← Chapters

ဝံပုလွေကလေးငယ်များအား လေ့ကျင့်ပေးခြင်း

Vol. 2 Ch. 17

ဝံပုလွေကလေးငယ်များအား လေ့ကျင့်ပေးခြင်း

Vol. 2 Ch. 17

ည အချိန်တွင်...

နှင်းထူထပ်သော ချိုင့်ဝှမ်းတွင် ဝံပုလွေ၏ ငိုကြွေးမြည်တမ်းသံများ ပဲ့တင်ထပ်နေသည်။

ဤသည်မှာ ကလေး အား ဆုံးရှုံးလိုက်ရခြင်းအတွက် ဝမ်းနည်းပူဆွေးနေသော မိခင်နှင်းဝံပုလွေဖြစ်သည်။

နှစ်လကျော်လောက် နို့တိုက်ကျွေးခဲ့တဲ့ မိခင်တစ်ယောက်အတွက်၊ကလေးအားဆုံးရှုံးလိုက်ရခြင်းသည် အလွန်နာကျင်စရာကောင်း‌ မယ်ဆိုတာသေချာပါသည်။

လှိုင်ဂူထဲတွင် လုချန်း နဲ့ ယိုချင်းယန် တို့သည် နှင်းဝံပုလွေဘုရင် ပြန်ယူလာသော သားကောင်ကို စားနေသောက်နေကြသည်။

ထိုမောင်နှမ နှစ်ယောက်သည် နှင်းဝံပုလွေ၏ဘဝနှင့် လိုက်လျောညီထွေ ဖြစ်နေကြပြီဖြစ်သည်။

ထို့အပြင် ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် ဤလောက၌ ရှင်သန်လိုပါက သန်မာလာလာရန်လိုအပ်‌ကြောင်းကို သူတို့နှစ်ယောက် သဘောပေါက်လာစေခဲ့သည်။

နှင်းဝံပုလွေဘုရင်သည် ဒီနေ့ ရွှေလင်းယုန်ငှက်က နှင်းဝံပုလွေငယ်ကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အလွန်ဒေါသထွက်နေသည်။

ဝံပု‌လွေကလေးငယ်များသည် အနာဂတ်တွင် သန်မာသောနှင်းဝံပုလွေများအဖြစ် ကြီးထွားလာမည်ဖြစ်ကာ နှင်းဝံပုလွေမျိုးနွယ်စုကို ကြီးကြီးမားမားအထောက်အကူ ဖြစ်စေသည်။

သို့သော် ကလေးငယ်များ ဆုံးရှုံးသွားပါက ဆက်ခံသူ နည်းပါးသွားမည့် အလားအလာကိုမြင့်မား‌စေသည်။

ထိုအချိန်တွင် ဝံပုလွေများ သားကောင်ကို ဖမ်းနိုင်၊ မဖမ်းနိုင် ဆိုသည်ထက် သူတို့အား အခြားသားရဲများက ပစ်မှတ်ထားလာနိုင်သည်။

ထို့ကြောင့် နှင်းဝံပုလွေဘုရင် ကို ဒေါသထွက်စေသည်။

သို့သော်လည်း အစာစားနေသော လုချန်း နှင့် ယိုချင်းယန် ကို ကြည့်ရင်း သူ့မျက်လုံးများ ပျော့‌ပျောင်းသွားသည် ။

သူ့ကလေးများ ဘေးကင်းနေ‌သောကြောင့် စိတ်သက်သာရာရသွားသည်။

လုချန်း အား ဝံပုလွေဘုရင်ဖြစ်လာရန် အသိအမှတ်ပြုထားခြင်းဖြစ်သည်။

ရွှေလင်းယုန်၏ခြေသည်းများအောက်တွင် ထိုသို့အလားအလာရှိသော သူကို မသေစေလိုပေ။

စားသောက်ပြီးနောက် လုချန်း သည် ထောင့်တစ်နေရာသို့သွားလိုက်ပြီး သူ့စိတ်ထဲတွင် ယနေ့ ရွှေလင်းယုန်တိုက်ခိုက်မှုအကြောင်း တွေး‌တောနေသည်။

သဘာဝတရား၏ ရက်စက်ကြမ်းကြုတ်မှုကို သူ့မျက်စိဖြင့် မြင်လိုက်ရပြီး ဤကမ္ဘာ၏ တောတွင်းဥပဒေသကို နားလည်လာစေသည်။

လုချန်း သန်မာလာရန် စိတ်ပိုင်းဖြတ်မှု ပိုအားကောင်းလာ‌စေသည်။

"ကံကောင်းတာက ငါ့မှာ ရွှေလက်ချောင်းရှိနေတယ်"

သူ့၏ ရည်ညွှန်းချက်ဘောင်ကို စစ်ဆေးလိုက်သည် ။

【အမည် - လုချန်း】

【အသက်- နှစ်လခွဲ】

[အဆင့်- 5 (0/500)]

[ကျွမ်းကျင်မှုများ- 

ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ခြင်း(အစောပိုင်းအဆင့်) အစာခြေလျင်မြန်ခြင်း (အစောပိုင်းအဆင့်)    

