← Chapters

‘ဟီး ဟီး, ရှောင်ပိုင်, မင်းအစ်ကိုက မင်းကို အခုကတည်းက ပံ့ပိုးပေးနိုင်တယ်‘

Vol. 2 Ch. 23

‘ဟီး ဟီး, ရှောင်ပိုင်, မင်းအစ်ကိုက မင်းကို အခုကတည်းက ပံ့ပိုးပေးနိုင်တယ်‘

Vol. 2 Ch. 23

မူလက အမဲလိုက်ရန် ပြင်ဆင်နေသော ဝံပုလွေများ အားလုံးအံဩသွားကြပြီး၊တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးများဖြင့် လုချန်း ကို ကြည့်လိုက်သည်။

တောရိုင်းတိရိစ္ဆာန်များရဲ့ ခွန်အားက သူတို့၏ အသက်အရွယ်နဲ့ ဆက်စပ်နေသည်။

အသက်သုံးလကျော်တဲ့ ဝံပုလွေ မဆိုနဲ့အသက်တစ်နှစ်ကျော် နှင်းဝံပုလွေ‌တောင် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေနှင့် ယှဉ်နိုင်ခြင်းမရှိပေ။

လုချန်း စိန်ခေါ်လိုက်သော နှင်းဝံပုလွေ၏ မျက်လုံးများတွင် မကျေနပ်တဲ့ အရိပ်ယောက်များ ထွက်ပေါ်လာသည်။

ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ပြန်ဟောက်လိုက်ပြီး လုချန်း ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ဤလုပ်ဆောင်ချက်က လုချန်း ၏စိန်ခေါ်မှုကို လက်ခံသည်ဟု မှတ်ယူနိုင်သည်။

နှင်းဝံပုလွေများစွာက နှင်းဝံလွေဘုရင် ကိုကြည့်လိုက်ကြသည်။ လုချန်း က နှင်းဝံပုလွေဘုရင်၏ မျိုးဆက်ဖြစ်သည်။

နှင်းဝံပုလွေဘုရင် တုန့်ဆိုင်းနေကာသူ့၏သားကိုမထိခိုက်စေချင်ပေ။

သို့သော်လည်း လုချန်း ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ခိုင်မာသည့် အရိပ်ရောင်ကိုမြင်ရပြီးနောက် ခဏတာ တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

နှစ်ဘက်စလုံးက စိန်ခေါ်မှုကိုလက်ခံထားပြီးဖြစ်လို့ သူလည်းမတတ်နိုင်တော့ပါ။

နှင်းဝံပုလွေဘုရင် ဖြစ်လျှင်ပင်၊ မျိုးနွယ်စု၏ စည်းကမ်းများကို ဖောက်ဖျက်၍ မရနိုင်ပေ။

တစ်ချိန်တည်းမှာ နှင်းဝံပုလွေဘုရင်သည် မျှော်လင့်ချက်ကြီးကြီးမားမားရှိနေပြီး ဒီကလေး၏ ထူးခြားချက်ကို သိချင်နေသည်။

နှင်းဝံပုလွေဘုရင်သည် ဤကာလအတွင်း ချိုင့်ဝှမ်းတွင် လုချန်း လုပ်ဆောင်ခဲ့သမျှကို သိထားပြီးဖြစ်သည်။

သူ့တွင် အဆုံးမရှိတဲ့ စွမ်းအား ရှိနေသကဲ့သို့။

ထို့အပြင် ဝံပုလွေဘုရင်ရာထူးကို အမွေဆက်ခံလိုလျှင် ခွန်အားက တစ်ခုတည်းသော အရာဖြစ်သော်လည်း ဝံပုလွေများကြားတွင် ဂုဏ်သိက္ခာကို ထူထောင်ရမည်ဖြစ်သည်။

အခုအချိန် စိန်ခေါ်မှုကို တားဆီးခဲ့ပါက အနာဂတ်တွင် သူသည် နှင်းဝံပုလွေများကို စည်းရုံးရန် ခက်ခဲမည်ဖြစ်သည်။

နှင်းဝံပုလွေဘုရင် ခေါင်းညိတ်ပြလိုက်သည်နှင့် အရွယ်ရောက်ပြီးတဲ့ နှင်းဝံပုလွေများက နောက်ကိုဆုတ်ခွာပြီး စက်ဝိုင်းပုံစံ ဝိုင်းပတ်လိုက်သည်။

နှင်းဝံပုလွေနှစ်ကောင် ယှဉ်ပြိုင်ရန် အချင်းဝက် ဆယ်မီတာခန့် ဧရိယာအပြင်ကို ဝိုင်း ပေးထားကြသည်။

