အရွယ်ရောက်ပြီးသော နှင်းဝံပုလွေကို စိန်ခေါ်ခြင်း
Vol. 2 Ch. 22
နှင်းဝံပုလွေမျိုးနွယ်စု၏ အစားစာလိုအပ်ချက်မှာ များပြားလှသည်။
လုံလောက်တဲ့ စွမ်းအင်ရရှိဖို့နဲ့ အေးစက်တဲ့ညတွေမှာ ရှင်သန်ဖို့အတွက် အစာအလုံ အလောက်ရှိနေရန် လိုအပ်သည်။
နှင်းဝံပုလွေများ အဓိက အမဲလိုက်သော တောရိုင်းတိရိစ္ဆာန်များသည် အများအားဖြင့် ခြေလေးချောင်း သတ္တဝါများဖြစ်သည်။
ဥပမာ- ဆတ်၊ သမင်အုပ် သို့မဟုတ် ဆိတ်၊ စသည်တို့ဖြစ်ပြီး၊ စားနပ်ရိက္ခာရှားပါးရင် နွားကို အမဲလိုက်သည်။
နှင်းဝံပုလွေများနေထိုင်သော တောင်သည် တစ်နှစ်ပတ်လုံး ရေခဲနှင့် ဆီးနှင်းများ ဖုံးလွှမ်းနေပြီး တိရစ္ဆာန်များ စားသောက်ရန် အသီးအရွက် အနည်းငယ်သာရှိသည်။
အမဲလိုက်ရသည့် သားကောင်အရေမှာ အကန့်အသတ်ရှိသည်။
ကြမ်းတမ်းသော ဤပတ်ဝန်းကျင်တွင် သားကောင်များ ရှင်သန်ရန်အတွက် အခက်အခဲများစွာကိုရင်ဆိုင်ရသည်။
နှင်းဝံပုလွေများသည် မျိုးပွားမှုနှင့် အကောင်ရေတိုးပွားမှုက အခြားဒေသများရှိ တိရစ္ဆာန်များထက် နှေးကွေးသည်။
ထိုအရာက အမဲလိုက်ခြင်းလုပ်ငန်းစဉ်တွင် နှင်းဝံပုလွေမျိုးနွယ် ကြုံတွေ့ရသော ပြဿနာအချို့သာဖြစ်သည်။
ဤပတ်ဝန်းကျင်ရှိ နှင်းဝံပုလွေမျိုးနွယ်စုအပြင် အခြားသော အသားစားသတ္တဝါများလည်းရှိကြသည်။
စားနပ်ရိက္ခာအတွက် ဝံပုလွေများနှင့် ယှဉ်ပြိုင်နိုင်သည့် သားကောင်များလည်း ရှိပြိး၊အခန့်မသင့်ရင် ကြောက်စရာကောင်းတဲ့ ထိပ်တန်းသားရဲများနှင့် ကြုံတွေ့ရနိုင်သည်။
တောရိုင်းကမ္ဘာ၏ တောတွင်းဥပဒေသည် မပြောင်းလဲနိုင်သောဥပဒေဖြစ်ပြီး ရှင်သန်ခြင်းကသာ ပထမပန်းတိုင်ဖြစ်သည်။
နှင်းဝံပုလွေမျိုးနွယ်၏ ဘုရင်သည် သဘာဝအတိုင်း အစားအစာများကို အရင်ဦးဆုံးစားပိုင်ခွင့်ရှိသည်။
နှင်းဝံပုလွေဘုရင် မစားခင်မှာ အခြားသော နှင်းဝံပုလွေများက အနားမကပ်ရဲ့ကြပေ။
ထို့ကြောင့် နှင်းဝံပုလွေဘုရင် လှိုင်ဂူထဲသို့ ပြန်ယူလာနိုင်သည့် အစားအစာ ပမာဏက တခြား နှင်းဝံပုလွေများထက် ပိုများသည်။
သို့ပေမဲ့ ပြဿနာက နှင်းဝံပုလွေဘုရင်ရဲ့ကလေးတွေက ငတ်ပြီး ပြန်ဝင်စားလာတဲ့ သရဲတစ္ဆေတွေလိုပါပဲ။
ယိုချင်းယန် နှင့် လုချန်း တို့သည် သုံးလသားအရွယ် ဝံပုလွေလေးများသာဖြစ်သော်လည်း သူတို့၏ စားချင်စိတ်မှာ ထူးခြားလှသည်။
လုချန်း အစာစားခြင်းက အရွယ်ရောက်ပြီးသော ဝံပုလွေတစ်ကောင်ထက် မနိမ့်ကျပေ။
သူ့မှာ အစားကြီးတဲ့ ညီမလေးတစ်ယောက်ရှိသောကြောင့် အစားစာများကိုတောင် သိမ်းပြီးစားနေရခြင်းဖြစ်သည်။
လုချန်း ခေါင်းကိုက်သွားသည်။ စားနပ်ရိက္ခာ မလုံလောက်ခြင်းက ပြဿနာကြီးတစ်ခုဖြစ်သည်။
သူရဲ့ အဆင့်မြှင့်တင်မှုအတွက် အစားစာများက အရေးကြီးလှသည်။
ဗိုက်တောင်မပြည့်နိုင်ရင် အဆင့်ခုနစ်ရောက်ဖို့ ဆင့်ကဲပြောင်းလဲခြင်းအမှတ် 1,000 ကို စုဆောင်းရန် အချိန်အတော်ကြာမည်ဖြစ်သည်။
"အဆင်မပြေရင် ငါ အမဲလိုက်အဖွဲ့ထဲ ဝင်မယ်..."
