ဂူတစ်ခုထဲတွင် ကျားနှစ်ကောင် အောင်းရန် မဖြစ်နိုင်ပါ
Vol. 3 Ch. 31
ဆင့်ကဲပြောင်းလဲခြင်းအမှတ် များကိုကြည့်ရင်း လုချန်း စိတ်လှုပ်ရှားလာသည်။
သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နှင်းဝံပုလွေဘုရင်ဟောင်း ထက် ပိုသန်မာပြီး၊ နှင်းဝံပုလွေမျိုးနွယ်စု၏ ခန္ဓာကိုယ် အကန့်သတ်ကို ရောက်ရှိနေပြီဖြစ်သည်။
အကယ်၍ သူသည် နောက်ထပ်အဆင့်တစ်ခုကို တက်နိုင်ပါက၊ နှင်းဝံပုလွေမျိုးနွယ်၏ခန္ဓာကိုယ်အကန့်သတ်ကို ကျော်ဖြတ်နိုင်သဖွယ်ရှိသည်။
လုချန်း အလွန်စိတ်လှုပ်ရှားနေပြီး၊ အကန့်သတ် ကိုကျော်ဖြတ်နိုင်လျှင် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာသူ သိချင်နေသည်။
"အဆင့်မြှင့်!"
စုဆောင်းထားသော အတွေ့အကြုံရမှတ်များကို ကြည့်ရင်း လုချန်း သည် မဆိုင်းမတွ အဆင့်မြှင့်တင်လိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း!
တခဏချင်းမှာပဲ လုချန်းရဲ့ခန္ဓာကိုယ်ထဲသို့ ထူးခြားတဲ့စွမ်းအားတစ်ခုက ဝင်ရောက်လာပြီး၊ ခန္ဓာကိုယ်သည် အထိန်းအကွပ်မရှိ တုန်လှုပ်လာသည်။
ဤတစ်ကြိမ်တွင် သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်ကို သူတွေ့ရှိလိုက်သည်။
ဤထူးခြားသည့်စွမ်းအင်သည် သူ၏ မရီဒီယန် များမှတဆင့် ခြေလက်များနှင့် အရိုးများထဲသို့ စီးဆင်းသွားပြီး၊ ကိုယ်ပိုင်ဆဲလ်များပင် အသွင်ပြောင်းနေပုံရသည်။
ကြွက်သားများသည်လည်း ပိုမို တင်းမာလာပြီး သူ့အရိုးများက မီးချောင်းများကဲ့သို့ဖြင့် တောက်ပ လာသည်။
လုချန်း၏ ခွန်အားက အဆက်မပြတ် တိုးတက်လာနေပြီး စွမ်းအင်များက သူ့၏ အရေပြားနှင့် ခြေသည်းများပေါ်တွင်ပင် စုစည်းနေသည်။
လုချန်း သည် သူ၏ကြွက်သားများ ပိုမိုတင်းမာလာပြီး ဝံပုလွေခြေသည်းများနှင့် အစွယ်များက ပိုမိုထက်မြက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ဤအဆင့်မြှင့်တင်မှုက လုချန်း ၏ခန္ဓာကိုယ်အရွယ်အစားကို နှင်းဝံပုလွေတစ်ကောင်ထက် ကျော်လွန်သွားစေသည်။
သူ့ရဲ့ ငွေဖြူ ခန္ဓာကိုယ်က ဒီအခိုက်အတန့်တွင် အဆက်မပြတ်ကြီးထွားနေသည်။
မူလက လုချန်း ၏အမြင့်သည် တစ်မီတာအောက်သာရှိသော်လည်း အခုသူ့၏ အမြင့်က ကြောက်စရာကောင်းလောက်အောင်ပင် နှစ်မီတာသို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
၎င်းက ယခင် နှင်းဝံပုလွေဘုရင် ထက် တစ်ဆ သို့မဟုတ် နှစ်ဆ အရွယ်အစားပိုကြီးသည်။
ဤအဆင့်မြှင့်တင်မှုသည် လုချန်း အတွက် အရည်အသွေးပိုင်းပြောင်းလဲမှုတစ်ခုဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်က ငွေရောင်ဆံပင်တွေတောင် ပိုချောပြီး ပိုတောက်ပလာသည်။
အဆင့်မြှင့်ပြီးနောက် လုချန်း သည် သူ့ခန္ဓာကိုယ်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
သူ၏ ခွန်အားနှစ်ဆတိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက ပထမတစ်ခုထက် အများကြီး ပိုသန်မာပါတယ်။
ယခင်အဆင့်မြှင့်တင်မှုများသည် အရေအတွက်ပြောင်းလဲမှုများ စုဆောင်းခြင်းမျှသာဖြစ်သည်။
