← Chapters

မီးခြင်္သေ့ဘုရင်

Vol. 3 Ch. 45

မီးခြင်္သေ့ဘုရင်

Vol. 3 Ch. 45

ယိုချင်းယန် သည် လှိုဏ်ဂူထဲတွင် ရပ်နေပြီး လုချန်း နှင့် နှင်းဝံပုလွေမိဘများကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

သူတို့နှစ်ဦးအတူရှိသည့်အချိန်များက သူမကို ဤရှားပါးသော မိသားစုဆက်ဆံရေးအား ပိုမြတ်နိုးစေခဲ့သည်။

ဆွေမျိုးသားချင်းများကြားမှ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုများက သူမအရင်ဘဝ၌ မခံစားခဲ့ရသောအရာတစ်ခုဖြစ်သည်။

နှင်းများဖုံးလွှမ်းနေသော တောင်ထိပ်သည် တစ်နှစ်ပတ်လုံး ရေခဲများနှင့် ဆီးနှင်းများဖုံးလွှမ်းနေပြီး လေးအေးများက ရေခဲဓားသွားများကဲသို့ ပြင်းထန်စွာတိုက်ခိုက်လျှက်ရှိသည်။

သို့ပေမဲ့ ဤနေရာသည် ဆွေမျိုးများ၊ မိသားစုများကြောင့် နွေးထွေးပြီး အေးစက်မှုကို မခံစားခဲ့ရပေ။

အသက်ပြင်းပြင်းရှူရင်း ယိုချင်းယန် ၏ အကြည့်သည် တဖြည်းဖြည်းနှင့် ပြတ်သားသွားသည်။

သူမ ယခင်ဘဝ၌ သာမန်လူတစ်ယောက်ဖြစ်ခဲ့ပါက၊ သူမသည် ဤချိုင့်ဝှမ်းတွင်နေထိုင်ပြီး မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်လိုစိတ်ရှိသည်။

သို့သော် သူမသည် ယခင်ဘဝက ရွှီယွမ်ဟွမ်းကမ္ဘာ ၏ ဧကရီဖြစ်ခဲ့သောကြောင့် သူမ ထိုသို့မလုပ်နိုင်ပေ။

သူမသည် သစ္စာဖောက်တစ်ဦးကြောင့် ဆန္ဒမပါဘဲ သေဆုံးခဲ့ရသည်။

ယခု သူမ ကလဲ့စားမချေရသေးသောကြောင့် ယိုချင်းယန် သည် ပိုမိုအားကောင်းသည့် အဆင့်အထိ ကျင့်ကြံပြီး အခွင့်အလမ်းများကိုရှာဖွေရမည်ဖြစ်သည်။

ဤနှင်းတောင်ကြီးက အလွန်သေးငယ်လှသည်။ သူမ၏ ခွန်အားကို မြှင့်တင်လိုပါက ဤနေရာမှ ထွက်သွားရမည်ဖြစ်သည်။

ထွက်ခွာရန် အလွန်ဝန်လေးနေ သော်လည်း အဆုံးတွင် ထွက်ခွာရမည်သာဖြစ်သည်။

သူမ၏ယခင်ဘဝတွင် ယိုချင်းယန် သည် အမျိုးမျိုးသော ဘဝနှင့်သေခြင်း၊ရှင်ခြင်း အကျပ်အတည်းများကို ဖြတ်သန်းခဲ့ပြီး မရေမတွက်နိုင်သော အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။

သူမဤနွေးသော နေရာတွင်နေထိုင်လိုသော်လည်း ယခု ထွက်ခွာရန်အချိန်တန်နေပြီဖြစ်သည်။

ယိုချင်းယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ သိုင်းပညာလမ်းလျှောက်လမ်းရာတွင် အထီးကျန်ဆန်မည်မှာ မလွှဲမသွေ ကြုံတွေ့ရမည်ဖြစ်သည်။

“အစ်ကို၊ ငါ့ကို လွမ်းမနေနဲ့၊ အစ်ကို အေးချမ်းတဲ့ဘဝနဲ့ နေနိုင်မယ်လို့ ငါမျှော်လင့်တယ်”

သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းလိုက်ပြီး လေးလံသော ခြေလှမ်းများဖြင့် ဂူထဲမှ ထွက်သွားသည်။

