း၏ ဒဏ်ရာအတွက် စိတ်မကောင်းဖြစ်နေဆဲဖြစ်သည်။
သို့ပေမဲ့၊ ဒီအချိန် သူ့ကလေးက ပြိုင်ဘက်အားလုံးကို အနိုင်ယူကာ ဝံပုလွေဘုရင်ဖြစ်လာသည်ကို မြင်လိုက်ရပြီး၊သူမ၏ မျက်လုံးများက နူးညံ့သွားကာ ကလေးအတွက် ဂုဏ်ယူနေသည်။
ဝံပုလွေဘုရင်ဟောင်းသည်လည်း,အပြင်ဘက်မှ ဝံပုလွေအူသံများကို ကြားလိုက် ရသောကြောင့် စိတ်သက်သာရာရသွားသည်။
လုချန်းသည် ဂူအပြင်ဘက်ရှိ ဝံပုလွေများကို အနိုင်ယူပြီး ယိုချင်းယန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ သူမကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထို့နောက် နောက်လှည့်ပြီး ဂူကို ပြန်ကြည့်ကာ..
"အားဝူး (ရှောင်ပိုင်၊ ဒီနေ့ အိမ်မှာ နေပြီး အဖေ့ကိုပြုစုစောင့်ရှောက်ပါ၊ အမဲလိုက်တာကို ငါ့တာဝန်ထားလိုက်)"
လုချန်း သည် ချိုင့်ဝှမ်းတွင် မထင်မှတ်ဘဲ တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် သူ့ညီမကို အိမ်တွင်သာ နေစေခြင်းဖြစ်သည်။
ယိုချင်းယန် သဘောပေါက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"စိတ်မပူပါနဲ့ အစ်ကို"
ယိုချင်းယန် ၏ လက်ရှိအင်အားသည် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေအချို့ထက် ပိုမိုအားကောင်းနေပြီဖြစ်သည်။
လုချန်း၏နောက်သို့အချိန်အတော်ကြာလိုက်ပြီးနောက် သူမသည် တောင်ပေါ်ရှိဆေးပင်တချို့၏ အသွင်အပြင်ကို မှတ်သားခဲ့သည်။
ဝံပုလွေဘုရင်ဟောင်း၏ ဒဏ်ရာကို ကုသရာတွင် အသုံးပြုနိုင်သည့် ဆေးဖက်ဝင်အပင်တချို့ကိုလည်း ချိုင့်ဝှမ်းတစ်ဝိုက်တွင် တွေ့ခဲ့ရသည်။
"ရှောင်ပိုင်၊ မင်း ဘေးကင်းစွာ ကြီးပြင်းလာဖို့ မျှော်လင့်တယ်၊ မတော်တဆမှုတွေ မကြုံရပါစေနဲ့..."
ဒီနေ့ လိမ္မာနေသော ယိုချင်းယန် ကိုကြည့်ရင်း လုချန်း၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမွေးဖွားပြီး လအနည်းငယ်ကြာမှာဘဲ အဖေရော အမေရော တယောက်ပြီး တယောက် ဒဏ်ရာရခဲ့ကြသည်။
အထူးသဖြင့် ဒီတစ်ကြိမ်တွင် အဖေ၏ ခြေထောက်အရိုးများ ဒဏ်ရာရပြီး ဝံပုလွေဘုရင်ရာထူးကို ဆုံးရှုံးသွားရသည်။
မိသားစုလေးယောက်က သူတို့၏ နွေးထွေးမှုကို ခဏလောက်သာ ထိန်းထားနိုင်ခဲ့ပြီး အခုလို ကံဆိုးမိုးမှောင်ကျမှုတွေ ကြုံခဲ့ရသည်။ လုချန်းသည် စိတ်လေးလံသွားသလိုခံစားရသည်။
မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း နှင့် သေခြင်းတို့က ဤလောက၏ မပြောင်းလဲနိုင်သော အမှန်တရားများဖြစ်သည်။
သို့သော် လုချန်း သည် ဤစည်းမျဉ်းကို အရှုံးမပေးလိုပါ။
ယခု သူ့တွင် ပျှော်ရွင်စရာဘဝသစ်တစ်ခုရှိနေပြီဖြစ်သောကြောင့် သူမြတ်နိုးသောအရာများကို ထပ်ပြီးမဆုံးရှုံးချင်တော့၍၊သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ချစ်ရသူအားလုံးကို စောင့်ရှောက်ဖို့ အကောင်းဆုံးကြိုးစားသွားမည်ဟု ကျိန်ဆိုခဲ့သည်။
ဝံပုလွေဘုရင်ဟောင်း၏ ပြင်းထန်သော ဒဏ်ရာအတွက် လက်စားချေရမည်ဟု လုချန်း၏ စိတ်ထဲတွင်မှတ်ထားလိုက်သည်။
အကယ်၍ သူ့တွင် စနစ်၏ ပံ့ပိုးကူညီမှု မရှိခဲ့ပါက၊ သူတို့၏ မိသားစုသည် အခုအချိန်တွင် စိတ်ကူးမယဉ်နိုင်သော အခြေအနေကျကိုရောက်နေမည်မှာ မလွှဲမသေပင်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူ့တွင် ဆင့်ကဲပြောင်းလဲခြင်းစနစ် ရှိနေ၍ဖြစ်သည်။
လုချန်း သည် ထိုကဲ့သို့ ကောင်းကင်ကို အံတုနိုင်သော စနစ်ဖြင့် တစ်နေ့တွင် ထူးခြားတဲ့အခြေအနေကို ရရှိနိုင်မည်ဟု ယုံကြည်သည်။
လှိုဏ်ဂူကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီး လုချန်း ၏အေးစက်သောအပြာရောင်မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာလာသည်။
"အားးဝူးး!"
