← Chapters

"ဒီညီမလေးက စားလွန်းအားကြီးတယ် မဟုတ်လား"

Vol. 2 Ch. 21

"ဒီညီမလေးက စားလွန်းအားကြီးတယ် မဟုတ်လား"

Vol. 2 Ch. 21

"သူ သာမန် နှင်းဝံပုလွေ‌ရောဟုတ်ရဲ့လား?၊ ဒါက ဒေါသထွက်စရာကောင်းလွန်းတယ်!!"

ထိုအချိန်တွင် လုချန်း ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့်ရောင်ဝါကို ခံစားမိသဖြင့် ယိုချင်းယန် ကိုယ့်ကိုယ်ကိုယ် သံသယစိတ်များ ဝင်လာခဲ့သည်။

အခု သူ့အစ်ကိုရဲ့ အရှိန်အဝါ ရုတ်တရက် တိုးလာတာကို သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ခန္ဓာကိုယ်ပုံသဏ္ဍာန်က ကြီးကြီးမားမားပြောင်းလဲမှု မရှိပေမယ့်၊ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်ဝံပုလွေကလေးတစ်ကောင်ထက် သာလွန်ကြောင်း ယိုချင်းယန် ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

ထိုအခိုက်အတန့်တွင် ယိုချင်းယန် ဖိအား အနည်းငယ် ခံစားရသည်။

ဤသည်မှာ ယခင်ဘဝက ဧကရီဖြစ်ခဲ့သော ယိုချင်းယန် အတွက် လုံးဝလက်မခံနိုင်တဲ့ အရာဖြစ်သည်။

သူမယခင်ဘဝက ရွှီယွမ်ဟွမ်းကမ္ဘာ၏ အေးစက်သော ဧကရီဖြစ်ကြောင်း သင်သိသင့်သည်။

[ရှင်းလင်းချက် (ရွှီယွမ်ဟွမ်း~မြောက်ဘက်ကြယ်စုနှင့်ဆက်နွယ်သော နတ်သမီးကြယ်) ဖြစ်ပြီး တရုတ်ဒဏ္ဍာရီမှာ ဒီကြယ်စုက စကြဝဠာရဲ့ ဟန်ချက်ညီမှုနှင့် အနန္တစွမ်းအားကို ကိုယ်စားပြုပါတယ်]

ပြန်လည်မွေးဖွားပြီးနောက်၊ ဤလောက၌ ဝိညာဉ်စွမ်းအင်မရှိသည့်အပြင် ဝိညာဉ်စွမ်းအင်နည်းစနစ်များကိုလည်း မကျင့်ကြံနိုင်ပါ။

သို့သော် ယိုချင်းယန် ရွေးချယ်ထားသော ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်က ထိပ်တန်းအဆင့်တွင် ရှိသည်။

ယိုချင်းယန် ကျင့်ကြံနေသည်မှာ သုံးလမပြည့်သေးပေမယ့် သူမ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အဆပေါင်းများစွာ တိုးတက်လာတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

အသား၊ အသွေး၊ အရိုး သို့မဟုတ် အာရုံကြောကွန်ရက်များဖြစ်စေ တောင့်တင်းမှုနှင့် ခွန်အားက အလွန်တိုးတက်လာသည်။

အရင်ဘဝက ကြွယ်ဝသောတိုက်ပွဲအတွေ့အကြုံကိုအမှီပြု၍ ယိုချင်းယန် ယခုအချိန်တွင် သူမ၏ ခွန်အားက အရွယ်ရောက်ပြီးသောနှင်းဝံပုလွေများထက်မနိမ့် ဟုယုံကြည်သည်။

"ဒါပေမယ့် ငါ့အစ်ကိုမှာ ဘာအခွင့်အရေးတွေရှိနေလို့လဲ !"

"ငါ့ထက် ပိုစားလို့လား !"

‘ငါက ပြန်လည်မွေးဖွားလာသူတစ်‌ယောက်ဖြစ်ပြီး၊ အရင်ဘဝရဲ့ မှတ်ညာဏ်‌တွေ၊ ကျွမ်းကျင်မှုတွေနဲ့ ပြန်လည်မွေးဖွားလာသူတစ်ယောက် !’

