"တစ်ခုခုတော့မှားနေပြီ၊ငါ့အစ်ကိုက သေချာပေါက် တစ်ခုခုတော့မှားနေပြီ"
Vol. 2 Ch. 20
"အမှိုက်၊ အမှိုက်၊ မင်းတို့အားလုံးက လူမိုက်တွေပဲ!"
လုချန်း ဒေါသကြီးစွာဖြင့် ထင်းရှူးပင်အောက်တွင် သတိလစ်မေ့မြောနေသော ဝံပုလွေအုပ်စုကို ကြည့်လိုက်သည်။
သုံးရက်တိုင်တိုင် လေ့ကျင့်ပေးခဲ့သော်လည်း အရာမထင်ခဲ့ပေ။
ဝံပုလွေတစ်ကောင်မှ သစ်ပင်ပေါ်ကို အောင်မြင်စွာတက်မတက်နိုင်သောကြောင့် လုချန်း ဒေါသအရမ်းထွက်ပြီး ကြက်ဥပုတ် စားလိုက်ရသကဲ့သို့ဖြစ်နေသည်။
"ထ! ထ! အားလုံးထကြစမ်း!"
လုချန်း ဝံပုလွေအူသံကို ထုတ်လိုက်ပြီး ဝံပုလွေသားငယ်များအားလုံးကို အင်အားဖြင့် မ,ချီလိုက်သည်။
ထို့နောက် သူ့ဘေးနားရှိ ထင်းရှူးပင်ဆီသို့ ပစ်လွှတ်လိုက်သည်။
သူ့မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ရှိနေပြီး ဝံပုလွေကလေးငယ်အုပ်စုအား ဆက်လက်လေ့ကျင့်ရန် လုပ်ဆောင်လိုက်သည်။
ရက်အတော်ကြာ ကြိုးစားပြီးနောက် ထိုဝံပုလွေငယ်လေးများသည် အလွန်မာကျောလာသည်။
အနည်းငယ် တက်နိုင်ပေမယ့် ပြုတ်ကျမှာကိုတော့ကြောက်သည်။
ဒါပေမယ့် ပြုတ်ကျလို့ မသေဘူးဆိုတာကို သိတာက တစ်ခု၊ နာကျင်တယ်ဆိုတာက နောက်တစ်ခုက ထိုအရာနှစ်ခုကမတူပေ။
ဒီသုံးရက်အတွင်း ဝံပုလွေငယ်လေးများက လုချန်း ၏အာဏာရှင်စနစ်အကြောင်း သူတို့၏မိဘများကို အော်ဟစ်တိုင်တမ်း ခဲ့ကြသည်။
သို့သော် သားပေါက်ကလေးများ၏ ညည်းညူသံများကို အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများက ဂရုမစိုက်ဘဲ နေခဲ့သည်။
သူတို့ထင်မြင်ချက်ကတော့ ဘာပဲလုပ်လုပ် အမြဲတမ်း ကြိုးစားနေရမည်ဖြစ်သည်။
သစ်ပင်တက်တာနဲ့ ကြိုးစားချင်စိတ်ရှိတယ်လို့မဆိုလိုပေ။
နှင်းဝံပုလွေမျိုးနွယ်စုသည် တစ်နှစ်ပတ်လုံး နှင်းဖုံးနေသော ချိုင့်ဝှမ်းတွင် နေထိုင်သည်။
ဒီနေရာရဲ့ အေးစက်သောလေသည် ရေခဲဓားများကဲ့သို့ ပြင်းထန်စွာတိုက်ခိုက် လျှက်ရှိသည်။
အေးခဲနေသော ရေခဲများနှင့် နှင်းများပေါ်သို့ ခရီးသွားရန် အလွန်ခက်ခဲစေသည်။
ဒီလို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွင် ရှင်သန်ချင်တယ်ဆိုရင် အချို့သော ဘဝစွမ်းရည်တွေကို ကျွမ်းကျင်နေရမည်ဖြစ်သည်။
အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများဖြစ်သော်လည်း လုချန်း ၏အပြုအမူနှင့် ပတ်သက်၍ အနည်းငယ် စိတ်ရှုပ်နေသည်။
သို့ပေမယ့် ဒီကလေးတွေကြားက ကိစ္စတွေမှာ ပါဝင်ဖို့ ပျင်းရိကြတယ်။
နှင်းဝံပုလွေကလေးတွေက မကျေမနပ်ဖြစ်နေပေမယ့် ဆက်ကြိုးစားနေရမည်ဖြစ်သည်။ ထိုအချိန်တွင် လုချန်း၏အမိန့်အရ သူတို့ ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်သည်။
.......