ထို့နောက် လုချန်းသည် ဝံပုလွေအဖွဲကို အမဲလိုက်ရန်ခေါ်ဆောင်သွားသည်။
"အစ်ကို……"
ယိုချင်းယန် သည် လုချန်း ၏ ကျောပြင်ကို ကြည့်နေသည်။
နှင်းများ ဖုံးလွှမ်းနေတဲ့ တောင်တန်းကြားက,လေသည် အလွန်ပင်အေးစိမ့်လှသည်။ တောင်တန်းများကို ဖြတ်သန်းတိုက်ခတ်လာသော လေပြင်းများက မရဏလောကမှ ထွက်ပေါ်လာသော ငိုကြွေးသံများကဲသို့ပင်။
လေပြင်းများက လုချန်း ၏ ငွေဖြူရောင်အမွှေးများကို တိုက်ခိုက်နေရာ သူ့၏ရုပ်သွင် ပိုပေါ်လွင်လာစေသည်။
လုချန်း ထွက်ခွာသွားသည်ကိုကြည့်ရင်း၊ ယိုချင်းယန် ဤကမ္ဘာသို့ရောက်လာပြီးနောက် ပထမဆုံးအကြိမ် မြင်တွေ့ရသော နှင်းဝံပုလွေဘုရင်ကို ပြန်မြင်ရောင်လာခဲ့သည်။ `သူတို့နှစ်ယောက်က အရမ်းတူတယ်...`
ယိုချင်းယန်သည် လုချန်း ၏ရုပ်သွင်ကို လေနှင့် ဆီးနှင်းများကဖုံးလွှမ်းကာ လုံးဝပျောက်ကွယ်သွားသည်အထိကြည့်နေခဲ့သည်။
ထို့နောက် သူမသည် ဂူတွင်းရှိ နှင်းဝံပုလွေမိဘများကို ကြည့်လိုက်ပြီး အလွန် စိတ်မကောင်းဖြစ်နေသည်။
ယခင်ဘဝတွင် ယိုချင်းယန် သည် ရက်စက်ကြမ်းကြုတ်သော လောကတွင် တစ်ယောက်တည်း ရုန်းကန်ခဲ့ရသည်။
ချစ်ခင်တွယ်တာစရာ မိသားစုလည်းမရှိပေ။ ကျင့်ကြံရန်အတွက် ခိုင်မာတဲ့နှလုံးသားကသာ သူမနှင့်အတူ ရှိနေခဲ့သည်။
ရွှီယွမ်ဟွမ်းကမ္ဘာ ၏ဧကရီဘုရင်မအဖြစ်၊ သူမသည် ကမ္ဘာအရပ်ရပ်သို့ ခရီးထွက်ခဲ့ပြီး သူမ၏သက်တမ်းအတွက် ဘယ်သောအခါမှ စိုးရိမ်ခြင်းမရှိခဲ့ပေ။
တစ်စုံတစ်ဦးအား သက်စောင့်ဆေးလုံး နှင့် ဝိညာဏ်ဆေးပင် ပေးရုံမျှဖြင့် သူတို့၏ သက်တမ်းသည် နှစ်သောင်းချီပြီးတိုလာနိုင်သည်။
ဤသာမန် နှင်းဝံပုလွေများသည် သာမာန်အားဖြင့် ဆယ်နှစ်သာ ရှင်သန်နိုင်ကြပြီး၊ဒဏ်ရာရလျှင် ဆယ်နှစ်အောက် အတွင်းသေဆုံးနိုင်ခြေ ရှိသည်။
ယိုချင်းယန် သည် ဤကမ္ဘာကိုရောက်ရှိခဲ့သည်မှာ လအနည်းငယ်သာရှိသေးသော်လည်း၊ ဤမိသားစုအပေါ်တွင် လေးနက်သော ခံစားချက်များ ရှိနေပြီဖြစ်သည်။
သူမ၏ယခင်ဘဝတွင်၊ သန်မာပြီးစွမ်းအားကြီးသော်လည်း သူမတွင် ဂရုစိုက်ပေးစောက်ရှောက်ပေးရမည့်မိသားစုမရှိခဲ့ပေ။
ဒီဘဝမှာတွင် ရိုးသားတဲ့မိသားစု နှင့် ချစ်ခြင်းမေတ္တာများ ရှိပေမယ့် ဤမိသားစုကိုကာကွယ်ပေးရန် သူမတွင် စွမ်းအားရှိမနေပေ။
