← Chapters

ငါ့အစ်ကိုက ဝံပုလွေဘုရင်ဖြစ်ဖို့ အလားလာ ရှိတယ်

Vol. 2 Ch. 19

ငါ့အစ်ကိုက ဝံပုလွေဘုရင်ဖြစ်ဖို့ အလားလာ ရှိတယ်

Vol. 2 Ch. 19

ထိုအခိုက်အတန့်တွင် လုချန်း "ဘဝသည် အံ့သြဖွယ်ရာများနှင့် ပြည့်နှက်နေသည်" ဟူသော ဆိုလိုရင်းကို နားလည်သွားသည်။

သူကိုယ်တိုင်က နှင်းဝံပုလွေတစ်ကောင်ဖြစ်ပြီး၊ သားရဲတွေကို ထိန်းကျောင်းနိုင်တဲ့စွမ်းရည်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လုချန်း မူလက သူ့ညီငယ်လေးများ ရှင်သန်မှုနှုန်းတိုးမြှင့် လာ‌အောင် လေ့ကျင့်ပေးခြင်းဖြစ်သည်။

မထင်မှတ်ထားပဲ ကျွမ်းကျင်မှုအသစ်နှစ်ခု မတော်တဆ ရရှိခဲ့သည်။

အခုချိန်တွင် ထိုကျွမ်းကျင်မှုနှစ်ခုက သူ့အတွက် အလွန်အသုံးဝင်သည်။

ကျွမ်းကျင်မှုအသစ် နောက်တစ်ခုဖြစ်တဲ့ ဟန့်တားခြင်းစွမ်းရည်က နားလည်ရ လွယ်ကူကြောင်း တွေ့ရှိခဲ့သည်။

အရိုက်ခံရပြီးနောက် ဝံပုလွေငယ်‌လေးများသည် သူ့ကို တည့်တည့် မကြည့်ဝံ့ကြကာ၊မတုန်လှုပ်ခြောက်ခြားဘဲမနေနိုင်ချေ။ 

လုချန်း ကို မြင်ရင် ဒီဝံပုလွေလေးတွေက သူတို့ရဲ့မိဘတွေကိုမြင်ရတာထက် ပိုနာခံလိမ့်မည်ဖြစ်သည်။

အမှန်တော့၊ သူတို့က နည်းနည်း ဆိုးတယ်ဆိုရင်တောင် အရွယ်ရောက်ပြီးတဲ့ နှင်းဝံပုလွေတွေက သေချာပေါက် အရေးယူမည်မဟုတ်ပေ။

ဒါပေမယ့် လုချန်း ရဲ့အမိန့်ကို မလိုက်နာဘူးဆိုရင်တော့ လုချန်း က သူတို့ကို တကယ် ရိုက်နှက်မှာပါ။

"ဒါက အဟန့်အတားဖြစ်လာနိုင်တယ်..."

"ငါ မှတ်မိတာမှန်ရင် အွန်လိုင်းဝတ္ထုတွေ ထဲမှာ ဒီဟာကို 'အကျပ်ကိုင်ခြင်း' လို့ခေါ်တယ်"

သူသည် သားရဲတစ်ကောင်ဖြစ်ပြီး တစ်ခုခုထူးဆန်းနေသည်ဟု အမြဲခံစားနေ ရသည်။

ဘာပဲဖြစ်ဖြစ် ဒီစွမ်းရည်က အံ့သြစရာကောင်းပြီး လုချန်း ကို ပျော်ရွင်စေသည်။

ကျွမ်းကျင်မှုများ ရရှိရန် နည်းလမ်းများစွာရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဒီဝံပုလွေလေးတွေကို လေ့ကျင့်ပေးပြီး ဒီလိုဆုလာဘ်မျိုးရမယ်ဆိုတာသိခဲ့ရင် ငါ သူတို့ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့တာကြာပီ"