ယိုချင်းယန် သည် နှစ်ဝက်ကြာနေထိုင်ခဲ့သော နှင်းထူထပ်သည့်ချိုင့်ဝှမ်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ညဘက် ကင်းလှည့်နေသော နှင်းဝံပုလွေများသည် ယိုချင်းယန် ထွက်သွားသည်ကို မြင်ပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။

ယခုအခါတွင်၊ နှင်းဝံပုလွေအဖွဲ့သည် လုံလောက်သော သားကောင်များရှိနေပြီဖြစ်ပြီး ညဘက်တွင် အမဲလိုက်ရန် မလိုအပ်တော့ပေ။

ကင်းလှည့်နေသော နှင်းဝံပုလွေများ စိတ်ရှုပ်ထွေးနေသော်လည်း သူတို့ အရမ်းတွေးမနေတော့ပေ။

ယိုချင်းယန် သည် နှင်းဝံပုလွေဘုရင် ၏ အချစ်ဆုံးညီမလေးဖြစ်‌ကြောင်းကို အားလုံးကသိထားသည်။

ထို့အပြင် ယိုချင်းယန် ကိုယ်တိုင်က အလွန်စွမ်းအားကြီးသောကြောင့် သူမအား မည်သူမျှ မတားဆီးနိုင်ပေ။

ချိုင့်ဝှမ်းမှထွက်ခွာပြီးနောက် ယိုချင်းယန် သည် တောင်ပေါ်တည့်တည့်သို့ လျှောက်သွားကာ သူမ၏ယခင်ဘဝအမှတ်တရများဖြင့် အခွင့်အရေးများကိုရှာဖွေရန် အသင့်ဖြစ်နေပြီဖြစ်သည်။

“ဝါးးး”

“အမှတ်အသားပြုရတာ တကယ်ကို ပင်ပန်းတယ်”

လှိုဏ်ဂူထဲတွင် လုချန်း သည် သမ်းဝေးလိုက်ပြီး နိုးလာခဲ့သည်။

သူ့ရဲ့ စိတ်စွမ်းအင်တွေ အများကြီး သုံးစွဲခဲ့ပေမယ့် အခု ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

“အင်း? နောက်ကျနေပီဘဲ၊ ရှောင်ပိုင် ဘယ်မှာသွားကစားနေတာလဲ”

လုချန်း သည် အိပ်တစ်ဝက်၊နိုးတစ်ဝက် အခြေအနေတွင် ယိုချင်းယန် လှိုင်ဂူထဲမှ ထွက်သွားကြောင်းသိရှိလိုက်သည်။

သို့သော် လုချန်း ၎င်းကို ဂရုမစိုက်ပါ။ တောထဲကိုဝင်ပြီး သူ့ညီမသည် သစ်ပင်များကို ထပ်မံဝင်တိုက်နေသည်ဟုသာ တွေးခဲ့သည်။

သူ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လှိုဏ်ဂူထဲမှ ထွက်ကာ သူ့ညီမကိုသွားရှာလိုက်သည်။

သို့သော် လုချန်း ပတ်ပတ်လှည်တွင် လိုက်ရှာသော်လည်း ရှောင်ပိုင်ကို မတွေ့ရပေ။

ထိုအချိန်တွင် လုချန်း သည် သူအရင်ကပြုလုပ်ခဲ့သော အမှတ်အသားများစွာထဲမှ တစ်ခုသည် သူနှင့် မိုင်လေးဆယ်ကျော်ဝေးနေပြီဖြစ်ကြောင်းကို သိလိုက်ရသည်။

ထိုအမှတ်အသားသည် နှင်းဝံပုလွေမျိုးနွယ်စု ၏နယ်မြေမဟုတ်သော တောင်စောင်းသို့ရောက်ရှိနေပြီဖြစ်သည်။

လုချန်း သည် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး တောင်စောင်းကို ရောက်နေသူမှာ သူ့ညီမ ရှောင်ပိုင် ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။

“ဒီကောင်မလေးက တောင်ပေါ်လမ်းတစ်ဝက်မှာ ဘာလုပ်နေတာလဲ၊ ညဘက်တစ်ယောက်တည်း အပြင်ထွက်သွားတာက အန္တရာယ်ရှိမှန်း သူမ,မသိဘူးလား”

