← Chapters

"ငါလည်း ငါ့အစ်ကိုနဲ့အတူအမဲလိုက်ချင်တယ်"

Vol. 2 Ch. 24

"ငါလည်း ငါ့အစ်ကိုနဲ့အတူအမဲလိုက်ချင်တယ်"

Vol. 2 Ch. 24

ယိုချင်းယန် အံအားသင့်နေခဲ့ပြီး မကြာခင်မှာပဲ သူမ စိတ်သက်သာရာရသွားကာ ဒီအချက်ကို လက်ခံလိုက်သည်။

"မင်းဘာတွေတွေးနေတာလဲ ညီမလေး အိမ်ပြန်ပြီး ညစာစားမယ်"

"ဝူး~"

သူ့ရှေ့မှာ ရှိနေတဲ့ ရှောင်ပိုင် ငေးကြောင်နေသည်ကိုကြည့်ရင်း လုချန်း ၏ မျက်နှာဟာ ဂုဏ်ယူဝံ့ကြွားမှုတွေနဲ့ပြည့်နေသည်။

လုချန်း အမြင်အရ သူ့ညီမသည် သူ့၏သူရဲကောင်းဆန်တဲ့အသွင်အပြင်ကြောင့် ထိတ်လန့်နေခြင်းဖြစ်သည်။

ထို့နောက် ကြီးမားတဲ့ ဆတ်ကို လှိုဏ်ဂူဆီ သို့ ဆွဲယူသွားသည်။

လုချန်း ၏မိသားစုတွင် အရင်က နှင်းဝံပုလွေဘုရင်နှင့် မိခင်ဝံပုလွေတို့သာ သားကောင်ကို မျှဝေနိုင်ခဲ့သည်။

ဝံပုလွေဘုရင်၏ အဆင့်အတန်းမြင့်မားမှုကြောင့် အခြားနှင်းဝံပုလွေများထက် ပိုရရှိသည်။

ဒါပေမဲ့ သားကောင်တစ်ကောင်က တစ်မိသားစုလုံး လက်ထဲရောက်သွားရင် စားဖို့ လုံလောက်တော့မှာ မဟုတ်ပေ။

လုချန်း နဲ့ ယိုချင်းယန် ကို ကလေးလို့မ‌ခေါ်နိုင်ပါ၊ သူတို့နှစ်ကောင်က အရွယ်ကောက် ဝံပုလွေထက် ပိုစားနိုင်ကြသည်။

မူလက နှင်းဝံပုလွေဘုရင် နှင့် မိခင်ဝံပုလွေတို့သည် ကလေးများ စားနိုင်ကြသည့်အတွက် အလွန်ပျော်ရွှင်ခဲ့ကြသည်။

မိဘတွေက သူတို့ရဲ့သားပေါက်လေးတွေ ကျန်းမာကြံ့ခိုင်ပြီး ကြီးပြင်းလာတာကို မြင်တွေ့ရတာသည် ပျော်ရွင်မှုတစ်ခုပင် ဖြစ်သည်။

ဒါပေမယ့် ပြဿနာက ဒီကလေးနှစ်ယောက်ရဲ့ အစာစားချင်စိတ်က အရမ်းမြင့်မားနေတာပါပဲ။

ကလေးတွေ စားဖို့အလုံအလောက်ရှိစေရန် သူတို့ရဲ့အစာကိုလျှော့ချပြီး ဒီကလေး‌တွေကိုကျွေးခဲ့ရသည်။

အခု လုချန်း မိသားစုရဲ့ အစားစာကို ဖြည့်စွက်ရန်အတွက် အမဲလိုက်ထွက်နိုင်နေပြီဖြစ်သည်။

အထူးသဖြင့် ဒီနေ့တွင် လုချန်း သည် ဆတ်တစ်ကောင်ကို သူ့ဘာသာသူ အမဲလိုက်ခဲ့သည်။နောက်ဆုံးတွင် မိသားစုလေးယောက်တွင် အစားအစာအလုံအလောက် ရရှိခဲ့သည်။