လုချန်း ရွေးချယ်ခဲ့သော နှင်းဝံပုလွေသည် အမဲလိုက်အဖွဲ့တွင် အနည်းငယ် အကောင်သေးသည်။

သို့သော်လည်း ဤနှင်းဝံပုလွေ၏ အရှည်သည် 1.9 မီတာနီးပါးရှိသည်။

လုချန်း က သုံးလသာရှိသေးပြီး အရှည်တစ်မီတာအောက်သာရှိသည်။ သို့သော် သူသည် အရွယ်တူ နှင်းဝံပုလွေများထက် နှစ်ဆသုံးဆပိုကြီးနေပြီဖြစ်သည်။

သူတို့နှစ်ကောင် ယှဉ်လိုက်မယ်ဆိုရင် လုချန်း က အကောင် ပိုသေးသည်။

ကံကောင်းထောက်မစွာ၊ စနစ်၏အကူအညီဖြင့်၊ သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက သာမန်အရွယ်ရောက်ပြီးသော နှင်းဝံပုလွေနှင့် နှိုင်းယှဉ်နိုင်သည်။

ထို့အပြင်၊ ရှောင်တိမ်းခြင်းနှင့် ခုခံခြင်း နှစ်ခုကို အဆင့်မြှင့်ထားသောကြောင့် ယုံကြည်စိတ်ချမှု အတိုင်းအတာတစ်ခုအထိ ရှိသည်။

လုချန်း ၏ကံကြမ္မာကို မြင်လိုက်ရသလိုမျိုး အရွယ်ရောက်ပြီးသော နှင်းဝံပုလွေများစွာက ခေါင်းခါယမ်းလိုက်သည်။

"အားးဝူးး!"

နှင်းဝံပုလွေဘုရင်၏ အော်သံနှင့်အတူ တိုက်ပွဲ တရားဝင်စတင်ခဲ့သည်။

အရွယ်ရောက်ပြီးသော နှင်းဝံပုလွေက အလွန်တည်ငြိမ်နေသည်။ လုချန်း စိန်ခေါ်ခဲ့သော်လည်း တစ်ဖက်သူက ငယ်ရွယ်သောကြောင့် အပြင်းအထန် မတိုက်ခိုက်ချင်ပေ။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး လုချန်း ရဲ့အပြာရောင်မျက်လုံးများသည် ကြောက်ရွံ့မှုမရှိဘဲ တိုက်ပွဲဝင် စိတ်ဓာတ်များ ပြည့်နှက်နေသည်။

ထိုအချိန်တွင် နှင်းပွင့်များက ကောင်းကင်မှ ကျလာပြီး အေးစက်သော လေသည် သံမဏိဓားများကဲ့သို့ ချိုင့်ဝှမ်းထဲတွင် တိုက်ခိုက် လျှက်ရှိသည်။

"ဝှစ်!"

နှင်းများက လုချန်း ၏ အမြင်အာရုံကို ပိတ်ဆို့လိုက်တာကို အခွင့်ကောင်းယူပြီး နှင်းဝံပုလွေ လျှင်မြန်စွာ တိုက်ခိုက်လိုက်သည်။

သူ့ခြေလက်တွေရှိ ခွန်အားကိုသုံးပြီး မီတာပေါင်းများစွာ ချက်ချင်းဖြတ်ကျော်ကာ လုချန်း ရှေ့သို့ ရောက်သွားသည်။

လုချန်း ခန္ဓာကိုယ်အလိုလိုတုန့်ပြန်မှုဖြင့် ဘယ်ဘက်သို့ ခုန်ရှောင်လိုက်သည်။

ဤနှင်းဝံပုလွေသည် အလွန်ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံရှိသည်။

လုချန်း တိုက်ပွဲ ပုံစံပျက်သွားသည်ကို အခွင့်ကောင်းယူပြီး ပြန်တိုက်ခိုက်ဖို့ ကြိုးစားလိုက်သည်။

ထိုအခိုက်အတန့်တွင် လုချန်း မျက်လုံးထဲတွင် အေးစက်တဲ့အလင်းတစ်ချက်လက်သွားပြီး သူ့ ကြွက်သားများ ချက်ခြင်းတင်းမာလာသည်။

"ဘုန်း!"