ထင်းရှူးပင်ဆီ အပြေးအလွှားသွားနေတဲ့ နှင်းဝံပုလွေလေးတွေကို မြင်ရမည်ဖြစ်သည်။
သို့သော် သူတို့သည်ဝံပုလွေဖြစ်များသောကြောင့် ခြေလက်အင်္ဂါများက သစ်ပင်ပင်စည်နှင့် အကိုင်းအခက်များပေါ်တွင် လှုပ်ရှားသွားလာရန် မထောက်ပံ့နိုင်ကြပေ။
နှင်းဝံပုလွေငယ်များသည် ၎င်းတို့၏နောက်ခြေထောက်များတွင် လုံလောက်သောခွန်အားမရှိသည့်အတွက် အကွာအဝေးကို မခုန်တက်နိုင်ပေ။
သစ်ပင်တက်တာထက် သစ်ပင်အမြစ်တွေအောက်သို့ ခုန်ချတာနဲ့ ပိုတူပါတယ်။
သူတို့နှင့်ယှဉ်ရင် အနည်းငယ်အားကောင်းသည့် နှင်းဝံပုလွေကလေးများ၏ အခြေအနေမှာ ပိုကောင်းသည်။
သူတို့သည် အောင်မြင်စွာ ခုန်တက်နိုင်သော်လည်း အလားတူပြဿနာမျိုး ကြုံတွေ့ရသည်_ ခြေလက်များက လုံလောက်သော ခွန်အားမရှိသောကြောင့် သစ်ပင်၏ပင်စည်ကို ဖက်တွယ်ထားရုံမျှသာ တတ်နိုင်သည်။
နှင်းဝံပုလွေလေးများကြားတွင်၊ အချို့မှာ အတော် ထူးချွန်ကြသည်။
သူတို့၏ခြေလက်များသည် အတော်လေးသန်မာပြီး အခြားနှင်းဝံပုလွေများထက် တစ်ဆင့်မြင့်သည်။
သို့သော် ဟန်ချက်မထိန်းနိုင်သောကြောင့် သစ်ပင်ပင်စည်မှ ဘေးသို့ လဲကျသွားသည်။
တစ်ကောင်ပြီးတစ်ကောင် နှင်းတွေပေါ်သို့ ပြုတ်ကျနေကာ ညည်းတွားသံများ ထွက်ပေါ်လျှက်ရှိသည်။
နှင်းဝံပုလွေများ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျနေတာကို ကြည့်ရင်း လုချန်း မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
ဝံပုလွေမျိုးနွယ်၏သွေးထဲတွင် သစ်ပင်တက်ခြင်းမျိုးရိုးဗီဇမရှိဟု ထင်ရသည်...
သို့သော် လုချန်း လက်မလျှော့ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ထိုဝံပုလွေကလေးများသည် ငယ်ရွယ်သေးပြီး သူတို့အတွက် အချိန်အနည်းငယ်ပေးရမည်ဖြစ်သည်။
သူ့လက်အောက်ငယ်သားတစ်ယောက် အနေနဲ့ သစ်ပင်တက်ဖို့ သင်ယူရမည်ဖြစ်သည်။
လုချန်း အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ ဒီကောင်လေးတွေ ဘာဖြစ်လို့ အသုံးမကျလဲဆိုတာ သူတကယ် နားမလည်နိုင်ဖြစ်နေသည်။
သူတို့နှင့်နှိုင်းယဉ်ရင် သူ့ညီမ ရှောင်းပိုင် သည် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ကြောင်း နားလည်ခဲ့သည်။
ရှောင်းပိုင် ပထမဆုံးကြိုးစားမှုဖြင့် သစ်ပင်ပေါ်သို့ အောင်မြင်စွာတက်နိုင်ခဲ့ခြင်းဖြစ်သည်။
"သူက ငါ့ညီမဖြစ်ထိုက်ပါပေတယ်၊ သာမန်ဝံပုလွေကလေးတွေက သူမနဲ့ယှဉ်လို့မရဘူး"
"ဝူးး! ဝူးး!"