"ဟေ့ မိုးလင်းနေပီ လေ့ကျင့်ကြရအောင်"

ကျွမ်းကျင်မှုအသစ်များ ရရှိရန်ဖြစ်စေ၊ ဝံပုလွေငယ်လေးများကို လေ့ကျင့်ရန် ဖြစ်စေ လုချန်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

နောက်ဆုံးတော့ သူလိုချင်တဲ့အရာသည်၊ကစားခြင်းနှင့် ပြေးခြင်းကိုသာ သိသော မိုက်မဲတဲ့ ဝံပုလွေအုပ်စုထက် စစ်မြေပြင်တွင် အမိန့်နာခံနိုင်တဲ့ စစ်ဝံပု‌လွေအုပ်စု ဖြစ်သည်။

"အားးဝူးး!"

နှင်းထူထပ်သော ချိုင့်ဝှမ်းတွင် လုချန်း နှင့်ဝံပုလွေကလေးများအော်သံကို ရံဖန်ရံခါ ကြားနေရသည်။

ဝံပုလွေကလေးများ တစ်ခုခုကို တွေးနေပုံရပြီး ဂူဆီသို့ အလျှင်အမြန် ပြေးသွားကြသည်။

သူတို့သည် စားသောက်ချိန် နှင့် ကစားနေချိန်ထက် ပိုမိုတက်ကြွစွာ ပြေးလွှားနေကြသည်။

နှေးကွေးစွာ ပြေးလျှင် လုချန်း ရိုက်နှက်မည်ကို စိုးရိမ်သဖြင့် တစုတစည်းတည်း ပြေးလွှားနေသည်။

လုချန်း ဝံပုလွေငယ်လေးများကို အမှန်တကယ် ရိုက်နှက်ခဲ့သော်လည်း သူတို့၏ ဦးနှောက်ကို မထိခိုက်စေခဲ့ပေ။

ဝံပုလွေခြေသည်းများဖြင့် ဘယ်ညာတိုက်ခိုက်ခဲ့ရာ ဝံပုလွေကလေးငယ်အုပ်စုက အဆက်မပြတ် အော်ဟစ်နေသော်လည်း သူတို့ တကယ်မထိခိုက်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့အား အနာဂတ်အရန်တပ်များအဖြစ် သတ်မှတ်နိုင်သည်။

လုချန်း ဝံပုလွေငယ်လေးများကို ထိခိုက်ဒဏ်ရာရအောင်လုပ်မည်မဟုတ်ပေ။

အပြင်းအထန် ဒဏ်ရာမရပေမယ့် အရိုက်ခံရရင်တော့ နာပါတယ်...

“အရိုက်မခံရရင်၊ အသုံးမကျဘူး” ဆိုရိုးစကားအတိုင်း။ ဝံပုလွေတစ်ဖွဲ့ သည် တုတ် အောက်၌ မွေးဖွားလာခဲ့လေသည်။

ထိုကာလအတွင်း လုချန်း ၏အမိန့်အောက်တွင် တက်ကြွသော ဝံပုလွေက‌လေးငယ်အုပ်စုသည် ငြိမ်သက်သွားခဲ့သည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ရက်အတော်ကြာ လေ့ကျင့်ပေးပြီးနောက် ရလဒ်တချို့ကို ငါမြင်နေရပီ"

လုချန်း နှင်းချိုင့်ဝှမ်းကို ကြည့်လိုက်ပြီး စိတ်ထဲတွင် ကြီးမားတဲ့အောင်မြင်မှုကိုခံစားလိုက်ရသည်။

စကားလုံးများကို နားမလည်ဘဲ ကစားရတာကို နှစ်သက်တဲ့ ဤဝံပုလွေငယ်လေးများကို ထိုသို့ ပြောင်းလဲပေးနိုင်ခြင်းမှာ အလွန်ကောင်းမွန်နေပြီဖြစ်သည်။