ရှောင်ပိုင် ဘာကြောင့် ယခုထိ ပြေးလွှားနေသည်ကို မသိပေမဲ့ လုချန်း သည် ဆက်မနေနိုင်တော့ဘဲ အမှတ်အသားကိုအာရုံခံပြီး ချက်ချင်းပင်လိုက်သွားခဲ့သည်။

ငါးမီတာကျော်ရှိသော သူ၏ကြီးမားသောငွေဖြူရောင်ကိုယ်ထည်သည် တောင်များပေါ်တွင် ပြေးသည့်အခါတွင် ပြင်းထန်သော ခြေသံများထွက်ပေါ်နေသည်။

အထူးသဖြင့် မှောင်နေဆဲဖြစ်ပြီး ကောင်းကင်၌ အလင်းရာင်မထွက်သေးသည့်အတွက် လုချန်း ၏ ခြေသံသည် တိတ်ဆိတ်ငြိမ်သက်သော တောအုပ်ထဲတွင် ကျယ်လောင်လွန်းလှသည်။

ဆူညံသံကြောင့် တောရိုင်းတိရိစ္ဆာန်များစွာ နိုးထလာခဲ့သည်။

တောင်ထိပ်တွင်နေထိုင်သော နှင်းဝံပုလွေဘုရင်သည် ညဥ့်နက်တွင် တောင်ပေါ်မှဆင်းလာကြောင်း တောရိုင်းတိရစ္ဆာန်များ သိရှိသွားပြီး ထိတ်လန့်တကြားထွက်ပြေးနေကြသည်။

ယခင်က အလွန်အေးချမ်းခဲ့သော နှင်းဖုံးတောင်တန်းသည် ယခုတွင် ငှက်များနှင့် တိရိစ္ဆာန်များ ရုတ်တရက် ပရမ်းပတာ ဖြစ်နေကြသည်။

ထိုအချိန် နှင်းဝံပုလွေမျိုးနွယ်စု မကြာခဏ အမဲလိုက်သည့် မြစ်ငယ်ဘေးတွင်၊

ယိုချင်းယန် ခေါင်းငုံ့ကာ မြစ်ရေကို အနည်းငယ် သောက်ပြီးနောက် တောင်ထိပ်၏ ရင်းနှီးသော လမ်းကြောင်းကို ပြန်လှည့်ကြည့်လိုက်သည်။

“အစ်ကို၊ ငါ ထွက်သွားတော့မယ်”

“ငါထွက်သွားပြီးရင် ပြန်ဆုံတွေ့ဖို့ဆိုတာ မသေချာတော့ဘူး”

ယိုချင်းယန် သက်ပြင်းချပြီး ပြတ်ပြတ်သားသားဖြင့် နောက်လှည့်ကာ တောင်အောက်သို့ လျှင်မြန်သောအရှိန်ဖြင့် ပြေးသွားသည်။

သူမ၏ ခြေလှမ်းများသည် ယခင်ကထက်ပိုမြန်လာကာ၊ ဤရင်းနှီးကျွမ်းဝင်သော တောင်တန်းမှ အမြန်ထွက်ခွာလိုပြီးသူမ၏ယခင်ဘဝ၌ ကျင့်ကြံချိန်အတွင်း ကြုံတွေ့ခဲ့ရသော အထီးကျန်မှုကို ပြန်လည်ရရှိလိုက်သကဲ့သို့ပင်။

နှင်းဝံပုလွေများသည် များသောအားဖြင့် တောင်စောင်းအောက်တွင် ခြေချလေ့မရှိပေ။

အနည်းဆုံးတော့ လုချန်း အခုအချိန်အထိ ဒီနေရာကိုမရောက်ဖူးသေးပေ။

ရှောင်ပိုင်ကို ကိုယ်စားပြုသော အမှတ်အသားသည် တောင်စောင်းမှ မြစ်ကမ်းကို ဖြတ်ကူးပြီး ဆက်လက်ရွေ့လျားသွားသည်ကို လုချန်း သိလိုက်ရသောအခါတွင် သူ၏ စိုးရိမ်စိတ်များ ပိုကြီးထွားလာသည်။