ထိုအချိန်တွင် စိတ်လှုပ်ရှားနေသော ဝံပုလွေအူသံက လုချန်း ရဲ့ အတွေးများကိုနှောက်ယှက်လိုက်သည်။
လုချန်း ခေါင်းမော့ကြည့်လိုက်ကာ သစ်ကိုင်းပေါ်မှာ ငွေဖြူ နှင်းဝံပုလွေတစ်ကောင်ကို မြင်လိုက်ရသည်။
လုချန်း ရုတ်တရက် အံ့ဩဝမ်းသာသွားသည်။
"နောက်ဆုံးတော့! နောက်ဆုံးတော့ ဝံပုလွေလေးတစ်ကောင် အပင်ပေါ်ကိုတက်နိုင်ခဲ့ပြီ"
"ဝံပုလွေတွေ သစ်ပင်တက်မရဘူးလို့ ဘယ်သူပြောလဲ"
သို့သော် လုချန်း ပျော်လို့မဆုံးသေးပေ၊ ဝံပုလွေလေး၏ စိတ်လှုပ်ရှားနေသော အူသံသည် ကြောက်လန့်တကြားအော်သံအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ခြေသည်းလေးချောင်းဖြင့် သစ်ကိုင်းကို ဖက်တွယ်နေကာ ခုန်ချမရဲဖြစ်နေသည်။ ၎င်းကိုမြင်ပြီး လုချန်း ဆွံ့အသွားသည်။
"ဒီကောင်လေးက အမြင့်ကြောက်ရောဂါရနေတာလား?"
လုချန်း ခေါင်းခါယမ်းလိုက်ပြီး သစ်ပင်ပေါ်ကို ခုန်တက်ကာ ဝံပုလွေလေးကို ကန်ချတော့မည်ဖြစ်သည်။
"ဇွီးးး!"
သို့သော် ထိုအချိန်တွင် စူးရှတဲ့အော်ဟစ်သံကို ကြားလိုက်ရသည်။
လုချန်း ထိုအသံကိုကြားရပြီးနောက် သူ့နှလုံး ရုတ်တရက်တင်းမာသွားပြီး အထက်ကိုမျှော်ကြည့်လိုက်သည်။
ကောင်းကင်မှာ အရိပ်မည်းကြီးတစ်ခု ရှိနေတာကို မြင်လိုက်ရသည်။
ဤသည်မှာ ဝံပုလွေတစ်ကောင်ကို ဖမ်းခေါ်သွားခဲ့တဲ့ ရွှေလင်းယုန် ဖြစ်သည်။
"ဒီကောင်! ထပ်လာပြန်ပြီ"
အရင်တုန်းက ကြေကွဲဖွယ်အဖြစ်အပျက်ကို ချက်ချင်းပြန်သတိရလိုက်ပြီး သူ့မျက်လုံးများတွင် ရက်စက် သောအလင်းရောင်တစ်ခုထွက်ပေါ်လာသည်။
"အားးးဝူးးး!"
မဆိုင်းမတွဘဲ လုချန်း ကျယ်လောင်သော ဝံပုလွေအူသံကို ထုတ်လွှင့်လိုက်သည်။
အရင်က အဖြစ်ဆိုးမျိုး ထပ်မံမကြုံတွေ့ချင်တော့ပေ။
တခဏချင်းမှာပဲ၊ နှင်းမြေပြင်ပေါ်တွင် လဲလျောင်းနေတဲ့ ဝံပုလွေကလေးတွေကအနီးဆုံး လှိုင်ဂူဆီသို့ အလိုလို ရူးသွပ်စွာ ပြေးသွားကြပြီး နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်နေကြသည်။
သူတို့နောက်ကို ကြောက်စရာကောင်းတဲ့ အရာတစ်ခုက လိုက်ဖမ်းနေသကဲ့သို့ ခေါင်းတောင် မလှည့်ကြည့်ဘဲ ရှူးသွပ်စွာပြေးနေကြသည်။
မှုလက သစ်ပင်ပေါ်ရှိ ဝံပုလွေလေးက အမြင့်ကြောက်သောကြောင့် အော်ဟစ်နေပြီး၊ ဒီအချိန်မှာ သတ္တိက ဘယ်ကရမှန်း မသိပေမယ့် သစ်ပင်ပေါ်ကနေ ခုန်ချခဲ့သည်။
သစ်ပင်ပေါ်ကနေ ပြုတ်ကျပြီးနောက် အရိုက်ခံရမှာကြောက်သောကြောင့် သူလည်း ရှူးသွပ်စွာ စတင်ပြေးတော့သည်။ အရိုက်ခံရမယ်ဆိုရင်လည်း သူအရင်မဖြစ်ချင်ပါ။
ဝံပုလွေကငယ်အုပ်စုသည် အလွန်လျင်မြန်စွာ ပြေးသွားပြီး မကြာမီ သူတို့အားလုံး တွင်းထဲသို့ ရောက်သွားကြသည်။
နှင်းထူထပ်နေတဲ့ ချိုင့်ဝှမ်းတစ်ခုလုံး တွင် ဝံပုလွေအမွေးလေးတောင် မကျန်ခဲ့ပါ။
ရွှေလင်းယုန် "..."