သစ်ပင်တက်ခြင်း (အစောပိုင်းအဆင့်) ခုခံကာကွယ်ခြင်း (အစောပိုင်းအဆင့်) ပြန်လည်ထူထောင်ခြင်း(အစောပိုင်းအဆင့်) ရှောင်တိမ်းခြင်း (အလယ်လတ်အဆင့်) လျှင်မြန်မှု (အစောပိုင်းအဆင့်)

ကုသခြင်း (အစောပိုင်းအဆင့်)]

[မျိုးနွယ်- နှင်းဝံပုလွေ]

[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- 300]

နောက်တစ်ဆင့်တက်ဖို့ ဆင့်ကဲပြောင်းလဲခြင်း အမှတ်နှစ်ရာ စုရမည်ဖြစ်သည်။

လုချန်း အဆင့်ခြောက်သို့ရောက်ရန် တစ်လခွဲခန့်ကြာမည်ဟု ခန့်မှန်းထားသည်။

နောက်တစ်ကြိမ် အဆင့်တက်တဲ့အခါ သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အရွယ်ရောက်ပြီးသောနှင်းဝံပုများနဲ့ နီးစပ်လိမ့်မယ်လို့ ခန့်မှန်းလိုက်သည်။

အကြောဆန့်ပြီးနောက် လုချန်း ဘေးသို့လှည့်ကြည့်လိုက်သည်။

ရှောင်ပိုင် ကတော့ ထုံးစံအတိုင်း စားပြီးသည်နှင့်အိပ်ပျော်နေသည်။

နှစ်လကျော်ကြာခဲ့ပြီဖြစ်သော်ငြားလည်း သူမ တုန်လှုပ်နေဆဲဖြစ်သည်။

"ဒီ‌ကောင်လေးက အများကြီးစားပြီး ခန္ဓာကိုယ်က ပိုကျမ်းမာလာတယ်"

"ဒါပေမယ့် ဒီကောင်လေးက ဘာလို့ နေ့တိုင်း အိပ်မက်ဆိုးတွေ မက်နေတာလဲ"

လုချန်း ၏ မျက်လုံးထဲ ရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေသည်။

ကံကောင်းထောက်မစွာနဲ့ ရှောင်ပိုင် သူ့ရည်ရွယ်ချက်ကိုနားလည်ပြီး လှိုင်ဂူထဲသို့ ပြန်ဝင်သွားခဲ့သည်။

ဒီလိုမှမဟုတ်ရင် ရွှေလင်းယုန်ဖမ်းမိသွားတဲ့နေရာတွင် ရှောင်ပိုင် ဖြစ်‌နေခဲ့ပါက သူဘယ်လိုခံစားရမလဲဆိုတာ တွေးကြည့်လို့ တောင်မရပေ။

ရှောင်ပိုင်နဲ့ သူသည် တူညီတဲ့ အမိုးအောက်တွင် မိသားစုဝင်တွေလို တစ်ယောက်နဲ့တစ်ယောက် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

လုချန်းသည် နှင်းများထူထပ်‌နေသော တောင်ပေါ်တွင် နှင်းဝံပုလွေတစ်ကောင် အဖြစ်နဲ့ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်သည်။

သားရဲတစ်ကောင်ဖြစ်သွားသော်လည်း သူ့၏စိတ်ခံစားချက်များ မဆုံးရှုံးသွားခဲ့ပေ။

နှင်းဝံပုလွေများ၏ ဖြူစင်ရိုးသားတဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။

ခဏလောက်စဉ်းစားပြီးနောက် လုချန်း မျက်မှောင်ကြုတ်လိုက်သည်။

"ငါ ဒီနေ့ သူမကို ကာကွယ်နိုင်ခဲ့ပေမယ့် သူမနဲ့ အမြဲတမ်းအတူ ရှိမနေနိုင်ဘူး"

လှိုင်ဂူထဲတွင် လဲလျောင်းနေတဲ့ ရှောင်ပိုင် ကို ကြည့်ရင်း လုချန်း သူမအား ကောင်းကောင်း လေ့ကျင့်‌ပေးရမည်ဟုဆုံးဖြတ်ချက်ချလိုက်သည်။

ဆိုရိုးစကားအတိုင်း 'ငယ်ငယ်တုန်းက အလုပ်မကြိုးစားရင် အသက်ကြီးတဲ့အခါ နောင်တရလိမ့်မယ်'

အခုဘဝက ပိုလို့တောင် ရက်စက်သည်။ ငယ်ငယ်တုန်းက မကြိုးစားရင် ကြီးလာတဲ့အခါ တခြားသားရဲများ၏အစာဖြစ်သွားနိုင်သည်။

ရှောင်ပိုင် သာမက အခြားသော ဝံပုလွေကလေးငယ်များပါ လေ့ကျင့်ပေးရမည်ဖြစ်သည်။

ဝံပုလွေဘုရင်၏သားဖြစ်သော လုချန်း သည် သူမသိလိုက်ခင်မှာဘဲ ဝံပုလွေဘုရင်တစ်ကောင်၏အရှိန်အဝါ များထွက်ပေါ်လာသည်။

သူအမြင်တွင် ဒီဝံပုလွေကလေးငယ်များသည် အနာဂတ်တွင်ညီအစ်ကိုများ ဖြစ်လာလိမ့်မည်ဖြစ်သည်။

လုချန်း ဤကလေးငယ်များကို မည်သို့လွတ်မြောက်ရမည်ကို အရင်ဆုံး သင်ကြားပေးရန် ဆုံးဖြတ်ခဲ့သည်။

……

နောက်နေ့မနက်...