"ဂူထဲမှာပုန်းနေတာက ပထမခြေလှမ်းပဲရှိသေးတယ်"

"ကဲ...သစ်ပင်တက်ဖို့ လေ့ကျင့်ကြရအောင်"

ဝံပုလွေငယ်လေးများသည် လေထဲရှိ သားရဲများ၏ တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် လိုဏ်ဂူများတွင် ပုန်းအောင်းနိုင်သည်။သို့သော် ဝံပုလွေများသည် နှင်းထူထပ်သော လွင်ပြင်များတွင် နေထိုင်ပြီး မြေပြင်မှ တိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။

သစ်ပင်တက်ခြင်းသည် ဝံပုလွေများ သို့မဟုတ် ခွေးများ၏ အားနည်းချက်ဖြစ်သည်။

ခွေးအများစုသည် သစ်ပင် ပင်စည်များကို သူတို့၏နယ်မြေအမှတ်အသားအဖြစ်သာ အသုံးပြုသည်။

မျိုးဆက်သစ် ဝံပုလွေဘုရင်ငယ် တစ်ဦးအနေဖြင့် လုချန်း လိုချင်သည်မှာ ဤဖြစ်စဉ်ကို လုံးဝပြောင်းလဲပစ်ရန်ဖြစ်သည်။

နှင်းဝံပုလွေများက သစ်ပင်တက်နိုင်ရမည်ဖြစ်သည်။

သစ်ပင်တက်ခြင်းအတတ်ပညာကို ကျွမ်းကျင်နေမယ်ဆိုလျှင် အမဲလိုက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းအတွက် အလွန်အသုံးဝင်သည်။

နောင်တွင် လုချန်း ဝံပုလွေဘုရင်ဖြစ်လာပါက၊ သူ့ညီငယ်များအားလုံး သစ်ပင်တက်အမဲလိုက်သမားများ ဖြစ်လာရမည်ဟု ဆုံးဖြတ်ခဲ့သည်။

"အားးဝူးး!"

လုချန်း ထံမှ နောက်ထပ်ဝံပုလွေအူသံနှင့်အတူ၊ တွင်းထဲတွင် ပုန်းနေသော ဝံပုလွေကလေးငယ်များ ဂူထဲမှ အမြန်ထွက်လာကြသည်။

သူတို့သည် လုချန်း ရှေ့မှာ တန်းစီပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ နှင်းဖြူရောင် နားရွက်နှစ်ခုကိုထောင် ထားကြသည်။

ထိုရေခဲပြာရောင်မျက်လုံးကလေးများသည် လုချန်း အား ထိတ်လန့်စွာစိုက်ကြည့်နေကြသည်။

ညွှန်ကြားချက်အချို့ကို လွဲချော်ပြီး အရိုက်ခံရမှာကို ကြောက်နေပုံရသည်...

လေ့ကျင့်နေသည့် ယိုချင်းယန် ပင်လျှင် လုချန်း အော်သံကိုကြားပြီးနောက် ဂူထဲမှ ကူကယ်ရာမဲ့စွာ ထွက်လာရသည်။

"အစ်ကို ဘာဖြစ်ချင်နေလဲ မသိပေမယ့်"

တခြားနည်းလမ်းမရှိ‌ပေ၊ သူမ ထောက်ခံ ရမည်သာဖြစ်သည်။

"တခြားဝံပုလွေကလေးတွေ အစ်ကို့ကို အစွန်းရောက်သမားလို့ ထင်မြင်ခွင့်မပြုနိုင်ဘူး"

သူမ ဂူထဲကနေ အပြင်ကိုလှမ်းကြည့်လိုက်ပြီး၊ နဂိုက ပျင်းရိပြီး တက်ကြွတဲ့ ဝံပုလွေလေးတွေက ယခု စစ်သားများကဲ့သို့ ဖြစ်နေသည်ကိုမြင်လိုက်ရသည်။

သူတို့သည် မြေပြင်ပေါ်တွင် တန်းစီကာထိုင်နေကြပြီး လုချန်း ၏ နောက်လာမည့်အမိန့်အတွက် စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။

ထိုမြင်ကွင်းသည် ယိုချင်းယန် အပေါ် သက်ရောက်မှုများစွာရှိခဲ့သည်။

"သူတို့က ငါစောစောကမြင်ခဲ့ရတဲ့ ဝံပုလွေတွေပဲလား?"

