နတ်ဘုရားများကဤကမ္ဘာကို အမျက်ထွက်နေသကဲ့သို့
Vol. 3 Ch. 33
"ဘာဖြစ်တာလဲ...?!"
"ဘာဖြစ်တာလဲ၊ ကောင်းကင်ကြီးက ဘာလို့ရုတ်တရက်နီသွားတာလဲ"
လုချန်း သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကောင်းကင်တွင် ထူးဆန်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။
သူနေထိုင်တဲ့ ပတ်ဝန်းကျင်ကရုတ်တရက် ပြောင်းလဲသွားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။
လသည် သွေးများကဲ့သို့နီရဲနေပြီး အလွန်ကြောက်စရာကောင်းလှသည်။
လုချန်း ရဲ့ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့မှုများထွက်ပေါ်လာသည်။
လုချန်း ဒီကမ္ဘာကြီးတွင် ပြန်လည်မွေးဖွားလာခဲ့သည်မှာ တစ်နှစ်ခွဲလောက်ရှိနေပြီဖြစ်သည်။
ထို့ထက်ပို၍ သူက နှင်းဝံပုလွေအဖြစ်သို့ ကူးပြောင်း လာခဲ့ခြင်းဖြစ်သည်။
ဤကာလအတွင်း သူသည် နှင်းဝံပုလွေတစ်ကောင်အဖြစ် ဘဝကို လိုက်လျောညီထွေဖြစ်အောင်နေထိုင်ခဲ့သည်။
ဤကမ္ဘာနှင့်ပတ်သက်ပြီး လုချန်း ရရှိနိုင်သည့် အချက်အလက်များကအကန့်အသတ်ရှိသည်။
နှင်းတောင် အတွင်းမှာသာနေထိုင်ခဲ့ပြီးလူသားများကို မမြင်ဖူးခဲ့ပေ။
လုချန်း သွားဖူးသမျှ အဝေးဆုံးအကွာအဝေးမှာ တောင်ခြေရင်းရှိမြစ်ကမ်းနားအမဲလိုက်ဒေသသာ ဖြစ်သည်။
သူ့အရင်ဘဝက ဒီလိုအခြေအနေကို မြင်ခဲ့မယ်ဆိုလျှင် လုချန်း က သူ့လက်ကိုင်ဖုန်းကို ချက်ချင်းထုတ်ပြီး ဓာတ်ပုံရိုက်မည်မှာသေချာသည်။
ဗီဒီယိုတစ်ခုကို ရိုက်ပြီး အွန်လိုင်းတွင် တင်ပြီးနောက် အခြားသူများနှင့် အဆက်မပြတ် ဆွေးနွေးနေမည်ဖြစ်သည်။
သို့သော် ဤထူးဆန်းသောကမ္ဘာတွင် တစ်ဦးချင်းစီ၏ စွမ်းအားသည် အလွန်နိမ့်ပြီး ရှင်သန်ခြင်းသည်ပင် ပြဿနာတစ်ခုဖြစ်သည်။
ထိုကဲ့သို့ ထူးထူးဆန်းဆန်း မြင်ကွင်းကို ရင်ဆိုင်ရင်း လုချန်း သည် မသိစိတ်ကြောင့် အနည်းငယ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
မူလက လုချန်း သည် တောရိုင်းကမ္ဘာသို့ ပြန်လည်မွေးဖွားလာသည်ဟုသာ ထင်မြင်ခဲ့သည်။
သို့ပေမယ့် လသည် သွေးနီရောင်ပြောင်းနိုင်သည်ကို သူ တစ်ခါမှ မကြားဖူးပေ။
အနားမှာ ရပ်နေသော ယိုချင်းယန် သည် လည်းသွေးနီရောင် လရောင်ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားသည်။
"သွေးနီရောင်လ ၊ ဒါက တကယ်က သွေးလလား ?"