“ဒီအကောင်လေးက ဒီအချိန် တောင်ပေါ်ကနေ ဘာဆင်းလုပ်နေတာလဲ”

တစ်နာရီကျော်ကြာပြီးနောက် လုချန်းသည် ရှောင်ပိုင် ကိုရှာရန် အမှတ်အသားနောက်မှ အရှိန်အပြည့်ဖြင့် ပြေးခဲ့သည်။

ထိုအချိန်တွင် ကျားတစ်ကောင်က သူ့လမ်းကို ပိတ်ဆို့ထားသည်။ လုချန်း သည် အလွန်စိုးရိမ်ကာ အလျှင်လိုနေသောကြောင့် သူ၏လမ်းကို လာပိတ်သောကျားကို ကြည့်ရင်း သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ငွေ့များထွက်ပေါ်လာသည်။

ကျားသည် လုချန်း က သူ့နယ်မြေကို ကျူးကျော်သည်ဟုထင်မှတ်ပြီး ချက်ချင်း ဟိန်းဟောက်လိုက်သည်။

သို့သော် လုချန်း သည် ယခုချိန်တွင် စိုးရိမ်နေပြီး သူ့ညီမကို ရှာရန် အလျင်လိုနေသည်။

ဒီကျားက သူ့အချိန်များကို ဖြုန်းတီးဝံ့လောက်အောင် မျက်စိကန်းနေသည်ဟု မထင်ထားခဲ့ပေ။

လုချန်း သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ ထို့နောက် သူ့၏ ပါးစပ်ကိုဖွင့်ကာ ရေခဲစွမ်းရည်ကိုသုံးလိုက်ပြီး ကျားကို ရေခဲရုပ်ထုအဖြစ် ပြောင်းလဲပေးလိုက်သည်။

ထို့နောက် တောင်စောင်းမှ ငုံ့ကြည့်လိုက်ပြီး လုချန်း သည် တောင်ခြေရင်းရှိ မြက်ခင်းပြင်ရှုခင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ဆိုလိုသည်မှာ ရှောင်ပိုင် သည် နှင်းတောင်မှ ထွက်ခွာတော့မည် ဖြစ်ပြီး အောက်ဘက် မြက်ခင်းပြင်ထဲသို့ ဝင်တော့မည်ဖြစ်သည်။

……………

“ဟူးး နောက်ဆုံးတော့ ငါ တောင်ပေါ်ကနေ ထွက်ခွာနိုင်ခဲ့ပြီ”

“လူ့နယ်မြေကို ပြန်ရောက်ပြီး မြေပုံကို ရှာတွေ့တဲ့အခါ ဒီနေရာက ဘယ်မှာရှိလဲဆိုတာ သိရလိမ့်မယ်”

အချိန်အတော်ကြာပြေးလွှားပြီးနောက် ယိုချင်းယန် သည် နှင်းတောင်တန်းဒေသမှ ထွက်ခွာနိုင်ခဲ့သည်။

သူမ ခဏတာ အနားယူရန် နေရာလွတ်တစ်ခုကို ရှာတွေ့ခဲ့သည်။ သူမ၏ ခွန်အားကို ပြန်လည်ရရှိပြီးနောက် ဦးတည်ရာတစ်ခုကို ရွေးချယ်ကာ ဆက်လက်ခရီးဆက်ရန်ပြင်ဆင်လိုက်သည်။

"ဂါးး!"

သို့သော် ထိုအခိုက်အတန့်တွင် ကြီးမားသော ခြင်္သေ့သုံးကောင်သည် မဝေးလှသော မြက်ခင်းပြင်တွင် ထွက်ပေါ်လာသည်။

ကြီးမားသော ခြင်္သေ့သုံးကောင်ရှိပြီး တစ်ကောင်ချင်းစီက ၃ မီတာကျော်ရှိသည်။

ထို့အပြင် ခြင်္သေ့သုံးကောင်၏ ပစ်မှတ်က သူဖြစ်ကြောင်းထင်ရှားသည်။

“ဒါဘယ်နေရာလဲ၊ တောင်ပေါ်ကဆင်းပြီးချက်ချင်း ခြင်္သေ့သုံးကောင်နဲ့တွေ့ရတယ်”