"ဒါပေမဲ့ ငါ့အစ်ကို ဘာဖြစ်လို့ ငါ့ထက်သန်မာနေတာလဲ?"

"သာမန် နှင်းဝံပုလွေ တစ်ကောင်က ငါ့လို လူဝင်စား ဧကရီထက် ပိုသန်မာနေတာလား!၊ တရားမျှတမှု ရောရှိသေးရဲ့လား !"

ယိုချင်းယန် အဖြစ်အပျက်တွေကို လက်ခံရန် ခက်ခဲနေသည်။

ဧကရီတစ်ယောက်ရဲ့သူ့နှလုံးသားထဲမှ မာန။

သူ့အရင်ဘဝက ဘယ်လောက်ပဲ အန္တရာယ်များနေပါစေ၊ မည်သူ့ကိုမှ မရှုံးနိမ့်ခဲ့ပေ။

ပြန်လည်မွေးဖွားလာပြီးနောက် ယိုချင်းယန် သည် ဤရှားပါးသောဘဝကို မြတ်နိုးလာခဲ့သည်။

သူမ နှင်းဝံပုလွေအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပေမဲ့လည်း အေးချမ်းစွာနေထိုင် နိုင်သည်။

"ငါ စိတ်အားထက်သန်စွာ ကျင့်ကြံခဲ့ပေမဲ့ ဦးနှောက်မရှိတဲ့ အစ်ကိုကို ရှုံးနိမ့်ခဲ့တယ်"

"ထူးဆန်းတဲ့ဦးနှောက်နဲ့ ဝံပုလွေတွေက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ လျင်မြန်စွာ ကြီးထွားလာတာ ဖြစ်နိုင်လား !"

ဦးနှောက်အကြောင်းပြောရင် ယိုချင်းယန် သည် သူ့အစ်ကိုထက် ထူးဆန်းတဲ့ ဦးနှောက်ရှိတဲ့သူကို တကယ်မတွေးနိုင်ခဲ့ပါ။

"မဟုတ်ဘူး၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ငါ့အစ်ကိုဖြစ်နေရင်တောင် ငါမရှုံးစေရဘူး !"

ယိုချင်းယန် ၏ ရေခဲပြာ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက် အရိပ်အမြွက် တစ်ခု ထွက်ပေါ်လာသည်။

အသားများများစားပြီး ခန္ဓာကိုယ်နည်းစနစ်ရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားမှာပါ။

"ဘာပဲဖြစ်ဖြစ် ငါ့အစ်ကိုထက်သာလွန်ရမယ်"

သိက္ခာရှိတဲ့ဧကရီက နှင်းဝံပုလွေကလေးကို ရှုံးနိမ့်ခြင်းမှာ ရှက်စရာကောင်းလှသည်။

လှိုင်ဂူထဲတွင် လုချန်း သည် စိတ်ဓာတ်ကျနေသော ယိုချင်းယန် နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။

အခု သူ အလွန်စိတ်လှုပ်ရှားနေပြီး စွမ်းအင်အားလုံး ထုတ်သုံးရန်နေရာမရှိဖြစ်နေသည်။

လုချန်း အဆင့်ခြောက်သို့ အောင်မြင်စွာရောက်ရှိနေပြီဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သိသိသာသာ တိုးတက်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသည်။

ခန္ဓာကိုယ်ရှိ ကြွက်သားအမျိုးမျိုးရဲ့ ဆင့်ကဲပြောင်းလဲမှုနှင့်အတူ၊ ခန္ဓာကိုယ်ရှိ စွမ်းအင်စီးဆင်းရာ လမ်းကြောင်းများက ပိုကျယ်လာပြီး အရိုးများ ပိုမိုမာကျောလာသည်။

ယခု သူသည် အရှိန်နှင့် ခုန်နိုင်မှုတွင် ကြီးမားသော တိုးတက်မှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။

