"ဝူးးးး!" "မပြေးနဲ့!"
Vol. 2 Ch. 25
"ဝူးး!"
သူ့ညီမသည် သူလုပ်ခဲ့သမျှ ထပ်ခါထပ်ခါ လုပ်ချင်နေတာကို မြင်ပြီး လုချန်း အနည်းငယ် စိတ်ဆိုးသွားတယ်။
ထို့နောက် သူသည် ယိုချင်းယန် ရှေ့သို့ရောက်လာပြီး သူညီမကို လှိုင်ဂူထဲသို့ပြန်သွားစေရန် နဖူးဖြင့် သူမကိုဆက်တိုက်တွန်းထုတ်နေသည်။
ရှောင်ပိုင် မိခင်ဝမ်း ထဲမှာကတည်းက ကျန်းမာရေးချို့တဲ့နေခြင်းဖြစ်သည်။ မွေးပြီးနောက် အားနည်းပြီး ဖျားနာကာ လှိုင်ဂူထဲမှာ သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။
သူမ ကျန်းမာစွာ ရှင်သန်ပြီး သန်မာလာသောကြောင့် လုချန်း စိတ်သက်သာရာရနေခဲ့ခြင်းဖြစ်သည်။
အခု သူ့ညီမက အရွယ်ရောက် နှင်းဝံပုလွေကို စိန်ခေါ်ချင်နေသည်...
လုချန်း က သူမကို အချိန်အတန်ကြာ သိလာပြီးနောက် ပါရမီရှင်ဟု ဝန်ခံခဲ့သော်လည်း သူ့ညီမကို ဒဏ်ရာရစေလိုခြင်းမရှိပေ။
ရှောင်ပိုင် ၏ စိတ်ဆန္ဒကို ရပ်တန့်ချင်သော်လည်း ဒေါသထွက်နေသော အရွယ်ရောက်နှင်းဝံပုလွေသည် ဒေါသတကြီးဟောက်ကာ တုံ့ပြန်နေပြီဖြစ်သည်။
ဤတစ်ခါမှာတော့ နှင်းဝံပုလွေဘုရင်သည် အမျက်ထွက်ကာ သူ့ခန္ဓာကိုယ်ကဘယ်ညာ ရွေ့လျားနေသည်။
ထိုရေခဲပြာမျက်လုံးများထဲတွင် ဒေါသများက စာတန်းထိုး နိုင်လုနီးပါးပင်။
နှင်းဝံပုလွေမိခင်သည်လည်း ဘေးနားတွင် ရပ်ကာ အလွန်စိုးရိမ်နေရသည်။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူမ တိုက်ပွဲကိုရပ်တန့်ရန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ဝံပုလွေမျိုးနွယ်စု၏ စည်းမျဉ်းများကို တွေးတောရင်း ရပ်တန့်သွားသည်။
သည်မောင်နှမ နှစ်ယောက်က လုံးဝကွာခြားသည်။
လုချန်း က ဝံပုလွေဘုရင်၏သွေးမျိုးဆက်ဖြင့် မွေးဖွားလာခဲ့ပြီး ငယ်စဉ်ကတည်းက ၎င်းကို သက်သေပြခဲ့သည်။
သို့ပေမယ့် ရှောင်ပိုင် ကတော့ ဆန့်ကျင်ဘက်ပါပဲ။ သူမ ငယ်ငယ်လေးကတည်းက ခန္ဓာကိုယ်ဖွဲ့စည်းပုံ အခြေခံအားနည်းခဲ့ပြီး သားပေါက်လေးများထဲမှာ အားနည်းပြီး ဖျားနာနေတာတော့ အမှန်ပင် ဖြစ်သည်။
ဤကာလအတွင်း ရှောင်ပိုင် ၏အစာစားချင်စိတ်က အများကြီးတိုးလာသော်လည်း ထိုစုံတွဲ၏ထင်မြင်ချက်ကို မပြောင်းလဲစေခဲ့ပေ။
နှင်းဝံပုလွေဘုရင်နှင့် သူ၏ဇနီးတို့၏အမြင်တွင်၊ အနာဂတ်မှာ နှင်းဝံပုလွေဘုရင်၏ ရာဇပလ္လင်ကို အမွေဆက်ခံရန် လုချန်း လို အစွမ်းထက်သောမျိုးစေ့တစ်ခုရှိနေခြင်းက လုံလောက်နေ ပြီဖြစ်သည်။
ဥပမာအားဖြင့်၊ ကျန်းမာရေးချို့တဲ့နေတဲ့ ရှောင်ပိုင် ကို ကျန်းမာပြီး ဘေးကင်းစွာ ကြီးပြင်းလာရန် မျှော်လင့်သည်။
ထို့ကြောင့် ထိုဇနီးမောင်နှံ အမြင်မှာ သမီးငယ်လေးက စိတ်မြန်ပြီး မဆင်မခြင်လုပ်တတ်သူပါ...