"နှင်းတောင်ကြားမှာရှိတဲ့ ဝံပုလွေတွေရော ဟုတ်လို့လား?"

ယိုချင်းယန် ထိုနေရာတွင် ရပ်နေကာ သူမ၏ ရေခဲပြာမျက်လုံးများက တုန်လှုပ်ခြောက်ခြားစွာဖြင့် ထိုမြင်ကွင်းကိုကြည့်နေသည်။

သူ့အစ်ကို ဒီလိုလုပ်နိုင်လိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိန်းချုပ်ရခက်သော ဤဝံပုလွေသားငယ်များအားလုံးကို အလွန်နာခံမှုရှိအောင် လေ့ကျင့်ပေးထားခဲ့သည်။

ယိုချင်းယန် ခေါင်းကိုမော့လိုက်ပြီး ဝံပုလွေကလေးတွေအုပ်စုရှေ့မှာ ရပ်နေတဲ့ သူ့အစ်ကိုကို ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် လွန်ခဲ့သည့်နှစ်လကမွေးခဲ့သော သူမ၏အစ်ကိုသည် ဝံပု‌လွေဘုရင်တစ်ကောင်လိုဖြစ်နေခဲ့ပြီဖြစ်သည်။

 ဒီအရွယ်တွင် နှင်းဝံပုလွေများ စိတ်ဝင်တစား ကစားနေသင့်သော်လည်း သူ့အစ်ကိုက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

သူမ နှလုံးသားထဲမှ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်ပါ။

"ငါ့အစ်ကို ဝံပုလွေဘုရင်ဖြစ်ဖို့ အလားအလာရှိတယ်"

ထို့နောက် လုချန်း က ဦးဆောင်ပြီး ဝံပုလွေအုပ်စုကို ထင်းရှူးပင်အောက်သို့ ခေါ်ဆောင်လာခဲ့သည်။

လုချန်း ၏ ခြေထောက်လေး‌ချောင်းစလုံးကိုအားယူပြီး ထင်းရှူးပင်ပေါ်သို့တက်လိုက်သည်။

ဝံပုလွေခြေသည်းများက အခေါက်ကို တင်းတင်းကြပ်ကြပ် ကုတ်တွယ်ထားပြီး အထက်ကိုအရှိန်ဖြင့် တွန်းကန်ကာ သစ်ကိုင်းပေါ်သို့ အောင်မြင်စွာ တက်သွားခဲ့သည်။

ထို့နောက် ပြန်ဆင်းလာပြီး ဝံပုလွေငယ်လေးအုပ်စုကို ကြိုးစားရန် အချက်ပြခဲ့သည်။

တက်နိုင်သည်ဖြစ်စေ မတက်နိုင်သည်ဖြစ်စေ အရင်ခုန်တက်လိုက်ပါ။

တစ်စုံတစ်ယောက်က သစ်ပင်ပေါ်တက်ရန် ကြောက်နေမယ်ဆိုလျှင် ခါတိုင်းကဲ့သို့ အရိုက်ခံရမည်ဖြစ်သည်။

ယိုချင်းယန် ဘေးနားတွင် ရပ်နေပြီး အံ့အားသင့်နေသည်။

"ငါ့အစ်ကိုက ဝံပုလွေတွေအားလုံးကို သစ်ပင်တက်နည်း သင်ယူစေချင်နေတာလား"

All Chapters