သတင်းဆိုးတစ်ခု ရောက်ရှိလာခြင်း
Vol. 2 Ch. 28
အမဲလိုက်ရာမှ ပြန်လာပြီးနောက် လှိုဏ်ဂူတွင် လုချန်း ရှူးသွပ်စွာစားသောက်နေသည်။ အစာစားပြီးနောက် စုစုပေါင်း အမှတ် ခြောက်ဆယ့်သုံးမှတ်ကို ရရှိခဲ့သည်။
ည သန်းခေါင်ယံတွင် ထပ်စားဖို့ စီစဉ်ထားပြီး အမှတ်ပမာဏ ဒါဇင်အနည်းငယ် တိုးလာနိုင်သည်ဟု ခန့်မှန်းထားသည်။
ထို့နောက် လုချန်း အမှတ်များကိုစစ်ဆေးရန် ရည်ညွှန်းချက်ဘောင်ကိုဖွင့်လိုက်သည်။
လက်ရှိအဆင့်သည် အဆင့်ခုနစ်ဖြစ်ပြီး အဆင့်ရှစ်သို့ရောက်ရှိရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ်1800 လိုအပ်မည်ဖြစ်သည်။
ဒါက သေးငယ်တဲ့ ပမာဏတစ်ခု မဟုတ်ပေ။
အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သော အမှတ်များစုဆောင်းရန် အချိန်များစွာကြာအုံးမည်ဖြစ်သည်။
အနည်းငယ်စဉ်းစားပြီးနောက် လုချန်း သည် အမဲလိုက်ခြင်းစွမ်းရည်များကို အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသည်ဟု ခံစားမိသည်။
၎င်းသည် အမဲလိုက်ရာတွင် အချိန်ကုန်ခြင်းကို လျှော့ချနိုင်ပြီး အောင်မြင်မှုကို မြှင့်မားစေနိုင်သည်။
ခနလောက်စဉ်းစားပြီးနောက် လုချန်း သည် သူ၏ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန်အတွက် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ဥပမာအားဖြင့်၊ လျှင်မြန်စွာလှုပ်ရှားတဲ့စွမ်းရည်သည် အမဲလိုက်ခြင်းကို တိုးမြှင့်ပေးနိုင်သည်။
ထိတ်လန့်တကြား ထွက်ပြေးနေတဲ့ သားကောင်တွေကို လိုက်ဖမ်းတဲ့အခါ ဒီစွမ်းရည်က အလွန်အသုံးဝင်သည်။
အမဲလိုက်ခြင်းစွမ်းရည် နောက်တစ်ခုဖြစ်တဲ့ ဖုံးကွယ်ခြင်းစွမ်းရည်ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်နိုင်လျှင် ပတ်ဝန်းကျင်နှင့်လိုက်လျှောညှီထွေကာ သူ၏ အရှိန်ဝါကို ပိုမိုတည်ငြိမ်စေနိုင်သည်။
ဤကျွမ်းကျင်မှုများသည် သားကောင်က သူ့အား ရှာဖွေတွေ့ရှိခြင်းမရှိဘဲ ပိုမိုနီးကပ်လာစေမည်ဖြစ်သည်။ ၎င်းသည် အမဲလိုက်ခြင်းအောင်မြင်မှုနှုန်းကို တိုးမြင့်ပေးနိုင်သည်။
ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ပြီးနောက် အမဲလိုက်ခြင်းစွမ်းရည်သည် အလွန်တိုးတက်လာခဲ့သည်။
လုချန်း သည် အဆင့်မြင့်တင်ပြီးနောက်၊ တစ်ခုခုကိုစဉ်းစားမိပြီး တစ်ကိုယ်ထဲ အမဲလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် အဖွဲ့လိုက်အမဲလိုက်ခြင်းသည် သူ့၏စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်သည်။
လုချန်း တစ်ယောက်တည်း သားကောင်ကို အောင်မြင်စွာ ဖမ်းနိုင်သော်လည်း သူ့ကိုယ်သူသာမက တခြားဝံပုလွေများရဲ့ အခြေအနေကိုပါ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
သန်မာသောသူသည် အမြဲတမ်းတစ်ကိုယ်တည်း လျှောက်လမ်းသည်ဟူသောအဓိပ္ပါယ်ကိုလုချန်း ယခုနားလည်သွားပြီဖြစ်သည်။
လုချန်း ၏ဆုံးဖြတ်ချက်ကို ဝံပုလွေဘုရင်သည်လည်း သဘောတူခဲ့သည်။
ထို့ကြောင့် လုချန်း ဝံပုလွေအဖွဲ့ကို စွန့်ခွာပြီး တစ်ကိုယ်တည်း အမဲလိုက်ခြင်းကို စတင်ခဲ့သည်။
ဒါပေမယ့် သူစိတ်မချနိုင်တဲ့ တစ်ခုတည်းသောအရာသည် သူ့ညီမရှောင်ပိုင် ဖြစ်သောကြောင့် လုချန်း ၏ ဘေးတွင် သဘာဝအတိုင်း စောင့်ရှောက်ထားသည်။
ဤကာလအတွင်း သူတို့နှစ်ဦးမှ ပြန်ယူလာသော သားကောင်အရေအတွက်မှာ များပြားလှသည်။
ဤသို့ဖြင့် ဝံပုလွေများကြားတွင် လုချန်း ၏ဂုဏ်သိက္ခာသည် တစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့သည်။
.........