လုချန်း မရှောင်ဘဲ ပြင်းထန်စွာပြန်တိုက်လိုက်သောကြောင့် အားလုံး အံဩသွားကြသည်။

လုချန်း ကို လွှင့်ထွက်သွားမယ်လို့ အားလုံးကထင်နေပေမဲ့ သူ အနည်းငယ်သာနောက်ဆုတ်သွားပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

တိုက်ပွဲကို ကြည့်နေသော နှင်းဝံပုလွေများ အားလုံး အလွန်အံ့ဩသွားကြသည်။ 

ဝံပုလွေကလေးသည် ဤမျှကောင်းမွန်သော ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

နှင်းဝံပုလွေသည် အနည်းငယ် အံ့သြသွားသော်လည်း အမြန်လှည့်ကာ သွေးထွက်နေသော ပါးစပ်ကို ဖွင့်ကာ လုချန်း ၏လည်ပင်းဆီသို့ ကိုက်လိုက်သည်။

သို့သော် လုချန်း ခေါင်းကို အနည်းငယ်လှည့်ကာ ရှောင်လိုက်သည်။

နှင်းဝံပုလွေ၏ ခြေသည်းများက လုချန်း ၏ ရှေ့ပုခုံးကို ထိမှန်သွားသည်။

လုချန်း ဒေါသထွက်သွားပြီး နှင်းဝံပုလွေကို ပြင်းထန်စွာ တိုက်ခိုက်တော့မည်ဖြစ်သည်။

မကြာမီ လုချန်း၏ အပြင်းထန်တိုက်ခိုက်မှုအောက်တွင် ဝံပုလွေသည် နှင်းပြင်ပေါ်တွင် မလှုပ်ရှားနိုင်တော့ပေ။

ဒီရလဒ်က နှင်းဝံပုလွေအားလုံး၏ မျှော်လင့်ချက်ထက် ကျော်လွန်သည်။

သုံးလကျော်သာရှိသေးသော နှင်းဝံပုလွေလေးတစ်ကောင်က အရွယ်ရောက်နှင်းဝံပုလွေကို အနိုင်ရလိမ့်မယ်လို့ အားလုံးက မမျှော်လင့်ထားကြပေ။

"အားးဝူးး!"

"ဝူးး~"

နှင်းဝံပုလွေဘုရင်သည် လုချန်း အောင်ပွဲအကြောင်းကိုကြေငြာပြီး ဝံပုလွေအူသံကို ချက်ခြင်းထုတ်လွှင့်ကာ ပထမဦးဆုံးအသိပြန်ဝင်လာသူဖြစ်သည်။

အခြားသော နှင်းဝံပုလွေများသည်လည်း လုချန်း ၏ ခွန်အားကို အသိအမှတ်ပြုကာ အော်ဟစ်လိုက်ကြသည်။

နှင်းဝံပုလွေဘုရင် လုချန်း ထံသို့ လျှောက်လာပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ အမဲလိုက်အဖွဲ့သို့ လိုက်ပါရန် သဘောတူလိုက်သည်။

........

လုချန်း ထွက်သွားပြီး မကြာခင် ယိုချင်းယန် ကျင့်ကြံမှုပြီးသွားကာ ဂူထဲကနေ ထွက်လာခဲ့တယ်။

ဒါပေမယ့် သူမ လုချန်းကို လိုက်ရှာကြည့်သော်လည်း ရှာမတွေ့ခဲ့ပါ။

"အစ်ကို ဘယ်သွားပြန်ပြီလဲ"

ယိုချင်းယန် ချိုင့်ဝှမ်းတစ်ခုလုံးကို အသေအချာ ရှာဖွေခဲ့သည်။ ဝံပုလွေက‌လေးငယ်အုပ်စုက လှည့်ပတ်ကစားနေကြဆဲဖြစ်သော်လည်း သူ့အစ်ကို၏ အရိပ်အယောင်ကို မတွေ့ရပေ။

"အားးဝူးးး~"

ယိုချင်းယန် သူ့အစ်ကိုကို ရှာမတွေ့သောကြောင့် စိတ်မကောင်းဖြစ်နေသည်။

သူမသည် ချိုင့်ဝှမ်းရှိ မြင့်မားသော‌နေရာကိုသွားကာ ကျယ်လောင်စွာအော်နေသော်လည်း လုချန်း၏တုန့်ပြန်ချက်ကို မတွေ့ရပေ။

"အစ်ကို ဘယ်သွားနေတာလဲ"

လုချန်း ကို သူ့ပတ်ဝန်းကျင် နေရာတိုင်းတွင် အမြဲတွေ့နေကြဖြစ်သည်။ ယခု သူမ ရုတ်တရက် သူ့အစ်ကိုအား ဘယ်မှာမှ မတွေ့ရသောကြောင့် သူမ စိတ်ထဲမှာ ဗလာကျင်းသွားသလို ခံစားရသည်။

"အစ်ကိုကို ငှက်ကြီးကခေါ်သွားတာလား"

"မဟုတ်ဘူး၊ ငါ့အစ်ကိုက အရမ်းသန်မာတယ်၊ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ"

အချိန်ကြာလာသည်နှင့်အမျှ ယိုချင်းယန် ပို၍စိုးရိမ်လာကာ သူမ ကျင့်ကြံမှုကိုတောင် အာရုံမစိုက်နိုင်တော့ပေ။

