← Chapters

နှင်းဝံပုလွေမျိုးနွယ်စုရဲ့ဘုရင်အသစ်

Vol. 2 Ch. 29

နှင်းဝံပုလွေမျိုးနွယ်စုရဲ့ဘုရင်အသစ်

Vol. 2 Ch. 29

ယနေ့ အမဲလိုက်ခြင်း လုပ်ငန်းစဉ်တွင် နှင်းဝံပုလွေအဖွဲ့သည် ပိုမိုအားကောင်းသော သားရဲများနှင့် ကြုံတွေ့ခဲ့ရသည်။

နှင်းဝံပုလွေဘုရင်သည် ဝံပုလွေအဖွဲ့ ၏ခေါင်းဆောင်အဖြစ်‌ သောကြောင့် ပြိုင်ဘက်၏အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။

နှင်းဝံပုလွေဘုရင်၏ ခြေထောက်သည် အကိုက်ခံလိုက်ရပြီး လွတ်မြောက်ရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသည်။

"အားးဝူးး~"

နှင်းဝံပုလွေဘုရင် ပြင်းထန်စွာဒဏ်ရာရ‌နေသည်ကို မြင်လိုက်ရသည့်အခိုက်တွင်၊ လုချန်း၏ ဝမ်းနည်းပူဆွေးသောဝံပုလွေအူသံက လှိုဏ်ဂူထဲမှထွက်ပေါ်လာခဲ့သည်။

လုချန်း ဤလောကထဲသို့ရောက်ရှိလာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

နှင်းဝံပုလွေဘုရင် နှင့် မိခင်နှင်းဝံပုလွေကို မိဘများအဖြစ် သူအသိအမှတ်ပြုထားပြီးဖြစ်သည်။

သူတို့နှစ်ယောက်သည် လုချန်း ကို အကာအကွယ်ပေးပြီး ဂရုတစိုက် စောက်ရှောက်ပေးခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက လုချန်းသည် ရေခဲတောင်ကြားတွင် အေးခဲပြီးသေနေလိမ့်မည်ဖြစ်သည်။

ခွန်အားကြီးပြီးသန်မာတဲ့ နှင်းဝံပုလွေဘုရင်သည် အခုအချိန်တွင် အလွန်အားနည်း‌နေပြီဖြစ်သည်။

ဘေးတွင်ရပ်နေသော ယိုချင်းယန်၏ မျက်လုံးများထဲတွင်လည်း ဝမ်းနည်းမှုတချို့ရှိနေသည်။

လုချန်း သည် လျှပ်စီးကဲ့သို့အရှိန်ဖြင့် ဂူထဲမှ အမြန်ပြေးထွက်သွားခဲ့သည်။

နှင်းဝံပုလွေဘုရင်အား ကုသရန်အတွက် သွေးတိတ်ဆေးပင်တချို့အား တောင်ပေါ်သို့တက်ရောက် ရှာဖွေခဲ့သည်။

သို့သော်လည်း နှင်းဝံပုလွေဘုရင်၏ ဒဏ်ရာသည် သာမန်ပြင်ပဒဏ်ရာမဟုတ်ခဲ့ပေ။

ဒဏ်ရာ သက်သာသွားရင်တောင်မှ အနာဂတ်တွင် မသန်စွမ်းတဲ့ ဝံပုလွေတစ်ကောင်ဖြစ်လာမည်မှာအမှန်ပင်ဖြစ်သည်။

"ဒါဟာ ငါ့အမှားပဲ၊ ငါသာ အောင်မြင်ဖို့ စိတ်အားထက်သန်မှု မရှိခဲ့ဘူးဆိုရင် မနေ့က လေ့ကျင့်ရေးမှာ ဒဏ်ရာကရခဲ့မှာမဟုတ်ဘူး"

"ငါ့အစ်ကိုက ငါ့ကို ဂရုစိုက်ဖို့ လှိုဏ်ဂူထဲမှာ ရှိမနေခဲ့ဘူးဆိုရင် ဒီနေ့လိုအဖြစ်ဆိုးမျိုးက ဖြစ်လာမှာမဟုတ်ဘူး..."

လှိုဏ်ဂူထဲမှာ ဒဏ်ရာရကာလဲလျောင်းနေတဲ့ နှင်းဝံပုလွေဘုရင်ကို ကြည့်ရင်း ယိုချင်းယန် ကိုယ့်ကိုကိုယ် အပြစ်တင်နေသည်။

သူတို့၏မိခင်သည်လည်း ဝံပုလွေဘုရင်အနားတွင် အဆက်မပြတ် ငိုကြွေးနေခဲ့သည်။

သူမရဲ့လက်တွဲဖော် ပြင်းထန်စွာဒဏ်ရာရနေသည်ကို မြင်ပြီး မိခင်နှင်းဝံပုလွေ၏ ရေခဲပြာ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထို့နောက် လုချန်း နှင့် ယိုချင်းယန်တို့သည် နှင်းဝံပုလွေဘုရင်၏ နံဘေးတွင် တစ်ညလုံးရှိနေခဲ့ကြသည်။