ယိုချင်းယန် သည် အထိန်းအကွပ်မရှိတော့ဘဲ ဆတ်တစ်ကောင်ကိုစတင် စားသောက်တော့သည်။

သူ့အစ်ကို၏ ခွန်အား အလျင်အမြန် တိုးလာသောကြောင့် သူမအ‌ပေါ် ဖိအားများ ခံစားနေရသည်။

`ငါ့အစ်ကိုက အမဲလိုက်ထွက်ချိန်မှာ ငါက ဂူထဲမှာ ပုန်းနေတုန်းပဲ။ ကွာဟချက်က တကယ်ကို ကြီးမားတယ်`

အခု အစာအလုံအလောက်ရှိနေပြီဖြစ်ကာ ယိုချင်းယန် ၏ဗိုက်သည် အလွန်အမင်းစားခြင်းကြောင့် ဖောင်းလာပြီး လမ်းလျှောက်တဲ့အခါ အနည်းငယ်ယိုင်နေသည်။

ထို့နောက် သူမသည် လှိုင်ဂူထဲတွင် ပျော်ရွှင်စွာ အိပ်နေပြီး စွမ်းရည်များကို ဆက်လက် လေ့ကျင့်ခဲ့သည်။

သူ့ညီမ ဝမ်းသာအားရ စားသောက်နေသည်ကို မြင်ရတော့ လုချန်း လည်း ပျော်ရွင်မိသည်။

"အခုတော့ မိသားစု စားဝတ်နေရေး အကျပ်အတည်းက ပြေလည်သွားပြီ။ ငါ့ညီမရဲ့ ကြီးမားတဲ့စားချင်စိတ်အတွက် ငါစိတ်ပူစရာမလိုတော့သလို ညသန်းခေါင်ချိန်မှာ အစာမစားရမှာ စိတ်ပူစရာမလိုတော့ဘူး"

"ခရက်...ခရက်"

လုချန်း အရူးအမူးစားနေသည်။

နှင်းဝံပုလွေဘုရင် နဲ့ မိခင်နှင်းဝံပုလွေ တို့က လုချန်း နဲ့ သူ့ညီမကို ပျော်ရွှင်မှုအပြည့်ရှိနေတဲ့ ရေခဲပြာမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။

......

နောက်အပတ်တွင် လုချန်း အမဲလိုက်အဖွဲ့နှင့် နေ့တိုင်း အမဲလိုက်သည်။

အမဲလိုက်ခရီးများ ပိုများလာလေလေ၊တိုက်ပွဲ အတွေ့အကြုံကို ရရှိပြီး သူကို ပိုကျွမ်းကျင်လာလေလေ ဖြစ်သည်။

ဤကာလအတွင်း ဝံပုလွေများ၏ လမ်းညွှန်မှုအောက်တွင် အမဲလိုက်ခြင်းမှာလည်း နည်းဗျူဟာလိုအပ်ကြောင်း လုချန်း နားလည်ခဲ့သည်။

သားကောင်ကို အောင်မြင်စွာ ဖမ်းယူနိုင်ရန် အချိန်အကြာကြီး ငြိမ်သက်စွာ‌ စောင့်နေရန် လိုအပ်သည်။

မုဆိုးကောင်း ဖြစ်ဖို့ လုံလောက်တဲ့ စိတ်ရှည်မှုရှိရပါမယ်။

အလျှင်စလို မတိုက်ခိုက်ပါနှင့်။ သင့်ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် အနီးပတ်ဝန်းကျင်ကို အသုံးပြုပြီး အကွာအဝေးကို လျှော့ချရန် သားကောင်ထံ တိတ်တဆိတ် ချဉ်းကပ်ပါ။

လုချန်း အတွေ့အကြုံနည်းသော်လည်း ကံကောင်းထောက်မစွာပင် နှင်းဝံပုလွေသည် သဘာဝအတိုင်း ငွေဖြူရောင်ရှိပြီး ဒီရေခဲနှင့် နှင်းများက သူ့ကို ကောင်းကောင်း ဖုံးကွယ်ပေးထားနိုင်သည်။

ဝံပုလွေများ၏ အမဲလိုက်ခြင်းသည် စိတ်ရှည်မှုနှင့် ခံနိုင်ရည်ရှိရန် လိုအပ်သည့်အပြင် လုံလောက်တဲ့ စွမ်းအား ရှိရန်လည်းလိုအပ်သည်။

ရက်အတော်ကြာ တိုက်ပွဲများအပြီးတွင်၊ လုချန်း ၏ကျွမ်းကျင်မှုဘောင်တွင် နောက်ထပ်ကျွမ်းကျင်မှုနှစ်ခုရှိကြောင်း တွေ့ရှိခဲ့သည်။