ယခု လုချန်းသည် အရေအတွက်ပြောင်းလဲမှု၏ အရေးပါသောအချက်ကို ရောက်ရှိခဲ့ပြီး အရည်အသွေးဆိုင်ရာပြောင်းလဲမှုကို လုပ်ဆောင်ခြင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ခန္ဓာကိုယ် အရွယ်အစားနှင့် တိုက်ခိုက်ရေး စွမ်းရည် များစွာ တိုးလာပြီးနောက် အခြားသော တောရိုင်းတိရိစ္ဆာန်များနှင့် ရင်ဆိုင်ရလျှင် ကြောက်ရွံ့နေစရာမလိုတော့ပေ။
လုချန်း ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
သူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ကြွက်သား၊ အရွတ်များနှင့် အရိုးများသည် ဇီဝဗေဒနယ်ပယ်ကို ကျော်လွန်ပြီး ထူးခြားသောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။
အဆင့်မြှင့်ထားပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ သားမွေးများသည် သံရှပ်အင်္ကျီအလွှာကို ၀တ်ထားသကဲ့သို့ ခံစားရပြီး၊ သာမန်နှင်းဝံပုလွေ၏ခြေသည်းများက သူ့ခန္ဓာကိုယ်ကို ကုတ်ခြစ်လျှင် အမာရွတ်လေးများပင် ချန်ထားရန် ခက်ခဲလိမ့်မည်ဟု လုချန်း ခံစားမိသည်။
အနီးအနားရှိ ဝံပုလွေများသည် လည်း သူ့၏ ပြောင်းလဲမှုများကို ခံစားသိရှိနိုင်သည်။
လုချန်း ၏ ခွန်အားက အချိန်တိုအတွင်း တိုးတက်လာသည်ကို သူတို့မသိသော်လည်း၊ ဝံပုလွေများက သူ့၏ အရွယ်အစား ရုတ်ချည်း တိုးလာခြင်းကြောင့် အံ့အားသင့် နေကြသည်။
"ဂါးး!"
အဝေးက ကျားဟိန်းသံကို ရုတ်တရက်ကြားလိုက်ရပြီးနောက် ထောင်ပေါင်းများစွာသော တိရစ္ဆာန်များသည် တောင်များနှင့် သစ်တောများကို ကျော်ဖြတ်ကာပြေးသွားကြသည်။
ထိုအသံကိုကြားပြီးနောက် ဝံပုလွေအားလုံး လန့်ဖျပ်သွားကာ သူတို့၏သားကောင်နှင့်အတူ ချိုင့်ဝှမ်းဆီကို ပြန်ဆုတ်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။
သို့သော်လည်း လုချန်းသည် ထိုနေရာတွင် လှုပ်ရှားခြင်းမရှိဘဲ ရပ်နေခဲ့ပြီး ဆုတ်ခွာရန် ညွှန်ကြားချက်လည်း မပေးခဲ့ပေ။
ဂူတစ်ခုထဲတွင် ကျားနှစ်ကောင် အောင်းရန် မဖြစ်နိုင်ပါ၊ ဤအမဲလိုက်ဧရိယာတွင် ဝံပုလွေများကြုံတွေ့ရသည့် တစ်ဦးတည်းသောပြိုင်ဘက်မှာ ယခင်က ကြုံတွေ့ဖူးသည့် ကျား ဖြစ်သည်။
လုချန်းသည် သူ့ခေါင်းကို လှည့်ကာ ဝံပုလွေများ ဖမ်းမိထားတဲ့သားကောင်အားလုံးကို တစ်နေရာထဲတွင် စုံပုံခိုင်းလိုက်ပြီး၊တောင်ပေါ်ရှိ ကျားကို ဆွဲဆောင်ရန်အတွက် ပြင်းထန်သော သွေးနံ့ကို အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။
များမကြာမီပင် ကျားဟိန်းသံ ထွက်ပေါ်လာပြီး လုချန်း၏ မြင်ကွင်းထဲသို့ ကျားတစ်ကောင် ရောက်လာခဲ့သည်။
ထိုကျားသည် ယခင်က သူတိုက်ခိုက်ခဲ့ဖူးသော ကျားတစ်ကောင်ပင်ဖြစ်သည်။
မနေ့က နှင်းဝံပုလွေဘုရင်၏ပေါင်ကို ဒဏ်ရာရစေခဲ့တဲ့တရားခံအစစ်ဖြစ်သည်။ ကျားကို မြင်ပြီး ဝံပုလွေများက ရုတ်တရက် ကြောက်လန့်သွားကာ မသိစိတ်ကြောင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်မိကြသွားကြသည်။
သူတို့ ဆုတ်ခွာဖို့ ကြံရွယ်ထားပေမယ့် ဝံပုလွေဘုရင် လုချန်း အမိန့်မပေးခဲ့သောကြောင့် သူတို့ဒီနေရာတွင် ရှိနေခဲ့ကြခြင်းဖြစ်သည်။
"အားးဝူးး!"