ဒီမိဘနှစ်ပါး၏ ကျေးဇူးကြောင့် သူတို့နှစ်ဦး ကျမ်းမာစွာကြီးပြင်းလာနိုင်ခဲ့ကြခြင်းဖြစ်သည်။

ရှောင်ပိုင် ဝမ်းနည်း‌နေသည်ကို မြင်ရပြီးနောက် လုချန်း ပို၍ပင်စိတ်မကောင်းဖြစ်သွားသည်။

ဤမိသားစုငယ်လေးတွင် ပြန်လည်မွေးဖွားလာချိန်မှစ၍ ထိုမျှကြီးမားသော အ ပြောင်းအလဲကိုခံစားရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

လုချန်းသည် ရှောင်ပိုင်၏ ခန္ဓာကိုယ်ကို ခေါင်းဖြင့် ညင်သာစွာ ပွတ်သပ်ကာ သူမကို နှစ်သိမ့်ပေးရန် ကြိုးစားနေသည်။

တစ်ညတာ ကုန်ဆုံးသွားပြီးနောက်၊လှိုဏ်ဂူ၏အပြင်ဘက်တွင် ခြေသံများ ထွက်ပေါ်လာသည်။

လှိုဏ်ဂူအဝင်ဝတွင် အရွယ်ရောက်ပြီးသော နှင်းဝံပုလွေတစ်ဒါဇင်ကျော်၏ မျက်နှာပေါ်တွင် ဖော်ရွေမှုမရှိသောအကြည့်များဖြင့် လှိုဏ်ဂူအ၀င်ဝကို ဝိုင်းပတ်နေကြသည်။

ထို့အပြင် နှင်းဝံပုလွေများက ဤနေရာသို့ပိုပိုပြီး ရောက်လာကြသည်။

"သူတို့ ဘာလုပ်ချင်နေတာလဲ"

ယိုချင်းယန် ထရပ်လိုက်ကာ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤအခိုက်အတန့်တွင် လေထုက အလွန်လေးလံနေခဲ့သည်။

ထိုအချိန်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော နှင်းဝံပုလွေဘုရင်သည် မျက်လုံးများကိုဖွင့်ကာ လုချန်း ကိုမော့ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ မျက်လုံးများသည် လေထဲတွင် အကြည့်ချင်းဆုံသွားကြပြီး၊ဝိညာဉ်များက မျက်လုံးမှတစ်ဆင့် ဆက်သွယ်နေသကဲ့သို့။

လုချန်း သည် နှင်းဝံပုလွေဘုရင်၏ အဓိပ္ပါယ်ကို နားလည်ကာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လုချန်း လှိုဏ်ဂူထဲမှ ထွက်သွားခဲ့သည်။၎င်းကိုမြင်ပြီးနောက် ယိုချင်းယန်သည် သူမအစ်ကို၏နောက်သို့ လျှင်မြန်စွာ လိုက်သွားခဲ့သည်။

လှိုဏ်ဂူအပြင်ဘက်သို့ ရောက်လာပြီးနောက် လုချန်း ထိုဝံပုလွေများကို အော်ဟစ်လိုက်သည်။

ဝံပုလွေများက အချင်းချင်း ကြည့်လိုက်ကြပြီး၊သူတို့၏အဖွဲ့ထဲမှ သန်မာသော နှင်းဝံပုလွေတစ်ကောင် ဖြည်းညှင်းစွာ ထွက်လာသည်။

လုချန်း ရဲ့တည်ငြိမ်အေးစက်တဲ့ ရေခဲပြာမျက်လုံးများကို မြင်လိုက်ရသော နှင်းဝံပုလွေသည် အနည်းငယ်ထိန့်လန့်သွားသွားသော်လည်း လုချန်း ဆီသို့ ပြေးသွားလိုက်ဆဲ ဖြစ်သည်။

လုချန်း ထိုနှင်းဝံပုလွေကို‌ အေးစက်စွာကြည့်လိုက်ပြီး သူ့၏ခြေထောက်များက နှင်းပြင်ကိုတွန်းကန်လိုက်ပြီး နှင်းဝံပုလွေ၏ ခေါင်းပေါ်သို့ ခုန်တက်ကာ ထိုနှင်းဝံပုလွေကို နှင်းထုထဲသို့ တိုက်ရိုက် နှစ်ထည့်လိုက်သည်။

နှင်းဝံပုလွေသည် နာကျင်စွာအော်ဟစ်ညည်းညူရင်း ဘေးသို့ ထွက်ခွာသွားခဲ့သည်။

လုချန်း ၏လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နှင်းဝံပုလွေဘုရင်ထက် သာလွန်သည်။

