← Chapters

ဧကရီ `ငါဘာလို့ သာမန်မွေးဖွား လာခဲ့ရတာလဲ?

Vol. 3 Ch. 32

ဧကရီ `ငါဘာလို့ သာမန်မွေးဖွား လာခဲ့ရတာလဲ?

Vol. 3 Ch. 32

ထိုအခိုက်အတန့်တွင် ယိုချင်းယန် ၏ ရေခဲပြာမျက်လုံးတစ်စုံ ပြူးကျယ်သွားခဲ့ပြီး၊ ဖြစ်ပျက်နေတာကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

မနက်ခင်း လုချန်း ထွက်သွားတုန်းက တစ်မီတာလောက်သာ ရှိသည်ကို ယိုချင်းယန် မှတ်မိသေးသည်။

ယခု သူ၏ အရွယ်အစားသည် နှစ်ဆကျော်တိုးလာပြီး သူတို့၏ ဖခင် နှင်းဝံပုလွေထက် များစွာ ကြီးမားသည်။

သူ၏ သန်မာသော ကိုယ်လုံးကိုယ်ပေါက်နှင့် တင်းမာသော ကြွက်သားများသည် နှင်းဝံပုလွေများကြားတွင် ထင်ရှားစွာပေါ်လွင်နေသည်။

ထိုအချိန်တွင် လုချန်း ၏နောက်လိုက် နှင်းဝံပုလွေများအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။

အရင်က ချိုင့်ဝှမ်းကို ပြန်ရောက်တဲ့အခါ ဒီနှင်းဝံပုလွေတွေက ကောင်းကောင်းလေ့ကျင့်ထားပြီး တင်းကြပ်တဲ့ပုံစံဖြင့် ပြန်လာကြသည်။

သို့ပေမယ့် ဒီတစ်ကြိမ်တွင် ၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝံပုလွေများကစိတ်လှုပ်ရှားနေပြီး လမ်းတစ်လျှောက်အော်ဟစ်နေကြသည်။

အဆုံးမှာတော့ ဝံပုလွေဘုရင်အသစ်သည် ဤမျိုးဆက်ကို လွှမ်းမိုးထားသော သားရဲအား သတ်ဖြတ်ခဲ့သည်။

ယခုအချိန်မှစ၍ နှင်းဝံပုလွေ မျိုးနွယ်စုသည် ဤအမဲလိုက်ဧရိယာတွင် သဘာဝရန်သူများ မရှိတော့ပေ။

နှင်းဝံပုလွေများစွာက ဘုရင်သစ်ကို လေးစားနေကြသည်။ နှင်းဝံပုလွေဘုရင်အသစ်ရဲ့ပထမဆုံးခရီးမှာ ကျားတစ်ကောင်ကိုသတ်နိုင်လိမ့်မည်ဟု အားလုံးက မမျှော်လင့်ထားခဲ့ကြပေ။

ဒါက နှင်းဝံပုလွေမျိုးနွယ်စု၏ သမိုင်းကြောင်းကို ရိုးရှင်းစွာ ချိုးဖျက်လိုက်ခြင်းဖြစ်သည်။

နှင်းဝံပုလွေများ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ယိုချင်းယန် သည်လည်း အမဲလိုက်အဖွဲ့နောက်ကွယ်မှ တစ်ခုခုကိုမြင်လိုက်ရသည်။

နှင်းဝံပုလွေအများအပြားသည် အလွန်ကြီးမားသောသားကောင်ကို ဆွဲယူရန် အတူတကွလုပ်ဆောင်နေကြပြီး အတော်လေး ရုံးကန်နေကြပုံပေါ်သည်။

အဝါရောင်နှင့် အနက်ရောင် အစင်းကြောင်းများက နှင်းများပေါ်တွင် အလွန်ထင်ရှားစွာ ပေါ်လွင်နေသည်။

"ငါအမြင်မှားနေတာလား ဒါကျားတစ်ကောင်မဟုတ်ဘူးလား"

ယိုချင်းယန် သည် ကျားအလောင်းကို မြင်လိုက်ရပြီး သူမ အလွန်ထိန့်လန့်သွားသည်။

သူမသည် ထိုနေရာတွင် မှင်သက်ကာ ရပ်နေပြီး သူမရဲ့အပြာရောင်မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်နေသည်။