လုချန်း သည် ကျားကိုမြင်သည်နှင့် ငွေရောင်လျှပ်စီးကြောင်းကဲ့သို့အရှိန်ဖြင့် ပြေးကာ ချက်ချင်း တိုက်ခိုက်လိုက်သည်။
"ဂါးး!"
လုချန်း ၏ရန်လိုမုန်းတီးမှုကို ခံစားလိုက်ရသဖြင့် ကျားသည်လည်း ဟိန်းကာ အမြန်တိုက်ခိုက်လိုက်သည်။
မကြာခင်မှာဘဲ ထိပ်တန်း သားရဲနှစ်ကောင် အချင်းချင်း တိုက်ခိုက်ကြပါတော့တယ်။
သို့ပေမယ့် တိုက်ပွဲသည် အရင်ကနဲ့မတူတော့ပါ။ ဤတစ်ကြိမ်တွင် အဆင့် ၈ ရောက်နေပြီဖြစ်တဲ့ လုချန်း သည် ကျားကို သာလွန်သောခွန်အားနှင့် အရှိန်အဟုန်ဖြင့် လုံးဝချေမှုန်းပစ်လိုက်သည်။
တခဏချင်းမှာပဲ လုချန်း အသာစီးရခဲ့သည်။
လုချန်း ၏ ဖွံ့ဖြိုးပြီး သန်မာသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် နောက်ထပ် ကျားနှစ်ကောင်ရောက်လာလျှင်ပင် ၎င်းတို့သည် သူ့အား တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော ဝံပုလွေများက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
ထိုအချိန်တွင် ကျား၏ရွှေမျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေသည်။
သာမန် နှင်းဝံပုလွေတစ်ကောင်မှာ ဒီလောက် ပြင်းထန်တဲ့ ခွန်အားနဲ့ အရှိန်အဟုန် ရှိနေလိမ့်မည်ဟုသူမမျှော်ထားခဲ့ပေ။
အရေးအကြီးဆုံးအျက်က သူ့ရှေ့၌ အလွန်ကြီးမားတဲ့ နှင်းဝံပုလွေဘုရင်သည် မကြာသေးခင်ကမှ သူနှင့်တိုက်ခိုက်ခဲ့သောဝံပုလွေလေးဖြစ်ကြောင်း အနံ့ကနေ တစ်ဆင့် သိလိုက်ရသည်။
ထိုအချိန်တွင် ကျားသည် အပြင်းအထန်ခုခံနိုင်ရုံမျှသာတတ်နိုင်ပြီး လုံးဝပြန်မတိုက်ခိုက်နိုင်ခဲ့ပေ။
လုချန်း၏ ထက်မြက်သော ဝံပုလွေခြေသည်းများက ကျား၏ ခန္ဓာကိုယ်ပေါ်တွင် ဆိုးရွားပြင်းထန်သောအမှတ်အသားများ ချန်ထားခဲ့သည်။
ကျားသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး၊ဒေါသတကြီးဖြင့် လုချန်း ကို ပြန်တိုက်ခိုက်လိုက်သည်။
သို့သော်လည်း လုချန်း ၏တုံ့ပြန်မှုက သူ့ထက်လျှင်မြန်ပြီး ကျား၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ကာ သူ့အောက်တွင် ဖိနှိပ် လိုက်သည်။
လုချန်း ၏ အပြာရောင်မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီး၊ သူ့ပါးစပ်ကိုဖွင့်ကာ ကျားလည်ပင်းအား ချွန်ထက်သောသွားများဖြင့် ကိုက်လိုက်သည်။
နာကျင်မှုကြောင့် ကျားသည် အပြင်းအထန်ရုံးကန်ခဲ့သော်လည်း၊ လုချန်း ၏ ဖိနှိပ်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
"ခရက်"
အရိုးကွဲသံနှင့်အတူ လုချန်း သည် ကျား၏လည်ပင်းကို အားထည့်၍ကိုက်လိုက်ပြီးနောက် ဤကြီးမားသော သားရဲသည် လုံးဝအသက်မရှိတော့ပေ။
"အားးဝူးး!"
