ကျွမ်းကျင်မှု-ရေခဲစွမ်းအား
Vol. 3 Ch. 34
လုချန်း နှင့် အခြားသော နှင်းဝံပုလွေများ နေထိုင်သည့် ချိုင့်ဝှမ်းသည် နှင်းတောင်ထိပ်တွင် တည်ရှိသည်။
ဤနေရာသည် အမြင့်ပေ အလွန်မြင့်မားပြီး၊ ရေခဲနှင့် နှင်းများသည် တစ်နှစ်ပတ်လုံး မပျော်ဘဲ၊ တစ်နေ့တာလုံး လေအေးများ တိုက်ခတ်နေသည်။
နှင်းပွင့်များသည် ပျံသန်းနေသောဓားများနှင့်တူသော်လည်း ကံကောင်းထောက်မစွာပင် နှင်းဝံပုလွေသည် ကြမ်းတမ်းသောအမွေးများပါရှိသောကြောင့် ၎င်းတို့ ဤနေရာတွင် အသက်ရှင်ရပ်တည်နိုင်ခဲ့သည်။
သို့ပေမယ့် အခုကျလာတဲ့ သွေးမိုးတွေက သူတို့ကို အေးစက်မှု နည်းနည်းမှ မခံစားရစေခဲ့ပေ။
ဆန့်ကျင်ဘက်အနေနဲ့၊ သွေးမိုးများက ပူပြင်းတဲ့ စမ်းရေတွင်းမှ၌ ရေစိမ်ထားသလိုမျိုး နွေးထွေးစေသည်။
ထူးဆန်းသော အာရုံခံစားမှုသည် ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသဖြင့် ဝံပုလွေများ၏ အကြောက်တရားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“ကောင်းပါတယ်၊ ဝံပုလွေတွေ ဒီမိုးရွာတာကို လွတ်သွားခဲ့ရင် နှမျှောစရာကြီး”
“ဒီသွေးမိုးကြောင့် ဝံပုလွေတွေရဲ့ အစွမ်းသတ္တိက အများကြီး တိုးတက်လာလိမ့်မယ်”
“နောက်တစ်ခုက၊ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာတဲ့ ဒီကမ္ဘာမှာ ငါတို့ ပိုမိုကောင်းမွန်အောင် ရှင်သန်နိုင်မှာပါ”
ယိုချင်းယန် သည် ဝံပုလွေများနှင့်စုဝေးနေသော သူမ၏အစ်ကိုကို ကြည့်ပြီး မလေးစားဘဲမနေနိုင်ပေ။
“နှင်းဝံပုလွေတစ်ကောင်အနေနဲ့ ငါ့အစ်ကိုက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်”
“ငါ့အစ်ကိုက များသောအားဖြင့် နည်းနည်းကလေးဆန်တယ်ထင်ရပေမဲ့ အရေးကြီးတဲ့အချိန်တွေမှာ အရမ်းအားကိုးရတယ်”
ထိုအချိန်တွင် လုချန်း သည် လှိုဏ်ဂူဆီသို့ ရုတ်တရက် ပြေးသွားခဲ့သည်။ ဒါကိုမြင်ပြီး ယိုချင်းယန် ခဏတုံ့ဆိုင်းသွားပြီးနောက် လုချန်း နောက်ကို လိုက်သွားသည်။
ထို့နောက်တွင် ယိုချင်းယန်နှင့် လုချန်း သည် မိခင်ဝံပုလွေနှင့် ဒဏ်ရာများမှ ပြန်လည်သက်သာနေဆဲဖြစ်သော ဖခင်ဝံပုလွေအား လှိုဏ်ဂူအပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။
ဤကဲ့သို့ ထူးဆန်းသော သွေးမိုးရွာခြင်းက ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး ဖခင်ဝံပုလွေ၏ဒဏ်ရာ ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု တွေးနေခဲ့သည်။
“ဒီထူးဆန်းတဲ့ သွေးမိုးက အဖေ့ရဲ့ခြေထောက်ဒဏ်ရာကို ကုသပေးနိုင်လောက်မှာပါ”
ထိုအခိုက်အတန့်တွင် ယိုချင်းယန် နှင့် လုချန်း တို့၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခုရှိနေသည်။
ဝံပုလွေဘုရင်ဟောင်းသည် ခြေထောက်အရိုးများကို ဒဏ်ရာရခဲ့သောကြောင့် သာမာန်ဆေးဖက်ဝင်အပင်များက လုံးဝထိရောက်မှုမရှိခဲ့ပေ။
လုချန်း နှင့် သူ၏ညီမသည် အရိုးဆက်ခြင်းခွဲစိတ်နည်းကို မသိသောကြောင့် မှော်ဆန်သော သွေးမိုးကိုသာ မျှော်လင့်နိုင်ကြသည်။