"တစ်နေ့ကျရင် အစ်ကိုနဲ့မိဘတွေ အကုန်လုံးက ငါ့ကို ထားရစ်ခဲ့လိမ့်မယ်"
ဒါကို တွေးမိတိုင်း သူမ နာကျင်ရသည်။
အရင်ဘဝတုန်းက အရာအားလုံးက သူမအတွက် ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ဒီအရာတွေကို သူမဘယ်တုန်းကမှမတွေးမိခဲ့ပေ။
ထို့အပြင် ဒီထူးဆန်းတဲ့ကမ္ဘာတွင် ဝိညာဉ်စွမ်းအင်မရှိပေ၊သူ့မတွင် ဝိညာဉ်စွမ်းအင်ရှိလျှင် သူတို့၏ သက်တမ်းကိုတိုးစေရန် လှည့်ကွက်တချို့ အသုံးပြုနိုင်သည်။
"မဟုတ်ဘူး၊ ငါအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ငါကြိုးစားရမယ်!"
"ဒီကမ္ဘာကြီးမှာ ဝိညာဉ်စွမ်းအင်မရှိပေမယ့်!"
"ငါ အပြင်းအထန်လေ့ကျင့်နေသ၍ ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ"
သူမ၏ မျက်လုံးများက တဖြည်းဖြည်း ကြည်လာခဲ့သည်။
ယခင်က ဧကရီဖြစ်ခဲ့တဲ့သူမသည် ဂုဏ်သိက္ခာအတွက်သာ ကျင့်ကြံခဲ့သည်။
ယခုမူ သူမ မိသားစုအတွက် ဤလောက၏ စည်းမျဉ်းများကို ပြောင်းလဲနိုင်အောင် ကျင့်ကြံမည်ဖြစ်သည်။
ယိုချင်းယန် အတွေးများသည် လုချန်း ၏အတွေးများနှင့် အတူတူပင်ဖြစ်သည်။
နှစ်ဦးစလုံးက သူတို့ချစ်ရတဲ့ လူတွေအတွက် ဤလောက၏ စည်းမျဉ်းများကို ပြောင်းလဲချင်ကြခြင်းဖြစ်သည်။
တစ်ဖက်တွင်၊ လုချန်း သည် ဝံပုလွေဘုရင်အဖြစ် ပထမဆုံး အကြိမ်အမဲလိုက်ခြင်းဖြစ်သော်လည်း၊ သူသည် ဝံပုလွေအဖွဲ့နှင့်ချောမွေ့စွာ အမဲလိုက်နိုင်နေဆဲဖြစ်သည်။
လုချန်း၏ အမဲလိုက်ခြင်းကျွမ်းကျင်မှုနှင့်အတူ မကြာမီတွင် ဝံပုလွေများသည် သားကောင်အများအပြားကို ဖမ်းမိခဲ့ကြသည်။
ထို့နောက်မှာတော့ လုချန်း သည် သားကောင်ကို လောဘတကြီး စားသောက်နေသည်။
"အမှတ် ခုနစ်ဆယ်ကျန်သေးတယ်၊ ငါစားမယ်၊ စားမယ်၊ စားမယ်!"
"ခရက်၊ ခရက်"
"ဒင်း... ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀ မှတ် ရရှိပါသည်"
"ဒင်……"
လုချန်း သည် အဆင့်မြှင့်တင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ သူ၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ တဖြည်းဖြည်းနှင့်တိုးလာသည်။
ထို့နောက်၊ လုချန်း သည် ရည်ညွှန်းချက်ဘောင်တွင် အမှတ် 1800 မြင်လိုက်ရသည်။