ယိုချင်းယန် သည် သူမ၏ ဦးနှောက်ထဲရှိ မှတ်ဉာဏ်များကို ပြန်ရှာဖွေနေသည်။

သူမသည် အထင်ကရနေရာများနှင့် သူ့ပတ်ဝန်းကျင်ရှိ သတ္တဝါများကို အခြေခံပြီး သူနေထိုင်ရာနေရာသည် မည်သည့်နေရာဖြစ်ကြောင်း ဆုံးဖြတ်ချင်ခဲ့သည်။

များမကြာမီပင် ခြင်္သေ့သုံးကောင်၏နောက်တွင် ပိုကြီးမားသော ခန္ဓာကိုယ်ရှိသည့် ခြင်္သေ့တစ်ကောင် ထွက်ပေါ်လာသည်။

ခြင်္သေ့၏ခန္ဓာကိုယ် တစ်ကိုယ်လုံးက နီရဲနေပြီး အမြင့်က ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ငါးမီတာအထိရှိသည်။

သန်မာသော ခန္ဓာကိုယ်နှင့် မျက်လုံးများတွင် အစွမ်းထက်သော ရောင်ဝါများထွက်ပေါ်နေသည်။ မြက်ခင်းပြင်ပေါ်တွင် ရပ်‌နေကာ ဘုရင်တစ်ပါး၏ ဘုန်းအာနုဘော်ကို ပိုင်ဆိုင်ထားသည်။

“ဒါက... မီးခြင်္သေ့ဘုရင်လား?!”

ယိုချင်းယန် သည် သူ့ကို ဂရုတစိုက် ကြည့်ပြီးနောက် ရှေ့ရှိ မီးတောက်နေသောခြင်္သေ့သည် တစ်ချိန်က လူ့သားသတင်း၌ ပေါ်ထွက်ခဲ့ကြောင်း သူမ ပြန်သတိရလိုက်သည်။

ယခင်ဘဝက ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထလာမှု၏ အစောပိုင်းကာလများတွင် လူသားများသည် ကမ္ဘာကြီး၏ ရုတ်ချည်းပြောင်းလဲမှုများကို အံ့အားသင့်ခဲ့ကြပြီး စိုးရိမ်ပူပန်ခဲ့ကြသည်။ ထိုကာလတွင် မီးခြင်္သေ့ဘုရင် ၏ ပြင်းထန်သော စွမ်းအားကို အစီရင်ခံစာများတွင် မီးမောင်းထိုးပြခဲ့သည်။

“ငါကံမကောင်းလိုက်တာ၊ တောင်ပေါ်ကနေတစ်ညလုံးဆင်းလာပြီး ဒီလောက်အစွမ်းထက်တဲ့ သားရဲဘုရင်နဲ့ တွေ့ရလိမ့်မယ်လို့မထင်ထားဘူး”

ယိုချင်းယန် ခဏတာ စိတ်ဆိုးသွားသည်။

သူမသည် နိုးထခြင်းအဆင့်ကို ရောက်ရှိနေသော်လည်း တောက်လျှောက်ပြေးလွှားပြီးနောက်တွင် သူမ၏စွမ်းအင်အချို့က ကုန်ဆုံးနေပြီဖြစ်သည်။

ထို့အပြင်၊ မီးခြင်္သေ့ဘုရင် အနားတွင် အတော်လေး အစွမ်းထက်ပုံရသော အထောက်အကူ သုံးကောင်ရှိသည်။

အကယ်၍ တိုက်ပွဲဖြစ်မည်ဆိုပါက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။

"အားးဝူးး!"

သို့သော်လည်း ထိုအချိန်တွင် ယိုချင်းယန် အနောက်မှ ကျယ်လောင်သော ဝံပုလွေအူသံတစ်ခု ထွက်ပေါ်လာသည်။

ထိုဝံပုလွေအူသံသည် ညကောင်းကင်၏ တိတ်ဆိတ်မှုကို ဖြိုခွဲပြီး အဆုံးမဲ့ဒေါသနှင့် ဘုရင်တစ်ပါး၏ လွှမ်းမိုးမှုကို သယ်ဆောင်လာသည်။

ထိုအသံကိုကြားပြီး ယိုချင်းယန် အေးခဲသွားသည်။

All Chapters