"ငါက တခြားကမ္ဘာကို မသွားခဲ့တာ ဖြစ်နိုင်မလား၊ ဒါက ရွှီယွမ်ဟွမ်းကမ္ဘာ ဖြစ်နေတုန်းပဲလား"
ကောင်းကင်နှင့်မြေကြီး၌ ထူးဆန်းသောဖြစ်စဉ်ကိုမြင်ပြီးနောက် ယိုချင်းယန် လုံးဝမကြောက်ပေ၊ ယင်းအစား သူမ အလွန်စိတ်လှုပ်ရှားလာသည်။
သူမ မွေးကတည်းက ဤကမ္ဘာကြီးသည် ထူးဆန်းသည်ဟု အမြဲထင်နေခဲ့သည်။
၎င်းသည် ယခင်က သူနေထိုင်ခဲ့သည့် ရွှီယွမ်ဟွမ်းကမ္ဘာ မဟုတ်ဟုထင်ခဲ့သည်။
သို့သော် ယနေ့သွေးလရောင်ကို သူမမြင်ပြီး၊ သူမသည် ရွှီယွမ်ဟွမ်းကမ္ဘာ တွင်သာ အမြဲနေထိုင်နေခဲ့ကြောင်း သူမ သိရှိလိုက်သည်။
ယခင်ဘဝတွင် သူမ သာမန်လူတစ်ဦးဖြစ်ခဲ့စဉ်က ယခုကြုံတွေ့နေရသကဲ့သို့ အလားတူပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
နီမြန်းသောသွေးလ၏အသွင်အပြင်နှင့်အတူ မူလငြိမ်းချမ်းသောဘဝသည် ရုတ်တရက်ပြောင်းလဲသွားသည်။
သွေးလရောင်ပေါ်လာပြီးနောက်တွင် တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းနိုင်သော မိုးများ သည်းထန်စွာရွာသွန်းလာသည်။
ထိုအချိန်မှစ၍ ရွှီယွမ်ဟွမ်းကမ္ဘာ ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာခဲ့သည်။
လူသားများအပါအဝင် သတ္တဝါများစွာတို့သည် ဆင့်ကဲပြောင်းလဲလာကာ ကြောက်မက်ဖွယ်ကောင်းသော အပင်များ၊ အစွမ်းထက်သော မကောင်းဆိုးဝါးများ စသည်တို့ ဖြစ်လာခဲ့ကြသည်။
နောက်ပိုင်းကာလတွင်၊ ရွှီယွမ်ဟွမ်းကမ္ဘာ သည် ကျင့်ကြံသူများခေတ်သို့ ဝင်ရောက်ခဲ့ကြသည်။
ယခင်ဘဝတွင် သူမသည် ထူးကဲသော အရည်အချင်းများ နှင့် ရှားပါးသော အခွင့်အရေးများကို ကြုံတွေ့ခဲ့ရသည်။
သေခြင်း၊ ရှင်ခြင်း စမ်းသပ်မှုများနှင့် များပြားလှသော အန္တရာယ်များကို ဖြတ်သန်းပြီး၊ နောက်ဆုံးတွင် သူမ ဧကရီဖြစ်လာခဲ့သည်။
ကံမကောင်းစွာပင်၊ သူမသည် လူများစွာ၏တိုက်ခိုက်ခြင်းကိုခံရပြီး သေဆုံးခဲ့ရသည်။
"ဒါက ရွှီယွမ်ဟွမ်းကမ္ဘာ ဖြစ်နေတုန်းမို့၊ ငါလေ့ကျင့်ပြီး အထွတ်အထိပ်ကိုပြန်ရောက်ဖို့ အခွင့်အရေးပဲ!"
"ဒီဘဝမှာ ငါ့သိုင်းပညာလမ်းကြောင်းကို ငါပြန်တည်ဆောက်မယ်၊ သွေးကြွေးတွေကို သွေးနဲ့ပြန်ဆပ်ရမယ်၊ မင်းတို့ရဲ့ဘဝကို ငါကိုယ်တိုင် ငရဲကိုပို့မယ်"
ယိုချင်းယန် မျက်လုံးများသည် ဆန္ဒ၊ သတ်ဖြတ်လိုစိတ်နှင့် ပျော်ရွှင်မှု အရိပ်အမြွက်များဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ သူမတွင် နှင်းဝံပုမိဘနှင့် အစ်ကို၏ သက်တမ်းကိုတိုးစေရန် နည်းလမ်းများစွာရှိသည်။
ဒီလိုနည်းဖြင့်နဲ့ ချစ်ရတဲ့သူတွေနှင့်အတူအချိန်ကြာကြာနေနိုင်မည်ဖြစ်သည်။
"ရှောင်ပိုင်! မင်းဘာလုပ်နေသေးတာလဲ၊ ငါနဲ့အတူ ဂူထဲကိုပြန်လိုက်ခဲ့!"
"ဝူးးးးး!"