အချိန်တစ်လခွဲမှာ လျှင်မြန်စွာကုန်ဆုံးသွားခဲ့သည်။
ထိုနေ့တွင် ယိုချင်းယန် ပြန်ရောက်လာပြီးသူမသည် ယခင်ကကဲ့သို့ စားသောက်ပြီးနောက် ကျင့်ကြံရန်အတွက် လှိုင်ဂူ ထဲသို့ မသွားခဲ့ပေ။
ထိုအစား၊ ဂူအပြင်ဘက်သို့ ပြေးသွားပြီး မိမိကိုယ်ကို ထိခိုက်အောင်လုပ်နေတော့သည်။
ဘုန်း! ဘုန်း! ဘုန်း!
ယိုချင်းယန် သည် ထင်းရှူးပင်ကို ပြင်းပြင်းထန်ထန် ဝင်တိုက်နေခဲ့ပြီး၊ သစ်ပင်ထိပ်မှ နှင်းများက တဖွဲ့ဖွဲ့နဲ့ကျဆင်းလို့လာနေသည်။
ယိုချင်းယန် အခုလုပ်နေသည့်အရာမှာ ကိုယ့်ကိုကိုယ် ဖိအားပေးပြီး၊ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်နေခြင်းဖြစ်သည်။
သူမ၏အရင်ဘဝကနေထိုင်ခဲ့သည့် ရွှီယွမ်ဟွမ်းကမ္ဘာတွင်၊ အားကောင်းသောခန္ဓာကိုယ်ကျင့်ကြံသူများသည် စီးဆင်းနေသောရေတံခွန်များ သို့မဟုတ် ကိုယ့်ကိုကိုယ် သဲအိတ်အဖြစ် အသုံးပြု၍သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်အောင် လေ့ကျင့်ကြခြင်းဖြစ်သည်။
သန်မာလာသည်နှင့်အမျှ သူတို့၏ ကိုယ်ခန္ဓာကို ကောင်းကင်မိုးကြိုး ဖြင့်သန့်စင်ကြလိမ့်မည်ဖြစ်သည်။
လုချန်းသည် သူ့အပြုအမူကို သဘာဝအတိုင်း နားမလည်နိုင်ခဲ့ပေ။
"ရှောင်းပိုင် ကို ငတုံး မဟုတ်ဘူးလို့တွေးထားပေမယ့် ကောက်ချက်ချတာ စောလွန်းနေပုံရတယ်..."
ရှောင်ပိုင် လုပ်နေတာကိုကြည့်ရင်း လုချန်းသည် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။
သူမကို တားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ယိုချင်းယန် က လက်မခံခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် လုချန်းသည် သူမကို ချုပ်နှောင်ရုံမှတပါး ရွေးချယ်စရာမရှိပေ။ သို့သော်လည်း ရှောင်ပိုင် ကို ချုပ်နှောင်ရန် စပျစ်နွယ်ပင်ကို ရှာမတွေ့ခဲ့ပေ။
"တုံးအတဲ့ ညီမလေး၊ မင်းအမေဝမ်းထဲမှာ ဘယ်လိုဒုက္ခတွေ ကြုံခဲ့ရလဲ ငါတကယ်မသိဘူး"
"မင်းရဲ့ ခန္ဓာကိုယ်ကအားနည်းရုံတင်မကဘူး မင်းရဲ့ ဦးနှောက်ကလည်း ဖွံ့ဖြိုးမှု နောက်ကျနေတယ်..."