တစ်ခုက ဖုန်းကွယ်ခြင်း ဖြစ်ပြီး နောက်တစ်ခုကတော့ ပြေးလွှားနိုင်တဲ့စွမ်းရည်တစ်ခုဖြစ်သည်။

ဒီလိုနဲ့ပဲ နောက်ထပ် တစ်ပတ်ကြာပြီးနောက်တွင် လုချန်းအသက် လေးလရှိနေပြီဖြစ်သည်။

ဤကာလအတွင်း အမဲလိုက်ခြင်းဖြင့် လုချန်း ၏ နေ့စဉ် ပရိုတင်းနှင့် ကယ်လိုရီ ဖြည့်စွက်မှုသည် ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။

သူ့ခန္ဓာကိုယ်က ပိုကြီးလာပြီး ပိုစားလာတာနဲ့အမျှ လုချန်း ဟာ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ ရတာပိုမြန်လာသည်။

ရည်ညွှန်းချက်ဘောင်ကို စစ်ကြည့်လိုက်ပြီးနောက် လုချန်း နောက်ဆုံးတွင် ဆင့်ကဲပြောင်းလဲခြင်း အမှတ်ပေါင်း 1002 ကို စုဆောင်းနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

စိတ်လှုပ်ရှားနေသော နှလုံးသား၊ တုန်ရီနေတဲ့ လက်များနှင့် လုချန်း ၏ မျက်လုံးများသည် ထိုအခိုက်အတန့်တွင် စိတ်လှုပ်ရှားနေသည်။

အဆင့် 6 က သူ့ကို အရွယ်ရောက်ပြီးသော နှင်းဝံပုလွေနဲ့ ညီမျှတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပေးစွမ်းသည်။

ဤကာလက တိုးတက်မှုနှင့် တိုက်ပွဲအတွေ့ကြုံများဖြင့်၊ လုချန်း အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများစွာကို အနိုင်ယူနိုင်မည်ဟုပင် ယုံကြည်ချက်ရှိနေသည်။

တကယ်လို့ သူသာ ဒီအချိန်မှာ ထပ်ပြီး အဆင့်မြှင့်မယ်ဆိုရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ဘယ်လောက်ထိ ကြောက်စရာကောင်းမယ်ဆိုတာ တွေးကြည့်လို့တောင် မရပါ။

လှိုဏ်ဂူသို့ပြန်ရောက်ပြီးနောက် လုချန်းထောင့်တစ်နေရာမှာ လှဲလျောင်းလိုက်သည်။

လုချန်း အသက်ပြင်းပြင်းရှူပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားနေသော နှလုံးကို ငြိမ်သက်စေလိုက်သည်။

ထို့နောက် ဆင့်ကဲပြောင်းလဲခြင်းအမှတ် တစ်ထောင်ကို အဆင့်မြင့်တင်ရန် အသုံးပြုလိုက်သည်။

ဖော်ပြလို့မရနိုင်တဲ့ စွမ်းအားတစ်ခုက လုချန်း ၏ ခြေလက်များ၊ အရိုးများနှင့် ကြွက်သားများ သို့ ဆက်လက်စီးဆင်းနေသည်။

ဤအခိုက်အတန့်တွင် လုချန်း သည် ရေပူစမ်း ထဲတွင် ရေစိမ်နေသကဲ့သို့ ခံစားရသည်။

"ငါ့တစ်ကိုယ်လုံး သွေးကြောမျှင်တွေ ပွင့်သွားသလိုပဲ နွေးထွေးလွန်းတယ်"

"ဟစ်~ ဒီခံစားချက်ကနားမလည်နိုင်အောင်ကောင်းလွန်းတယ် !"