လုချန်း တန်ခိုးကြီးပြီး ကြီးစိုးနေသော နှင်းဝံပုလွေဘုရင်ကို စိန်ခေါ်ချင်တဲ့စိတ်ရုတ်တရက်ဖြစ်ပေါ်လာသည်။

သို့ပေမဲ့ ခေါင်းခါယမ်းကာ အတွေးများကိုစွန့်လွှတ်လိုက်တယ်။

နှင်းဝံပုလွေဘုရင် က မျိုးနွယ်စုတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်သည်။

ဝံပုလွေဘုရင်ဖြစ်လိုပါက၊ စိန်ခေါ်သူအားလုံးကို အနိုင်ယူရန် အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားနှင့် ခွန်အားများရှိနေရမည်ဖြစ်သည်။

ထို့အပြင်၊ အရွယ်ရောက်ပြီး သန်မာသော နှင်းဝံပုလွေများကြားတွင်ပင် နှင်းဝံပုလွေဘုရင် က ကြက်များကြားတွင် ကြိုးကြာငှက်ကဲ့သို့ ထင်ရှားသည်။ သူ၏ခန္ဓာကိုယ်သည်လည်း နှင်းဝံပုလွေများထက် နှစ်ဆပိုကြီးသည်။

ကြွက်သားများ နှင့် အေးစက်တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်ရုံနဲ့ ဦးရေပြား ထုံကျင်စေနိုင်သည်။

လုချန်း ၏ လက်ရှိခွန်အားက အရွယ်ရောက်ပြီးသော နှင်းဝံပုလွေနှင့် ယှဉ်နိုင်ရုံသာဖြစ်သည်။

မျိုးနွယ်စုတစ်ခုလုံးရဲ့အသန်မာဆုံးဘုရင်နှင့် လုံးဝမယှဉ်နိုင်သေးပါ။

နှင်းဝံပုလွေဘုရင်ကို အခု စိန်ခေါ်လိုက်မယ်ဆိုရင် သူ့အသက်ကို အလကားဖြုန်းတီးနေခြင်းသာဖြစ်သည်။

သူ၏ စိတ်လှုပ်ရှားမှုကို တဖြည်းဖြည်း ငြိမ်သက်စေပြီး၊ ရည်ညွှန်းချက်ဘောင်ကို စစ်ဆေးလိုက်သည်။

နောက်တစ်ဆင့်ကိုတက်ဖို့အတွက် ဆင့်ကဲပြောင်းလဲခြင်းအမှတ် တစ်ထောင် လိုအပ်သည်။

‘အနာဂါတ်မှာ အသားပိုစားရမယ်ထင်တယ်...’

ထို့နောက် လုချန်း စိတ်အားထက်သန်လာပြီး သူ့ညီမ ရှောင်ပိုင် ကို ရှာဖွေလိုက်‌တော့သည်။ 

ဆိုရိုးစကားအတိုင်း ....

"တစ်ပါးသူကို မျှဝေခံစားခြင်းက တစ်ယောက်တည်း ပျော်ရွှင်ခြင်းထက် ပိုကောင်းတယ်"

"ငါ့ရည်ရွယ်ချက်ကို ရှောင်ပိုင် နားမလည်ပေမယ့် ဒီလိုပျော်ရွှင်မှုကို မျှဝေနိုင်တာလည်း မဆိုးဘူး"

သို့ပေမယ့် လုချန်း ရှာဖွေခဲ့ပြီးနောက် ရှောင်ပိုင် က သူဆောက်ထားတဲ့ လှိုင်ဂူထဲတွင် ရှိမနေကြောင်းသိလိုက်ရသည်။

ဆက်လက်ရှာဖွေခဲ့ပြီးနောက်တွင်...