`ကျားကို အနိုင်ယူခဲ့တာ အစ်ကိုဖြစ်နိုင်လား´

ယိုချင်းယန် သည် ဝံပုလွေများ၏ စွမ်းရည်ကို ကောင်းစွာသိထားသည်။ အားလုံး အတူတကွ တိုက်ခိုက်မည်ဆိုလျှင်တောင် ကျားကို ယှဥ်နိုင်မည်မဟုတ်ပေ။

ကျားသည် တကယ်အသေအကြေတိုက်ခိုက်မည်ဆိုလျှင် အမဲလိုက်ဝံပုလွေများပြန်လာနိုင်မည်မှာမသေချာပေ။

ဤကျားကို တွန်းလှန်နိုင်သော တစ်ဦးတည်းသော သူက သူ့အစ်ကို ဖြစ်နိုင်သည်ဟု ယိုချင်းယန် ကောက်ချက်ချလိုက်သည်။

"အားးဝူးး!"

လုချန်း သည် ယိုချင်းယန် ကိုမြင်လိုက်သည်နှင့် စိတ်လှုပ်ရှားပြီး မာနကြီးသော ဝံပုလွေအူသံကို ထုတ်ကာ ရှေ့သို့ အလျင်အမြန် လျှောက်လာသည်။

"ရှောင်ပိုင်၊ ငါတို့အဖေအတွက် လက်စားချေနိုင်ခဲ့ပီ"

ထိုအချိန်တွင် လုချန်း သည် ယိုချင်းယန် ထက် များစွာကြီးမားနေခဲ့ပြီဖြစ်သည်။

သူ့ညီမလေးကို ကြည့်ကာ ခြေထောက်ကိုဆန့်တန်းလိုက်ပြီး ရှောင်ပိုင် ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် ကျားကို ညွှန်ပြလိုက်သည်။

ရှောင်ပိုင် ခဏလောက် အံ့သြသွားပြီး၊ လုချန်း ၏ အပြုအမူများမှတစ်ဆင့် သူ့အစ်ကိုက ကျားအား သတ်ခဲ့သည်ကို ပိုသေချာသွားစေသည်။

"ဒါက မယုံနိုင်စရာပဲ၊ ဒီလိုကျားကြီးကို ငါ့အစ်ကို တကယ်သတ်ခဲ့တာပဲ!"

သို့သော် ထိုအခိုက်တွင် ယိုချင်းယန် ၏ အကြည့်များ ပြောင်းလဲသွားပြီး လုချန်း ၏ အပြာရောင်မျက်လုံးများထဲတွင် စူးရှသောအလင်းရောင် ရှိနေသည်ကို တွေ့လိုက်ရသည်။

သူ့အစ်ကို၏ အရှိန်အဝါ အရင်ကထက် ပိုမိုပြင်းထန်လာတာသည်ကို သူမ ကောင်းကောင်းခံစားနိုင်သည်။

ယခင်က လုချန်း ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် နှင်းဝံပုလွေဘုရင်ဟောင်းထက် ပိုမိုအားကောင်းနေပြီဖြစ်သည်။

ယိုချင်းယန် ၏ထင်မြင်ချက်အရ သူမ၏အစ်ကိုသည် အရွယ်မရောက်သေးသော်လည်း သန်မာသောကိုယ်လုံးကိုယ်ပေါက်ရှိပြီး နှင်းဝံပုလွေမျိုးနွယ်စု၏ခန္ဓာကိုယ် အကန့်သတ်ကိုရောက်နေပြီဟု မူလကထင်ထားခဲ့သည်။  

သို့ပေမယ့် ဒါက အစ်ကို့ရဲ့ ကန့်သတ်ချက်မဟုတ်ဘူးလို့ သူမ မမျှော်လင့်ထားခဲ့ပေ။

နှင်းဝံပုလွေမိခင်သည် တစ်ခုခုကို အာရုံခံမိကာ လှိုဏ်ဂူထဲမှ ထွက်လာခဲ့ပြီး၊ ကျားတစ်ကောင်၏အလောင်းကိုမြင်သောအခါတွင် သူမသည်လည်း ထိတ်လန့်သွားခဲ့သည်။