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများနှင့်အရိုးများက ယခင်ကထက် ပိုမိုသန်မာလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားရသည် ။

စွမ်းအင်စီးဆင်းရာ လမ်းကြောင်းများကလည်း ပိုကျယ်ပြန့်လာသည်။

ရလဒ်အနေနဲ့ သူ့ခန္ဓာကိုယ် အရွယ်အစားအနည်းငယ် ကြီးထွားလာသည်။

စနစ် အဆင့်မြှင့်တင်မှု၏ အမြန်နှုန်းသည် အလွန်မြန်သည်။ အသက်ရှူချိန်အနည်းငယ်အတွင်း လုချန်း ခန္ဓာကိုယ်သည် ကြီးမားသောပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။

ကြီးမားတဲ့စွမ်းအားကို ခံစားမိပြီး လုချန်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပါ။

အခု သူ၏ကိုယ်ပိုင် စွမ်းအားသည် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေတစ်ကောင်ကို လုံးဝချေမှုန်းရန် လုံလောက်ပြီဟု ခံစားမိသည်။

တကယ်တော့ သူ့ခွန်အားက သူ့အဖေ နှင်းဝံပုလွေဘုရင် ထက် အများကြီးသာလွန်သွားပြီဖြစ်သည်။

နှင်းဝံပုလွေဘုရင် သည် အရွယ်ရောက် နှင်းဝံပုလွေထက် အနည်းငယ်သာပို၍သန်မာခြင်းဖြစ်သည်။

စနစ်၏ပံ့ပိုးမှုဖြင့် သူသည် ဝံပုလွေမျိုးနွယ်၏ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယိုချင်းယန် နှင့် လုချန်း တို့သည် တစ်ယောက်နှင့်တစ်ယောက် အတော်လေး နီးကပ်စွာ ကျင့်ကြံနေကြပြီး လုချန်း ၏ ခန္ဓာကိုယ်ပြောင်းလဲမှုကို သူမ ရှင်းရှင်းလင်းလင်း ခံစားရသည် ။

"အစ်ကိုက ပိုသန်မာလာပြီ၊ သူဘယ်လိုလုပ် သန်မာလာတာလဲ၊ နှင်းဝံပုလွေဘုရင်ရဲ့ သွေးမျိုးဆက်က အရမ်းအစွမ်းထက်နေလို့ ဖြစ်နိုင်မလား"

"ဒါပေမယ့် ပြဿနာက ငါ့အဖေက ငါ့အစ်ကိုလောက် မသန်မာတော့ဘူးထင်တယ်..."

စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ထောင့်စွန်းမှ လုချန်း ကို ကြည့်ပြီး ယိုချင်းယန် သူမကိုယ်သူမ ရေရွတ်နေသည်။

"အမဲလိုက်တာက ငါ့အစ်ကို ကို မြန်မြန် သန်မာလာစေတာ ဖြစ်နိုင်လား"

ယိုချင်းယန် ဤသည်ကိုစဉ်းစားပြီးနောက် သူမကျင့်ကြံနေသည့် ခန္ဓာကိုယ်နည်းစနစ်အား ပိုမိုမြန်ဆန်စွာလေ့ကျင့်နိုင်ရန် လက်တွေ့တိုက်ပွဲနှင့် ပေါင်းစပ်ရန်လိုအပ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့နောက် ယိုချင်းယန် သည် လုချန်း နဲ့ အတူ အမဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့မနက်တွင် ယိုချင်းယန် အမဲလိုက်အဖွဲ့ရှေ့သို့ရောက်လာပြီး သူ၏ဆန္ဒများကို နှင်းဝံပုလွေဘုရင်အား ဖော်ပြခဲ့သည်။

"ငါလည်း ငါ့အစ်ကိုနဲ့အတူအမဲလိုက်ချင်တယ်"

နှင်းဝံပုလွေဘုရင်သည် ချက်ချင်းဆိုသလိုပင် ဒေါသတကြီးဖြစ်ကာ သူမကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။

လုချန်း သည်လည်း သူ့ရဲ့ မိုက်မဲတဲ့ ညီမလေးကို တွေ့လိုက်ရပြီး အလွန်အံ့အားသင့်သွားသည်။

"မိုက်မဲတဲ့ ညီမလေး၊ မင်းအိမ်မှာပဲ အနားယူနေသင့်တယ်။ မင်းအစ်ကိုဖြစ်တဲ့ ငါက မင်းကို ထောက်ပံ့ပေးနိုင်တယ်"

"အားးဝူးး!"

သို့ပေမယ့် ယိုချင်းယန် ကတော့ လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ပေ။

လုချန်း ယခင်က ပြုလုပ်ခဲ့သလိုပင် သူမသည် အမဲလိုက်အဖွဲ့တွင် အရွယ်ရောက်နှင်းဝံပုလွေကို စိန်ခေါ်ခဲ့သည်။

All Chapters