အခု လုချန်း သူ့အနားတွင် ရှိမနေတော့ သောကြောင့် အရေးကြီးသော အရာတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ယိုချင်းယန် ဒီကမ္ဘာထဲသို့ ရောက်ရှိလာပြီး မကြာမီတွင် အစ်ကိုက သူမရဲ့ နှလုံးသားထဲတွင် အလွန်အရေးကြီးသောနေရာတစ်ခုကို သိမ်းပိုက်ထားပြီဖြစ်သည်ကို သူ သတိမထားမိပေ။

နေဝင်ပြီးနောက် လှုပ်ရှားမှု တချို့ကို ချိုင့်ဝှမ်းအပြင်ဘက်တွင် ကြားလိုက်ရသည်။

ဤသည်မှာ အမဲလိုက်ရာမှ ပြန်လာသော ဝံပုလွေအဖွဲ့ဖြစ်သည်ကို ယိုချင်းယန် သိလိုက်သည်။

"အားးဝူးး!"

ထိုအခိုက်တွင် အလွန်ရင်းနှီးသော အသံတစ်ခု ယိုချင်းယန် နားထဲသို့ ဝင်‌ရောက်လာသည်။

သူမ အလျှင်အမြန်လှည့်ကြည့်လိုက်ပြီး လုချန်း နှင့် နှင်းဝံပုလွေဘုရင်သည် နှင်းထဲတွင် ဘေးချင်းကပ်လျက် လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။

လုချန်း ထက် နှစ်ဆသုံးဆလောက်ကြီးတဲ့ ဆတ်တစ်ကောင်ကို ပါးစပ်ဖြင့်ကိုက်ထားပြီး နှင်းများကြားတွင် ဖြည်းညှင်းစွာ လမ်းလျှောက်လာနေသည်။

"အစ်ကို?!"

 လုချန်း ဘေးကင်းလုံခြုံနေသည်ကိုမြင်ရပြီးနောက် သူမရဲ့မျက်လုံးများတွင် ပျော်ရွှင်မှုတွေအပြည့်နဲ့ လုချန်း အနားကို ပြေးသွားသည်။

‘မင်း ဘယ်ကို ရောက်နေလဲ။ ငါ မင်းကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ‘

"ဝူးး! ဝူးး!"

ထိုအခိုက်အတန့်တွင် ယိုချင်းယန် စိတ်လှုပ်ရှားစွာ အော်ဟစ်နေသည်။

သို့သော်လည်း လုချန်း က လူသားတစ်ဦးဖြစ်ခဲ့ပြီး ဝံပုလွေမျိုးနွယ်စု၏ ဆက်သွယ်မှုနည်းလမ်းကို နားမလည်သည့်အပြင် ဝံပုလွေအူသံရဲ့ အဓိပ္ပါယ်ကိုလည်း လုံးဝနားမလည်ပေ။

သားကောင်ပြန်သယ်လာတာကို ဝမ်းသာပီတိဖြစ်နေတဲ့ ညီမလေးလို့ပဲ ထင်နေခဲ့ခြင်းဖြစ်သည်။

လုချန်း သားကောင်ကို ချလိုက်ပြီး ဘဝင်မြင့်နေတဲ့ မျက်လုံးနဲ့ ယိုချင်းယန် ဆီသို့ ရောက်လာသည်။

‘ဟီး ဟီး, ရှောင်ပိုင်, မင်းအစ်ကိုက မင်းကို အခုကတည်းက ပံ့ပိုးပေးနိုင်တယ်‘

သူ၏ပထမဆုံးအကြိမ် အမဲလိုက်ခြင်းဖြစ်သော်လည်း တိရိစ္ဆာန်ကမ္ဘာကိုမြင်ဖူးသည့်လူသားအနေဖြင့် အလွန်မြင့်မား‌သော သင်ယူနိုင်စွမ်းရှိသည်။

ဆတ်ကို သူကိုယ်တိုင် ဖမ်းယူခဲ့ပြီး သားကောင်များစွာ ဖမ်းရာတွင်လည်း ဝံပုလွေများကို ကူညီပေးခဲ့သည်။

ထို့ကြောင့် ဆတ်တစ်ကောင်က လုချန်း တစ်ယောက်တည်းအတွက်သာဖြစ်သည်။

သူ့ရှေ့က ဆတ်ကြီးကို ကြည့်ပြီး ယိုချင်းယန် စိတ်လှုပ်ရှားမှုကနေ နိုးထလာခဲ့သည်။

"ငါ့အစ်ကိုက ဘယ်လိုနတ်ဆိုးမျိုးလဲ!"

"သူက သုံးလသားပဲရှိသေးတယ်၊ အမဲလိုက်နိုင်နေပြီလား!"

All Chapters