"ထားလိုက်တော့၊ ထားလိုက်တော့၊ ငါက မင်းရဲ့အကိုကြီးဖြစ်လို့ မင်းအတွက် ဆေးဖက်ဝင်အပင်တွေ ရှာပေးမယ်"
လုချန်း သည် သူ့ညီမအပေါ် ဒေါသမထွက်ပေ။
ညီမလေးရဲ့ ဦးနှောက်ကို ကုသဖို့ ဘယ်ကနေ စတင် ရမလဲဆိုတာမသိပေမဲ့။
ထို့နောက်မှာတော့၊ လုချန်းသည် သစ်ပင်များကို နေ့တိုင်းဝင်တိုက်နေတဲ့ ရှောင်ပိုင် ၏ ဒဏ်ရာများကို ကုသရန် တောင်များမှဆေးဖက်ဝင်အပင်များကို ရှာဖွေပြီး ကုသပေးနိုင်ခဲ့သည်။
..…......
"ဟူးး၊ငါ့ရဲ့တုံးအတဲ့ ညီမလေး၊ဒါက နှင်းဝံပုလွေ မျိုးနွယ်ရဲ့ ကန့်သတ်ချက်ပဲ"
"ငါသာ ဒီခန္ဓာကိုယ် အကန့်သတ်ရဲ့ ချည်နှောင်မှုတွေကို ဖြတ်ကျော်ဖို့မအောင်မြင်ဘူးဆိုရင် ငါ့တစ်သက်လုံး ဒီမှာ ပိတ်လှောင်နေမှာ ကြောက်မိတယ်"
လုချန်း ပြောနေတာကို ယိုချင်းယန် နားမလည်ပေမယ့် သူ့အစ်ကိုရဲ့ ဂရုစိုက်မှုတွေ ကိုတော့ ခံစားမိသည်။
သူမ၏အစ်ကိုဖြစ်သူသည် သူမအား နေမကောင်းဖြစ်နေသည်ဟု ထင်မြင်နေခဲ့ခြင်းဖြစ်သည်။
မည်သူက အကြောင်းပြချက်မရှိဘဲ သစ်ပင်ကို နေ့တိုင်းဝင်တိုက်နေမည်နည်း?
သို့သော်လည်း သူ့အစ်ကိုက သူမကို မတားနိုင်မှန်းသိကာ နေ့တိုင်း ဆေးပင်တွေရှာဖို့ တောင်တွေဆီသို့ သွားနေခဲ့သည်။ ဤသည်က ယခင်ဘဝ၌ ဓားသွားထက်တွင် လျှောက်လှမ်းခဲ့သော ယိုချင်းယန် အတွက် နွေးထွေးမှုကို ခံစားရစေသည်။
လှိုဏ်ဂူထဲသို့ပြန်ရောက်ပြီးနောက် ယိုချင်းယန် သည် အလွန်ကျွမ်းကျင်စွာ ဖြင့်အိပ်ချလိုက်သည်။
ထိုအချိန် လုချန်း ရောက်လာပြီး သူခူးဆွတ်ထားသော ဆေးဖက်ဝင်ပင်များကို အပိုင်းပိုင်းခွဲကာ ဝါးလိုက်သည်။
ထို့နောက် သစ်ပင်ကိုဝင်တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသော ယိုချင်းယန် ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများကို ညင်သာစွာ လိမ်းပေးရန် သူ့၏လျှာကို အသုံးပြုခဲ့သည်။
ဤဆေးပင်များသည် ကြွက်သားနာခြင်းကို သက်သာစေသည်။
နှင်းထူထပ်သောချိုင့်ဝှမ်းရှိ ထင်းရှူးပင်များ၏အခေါက်သည် အခြားသစ်ပင်များထက် ပိုထူသည်။
သစ်ပင်၏ ပင်စည်သည် ထူထဲမာကျောပြီး တိုက်မိမယ်ဆိုလျှင် အလွန်နာကျင်မှာ သေချာသည်။
`အစ်ကို၊ ငါ မင်းထက် အနှေးနဲ့အမြန် သန်မာလာမှာသေချာပေမဲ့ မင်းက ငါ့အစ်ကိုဖြစ်ပြီး၊ ဝံပုလွေဘုရင်ရာထူးကလဲ အစ်ကို့အတွက်ပါပဲ`