သူ့သားက ကျားတွေကိုတောင် အမဲလိုက်နိုင်လောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားသည်။

သူ့အမေ ထွက်လာသည်ကိုမြင်ပြီးနောက် လုချန်းသည် နှင်းဝံပုလွေများကို အလျင်စလို အမိန့်ပေးလိုက်သည်။

ထိုအချိန် ရှောင်ပိုင် ၏မျက်လုံးများက တောက်လောင်နေပြီး လူသားနှင့်တူသော သံသယမျက်လုံးများကို သူ သတိမထားမိလိုက်ပေ။

"ဝူး!" လုချန်း ခေါင်းကို လှည့်လိုက်ပြီး ဝံပုလွေများကို ကျား၏အလောင်းအား သူတို့၏ လှိုဏ်ဂူထဲသို့ ဆွဲထည့်ရန် အချက်ပြလိုက်သည်။

ယခုအချိန် လှိုဏ်ဂူထဲတွင် ပြန်လည်ကျန်းမာလာဆဲဖြစ်သော နှင်းဝံပုလွေဖခင်သည် အပြင်ဘက်မှ ထွက်ပေါ်လာသော အသံများကြောင့် အနားယူရာမှ နိုးနေခဲ့ပြီဖြစ်သည်။

ကျား၏အလောင်းအား ဆွဲခေါ်လာနေသည်ကို မြင်လိုက်ရပြီး ဝံပုလွေဘုရင်ကြီးက စိတ်လှုပ်ရှားပြီး ခြေထောက်များပင် တုန်ခါသွားသည်။

သန်မာနေဆဲဖြစ်သောနှင်းဝံပုလွေဘုရင်ကြီးကို ရာထူးမှ အငြိမ်းစားယူစေခဲ့သည့် တရားခံမှာ သူ့ရှေ့မှ ဤကျားပင်ဖြစ်သည်။

၎င်းကျားက သူ့အား ရှေ့မဆက်နိုင်သည့် စိတ်ဒဏ်ရာကို ချန်ထားခဲ့ပြီး ခြေဆွံ့သောဝံပုလွေအဖြစ် ပြောင်းလဲစေခဲ့သည်။

မူလက အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့် ဝံပုလွေဘုရင်၏ မျက်လုံးများက ထိုအခိုက်တွင် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ လုချန်း သည် နှင်းဝံပုလွေဘုရင်ကြီး၏ရှေ့သို့ ကျား၏အလောင်းကို ဆွဲခေါ်လာခဲ့သည်။

`သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ရမယ်´

ထို့ကြောင့် ကျားကိုသတ်ပြီး အလောင်းကို စားတာက သဘာဝကျသည်။

နှင်းဝံပုလွေဘုရင်သည် ဤအခိုက်အတန့်တွင် အလွန်ဒေါသထွက်နေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သောအငွေ့အသက်များ ထွက်ပေါ်လာသည်။

ထို့နောက် ပါးစပ်ကိုဖွင့်ကာ ကျား၏ အလောင်းကို စတင်စားသောက်လိုက်သည်။

"ခရက်၊ခရက်"

သူသည် ကျား၏အသားကိုစားပြီး အရိုးများကိုပါ ကိုက်ဝါးနေတော့သည်။

သူ့နှလုံးသားထဲမှ အမုန်းတရားများကို ထုတ်ပစ်လိုက်ပုံရသည်။

သူ့အဖေရဲ့ရန်သူ၏ အသွေးအသားကို စားနေသည်ကို မြင်ပြီး လုချန်းသည် ပိုသက်တောင့်သက်သာ ရှိသွားသလိုခံစားရသည်။

`ငါ့အဖေရဲ့ဒဏ်ရာတွေကို မကုစားပေးနိုင်ဘူး၊ ဒါကြောင့် ငါလုပ်နိုင်တာက ရန်သူကို သတ်ပစ်ဖို့ပဲ´

ဤကျားသည် အလွန်သန်မာသော ခန္ဓာကိုယ်ရှိပြီး အလွန်ကောင်းမွန်သော ကြွက်သားများရှိသည်။

လုချန်း ၏ မိသားစုလေးယောက်သည် ဤလှိုဏ်ဂူထဲတွင် အရသာရှိသော ကျားအသားပွဲကို နှစ်ခြိုက်စွာ စားသောက်နေကြသည်။

လုချန်း အတွက် ကျားသားစားတာက ဒါပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဒီအကောင်ကြီးရဲ့ အရသာက တကယ်ကို မဆိုးဘူး....