အဆုံးမှာတော့၊ ဤသည်မှာ ဝံပုလွေမျိုးနွယ်စု၏ စည်းမျဉ်းဖြစ်ပြီး သူတို့နှစ်ဦးက မတားဆီးနိုင်တော့ပေ။
လုချန်း ကတော့ ဝံပုလွေမျိုးနွယ်၏ စည်းမျဉ်းများကို ဂရုမစိုက်ဘဲ ရှောင်ပိုင် ရှေ့မှာသာ ရပ်နေခဲ့သည်။
"ရှောင်ပိုင်၊ နာခံပါ၊ ခေါင်းမာမနေနဲ့ဘဲ ပြန်သွားလိုက်တော့!"
"အားးဝူးး!"
လုချန်း အော်ဟစ်ကာ ရှောင်းပိုင် အား ရပ်တန့်ရန် ကြိုးစားကာ နှစ်ဖက်စလုံးကို ပိတ်ဆို့ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။
သို့သော် ယိုချင်းယန် ကနားမထောင်ခဲ့ပေ၊ သူမရှေ့မှာ ရပ်နေတဲ့ သူ့အစ်ကိုကို ကျော်ဖြတ်ကာ နှင်းဝံပုလွေကို ဆက်လက်စိန်ခေါ်ခဲ့တယ်။
လုချန်း သူ့ကို ဆက်တားချင်ပေမယ့် နှင်းဝံပုလွေဘုရင်ရဲ့ အသံကြောင့် ရပ်တန့်သွားခဲ့တယ်။
ဝံပုလွေမျိုးနွယ်စု၏ စည်းမျဉ်းများကို ချိုးဖောက်၍ မရနိုင်ပေ။ ယိုချင်းယန် စိန်ခေါ်ဖို့ ရွေးချယ်လိုက်တဲ့အတွက် သူ ဘာမှမတတ်နိုင်တော့ပေ။
ကလေးဆန်တဲ့ ညီမလေးကို ကြည့်ပြီး လုချန်း ၏ မျက်လုံးများက စိုးရိမ်မှုဖြင့်ပြည့်နှက်နေပြီး နှင်းဝံပုလွေဘုရင်၏ အနားသို့ လျှောက်သွားကာ မငြိမ်မသက် ဖြစ်နေသည်။
လုချန်း မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး ခြေသည်းများဖြင့် မြေကြီးကို အဆက်မပြတ် တူးနေလေသည်။
စည်းမျဥ်းစည်းကမ်းတွေ ဘယ်လိုပဲ ရှိနေရှိနေ သူ့ညီမကို မထိခိုက်စေရဘူးလို့ ဆုံးဖြတ်လိုက်သည်။
သို့သော် နောက်ထပ်မြင်ရသည့်မြင်ကွင်းက ဝံပုလွေများအားလုံးကို အံ့အားသင့်စေခဲ့သည်။
ယိုချင်းယန် ခန္ဓာကိုယ်အရွယ်အစား သေးငယ်သော်လည်း၊ သူ၏ တုံ့ပြန်မှု၊ အရှိန်နှင့် ခွန်အားသည် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေထက် မနိမ့်ကျပေ။
အရေးကြီးဆုံးအချက်မှာ လေးလသား နှင်းဝံပုလွေပိုင်ဆိုင်နိုင်သည့် အတွေ့အကြုံနှင့် လုံးဝမတူဘဲ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံဖြစ်သည်။
ပြိုင်ဘက်၏ တိုက်ခိုက်မှုအားလုံးကို ရှောင်ရှားရန် သူမ၏ ငွေဖြူကိုယ်ထည်ကို လိမ်၍ လှပသေသပ်စွာ ရှောင်ရှားခဲ့သည်။
ထို့နောက် လုချန်းကဲ့သို့ နှင်းဝံပုလွေကို နှင်းပြင်ပေါ်တွင်ဖိနှိမ့်ကာ တိုက်ပွဲကို မြန်မြန်ဆန်ဆန်ဘဲ အဆုံးသတ်လိုက်သည်။
"အားးဝူးး! ဝူးး!"
ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ဝံပုလွေအူသံများက ယိုချင်းယန် ကို အသိအမှတ်ပြုကြောင်း ဖော်ပြကာ ကွင်းပြင်တွင် ဝံပုလွေအော်သံများစွာကို ကြားလိုက်ရသည်။
စိုးရိမ်ပြီးဂနာမငြိမ်ဖြစ်နေသော လုချန်း၏ မျက်လုံးများပြူးကျယ်သွားသည်။
"ငါ့ညီမ က ငါသတိမထားလိုက်မိဘဲ သန်မာလာလိမ့်မယ်လို့ မမျှော်လင့်ထား !"