လုချန်း ကျားအလောင်းပေါ်တွင် ရပ်ကာ ကောင်းကင်ပေါ်သို့ မျက်နှာမူ၍ အူ လိုက်သည်။
ဝံပုလွေအူသံသည် တောင်များနှင့် သစ်တောများကြားတွင် ပဲ့တင်ထပ်ကာ အားလုံး၏ကျောရိုးများကို အေးစိမ့် စေသည်။
လုချန်း ၏ ပါးစပ်ထောင့်တွင် သွေးများ ရွှဲနေသေးပြီး သူ၏ ငွေဖြူဆံပင်များကြောင့် ထူးခြားသော အသွင်ပြင်တစ်ခုကို ဖြစ်ပေါ်စေသည်။
သူ၏ ရေခဲပြာမျက်လုံးများသည် လျစ်လျူရှုခြင်းနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ဘုရင်ကြီး၏ ပြင်းထန်သောဖိအားကြောင့် ဝံပုလွေများအားလုံးကို ဦးညွှတ်သွားစေသည်။
ထိုအချိန်တွင်၊ နှင်းဝံပုလွေများ၏စိတ်ကို လုချန်း လုံးလုံးလျားလျား သိမ်းပိုက်နိုင်ခဲ့သည်။
သူ၏ လက်စားချေမှုကြီး အောင်မြင်ပြီးနောက် လုချန်း သည် ကျား၏အလောင်းကို သဘာဝအတိုင်း မထားခဲ့နိုင်ပေ။
နှင်းဝံပုလွေများသည် ကျား၏အလောင်းနှင့်သူတို့အမဲလိုက်ထားသော သားကောင် များကို ချိုင့်ဝှမ်းသို့ပြန်ဆွဲယူရန် အတူတကွလုပ်ဆောင်ခဲ့ကြသည်။
ထိုအချိန်၊ ချိုင့်ဝှမ်း၏ဂူအဝင်ဝတွင် ယိုချင်းယန် ၏စိုးရိမ်သောမျက်လုံးများဖြင့် တစ်စုံတစ်ယောက်ပြန်အလာကိုစောင့်ဆိုင်း နေသည်။
နေဝင်ပြီးနောက် ကြယ်စုံကောင်းကင်ယံ၌ လ ထွက်လာခဲ့သော်လည်း အမဲလိုက်ဝံပုလွေများ ပြန်မလာကြသေးပေ။
"မဖြစ်ဘူး၊ ငါ အပြင်ကို သွားကြည့်ဖို့ လိုသေးတယ်"
ဝံပုလွေများ ပြန်မလာသည်မှာ ကြာနေပြီမို့ ယိုချင်းယန် ချိုင့်ဝှမ်းအပြင်ဘက်ကို ထွက်သွားလိုက်သည်။
သို့သော် ထိုအခိုက်တွင် လုချန်း နှင့် ဝံပုလွေအုပ်စုတစ်စုသည် သူမ၏မြင်ကွင်းအဆုံးတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူ့အစ်ကိုကိုမြင်ပြီးမှသာ ယိုချင်းယန် စိတ်သက်သာရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
သို့သော် လုချန်း နီးကပ်လာသည်နှင့်အမျှ ယိုချင်းယန် သည် သူ့အစ်ကို မနက်ခင်းကထက် ပိုကြီးပုံပေါက်နေသည်ကို တွေ့လိုက်ရသည်။