"ရှောင်ပိုင်၊ မင်းအစ်ကိုဖြစ်တဲ့ ငါက ခန့်ညားလွန်းတယ်မလား"
Vol. 2 Ch. 27
"အားးဝူးး! ဝူးး!"
မလှမ်းမကမ်းတွင် စိုးရိမ်နေသော နှင်းဝံပုလွေဘုရင်က သူ့ကလေးများကို အော်ခေါ်နေသည်။
ဝံပုလွေ၏ အူသံသည် အလွန်စူးရှသောကြောင့် စိုးရိမ်နေသော ယိုချင်းယန် သည် ၎င်းကိုကြားပြီးနောက် ချက်ချင်းတုံ့ပြန်ခဲ့သည်။
နှင်းဝံပုလွေဘုရင်သည် ယိုချင်းယန် ၏အသံကိုကြားပြီး သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ယိုချင်းယန် ၏အသံနှင့် ကျားဟိန်းသံသည် တူညီတဲ့ ဦးတည်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဝံပုလွေများက မနှေးဝံ့ဘဲ ထိုနေရာသို့ အလွန်လျှင်မြန်သောအရှိန်ဖြင့် ပြေးသွားကြသည်။
အားကောင်းသော နှင်းဝံပုလွေအများအပြားသည် လေဆင်နှာမောင်းကဲ့သို့ တောင်များနှင့် သစ်တောများကို ဖြတ်သန်းသွားလာနေကြသည်။
ထိုအချိန်တွင် ယိုချင်းယန်ကတော့ အံ့အားသင့်နေခဲ့သည်။
သူမရှေ့တွင် ကျားနှင့်တိုက်ခိုက်နေသော အစ်ကိုဖြစ်သူအား ကြည့်ပြီး သူမ၏ မျက်လုံးလေးများက ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။
အစ်ကိုဖြစ်သူ၏ တိုက်ခိုက်ရေးစွမ်းအားက ထူးကဲပြီး ထိုမျှလောက်အစွမ်းထက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သူမကိုယ်တိုင်က အရွယ်ရောက် နှင်းဝံပုလွေကို ယခုမှသာ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
သို့ပေမယ့် သူ့မ၏အစ်ကိုသည် ကျားနှင့်ယှဉ်တိုက်ခိုက်နိုင်နေပြီဖြစ်သည်။
ပုံမှန်အားဖြင့်၊ ဝံပုလွေများသည် ကြမ်းတမ်းသောကျားများနှင့် ယှဉ်မတိုက်ခိုက်နိုင်ကြပေ။
ကျားများကဲ့သို့ ထိပ်တန်းမုဆိုးများမဆိုနဲ့၊ အစွမ်းထက်သော ကျားသစ်များနှင့် ရင်ဆိုင်ရလျှင်ပင် မည်သူအနိုင်ရပြီး မည်သူ ရှုံးနိမ့်မည်ကို သိရန် ခက်ခဲသည်။
ဒါပေမယ့် သူ့မရှေ့က လုချန်းကတော့ ကွာခြားသည်။ သူသည် ကျားနှင့်တိုက်ခိုက်ရုံသာမက ကျားကိုတောင်ရှုံးနိမ့်စေလုနီးပါးပင်။
ထိုကျားသည် ဒဏ်ရာကင်းမဲ့ပြီး ကျန်းမာသန်စွမ်းသော ကျားတစ်ကောင်ဖြစ်ကြောင်း သိထားရန်လိုအပ်ပြီး သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အလွန်ပြင်းထန်သည်။
ထိုတော၌ ကျားသည် အကြွင်းမဲ့ အုပ်စိုးသူဟု ဆိုနိုင်သည်။
ယိုချင်းယန် ၏အကြည့်အောက်တွင် လုချန်း ၏ခန္ဓာကိုယ်သည် အလွန်သွက်လက်နေပြီး ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
ကျား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး လုချန်း၏ ထက်မြက်သော ဝံပုလွေခြေသည်းများကို ဆန့်ထုတ်ကာ ကျား၏ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်အမာရွတ်အသစ်တစ်ခု ထပ်မံထည့်သွင်းခဲ့သည်။
ထိုအချိန်တွင် ကျားသည် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီး၊ သူ့ရှေ့မှ နှင်းဝံပုလွေကို အရှင်လတ်လတ် ဝါးစားမည်ဟု ကျိန်ဆိုနေသည်။
သူ့စိတ်ထဲတွင် လုချန်း ကိုသတ်ရန် မရေမတွက်နိုင်သောနည်းလမ်းများကို တွေးထားပြီးသားဖြစ်သည်။
သို့သော်လည်း လုချန်းသည် သူနှင့်ကျား၏ကြားကွာဟချက်ကို နားလည်ကာကျားနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ငြင်းဆန်ခဲ့ပြီး၊ ရှောင်တိမ်းခြင်းစွမ်းရည်ကိုအသုံးပြု၍ နှစ်ဖက်ကြားအကွာအဝေးကို ထိန်းချုပ်ထားသည်။
"ဂါးးး!"
ကျားသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ပြိုင်ဘက်ကို အပြင်းအထန်တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်။
ထိုအခိုက်အတန့်တွင် မဝေးလှသော တောအုပ်ထဲမှ အသံတစ်ခုထွက်ပေါ်လာပြီး၊သန်မာသော နှင်းဝံပုလွေ ခုနစ်ကောင်၊ ရှစ်ကောင်က ဤနေရာသို့ လျင်မြန်စွာ ပြေးလာကြသည်။
ဤသည်ကိုမြင်ပြီးနောက် ကျားသည်ရပ်တန့်လိုက်ကာ လုချန်းနှင့် မတိုက်ခိုက်တော့ပေ။
ကျားများ၏သဘာဝအတိုင်း သတိကြီးစွာထားပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ခန္ဓာကိုယ်ကို အနည်းငယ်နှိမ့်၍ ဝံပုလွေများကို သတိဖြင့် ကြည့်လိုက်သည်။
မကြာခင်မှာပဲ နှင်းဝံပုလွေဘုရင်သည် တိုက်ပွဲဖြစ်ရာနေရာသို့ ရောက်ရှိလာသည်။
နှင်းဝံပုလွေအုပ်စုက လုချန်း နှင့် တစ်တန်းတည်းရပ်ကာ သူတို့ရှေ့မှ ကျားကို တင်းမာစွာစိုက်ကြည့်နေကြသည်။
ဤနေရာ၌ ကျားနှင့်တိုက်ခိုက်နေသော လုချန်းကို မြင်ပြီးနောက် ဝံပုလွေတွေများက ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာ လုချန်းအပေါ်လေးစားမှုများ တိုးလာကြသည်။
အကြောင်းမှာ၊ မျိုးစိတ်နှစ်ခုကြားကကွာဟချက်မှာ သာမန်မဟုတ်ပေ၊ ဝံပုလွေမျိုးနွယ်၏ အသန်မာဆုံးဝံပုလွေတောင်မှ ကျားကို တိုက်ခိုက်ရန် မဝံ့ရဲပေ။
ထို့နောက် နှစ်ဘက်စလုံး ခဏလောက်စိုက်ကြပြီး ကျားက လုချန်း အား လေးလေးနက်နက်ကြည့်ကာ သူ့ဘာသာသူ ထွက်ခွာရန် ရှားရှားပါးပါး ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။
တောဘုရင်အနေနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုမရှိပေ။
လုချန်း သည်လည်း ကျားကို လေးနက်စွာ စိုက်ကြည့်နေသည်။
ကျားထွက်သွားတာကိုကြည့်ပြီး လုချန်း မိုက်မဲ့စွာ တားဆီးဖို့မရွေးချယ်ခဲ့ပေ။
သူ၏ ထက်မြက်သောဝံပုလွေခြေသည်းများဖြင့် ပြိုင်ဘက်၏ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များစွာဖြစ်ပေါ်စေခဲ့သော်လည်းခန္ဓာကိုယ်ကြံ့ခိုင်တဲ့ ကျားတစ်ကောင်အတွက်တော့ ဒီဒဏ်ရာက အသေးအမွှား သာဖြစ်သည်။
ကျားက ပြေးချင်ရင်တားလို့မရနိုင်ပေ။အခန့်မသင့်ရင် တခြားဝံပုလွေတွေတောင် ဒဏ်ရာရသွားနိုင်သည်။
လုချန်း သည် ထိုလေးနက်တဲ့ သေခြင်း၊ရှင်ခြင်း အကျပ်အတည်းကို ဒုတိယအကြိမ် ခံစားခဲ့ရခြင်းဖြစ်သည်။
"ငါ ရှောင်တိမ်းခြင်းစွမ်းရည်ကို အဆင့်မမြင့်ထားဘူးဆိုရင် အခုဆိုရင် ငါ့လည်ချောင်းတွေ အကိုက်ခံနေရလောက်ပြီ"
အဆင့်တက်ပြီးရင် ဒီကျားကို သင်ခန်းစာပေးမယ်လို့ သူ့စိတ်ထဲတွင်မှတ်ထားလိုက်သည်။
"အားးဝူးး!"