ကျွမ်းကျင်မှုအမျိုးမျိုးရဲ့ပံ့ပိုးမှုဖြင့် ထို အရွယ်ရောက်နှင်းဝံပုလွေများက လုချန်း ၏ တိုက်ခိုက်ခြင်းကို ကာကွယ်ရန်မဖြစ်နိုင်ပေ။

နှင်းဝံပုလွေတွေမဆိုနဲ့၊ ကျားတောင်မှ လုချန်းကို ထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။

ယိုချင်းယန်,သည် ဘေးနားတွင်ရှိနေခဲ့ပြီး ဖြစ်ပျက်သမျှကို တည်ငြိမ်စွာကြည့်နေသည်။

ဝံပုလွေဘုရင်၏ရာထူးအတွက် ထိုဝံပုလွေများ တိုက်ပွဲဝင်နေကြောင်းကို သူမ မှန်းဆနိုင်သည်။

အနိုင်ရသော နှင်းဝံပုလွေက သူတို့၏ ဖခင်နေရာကို အစားထိုးပြီး ဝံပုလွေဘုရင်အသစ် ဖြစ်လာမည်ဖြစ်သည်။

နှင်းဝံပုလွေမျိုးနွယ်စုကို ဦးဆောင်‌သောခေါင်းဆောင် ရှိနေရန်လိုအပ်သည်။

အခု သူတို့၏ဖခင်သည် ဒဏ်ရာအပြင်းအထန်ရနေပြီဖြစ်သောကြောင့် ဝံပုလွေမျိုးနွယ်ကို ဦးဆောင်လို့မရနိုင်တော့ပေ။

ထို့ကြောင့် နှင်းဝံပုလွေမျိုးနွယ်စုသည် ဘုရင်အသစ်ကို ရွေးချယ်ရမည်ဖြစ်သည်။ ဤသည်မှာ သဘာဝ၏ နိယာမ ဖြစ်သည်။

သဘာဝတရားက ရက်စက်လွန်းပေမဲ့၊ ဝံပုလွေတွေက ပိုလို့တောင် ရက်စက်ကြပြီး၊ ခွန်အားဖြင့်သာ အရာရာကိုဆုံးဖြတ်ကြသည်။

ထို့ကြောင့် နှင်းဝံပုလွေများသည် ဘုရင်ဟောင်း၏နေရာကို အစားထိုးရန် တိုက်ခိုက်နေခြင်းဖြစ်၍ သူတို့စိတ်မဆိုးခဲ့ပေ။

ဘုန်း! ဘုန်း! ဘုန်း!

တိုက်ပွဲများအပြီးတွင် လုချန်း ထိုနေရာတွင်သာ ရပ်နေဆဲဖြစ်ပြီး၊ ခေါင်းကိုမော့ကာ သူ့ရှေ့မှ နှင်းဝံပုလွေများကို ထူးခြားမှုမရှိသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချက်ချင်းပင် နှင်းဝံပုလွေများစွာက ခေါင်းငုံ လိုက်ကြသည်။

ဝံပုလွေဘုရင်ရာထူးအတွက် တိုက်ပွဲဝင်ခဲ့ကြသူများက မရှုမလှ ရှုံးနိမ့်ခဲ့ကြပြီး လုချန်း ၏ခြေသည်းများနှင်အစွယ်များက မည်မျှထက်မြက်သည်ကို အားလုံးကသိသွားကြပြီဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် နှင်းဝံပုလွေများ ထပ်မတိုက်ခိုက်ရဲတော့ဘဲ လုချန်း ၏ လက်အောက်ခံအဖြင့် လေးစားမှုကို ဖော်ပြရန် ခေါင်းငုံ့ထားကြသည်။

ဤသို့ဖြင့်၊ လုချန်း သည် ဝံပုလွေဘုရင်ဟောင်း၏ရာထူးကို တရားဝင်ရယူခဲ့ပြီး ဝံပုလွေဘုရင်အသစ်ဖြစ်လာခဲ့သည်။

"အားးဝူးး! အားးဝူးး!"

ထိုအခိုက်တန့်တွင် ဝံပုလွေများ၏ အသံသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

အခုချိန်တွင် ယိုချင်းယန် သည် သူမအစ်ကို၏ ပုံသဏ္ဍာန်က ပိုမြင့်သွားသလို ခံစားလိုက်ရသည်။

သူတို့ ငယ်ငယ်တုန်းဆိုရင် ဖခင်ဝံပုလွေက မိသားစုကို ထောက်ပံ့ပေးပြီး၊ သူတို့ကို ကျန်းမာစွာကြီးပြင်းလာအောင် ကာကွယ်ပေးခဲ့သည်။

အခုအစ်ကိုက ဖခင်အစားမိသားစုကို ပြန်လည်ထောက်ပံ့နိုင်နေပြီဖြစ်သည်။

All Chapters