သမင်ခြေထောက်ကို ရူးသွပ်စွာ ကိုက်စားနေသည့် ရှောင်ပိုင် အား မြင်လိုက်ရသည်။

ရှောင်ပိုင် အခုအချိန်တွင် အစားအသောက်နှင့် ပတ်သက်၍ ဇီဇာမကြောင်တော့ပေ။ သူ့ရဲ့ ရူးသွပ်စွာ စားသောက်မှုပုံစံက လုချန်း နီးပါးတူညီနေသည်။

အဓိကအကြောင်းအရင်းမှာ လုချန်း တိုးတက်လာပြီးနောက် ယိုချင်းယန် ထံသို့ သူ ယူဆောင်လာသည့် ဖိနှိပ်မှုခံစားချက်က ပြင်းထန်လွန်းသောကြောင့်ဖြစ်သည်။

သူမရဲ့ သိက္ခာကို ဂရုမစိုက်နေတော့ပေ။

လုချန်း မူလက သမင်ခြေထောက်ကို သိမ်းဆည်းထားပြီး နောက်မှ စားသုံးရန် စီစဉ်ထားခြင်းဖြစ်သည်။

ရှောင်းပိုင် အချိန်တိုလေးအတွင်းမှာ စားကုန်လုနီးပါး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"မိုက်မဲတယ်! ရှောင်ပိုင် နင်တစ်ယောက်တည်းစားနေတာလား"

"ဝူးးးးးးး!"

"မင်း ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စားနေရတာလဲ?"

"စားပီးတာမကြာသေးဘူး ထပ်စားနေပီ"

"ငါ့ရဲ့ အရံအစားစာလေး"

သို့သော် လုချန်း ဝံပုလွေအော်သံကိုကြားပေမဲ့လည်း ယိုချင်းယန် လုံးဝဂရုမစိုက်ဘဲဆက်စားနေသည်။

စားပြီးတာနဲ့ လုချန်း အား မျက်လုံးပြူးပြပြီး လှိုင်ဂူထဲသို့ပြန်သွားကာ ကျင့်ကြံခြင်းတွင် ပြန်နစ်မြုတ်လိုက်သည်။

လုချန်း : ? ?

"မဟုတ်ဘူး? မင်းက ငါ့သမင်ခြေထောက်ကိုလဲစားသေးတယ် ဒီလိုအကြည့်နဲ့လဲ ကြည့်‌သေးတယ်၊ဒါ တရားမျှတရဲ့လား !"

လုချန်း ဆွံ့အသွားသည်။ ဤကဲ့သို့ လျစ်လျူရှုခံရမည်ဟု သူ မမျှော်လင့်ထားပေ။

"ရဲရင့်တယ်၊ ရဲရင့်တယ်"

"အစ်ကိုတစ်ယောက်ရဲ့စကားကိုတန်ဖိုးမထားဘူး၊ဒါကိုဘယ်လိုသည်းခံနိုင်မှာလဲ!""

"မင်း အရူးလေး၊ ငါ မင်းကို ဒီနေ့ သင်ခန်းစာတစ်ခု ပေးမှရမယ်"

လုချန်း ခေါင်းခါယမ်းကာ ခြေလက်များကို ဆန့်တန်းပြီး သူ့စွမ်းရည်များကို ပြသရန် ပြင်ဆင်နေသည်။

ရိုက်နှက်ခြင်းသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ သူ့ညီမကို ကောင်းစွာ ဂရုစိုက်ပေးရမည် ဖြစ်သည်။

သို့သော်လည်း လုချန်း လှိုင်ဂူသို့ရောက်လာပြီးနောက် ယိုချင်းယန် က မျက်လုံးများကိုမှိတ်ထားပြီး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ယင်နေသည်ကို သူတွေ့လိုက်ရသည်။

ဤသည်ကိုမြင်ပြီးနောက် လုချန်း သက်ပြင်းချကာ အားကိုးရာမဲ့ ဖြစ်နေသည်။

"ထားလိုက်တော့၊ ငါ့ညီမက ကျန်းမာရေးမကောင်းဘဲ မွေးဖွားလာတာဆိုတော့ သူ့ခန္ဓာကိုယ်ကို ဖြည့်တင်းဖို့အတွက် အသားပိုစားသင့်တယ်"

ဒါပေမယ့် ပြဿနာက...

"ဒီညီမလေးက စားလွန်းအားကြီးတယ် မဟုတ်လား"

All Chapters