မူလက တောက်ပသော လရောင်က ရုတ်တရက် နီမြန်းလာပြီး သွေးရောင်လသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။
နှင်းဝံပုလွေဖြစ်လာပြီးနောက် လုချန်းပို၍သတိရှိလာခဲ့သည်။
သို့သော်လည်း လုချန်း က သူ့မကို ဘယ်လိုပဲ တိုက်တွန်းနေပါစေ ရှောင်ပိုင် က ခေါင်းခါပြီး လှိုဏ်ဂူထဲသို့ ပြန်လိုက်ရန်ငြင်းဆိုနေဆဲဖြစ်သည်။
သူမ ခန့်မှန်းတာမှန်လျှင် မကြာခင် မိုးများ သည်းထန်စွာ ကျဆင်းလာမည်ဖြစ်သည်။
ဤသွေးမိုးရေထဲတွင် ပထမဆုံးအကြိမ်ရေချိုးသည့် သတ္တဝါများအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်များ ပိုမိုမြန်ဆန်မည်ဖြစ်သည်။
နှင်းဝံပုလွေအဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် ယိုချင်းယန် သည် ပိုမိုအားကောင်းလာရန် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားရမည်ဖြစ်သည်။
သူမ ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
လုချန်း ချက်ချင်းပင် စိုးရိမ်လာသည်။
"ဝူးး!"
"ရှောင်ပိုင်! အခု ဆိုးနေရမယ့်အချိန်မဟုတ်သေးဘူး၊ လှိုဏ်ဂူကို အခုချက်ချင်းပြန် !"
များသောအားဖြင့် နာခံမှုရှိသော ရှောင်ပိုင် သည် ယနေ့ သူ့စကားနားထောင်ရန် ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ခဏလောက်ကြာပြီးနောက် လုချန်း အနည်းငယ် စိတ်ဆိုးသွားကာ ရှောင်ပိုင် ကို ဆွဲခေါ်လိုက်သည်။
သို့သော် ရှောင်ပိုင်၏ ခြေသည်းများက မြေကြီးထဲတွင် ကုတ်ဆွဲထားပြီး ဂူထဲသို့ ပြန်ရန် ငြင်းဆိုနေဆဲဖြစ်သည်။
"အစ်ကို၊ ဒီညက သွေးလရောင်က အရမ်းလှတယ်ထင်တယ်၊ ခဏလောက် စောင့်ကြည့်ခွင့်ပေးပါ"
ယိုချင်းယန် သည် ကောင်းကင်၌ သွေးလအား ညွှန်ပြပြီး စွဲလမ်းသော အကြည့်ဖြင့် ကြည့်နေသည်။
ဤသည်ကိုမြင်ပြီး လုချန်း ဆွံ့အသွားကာ နေမထိထိုင်မသာဖြစ်သွားသည်။
မူလက ရှောင်ပိုင် သည် ငတုံးမဟုတ်ဟု သူပြန်သတ်မှတ်လိုက်သော်လည်း ယခုတော့ သူထင်သည်မှာ စောလွန်းနေပုံရသည်။
‘ဒီညီမလေးဦးနှောက်နဲ့ပတ်သက်တဲ့ ပြဿနာတချို့ရှိနေပြီထင်တယ်’
ကူကယ်ရာမဲ့စွာနဲ့ လုချန်း သည် ရှောင်ပိုင် အနားတွင်သာ ထိုင်ပြီး စောင့်ဆိုင်းနေရန်သာတတ်နိုင်တော့သည်။
ရုတ်တရက် သတိပေးခြင်းမရှိဘဲ အနီရောင်မိုးစက်များ ကောင်းကင်မှ သည်းထန်စွာကျဆင်းလာသည်။
နတ်ဘုရားများကဤကမ္ဘာကို အမျက်ထွက်နေသကဲ့သို့ သွေးမိုးများက ကြောက်စရာကောင်းလှသည်။
လုချန်း ၎င်းကိုမြင်ပြီး သူ့မျက်လုံးများက ချက်ချင်း ကျုံ့သွားသည်။
"မကြည့်နဲ့တော့ ရှောင်ပိုင်၊ မိုးရွာတာ တစ်ခုခုမှားနေတယ် ဂူထဲကိုပြန်သွားကြရအောင်"
လုချန်း လှည့်ပြီး ယိုချင်းယန် အား ပြန်ဆွဲထုတ်တော့မည့်အချိန်တွင် သူ့ခန္ဓာကိုယ် ရုတ်တရက် အေးခဲသွားသည်။
"ဒင်၊ ဝိညာဉ်စွမ်းအင်သွေးမိုး ကို စုပ်ယူခဲ့ပြီး ပိုင်ရှင် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁ မှတ်ရရှိသည့်အတွက် ဂုဏ်ပြုပါသည်"
"ဒင်၊ ဂုဏ်ပြုပါသည်..."