လုချန်း ၏ ကုသမှုကို ခံယူရင်း ယိုချင်းယန်၏ နှလုံးသားထဲတွင် ညည်းညူနေခဲ့သည်။
ယိုချင်းယန် ဒီလိုတွေးရတဲ့အကြောင်းရင်း ကတော့ လုချန်း၏ အမဲလိုက်နိုင်စွမ်းသည် ဒီကာလအတွင်းမှာ မတိုးတက်လာ၍ဖြစ်သည်။
ထို့အပြင် သူ့အစ်ကိုရဲ့ အရှိန်အဝါက အရင်ကလို ရုတ်တရက် အားကောင်းလာ ခြင်းမရှိပေ။
ထို့ကြောင့် ယိုချင်းယန် သည် သူမ၏အစ်ကို နှင်းဝံပုလွေမျိုးနွယ်၏ ကန့်သတ်ချက်ကို ရောက်နေပြီဟုယူဆခဲ့သည်။
"ငါ့အစ်ကိုက အခု နှင်းဝံပုလွေလေးပဲ ရှိသေးပြီး အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့ ခွန်အားက ဆက်ပြီး တိုးတက်နေလိမ့်မယ်"
"ဒါပေမယ့် ကြီးကြီးမားမား တိုးတက်လာဖို့က မဖြစ်နိုင်လောက်ဘူးလို့ထင်တယ်"
ဒါပေမယ့် သူမကတော့ မတူပေ၊ လေ့ကျင့်နေသမျှကာလပတ်လုံး သန်မာလာမည်မှာ သေချာသည်။
သူမ လုချန်း ကို သိပ်မကြာခင်မှာဘဲ ကျော်တက်ကောင်းကျော်တက်နိုင်မှာပါ။
ဒါပေမယ့် ယိုချင်းယန် မသိခဲ့တာတစ်ခုက၊ လုချန်း သည် ယခုကာလတွင် မတိုးတက်လာရသည့် အကြောင်းရင်းမှာ အဆင့်မြှင့်တင်ရန်အတွက် များပြားသောဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို စုဆောင်းရန်လိုအပ်သောကြောင့်ဖြစ်သည်။
တစ်ပတ်ကြာပြီးနောက် ယိုချင်းယန် ပြန်လည်ကောင်းမွန်လာပေမဲ့ မိမိကိုယ်ကို အလွန်အကျွံ ထိခိုက်စေခဲ့ပြီး ဒဏ်ရာထပ်မံရရှိခဲ့သည်။
လုချန်း ဆေးဖက်ဝင်အပင်များ လိမ်းပေးထားသော်လည်း သူ့ခန္ဓာကိုယ်မှာ အလွန်နာကျင်နေသေးသည်။
ထို့ကြောင့် နောက်တစ်နေ့တွင် သူ့ညီမကို စောင့်ရှောက်ရန်အတွက် လုချန်း သည် အမဲမလိုက်ဘဲ တစ်ရက်အနားယူရန် ဆုံးဖြတ်ခဲ့သည်။
ဤနှင်းထူထပ်သောချိုင့်ဝှမ်းသည် မြင့်မားသောအမြင့်တွင်ရှိပြီး တစ်နှစ်ပတ်လုံး ရေခဲနှင့် ဆီးနှင်းများကဖုံးလွှမ်းထားသောကြောင့် အစားအစာများကို အချိန်အကြာကြီးသိမ်းဆည်းထားနိုင်သည်။
ထိုကာလအတွင်း ယိုချင်းယန် နှင့် လုချန်း တို့သည် အမဲလိုက်ပြီး အစာအမြောက်အမြား သိမ်းဆည်းထားခဲ့သည်။
သို့သော် နေဝင်ချိန်တွင် သတင်းဆိုးတစ်ခု က ရောက်ရှိလာခဲ့သည်။
လုချန်း တို့၏ သန်မာသောဖခင်၊နှင်း ဝံပုလွေမျိုးနွယ်စု၏ဘုရင် ယနေ့ ချိုင့်ဝှမ်းဆီသို့ ပြန်ရောက်လာခဲ့သည်။
သူ့ပေါင်ပေါ်တွင် နက်ရှိုင်းတဲ့ ဒဏ်ရာတစ်ခု ရှိနေပြီး အရိုးများကိုတောင် မြင်တွေ့နေရသည်။