လုချန်း သည် ရှောင်ပိုင် သူ့လောက် အများကြီး အားမနည်းကြောင်းကို နားလည်လိုက်သည်။
"ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက သာမန်မဟုတ်ဘူး။ ငါ့ညီမ နှင်းဝံပုလွေနဲ့မတူဘဲ တိုင်းပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရတဲ့ စစ်သူရဲကောင်း တစ်ယောက်နဲ့တူတယ်"
သူ့အရင်က သစ်ပင်တက်တာကို ပြန်သတိရလိုက်ပြီး၊ ရှောင်ပိုင် က ကြိုးစားမှုတစ်ခုတည်းဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
"ညီမလေးရဲ့ အရည်အချင်းက ထူးခြားတယ်"
လုချန်း ထိန်လန့်သွားသည်။
စနစ်နှင့် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များနဲ့ အဆင့်မြှင့်တင်ခြင်းဖြင့်သာ အရွယ်ရောက် နှင်းဝံပုလွေကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
"ဒါပေမယ့် ငါ့ညီမလေးက လှိုင်ဂူထဲမှာ နေ့တိုင်းအိပ်နေပြီး သန်မာလာတာလား၊ ဒါက တရားလွန်တယ်လို့မထင်ဘူးလား !"
ပြိုင်ဘက်ကို အောင်မြင်စွာ အနိုင်ယူပြီးနောက် ယိုချင်းယန် သည် လုချန်း ကို ကြည့်ကာ ဂုဏ်ယူသောပုံစံဖြင့် ငွေဖြူခေါင်းလေးကို မြှောက်လိုက်သည်။
"အစ်ကို၊ မင်းငါ့ကို လျှော့တွက်ခဲ့တာဘဲ၊ ငါဘယ်လောက်အစွမ်းထက်တယ်ဆိုတာ အခုသိပြီလား"
ယိုချင်းယန် ရဲ့ မျက်လုံးများကို မြင်ပြီး လုချန်း မတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။
ရှောင်ပိုင် အစွမ်းထက်သော်လည်း၊ သူမက သူရဲ့ မိုက်မဲတဲ့ ညီမလေးသာ ဖြစ်သည်။
လုချန်း က သူ့ကို ပြုံးပြုံးလေးဖြင့်သာ ကြည့်နေခဲ့သည်။
နှင်းဝံပုလွေဘုရင် နှင့် မိခင်နှင်းဝံပုလွေ တို့က အလွန်စိတ်လှုပ်ရှားနေသောကြောင့် တိုက်ပွဲပြီးဆုံးကြောင်းကြေငြာရန်ပင် မေ့သွားခဲ့သည်။
တိုက်ပွဲမစတင်ခင်ကပင် သူတို့သည် ယိုချင်းယန် အပေါ်အများကြီးမမျှော်လင့် ထားခဲ့ကြပေ။
ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်းပဲ၊ ကမ္ဘာပေါ်က ဘယ်မိဘက သူတို့ရဲ့သားကို နဂါးဖြစ်စေချင်ပြီး၊ သမီးကို ဖီးနစ် မဖြစ်စေချင်တဲ့သူရှိလို့လား။
ထို့နောက် ယိုချင်းယန် သည် အရွယ်ရောက်နှင်းဝံပုလွေကို အနိုင်ရရှိခဲ့သဖြင့် နှင်းဝံပုလွေဘုရင်၏ သဘောတူညီချက်ကို ရရှိကာ အမဲလိုက်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
ထိုအခိုက်တန့်တွင် ပတ်ဝန်းကျင်ရှိဝံပုလွေများက နှင်းဝံပုလွေဘုရင်နဲ့ မိခင်ဝံပုလွေကို မနာလိုသောမျက်လုံးများဖြင့် ကြည့်နေကြသည်။
လုချန်း နှင့် ရှောင်ပိုင် တို့လို အသက်အရွယ်တူတဲ့ နှင်းဝံပုလွေလေးတွေက လိပ်ပြာတွေကို ဖမ်းပြီး ချိုင့်ဝှမ်းထဲမှာ မြေတူးနေတုန်းပါပဲ။
.......