ရေခဲနှင့် နှင်းချိုင့်ဝှမ်းသည် ယခုအချိန်တွင် လုံးဝကွဲပြားနေပြီဖြစ်သည်။ မူလက ငွေဖြူရေခဲနှင့် နှင်းများအားလုံးသည် သွေးနီရောင်မိုးများဖြင့် ဖုံးလွှမ်း နေတော့သည်။
နှင်းဝံပုလွေများသည် လေထဲတွင် သွေးမိုးရွာကျခြင်းကို ခံယူနေကြဆဲဖြစ်သည်။ မူလက ငွေဖြူရောင်နှင်းဝံပုလွေများအားလုံး သွေးမိုးကြောင့်နီရဲသွားကြသည်။ထိုမြင်ကွင်းက တကယ်ကို ထိန့်လန့်စရာကောင်းလွန်းလှသည်။
ဘဝတွင် အတွေ့အကြုံ ဗဟုသုတများစွာရှိသော ဝံပုလွေဘုရင်ဟောင်းပင်လျှင် ကောင်းကင်၌ သွေးလကို ကြည့်ပြီး ခဏတာ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။
သူ့ဘဝတွင် ဒီလို ထူးဆန်းတဲ့ အရာမျိုး တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
“ဝူးးးးး~”
“ရှောင်ပိုင်၊ ငါ့ဆီကနေ သင်ယူပါ...”
လုချန်း သည် မိုးရေများ စုဆောင်းမှုက မတည်မြဲကြောင်း တွေ့ရှိခဲ့သော်လည်း ၎င်းနှင့် ထိတွေ့လေလေ ဆင့်ကဲဖြစ်စဉ် အမှတ်များ တိုးလာလေဖြစ်သည်။
ထို့ကြောင့် သူ၏ ခြေလက်များ ဆန့်ထုတ်ကာ မြေပြင်ပေါ်တွင် တိုက်ရိုက် လဲလျောင်းလိုက်သည်။
မိုးရေကို ပိုမိုထိတွေ့နိုင်စေရန်နှင့် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ ပိုမိုရရှိစေရန် ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ပြားအောင်ပြုလုပ်လျှက် ကြိုးစားနေရှာသည်။
ခြေကားယား၊လက်ကားယားနှင့်ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဖိထားပြီး ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားဖြင့် သူ့မအစ်ကိုကို မြင်လိုက်ရပြီး ယိုချင်းယန် မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
သူမ ရယ်နေသော်လည်း လုချန်း အတိုင်းလိုက်လုပ်လိုက်ဆဲပင်။
ဤပုံစံက အနည်းငယ်ရယ်စရာကောင်းနေပေမယ့် တကယ်ထိရောက်သည်။
“ကြည့်ရတာ ရှောင်ပိုင် မတုံးသေးဘူးပဲ့”
ရှောင်ပိုင် သည် သူ၏ အနေအထားကို လျင်မြန်စွာ နားလည်ပြီး တိကျသော ပုံစံဖြင့် သင်ယူခဲ့သည်ကို တွေ့လိုက်ရသဖြင့် လုချန်း အလွန်ဝမ်းသာသွားခဲ့သည်။
ကျဆင်းနေသောမိုးရေစက်များကိုကြည့်လိုက်ပြီး လုချန်း တစ်ခုခုကို တွေးနေတောသည်။
ထို့နောက် ပါးစပ်ကိုဖွင့်ကာ မိုးရေကို တိုက်ရိုက်ခံယူရန် ကြိုးစားလိုက်သည်။
“သေချာတာပေါ့၊ ငါခန့်မှန်းထားသလိုပဲ၊ သွေးမိုးကို သောက်ပြီးတာနဲ့ ဆင့်ကဲပြောင်းလဲခြင်းအမှတ်တွေရတာက ပိုမြန်လာတယ်”
ထို့ကြောင့် လုချန်း သည် ခြေထောက်များကိုဆန့်၊ လက်များကိုဆန့်၊ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဖိထားပြီး ပါးစပ်ကိုပင်ဖွင့်လိုက်သေးသည်။
လုချန်း သည် ယခုတွင် ဆင့်ကဲပြောင်းလဲခြင်းအမှတ်ပေါင်း 3,200 ကျော်ကို စုဆောင်းထားပြီဖြစ်သည်။
ဆင့်ကဲအမှတ်များတိုးလာနေသည့်အရှိန်သည် ဒုံးပျံစီးနေရသကဲ့သို့ပင်။