လုချန်း သည် ဤကျားကြီး၏ အသွေးအသားသည် သူယခင်ကဖမ်းမိခဲ့သော သားကောင်များထက် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ ပိုမိုပေးစွမ်း သည်ကို တွေ့ရှိခဲ့သည်။

အစာစားပြီးနောက် လုချန်း ၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များသည် တစ်ရာကျော် တိုးလာခဲ့သည်။

တစ်ဖက်တွင် ယိုချင်းယန် ၏ သံသယများက မငြိမ်သက်နိုင်သေးပေ။

သူ့အစ်ကိုကို သိပ်မကြာခင်မှာကျော်တက်နိုင်မည်ဟု သူမ မူလက ထင်ခဲ့သည်။

ယိုချင်းယန် သည် ဝံပုလွေဘုရင်ရာထူးအား သူ့အစ်ကိုထံ ထားခဲ့ရန် တစ်ဖက်သတ်တွေးတောပြီး ရက်ရောစွာ ပြင်ဆင်ခဲ့သည်။

သို့ပေမယ့် မမျှော်လင့်ထားဘဲ တစ်ရက်တည်းမှာပင် သူတို့နှစ်ဦး၏ ကွာဟချက်က ပိုကျယ်ပြန့်လာခဲ့သည်။

ယိုချင်းယန် အတော်လေး စိတ်ဓာတ်ကျသွားသည်။

ဧကရီ `ငါဘာလို့ သာမန်မွေးဖွား လာခဲ့ရတာလဲ?´

ထမင်းစားပြီးတာနဲ့ ယိုချင်းယန် သည် ဂူထဲကနေ ထွက်လာပြီး သူ့ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သူ့အစ်ကို အရှိန်အဟုန်ဖြင့် အားကောင်းလာသောကြောင့် သူမ ဖိအားများစွာ ခံစားခဲ့ရသည်။

ဒါကိုမြင်ပြီး လုချန်းသည်လည်း လိုက်လာခဲ့သည်။

သူ့ညီမ ဒီလိုအခြေအနေမျိုးနှင့် ကြုံတွေ့နေရသည့်အတွက် လုချန်း ခိုကိုးရာမဲ့နေသလိုခံစားနေရသည်။ 

ကံကောင်းထောက်မစွာဖြင့် ရှောင်ပိုင်၏ အရှိန်ကို အချိန်တိုင်း ထိန်းနိုင်ခဲ့ပြီး သူ့ကိုယ်သူ ဒဏ်ရာအပြင်းထန် ရရှိသည်အထိ မထိခိုက်စေသည့်အတွက် လုချန်းအား အတော်လေး စိတ်သက်သာရာရစေခဲ့သည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရှေင်ပိုင် သည် ပိုမိုတိုးတက်လာကြောင်း လုချန်း မှ တွေ့ရှိခဲ့သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားကောင်းလာသည်နှင့်အမျှ တိုက်ခိုက်မှုများကို ပို၍ခံနိုင်ရည်ရှိလာခဲ့သည်။

လုချန်း သည် ရှောင်ပိုင် သူ့ကိုယ်သူ နာကျင်အောင် လုပ်နေတာကို ကြည့်နေချိန်တွင် ကောင်းကင်၌ လသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိန်ထိန်သာနေသော လသည် အခုအခါတွင် သွေးများဖြင့် ရွှဲနေသကဲ့သို့ နီမြန်းသွားခဲ့သည်။

တစ်ကမ္ဘာလုံးကို အနီရောင်ဆေးရည်များဖြင့် ပက်ဖြန်းလိုက်သကဲ့သို့.....

All Chapters