လုချန်း သူ့ညီမ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်သဖြင့် ရှောင်ပိုင် အား ရံဖန်ရံခါ ပြန်ကြည့်နေသည်။
ဝံပုလွေအဖွဲ့က တောင်ပေါ်မှ တဖြည်းဖြည်း ဆင်းလာကြသည်။ တောင်အောက်သို့ရောက်လာသည်နှင့်အမျှ မြေပြင်တွင် ဖုံးလွှမ်းနေသော ရေခဲနှင့် ဆီးနှင်းများက သိသိသာသာ လျှော့နည်းလာသည်။
နေရာတော်တော်များများမှာ အနက်ရောင်ကျောက်တုံးများကို တွေ့နေရပြီဖြစ်သည်။
ယိုချင်းယန် မွေးဖွားပြီးနောက် ရေခဲနှင့်နှင်းချိုင့်ဝှမ်းထဲမှ ပထမဆုံးအကြိမ်အပြင်ထွက်သော်လည်း စူးစမ်းချင်စိတ်ကို အလွန်အကျွံမပြခဲ့ပေ။
သူမ တည်ငြိမ်ကာ တိတ်တဆိတ်ဖြင့်သာ လိုက်နေသည်။
ဖခင်တစ်ယောက်အနေနှင့်၊ နှင်းဝံပုလွေဘုရင်က လုချန်း နှင့် ရှောင်ပိုင် ကို အခါအားလျော်စွာ ပြန်လှည့်ကြည့်သည်။
ယိုချင်းယန် တည်ငြိမ်နေတာကိုမြင်ပြီး နှင်းဝံပုလွေဘုရင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ခနကြာပြီးနောက် မြေပြင်သည် တဖြည်းဖြည်း ပြန့်ကားလာပြီး ဝံပုလွေများရှေ့တွင် မြစ်တစ်ခု ပေါ်လာသည်။
တောင်တွေ မှာ ရေ က သားရဲများအတွက် အသက်အရင်းမြစ်တစ်ခုအပါအဝင်ဖြစ်သည်။
မြစ်များသည် သားရဲ အများစုကို ဆွဲဆောင်နိုင်သည်။
ဤသည်မှာ နှင်းဝံပုလွေအဖွဲ့၏ အမဲလိုက်ရာ နေရာလည်းဖြစ်သည်။
မြစ်ကမ်းနားရှိ ရေသောက်နေသောဆတ်အုပ်စုသည် ဝံပုလွေတစ်အဖွဲ့၏ ပစ်မှတ်ဖြစ်လာသည်။
ဖြည်းညင်းစွာ ချည်းကပ်ပြီးနောက်၊ ဝံပုလွေများကို လျင်မြန်စွာ လှုပ်ရှားရန် နှင်းဝံပုလွေဘုရင်က အချက်ပြလိုက်သည်။
ယိုချင်းယန် အတွက် ပထမဆုံးအကြိမ် အမဲလိုက်ခြင်းဖြစ်သော်လည်း သူမ အလွန်လျင်မြန်ပြီး သန်မာသော ဆတ်တစ်ကောင်ဆီသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။
ယိုချင်းယန် လျင်မြန်စွာ လှုပ်ရှားပြီး သူမ၏ ထက်မြက်သော ဝံပုလွေခြေသည်းများက ဆတ်ကို တိုက်ခိုက်လိုက်သည်။
ဒါပေမယ့် ဒါက သူ့မရဲ့ ပထမဆုံးအကြိမ် အမဲလိုက်ခြင်းဖြစ်ပြီး သူသည် အရင်ဘဝက လူသားတစ်ဦးသာ ဖြစ်သည်။
ထိကြောင့် ယိုချင်းယန် ရဲ့ တိုက်ခိုက်စွမ်းအားပိုရှိသော ဝံပုလွေအစွယ်များကို အသုံးပြုမည့်အစား သူမ၏ဝံပုလွေခြေသည်းများနှင့် ဆက်လက်တိုက်ခိုက်နေသည်။
ဆတ်သည် နာကျင်မှုကိုခံစားရပြီးနောက်ခြေထောက်များဖြင့် ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
ကံကောင်းထောက်မစွာ၊ ယိုချင်းယန် က ပျံလွှားတစ်ကောင်လို ပေါ့ပါးပြီး အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဆတ် က အဝေးသို့ရောက်သွားခဲ့ပြီ ဖြစ်သည်။
ယိုချင်းယန် ဆတ် လွှတ်သွားမည်ကို စိုးရိမ်ပြီး ချက်ခြင်းပင် ဆတ်နောက်ကို လိုက်သွားခဲ့သည်။
ဤနည်းဖြင့် သူမနှင့် လုချန်း ကြားက အကွာအဝေးက ပိုဝေးသွားခဲ့သည်။
"ဝူးးးး!"
"မပြေးနဲ့!"
လုချန်း သူ့ညီမကို စိုးရိမ်သောကြောင့် အမဲလိုက်နေစဉ် သူမ ဘက်ခြမ်းကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ယိုချင်းယန် အဝေးသို့ ပြေးသွားသည်ကို မြင်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။