ကျားက ဆုတ်ခွာဖို့ အစပြုလိုက်ချိန်မှာဝံပုလွေတွေက လုချန်း ကိုလေးစားမှု ဖော်ပြရန်အတွက် ခေါင်းကိုမြှောက်ကာအော်ဟစ်နေကြသည်။
ယနေ့တိုက်ပွဲအပြီးတွင်၊ လုချန်း သည် ဝံပုလွေမျိုးနွယ်စုတစ်ခုလုံး၏ စူပါဟီးရိုးဖြစ်လာမည်မှာသေချာသည်။
သူသည် ကျားကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ ဒီလုပ်ရပ်က နှင်းဝံပုလွေများအတွက် စံနမူနာယူစရာပင် ဖြစ်သည်။
နှင်းဝံပုလွေဘုရင်သည် ရှေ့သို့ထွက်လာပြီး သားဖြစ်သူအား ကျေနပ်သောအကြည့်ဖြင့် ကြည့်နေသည်။
ခဏတာဖြစ်သော်လည်း၊ သူ၏ဆည်းဆာနှစ်များတွင် သူရဲကောင်းတစ်ယောက်ကအနည်းငယ်အထီးကျန်နေသလို ခံစားရသည်။
သို့ပေမယ့် သူသားအတွက်တကယ်ကို ဝမ်းသာမိသည်။
ဝံပုလွေဘုရင်အဖြစ် အစားထိုးမည့်သူက တခြားနှင်းဝံပုလွေမဟုတ်ဘဲ သူ့သားလေး သာဖြစ်သည်။
"ဒါက……"
ကြယ်များဝန်းရံထားတဲ့ လ ကဲ့သို့ ဝံပုလွေများဝိုင်းနေတဲ့ လုချန်းကိုကြည့်ပြီး ယိုချင်းယန်သည် အံ့အားသင့်နေမိသည်။
ဝံပုလွေမျိုးနွယ်စုရဲ့ စည်းမျဉ်းများကို နားမလည်သော်လည်း မကြာမီကာလအတွင်း သူမ၏အစ်ကိုက ဝံပုလွေဘုရင်အသစ်ဖြစ်လာတော့မည်ကို သူမသဘောပေါက်ခဲ့သည်။
ထိုအချိန်တွင် လုချန်း သည် ယိုချင်းယန် ကို ကြည့်ကာ ဂုဏ်ယူစွာ အော်ဟစ်နေသည်။
"ဝူးးး!"
"ဘယ်လိုလဲ ရှောင်ပိုင်၊ မင်းအစ်ကိုဖြစ်တဲ့ ငါက ခန့်ညားလွန်းတယ်မလား"
"ဒါကို မင်းမြင်လိုက်တယ်မလား ကျားတောင် ငါတို့သားကောင်ကို မလုယူနိုင်ဘူး!"
ယိုချင်းယန် သည် သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ရယ်မောကာ သူ့အစ်ကိုသည် အမှန်တကယ်ပင် အရည်အချင်းရှိသူဖြစ်သည်။
သို့ပေမယ့် သူကတော့ အရင်အတိုင်းဘဲ၊ အမြဲတမ်း ထုတ်ဖော်ပြသတာကို နှစ်သက်နေဆဲဖြစ်သည်။
ထို့နောက် နှင်းဝံပုလွေဘုရင် ၏ဦးဆောင်မှုအောက်တွင် အမဲလိုက်ခြင်းအသစ်စတင်ခဲ့သည်။
ယိုချင်းယန် သည် သူမ၏ ကျရှုံးမှုမှ သင်ယူခဲ့ပြီး ပထမဆုံးသားကောင်ကို အောင်မြင်စွာဖမ်းယူနိုင်ရန် သူမ၏ချွန်ထက်သောသွားများကို အသုံးပြုတတ်လာခဲ့သည်။