အခွင့်အရေးကို စောင့်မျှော်ပြီး အမဲလိုက်ရန် အဆင်သင့်ဖြစ်နေသော ကောင်းကင်ပေါ်မှ ရွှေလင်းယုန်သည် ခဏတာ စိတ်ရှုပ်ထွေးသွားသည်။
မလိုလားပေမဲ့လည်း ရွှေလင်းယုန်ငှက်ကလေထဲတွင် နောက်ထပ် အကြိမ်ပေါင်းများစွာ လှည့်ပတ်နေသော်လည်း နှင်းဝံပုလွေကလေးများ ထွက်ပေါ်လာခြင်း မရှိပါ။
ခိုကိုးရာမဲ့ပြီး စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားရုံသာတတ်နိုင်တော့သည်။
......
အချိန် တစ်ပတ် က လျှင်မြန်စွာကုန်ဆုံးသွားသည်။
လုချန်း လှိုင်ဂူထဲတွင် လှဲလျောင်းကာ ရည်ညွှန်းချက်ဘောင်ကို စစ်ဆေးလိုက်သည်။
【အမည် - လုချန်း】
【အသက်-သုံးလ】
[အဆင့်- 5 (0/500)]
[ကျွမ်းကျင်မှုများ-
ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ခြင်း(အစောပိုင်းအဆင့်) အစာခြေလျင်မြန်ခြင်း (အစောပိုင်းအဆင့်)
သစ်ပင်တက်ခြင်း (အစောပိုင်းအဆင့်) ခုခံကာကွယ်ခြင်း (အစောပိုင်းအဆင့်)
ပြန်လည်ထူထောင်ခြင်း(အစောပိုင်းအဆင့်)
ရှောင်တိမ်းခြင်း (အလယ်လတ်အဆင့်) လျှင်မြန်မှု (အစောပိုင်းအဆင့်)
ကုသခြင်း (အစောပိုင်းအဆင့်)]
သားရဲထိန်းကျောင်းခြင်း(အစောပိုင်းအဆင့်)
ဟန့်တားခြင်း(အစောပိုင်းအဆင့်)]
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- 503]
"နောက်ဆုံးတော့ အဆင့်မြှင့်တင်ဖို့ ဆင့်ကဲပြောင်းလဲခြင်းအမှတ်တွေ လုံလောက်အောင် စုဆောင်း နိုင်ခဲ့ပြီ"
လုချန်း အနည်းငယ် စိတ်လှုပ်ရှားနေပြီး ဆင့်ကဲပြောင်းလဲခြင်းအမှတ်ကို အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။
အလွန်ရင်းနှီးသည့် စွမ်းအင်အတက်အကျသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
အသား၊ အသွေး၊ အရိုးတွေ၊စသဖြင့်..
သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ခန္ဓာကိုယ် အရွယ်အစားကလည်း အရင်က နှင့် ယှဉ်လျှင် အနည်းငယ် ကြီးထွားလာသည်။
၎င်းက အရွယ်တူ တခြား နှင်းဝံပုလွေများထက် အရွယ်အစား အနည်းငယ်သာလွန်သည်။
တကယ်တော့ သူ့အသက်က သုံးလပဲ ရှိပါသေးတယ်။
အဆင့်ငါးသို့ရောက်ချိန်တွင် လုချန်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် တစ်နှစ်ခွဲအရွယ် နှင်းဝံပုလွေနှင့် ညီမျှသည်။
ယခု သူသည် အဆင့်ခြောက်သို့ ရောက်ရှိနေပြီဖြစ်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နှစ်နှစ်သား အရွယ်နှင်းဝံပုလွေနှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။
အနီးနားတွင် ကျင့်ကြံနေသော ယိုချင်းယန်သည် တစ်ခုခုကိုခံစားမိ၍ ချက်ချင်း နိုးလာသည်။
သူ့အစ်ကို ပိုသန်မာလာတာကို သူမ ရှင်းရှင်းလင်းလင်း သတိထားမိသည်။
"တစ်ခုခုတော့မှားနေပြီ"
"ငါ့အစ်ကိုက သေချာပေါက် တစ်ခုခုတော့မှားနေပြီ"