ယခု လုချန်း သည် အဆင့် ၉ သို့မြှင့်တင်နိုင်ပြီဖြစ်သည်။ အနည်းငယ်စဉ်းစားပြီးနောက် လုချန်း အဆင့်မြှင့်တင်ရန် ရွေးချယ်လိုက်သည်။ အဆင့်မြှင့်ပြီးနောက်၊ အရွယ်အစားက ဆက်လက်ကြီးထွားလာနိုင်ပြီး ယင်းအခြေအနေတွင်၊ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ တိုးလာနိုင်သည့် အမြန်နှုန်းက ပိုမိုမြန်ဆန်လာနိုင်သည်။
လုချန်း သည် ဤရှားပါးသောအခွင့်အရေးကို အလွယ်တကူလက်မလွှတ်နိုင်ပေ။
ဆင့်ကဲဖြစ်စဉ်အမှတ်များကိုပေါင်းထည့်လိုက်သည်နှင့်အမျှ ထူးခြားဆန်းကြယ်သည့်စွမ်းအားက လုချန်း ၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်းပျံ့နှံ့သွားသည်။
အကြိမ်များစွာ အဆင့်မြှင့်တင်ပြီးနောက်၊ လုချန်း သည် သူ့ခန္ဓာကိုယ်အတွင်း စွမ်းအားများ ရုတ်တရက် တိုးလာမှုကို ကျင့်သားရနေပြီဖြစ်သည်။
ကြွက်သားများ ပိုဖွံ့ဖြိုးလာကာ အရိုးများ ပိုတောင့်တင်းလာပြီး ခန္ဓာကိုယ်က ပိုကြီးလာပြန်သည်။
သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါ သည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
“သူထပ်ပြီး သန်မာလာပြန်ပီလား”
ယိုချင်းယန် သည် လုချန်း ၏ ဘေးတွင် ရှိနေခဲ့သောကြောင့် သူ့အစ်ကိုရဲ့ အရှိန်အဝါ ရုတ်တရက် တိုးလာသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့ပြီး ဒါက သူထပ်ပြီး သန်မာလာတယ်ဆိုတဲ့ လက္ခဏာဖြစ်သည်။
ယိုချင်းယန် အနည်းငယ် အံ့သြသွားပြီး သူ့အစ်ကိုရဲ့ အရည်အချင်းက ဒီလောက်ထိ ထူးချွန်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ယခုမူကား လူတိုင်းသည် သွေးမိုးရွာခြင်းကို တွေ့ကြုံခံစားနေသောကြောင့် ယိုချင်းယန် ထိုအကြောင်းကို သိပ်ပြီးမစဉ်းစားခဲ့ပေ။
ဘာကြောင့်လဲ ဆိုတော့ သူမရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည်လည်း ဒီမိုးရေထဲတွင် သန်မာလာသောကြောင့် ဖြစ်သည်။
“ဒီမိုးက သုံးနာရီပဲကြာလိမ့်မယ်”
“အရင်ဘဝက မှတ်ညာဏ်တွေအရ ဒီမိုးရွာနေတဲ့အချိန်မှာ ပိုကြာအောင်နေလေလေ အကျိုးကျေးဇူး ပိုများလေလေပဲ”
ထို့ကြောင့်၊ ဝိညာဉ်စွမ်းအင်ပြန်လည်ရရှိခြင်း၏အစောပိုင်းအဆင့်တွင်၊ ထိုသားရဲများ၏ဆင့်ကဲပြောင်းလဲမှုအရှိန်သည် လူသားမျိုးနွယ်ကို လုံးလုံးလျားလျား ချေမှုန်းပစ်နိုင်သည်။
“ဒီဘ၀မှာ ငါက သာမန်နှင်းဝံပုလွေတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ ခန္ဓာကိုယ်နည်းစနစ်တွေကိုကျင့်ကြံခဲ့ပြီး၊ ငါ့ရဲ့ ခန္ဓာကိုယ်က သာမန်လူသားတွေထက် သာလွန်ခဲ့တာကြာပါပီ”
“ဟုတ်တယ်၊ ငါအကျိုးခံစားခွင့်တွေပိုရပြီး၊ အရင်ဘဝထက်တောင် ပိုအားကောင်းလာလိမ့်မယ်ထင်တယ်”
ယိုချင်းယန် သွေးမိုးများကိုခံယူနေပြီး သူမ၏မျက်လုံးများသည် ယုံကြည်မှုတို့ဖြင့် ပြတ်သားလာခဲ့သည်။
ရင်းနှီးသောကမ္ဘာ၊ ရင်းနှီးသောအတိတ်၊ ယိုချင်းယန် သည် သူမ၏ယခင်ဘဝ၌ ဧကရီတစ်ပါး ၏ခံစားချက်ကို ပြန်လည်ရရှိခဲ့သည်။