ယိုချင်းယန် သည် ခေါင်းကို ဝံကြွားစွာမော့ထားတဲ့ သူ့မအစ်ကိုကို ကြည့်ပြီး သူ့အစ်ကို ဘာလုပ်ဖို့ ကြိုးစားနေကြောင်း ခန့်မှန်းမရဖြစ်နေသည်။

ချိုင့်ဝှမ်းထဲတွင် ထုံးစံအတိုင်း တက်ကြွသော ဝံပုလွေသားငယ်များ ပြေးလွှားကစားနေကြသည်။

"အားး...ဝူးးး!"

လုချန်း ဝံပုလွေတစ်ကောင်လို အော်ဟစ်လိုက်ပြီး အောက်တွင်ကစားနေသော ဝံပုလွေကလေးများ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

မနေ့က လုချန်း၏ ဒေါသကြောင့် ဒီဝံပုလွေလေးများ ကြောက်လန့်နေကြဆဲဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူတို့သည် ခါတိုင်းကဲ့သို့ စိတ်လှုပ်ရှားကာ အလျင်စလိုမလုပ်‌ တော့ဘဲ လုချန်းအား ကြည့်နေကြသည်။

လုချန်း ထိုမြင်ကွင်းကို စိတ်မဆိုးပေ။ ဝံပုလွေဘုရင်အဖြစ်၊ သဘာဝအလျောက် သူ့ကိုယ်ပိုင်အာဏာကို ထူထောင်ရမည်ဖြစ်သည်။

ယင်းက ဒီဝံပုလွေသားပေါက်လေးတွေ နာခံလာစေဖို့ ပထမဆုံးခြေလှမ်းဖြစ်သည်။

ထို့နောက် လုချန်း ဝံပုလွေသားလေးများ အုပ်စုထဲသို့ ခုန်ဆင်းလိုက်သည်။ လုချန်း ချဉ်းကပ်လာတာကို မြင်ပြီး ဝံပုလွေကလေးများက ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။

သို့သော် လုချန်း မျက်နှာချက်ချင်းပြောင်းလဲသွားပြီး သူ့တို့ကို စိုက်ကြည့်နေသည်။

လုချန်း၏ ဖိနှိပ်မှုကို ခံစားလိုက်ရပြီး ဝံပုလွေကလေးအုပ်စုသည် ချက်ချင်း ရပ်တန့်လိုက်ကြသည်။

လုချန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဝံပုလွေလေးများကို သူ့နောက်သို့ လိုက်ရန် အချက်ပြလိုက်သည်။

ဒီဝံပုလွေလေးများကို သူ့အမိန့်အား နာခံစေချင်သည်။

ပုန်း‌အောင်းရမည့် အချိန်တွင် အနည်းဆုံးတော့ လင်းယုန်ငှက်ပြန်မလာမချင်း ပုန်းအောင်းနေပြီး အကျပ်အတည်းကို ရှောင်ရှားနိုင်သည်။

ထက်မြက်သော ဝံပုလွေကလေးငယ်အချို့သည် လုချန်း ဆိုလိုရင်းကို အကြမ်းဖျင်းသဘောပေါက်ပြီးသူ့နောက်ကို လိုက်လာကြသည်။

ဂူအဝင်ဝတွင်ရပ်နေသော ယိုချင်းယန် သည် ထိုမြင်ကွင်းကိုကြည့်ရှုပြီး အံ့သြသွားသည်။

"အစ်ကို... မင်းက ဒီဝံပုလွေငယ်လေးတွေကို နောက်ထပ်တိုက်ခိုက်လာမှုကနေကာကွယ်‌ပေးဖို့လေ့ကျင့်ပေးနေတာလား?"

သူ့အစ်ကို အနည်းငယ်ထူးဆန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

လုချန်း ထိုဝံပုလွေကလေးငယ်များကို စတင်လေ့ကျင့်ပေးသည့်‌အခါတွင် မည်မျှခက်ခဲ‌ကြောင်း သိရှိခဲ့သည်။

ဒါပေမယ့် ဒါက သူ့အတွက်ကြီးမားတဲ့ ပြဿနာတစ်ခုတော့မဟုတ်ပေ။

ဝံပုလွေကလေးငယ်အချို့က ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကို မြင်လိုက်ရသဖြင့် လုချန်း ရယ်မောလိုက်ပြီး...

"ကောင်လေး မင်းစကားနားမထောင်တဲ့အတွက် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့"

All Chapters