စနစ်သံ ဆက်တိုက် ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် လုချန်း လုံးဝ အံ့အားသင့်သွားခဲ့သည်။
ကြောက်စရာကောင်းပုံရတဲ့ ဒီသွေးမိုးတွေက ဆင့်ကဲပြောင်းလဲခြင်း အမှတ်တွေကို အမှန်တကယ် တိုးလာစေမယ်ဟု လုချန်း မမျှော်လင့်ထားခဲ့ပေ။
လုချန်း သည် ရှောင်ပိုင် ကို လှည့်ကြည့်လိုက်သည်။
မူလက ငွေဖြူရောင်နှင်းဝံပုလွေလေးသည် မိုးရေကြောင့် သူ့ခန္ဓာကိုယ်က သွေးရောင်လွမ်းသွားသည်။
သို့သော် ရှောင်ပိုင် သည် ဤသွေးမိုးကို အလွန်နှစ်သက်နေပုံရသည်ကို မြင်လိုက်ရသဖြင့် လုချန်း စိတ်သက်သာရာရသွားသည်။
ပုံပန်းသဏ္ဌာန်အားဖြင့် ကြောက်စရာကောင်းသော်လည်း ဤသွေးမိုးသည် အမှန်တကယ်ပင် အန္တရာယ်မရှိဟု ထင်ရသည်။
ဤသွေးမိုးကြောင့် ဆင့်ကဲပြောင်းလဲခြင်း အမှတ်များ ဆက်တိုက်တိုးလာနေသည်။
တစ်မိနစ်အတွင်းတွင် အမှတ်ပေါင်း ဒါဇင်နဲ့ချီပြီး တိုးလာနေခဲ့သည်။
လုချန်း နောက်တစ်ဆင့်တက်ရန်အတွက် ဆင့်ကဲပြောင်းလဲခြင်းအမှတ် 3,000 လိုအပ်သည်။
ဤနှုန်းနှင့်ဆိုလျှင် လိုအပ်သော အမှတ်များ စုဆောင်းရန် တစ်နာရီခန့်သာ ကြာမည်ဖြစ်သည်။
ဤအမှတ်မြှင့်တက်မှုအမြန်နှုန်းက လုချန်း ယခင်က မတွေးဝံ့သည့်အရာတစ်ခုဖြစ်သည်။
"အားးဝူးး!"
ကျယ်လောင်သော ဝံပုလွေအူသံသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဤသွေးမိုးသည် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို သိသိသာသာ တိုးတက်စေနိုင်သည်။
ဝံပုလွေဘုရင်အဖြစ်၊ သူတစ်ယောက်တည်း သဘာဝအတိုင်း ခံစားလို့မရပေ၊ ထို့အပြင် သွေးမိုးကများလွန်းသဖြင့် အသုံးမပြုပါက ဆုံးရှုံးသွားမည်ဖြစ်သည်။
လုချန်း သည် ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေအားလုံးကို ဆင့်ခေါ်လိုက်သည်။
ဝံပုလွေဘုရင်ရဲ့ အသံကိုကြားသောကြောင့် နှင်းဝံပုလွေများအားလုံး ဂူအပြင်ဘက်သို့ရောက်လာကြသည်။
သို့ပေမယ့် အပြင်ဘက်တွင် သွေးနီရောင်မိုးရွာနေသည်ကိုတွေ့လိုက်ရသောကြောင့် အားလုံးက အနည်းငယ် ထိတ်လန့်သွားကြသည်။
ဤသာမန်သားရဲများသည် ထိုကဲ့သို့သောထူးဆန်းသည့်ဖြစ်စဉ်ကို ကြောက်ရွံ့ကြမည်မှာ သဘာဝပင်ဖြစ်သည်။
"အားးဝူးး!"
နှင်းဝံပုလွေများ ရှေ့တိုးရန် တုံ့ဆိုင်းနေကြသည်ကို မြင်လိုက်ရသဖြင့် လုချန်း က သူတို့ကို အလျင်အမြန် တိုက်တွန်းလိုက်သည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဝံပုလွေများသည် ဂူထဲမှ ထွက်လာကာ လုချန်း ထံသို့ ရောက်လာကြသည်။