အမဲလိုက်အဖွဲ့တွင် ပါဝင်နိုင်လျှင် လုချန်း သည်လည်း ဝေစုအဖြစ် အသား ရနိုင်မည်ဖြစ်သည်။
သို့သော်လည်း သူ့ ခွန်အားမြှင့်တင်ရန် လိုအပ်နေသေးသည်ကို နားလည်သည်။
လုချန်း လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် သာမန်အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများနှင့်သာ နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း အမှန်တကယ် အမဲလိုက်ခြင်းနှင့် တိုက်ခိုက်ခြင်းတွင် သူ၏ အတွေ့အကြုံနှင့် စွမ်းရည်သည် အခြားသော နှင်းဝံပုလွေများထက် သာလွန်သည်။
နှင်းတွေထူထပ်တဲ့ ချိုင့်ဝှမ်းလေးမှာ နေထိုင်ရတာ အတော်လေး အဆင်ပြေ ပေမဲ့ ကောင်းကင်မှ ရွှေလင်းယုန် တွေရဲ့ တိုက်ခိုက်မှုများကို သတိပြုရန် လိုအပ်သည်။
ဤချိုင့်ဝှမ်းမှ ထွက်သွားပါက အပြင်ဘက် နေရာတိုင်းတွင် အန္တရာယ်များ ရှိနေပြီး သတိမပြုမိပါက သေဆုံးနိုင်သည်။
"ခွန်အားက အရေးကြီးဆုံးပဲ၊ အနည်းဆုံးကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လုံလောက်တဲ့ ခွန်အားရှိနေရမယ်..."
.........
အချိန်တစ်လခွဲက လျှင်မြန်စွာကုန်ဆုံးသွားသည်။
ထိုလဝက်အတွင်း လုချန်း နှင်းဝံပုလွေကလေးများအဖွဲ့နှင့် ဇွဲရှိရှိ လေ့ကျင့်နေဆဲဖြစ်သည်။
အမြင့်ကြောက်တဲ့ ဝံပုလွေကလေးက သစ်ကိုင်းပေါ်ကို အောင်မြင်စွာ တက်နိုင်ခဲ့သောကြောင့် လုချန်း ကို အားတက်စေသည်။
ဝံပုလွေတစ်ကောင်က သစ်ပင်တက်နိုင်ခဲ့တဲ့အတွက် တခြားဝံပုလွေများလည်း လုပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
လုချန်း ရဲ့ ရိုက်နှက်ဆုံးမမှုနှင့် အလွန်ကြမ်းတမ်းတဲ့ အာဏာရှင်စနစ်အောက်တွင်။
တစ်လခွဲကြာပြီးနောက် ဝံပုလွေကလေးငယ်များက သစ်ပင်တက်ခြင်းအတတ်ပညာအခြေခံကို သင်ယူနိုင်ခဲ့ကြသည်။
သစ်ပင်ပေါ်ကနေ ခုန်ချတဲ့အခါ အနည်းငယ် အဆင်မပြေကြပေမယ့်၊ တစ်ချို့က ခက်ခက်ခဲခဲ ပြုတ်ကျပြီး သတိလစ်သွားတတ်ကြသည်။
လုချန်း ကဲ့သို့ လွတ်လွတ်လပ်လပ် အပေါ်အောက် ရွေ့လျားနိုင်စေရန် အချိန်အနည်းငယ် ကြာမည်ဖြစ်သည်။
သို့သော် လုချန်း အလွန်ကျေနပ်နေပြီဖြစ်သည်။
အလွန်တက်ကြွပြီး မိုက်မဲတဲ့ ဤနှင်းဝံပုလွေအုပ်စုကို သူ့အမိန့်ကို နာခံလာအောင်လုပ်နိုင်ခဲ့ပြီဖြစ်သည်။
လုချန်း သည် ဝံပုလွေများ၏ နေထိုင်မှုအလေ့အထပြောင်းလဲခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက် ကြီးမားတဲ့အောင်မြင်မှုကို ခံစားရသည်။
ယိုချင်းယန် သည် အစ်ကိုဖြစ်သူ၏ တိုက်တွန်းချက်ကြောင့် တရွေ့ရွေ့ တက်နေသော နှင်းဝံပုလွေလေးများကို ကြည့်ပြီး ဆွံ့အကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။
အရင်တုန်းက သူ့အစ်ကို နှင်းဝံပုလွေကို သစ်ပင်တက်စေချင်တာကြောင့် သူ့အစ်ကိုက ညာဏ်သိပ်မကောင်းဘူးဟု ထင်ခဲ့သည်။