လုချန်း သည် အဆင့်ကိုးသို့ရောက်ပြီးနောက် သူသည် ရည်ညွှန်းချက်ဘောင်ကိုဖွင့်လိုက်ပြီး နောက်တစ်ဆင့်သို့တက်လှမ်းရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် 6,000 လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုကဲ့သို့ များပြားလှသော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို စုဆောင်းရန်အတွက် ယခင်ကကဲ့သို့ အသွေးအသားကို စားသုံးပြီး ရိုးရှင်းစွာ မှီခိုအားထားနေပါက အနည်းဆုံး နှစ်လ အချိန်ယူရမည်ဖြစ်သည်။
သို့သော် ယခုသွေးမိုးတွင် ထပ်မံ အဆင့်မြှင့်တင်ရန်အတွက် နှစ်နာရီခန့်သာ ကြာမည်ဖြစ်သည်။
ထို့အပြင် သူ၏ခန္ဓာကိုယ်သည် ပိုမိုကြီးမားလာခဲ့သောကြောင့် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို ရရှိသည့် အရှိန်သည် ယခင်ကထက် ပိုမိုမြန်ဆန်လာသည်။
တစ်နာရီခွဲကြာပြီးနောက် ရှောင်ပိုင် ၏ အရှိန်အဝါ ပြောင်းလဲသွားသည်။
“ရှောင်ပိုင် လည်း ပိုသန်မာလာတယ်!”
လုချန်း သည် ရှောင်ပိုင်၏ အရှိန်အဝါရုတ်တရက် တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
“ဒါက နှင်းဝံပုလွေဘုရင်ရဲ့သွေးမျိုးဆက် ကြောင့် ဖြစ်နိုင်လား”
သူ့တွင် စနစ်တစ်ခုရှိသော်လည်း ရှောင်ပိုင် သည် သာမန် နှင်းဝံပုလွေတစ်ကောင်မျှသာ ဖြစ်သည်။ လုချန်း သည် ဤအရာအား သူမ၏သွေးမျိုးဆက်ကြောင့်ဟုသာ သတ်မှတ်နိုင်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်၊ သူ၏အရွယ်အစားကြောင့် လုချန်း သည် သွေးမိုးကို ပိုမိုစုပ်ယူနိုင်ခဲ့ပြီး မကြာမီတွင်ဆင့်ကဲပြောင်းလဲခြင်းအမှတ်ပေါင်း 6000 ကို စုဆောင်းနိုင်ခဲ့သည်။
“ကောင်းလိုက်တာ! မိုးတွေ ဆက်တိုက်ရွာနေရင် ကောင်းမှာပဲ”
“အဆင့်မြှင့်ဖို့ ထပ်ပီးလုပ်ဆောင်မယ်”
အဆင့်မြှင့်တင်နိုင်သည့် အမြန်နှုန်းသည် အလွန်မြန်သောကြောင့် လုချန်း ပါးစပ်မှ အပြုံးများ မပျောက်ကွယ်နိုင်တော့ပေ။
လုချန်း ၏ ခန္ဓာကိုယ်ထဲ၌ ထူးခြားဆန်းကြယ်သည့်စွမ်းအား ထပ်မံထွက်ပေါ်လာသည်။ သူ၏ခြေလက်အင်္ဂါများသည် အဆက်မပြတ်ပြောင်းလဲနေပြီး သူ၏ကြွက်သား၊ အသွေးနှင့် အရိုးများသည် အဆက်မပြတ်ပြန်လည်ဖွဲ့စည်းနေသည်။
သူ့ခန္ဓာကိုယ်သည် ယခုတစ်ကြိမ်တွင် သုံးမီတာနီးပါး ရှည်လျားသွားကာ နှင်းဝံပုလွေမျိုးနွယ်စု၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပြန်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် ထွက်ပေါ်လာသော စွမ်းအား၏ ကြီးမားသော အစိတ်အပိုင်းသည် သူ့နှလုံးသားဆီသို့ ရောက်ရှိလာသည်ကို တွေ့ရှိခဲ့သည်။
မူလက သူသည် ပူပြင်းသော စမ်းရေတွင်း၌ ရေချိုးနေသကဲ့သို့ ခံစားရသော်လည်း ရုတ်တရက် ရင်တွင်း၌ အေးမြမှုကို ခံစားလိုက်ရသည်။
“ကျွမ်းကျင်မှု-ရေခဲစွမ်းအားကို နိုးကြားစေခဲ့တဲ့အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်”