ဒါပေမယ့် သူ အောင်မြင်စွာ လေ့ကျင့်ပေးနိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ထိုအချိန်တွင် လုချန်း ရည်ညွှန်းချက်ဘောင်ကို စစ်ဆေးနေသည်။
【အမည် - လုချန်း】
【အသက် - သုံးလခွဲ】
[အဆင့်- အဆင့် 6 (1000/0)]
[ကျွမ်းကျင်မှုများ-
ကိုက်ဖြတ်ခြင်း (အစောပိုင်းအဆင့်) ခြေရာခံခြင်း (အစောပိုင်းအဆင့်)၊ အအေးဒဏ်ခံနိုင်ခြင်း(အစောပိုင်းအဆင့်) အစာခြေလျင်မြန်ခြင်း (အစောပိုင်းအဆင့်)
သစ်ပင်တက်ခြင်း (အစောပိုင်းအဆင့်) ခုခံကာကွယ်ခြင်း (အစောပိုင်းအဆင့်)
ပြန်လည်ထူထောင်ခြင်း(အစောပိုင်းအဆင့်)
ရှောင်တိမ်းခြင်း (အလယ်လတ်အဆင့်) လျှင်မြန်မှု (အစောပိုင်းအဆင့်)
ကုသခြင်း (အစောပိုင်းအဆင့်)]
သားရဲထိန်းကျောင်းခြင်း(အစောပိုင်းအဆင့်)
ဟန့်တားခြင်း(အစောပိုင်းအဆင့်)]
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- 300]
လုချန်း ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၀၀ သာ စုဆောင်းနိုင်ခဲ့ပြီး အဆင့် ခုနစ်သို့ရောက်ရန်အမှတ်များ စုဆောင်းရအုံး မည်ဖြစ်သည်။
ခဏမျှ တုံ့ဆိုင်းသွားပြီး လုချန်း ခုခံကာကွယ်ခြင်းကို ဦးစွာ အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဝံပုလွေအဖွဲ့နှင့် အမဲလိုက်ရန် စီစဉ်နေသောကြောင့် ဒဏ်ရမည်မှာ မလွဲမသေ ကြုံတွေရမည်ဖြစ်သည်။
ခနကြာပြီးနောက်၊ သူ့ရဲ့ အရေပြားက ယခင်ကထက် ပိုမိုတင်းမာလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသည်။
သူ့ခန္ဓာကိုယ်တစ်လျှောက်ရှိ အရိုးများသည်လည်း ယခင်ထက် မာကျောလာသည်။
..........
နေထွက်ပြီးနောက် နှင်းဝံပုလွေဘုရင် အမဲလိုက်ထွက်ရန် ဝံပုလွေအုပ်စုကို ဆင့်ခေါ်ရန် ပြင်ဆင်နေသည်။
ဒါကိုမြင်ပြီး လုချန်း လှိုင်ဂူထဲကနေ အမြန်ပြေးထွက်လာခဲ့သည်။
ချိုင့်ထဲမှာ ကြာကြာနေမယ်ဆိုရင် အစားကြီးတဲ့ညီမ လက်ချက်နဲ့ စားဖို့တောင် လုံလောက်တော့မှာမဟုတ်ပေ။
"ဂါးး!"
သို့သော်လည်း နှင်းဝံပုလွေဘုရင် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုချန်း သူနှင့်အတူ လိုက်လာမည်ကို ငြင်းဆန်ခဲ့သည်။
နှင်းဝံပုလွေဘုရင်၏မျက်လုံးထဲတွင် လုချန်း က သုံးလသားအရွယ်ကလေးသာရှိသေးပြီး၊အရွယ်ရောက်ပြီးသား နှင်းဝံပုလွေ မဟုတ်ပေ၊ အမဲလိုက်ချင်တာက အသက်ကိုအလကား အသေခံတာနဲ့အတူတူပါပဲ။
"ဂါးးးး!"
လုချန်း တွေးထားတဲ့အတိုင်ဘဲ နှင်းဝံပုလွေဘုရင်က သူလိုက်လာမှာကို သဘောမတူပေ။
အဖွဲ့ထဲက နည်းနည်းပိန်တဲ့ နှင်းဝံပုလွေတစ်ကောင်ကို လှည့်ကြည့်ပြီး ဟောက် လိုက်သည်။
နှင်းဝံပုလွေမျိုးနွယ်၏ ထိုဟောက်သံ က စိန်ခေါ်သည့်အချက်ပေးသံဖြစ်သည်။
အမဲလိုက်အဖွဲ့ဝင်တစ်ဦးကို အနိုင်ယူပြီးခွန်အားကို သက်သေပြနိုင်ရင် အမဲလိုက်အဖွဲ့တွင် ပါဝင်ရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။