← Chapters

(ပင်ကိုယ်စွမ်းရည်) ကုသခြင်းစွမ်းအား

Vol. 3 Ch. 35

(ပင်ကိုယ်စွမ်းရည်) ကုသခြင်းစွမ်းအား

Vol. 3 Ch. 35

အေးစက်မှုတစ်ခုက သူ့နှလုံးသားကို ဖြတ်ပြေးသွားပြီး စနစ်၏အချက်ပြမှုနှင့်အတူ လုချန်း သည် အလွန်အံ့သြသွားသည်။

သူသည် ရည်ညွှန်းချက်ဘောင် ကို အမြန်ဖွင့်လိုက်ပြီး ၎င်းကို စတင်စစ်ဆေးခဲ့သည်။

【အမည် - လုချန်း】

အသက်- ငါးလခွဲ

[အဆင့်- နိုးထခြင်းအဆင့် (10000 /0 )]

[ကျွမ်းကျင်မှုများ- 

ကိုက်ခြင်း (အလယ်အလတ်)

ခြေရာခံခြင်း (အစောပိုင်း)

အအေးဒဏ်ခံနိုင်ခြင်း (အစောပိုင်း)

အစာခြေလျင်မြန်ခြင်း (အလယ်လတ်)

သစ်ပင်တက်ခြင်း (အစောပိုင်း)

ခုခံကာကွယ်ခြင်း (အလယ်လတ်)                        

ပြန်လည်ထူထောင်ခြင်း (အလယ်လတ်)

ရှောင်တိမ်းခြင်း (အလယ်လတ်)

လျှင်မြန်မှု (အလယ်လတ်)

ကုသခြင်း (အစောပိုင်း)

သားရဲထိန်းကျောင်းခြင်း (အစောပိုင်း)

ဟန့်တားခြင်း (အစောပိုင်း)

ရေခဲစွမ်းရည် (အစောပိုင်း)

အစောပိုင်းအဆင့် ကျွမ်းကျင်မှုများကိုအဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် 200 လိုအပ်ပြီး၊ အလယ်အလတ်အဆင့် ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် 500 လိုအပ်သည်။]

[(ပင်ကိုယ်စွမ်းရည်) ရေခဲစွမ်းရည် ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် 9,000 လိုအပ်သည်။]

[မျိုးနွယ်- နှင်းဝံပုလွေ]

[ဆင့်ကဲ‌ပြောင်းလဲခြင်းအမှတ်- 206]

ရည်ညွှန်းချက်ဘောင်တွင် စွမ်းရည်အသစ်တစ်ခု ရှိနေသည်ကို လုချန်း တွေ့လိုက်ရသည်။

ပင်ကိုယ် ရေခဲစွမ်းရည်။

ဤထူးဆန်းသောစွမ်းရည်က လုချန်း ကို အံ့အားသင့်သွားစေသည်။

၎င်းစနစ်က သူထင်ထားတာထက် ပိုစွမ်းဆောင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

လုချန်း သည် မူလက ဆင့်ကဲပြောင်းလဲခြင်း အမှတ်များရရှိရန်သာ စနစ်ကိုအသုံးပြုနိုင်သည်ဟု ထင်မြင်ခဲ့သည်။

သူ့၏ အသွေးအသားထဲ၌ ဤကဲ့သို့ထူးခြားသော စွမ်းရည်ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့ခန္ဓာကိုယ်ထဲတွင် အလွန်ထူးခြားသော စွမ်းအင်တစ်ခု ရှိနေကြောင်း ထိုအချိန်တွင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူတစ်ချက်တွေးလိုက်သည်နှင့် ထိုစွမ်းအားက အသက်ဝင်လာခဲ့သည်။

လုချန်း ၏ ခန္ဓာကိုယ်မှ အေးစက်သော လေများ ထွက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်များပင် အေးခဲနေပုံရသည်။

ဤထူးခြားသောစွမ်းရည်သည် လုချန်း ကို အချိန်အတော်ကြာအောင် စွဲလမ်းစေခဲ့သည်။

အဆင့်မြှင့်ပြီးနောက် သူ့ယခင်ဘဝက ရုပ်ရှင်များတွင်သာရှိသော အထူးစူပါပါဝါကို နိုးထလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

လုချန်း သည် ယခင်ဘဝ၌ အလယ်တန်းကျောင်းသားလေးတစ်ဦးသာဖြစ်သည်။

ကမ္ဘာကိုကယ်တင်ရန် စူပါပါဝါရှိဖို့ ဘယ်လူသားက စိတ်ကူးမယဉ်ဘဲနေဖူးသလဲ။ လုချန်း လည်း အတူတူပင် ဖြစ်သည်။

မူလက အဆင့်မြှင့်တင်မှုသည် အသွေးအသားကို စုစည်းရန်၊ အရိုးနှင့် ကြွက်သားများ အားကောင်းစေရန်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေရန်အတွက်သာ ဖြစ်သည်။

လုချန်း နဲ့ သာမန် နှင်းဝံပုလွေတို့ရဲ့ တစ်ခုတည်းသော ခြားနားချက်သည် သူက ပိုသန်မာပြီး ပိုမြန်ခြင်းသာ ဖြစ်သည်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သိသာသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားသည်။

“ဘယ်လို‌တောင်လား၊ သူ ပိုသန်မာလာပြန်ပီ၊ ဒါက မယုံနိုင်စရာပဲ!”

“ဒီရောင်ဝါကို ကြည့်ရတာ သူ နိုးထခြင်းအဆင့်ကို ရောက်သွားတာ ဖြစ်နိုင်မလား”

လုချန်း စွမ်းရည်ကိုအာရုံခံပြီးနောက်၊ သူသည် အသစ်ရရှိထားသော ရေခဲစွမ်းအားကို စမ်းသပ်ခဲ့သည်။

ပတ်ဝန်းကျင်လေထုအပူချိန်သည် ရုတ်တရက် ကျဆင်းသွားပြီး၊ ဘေးတွင် ရှိနေသော ယိုချင်းယန် သည် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လုချန်း ၏ အငွေ့အသက်များ ရုတ်တရက် မြင့်တက်လာသည်ကို သူမ ခံစားလိုက်ရသည် ။

“ဝိညာဉ်စွမ်းအင်က အခုမှ ပြန်လည်ရှင်သန်လာပီး ပထမဆုံး သွေးမိုးရွာတာတောင် မဆုံးသေးဘူး”

“ငါ့အစ်ကိုက ဘယ်လို ခန္ဓာကိုယ် ရှိနေတာလဲ၊ သူက နိုးထခြင်း အဆင့်အထိ ကျင့်ကြံထားပီးသား၊ ဒါက နည်းနည်းတော့ ဒေါသထွက်စရာ ကောင်းတယ်”

ယိုချင်းယန် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။ သူမအစ်ကိုနှင်းဝံပုလွေရဲ့ အနိုင်ယူခြင်းကိုခံရလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။

နောက်ဆုံးတော့ သူမဟာ တစ်ချိန်က အေးစက်တဲ့ဧကရီတစ်ပါးဖြစ်ခဲ့ပြီး၊ ကြွယ်ဝတဲ့ ကျင့်ကြံခြင်းအတွေ့အကြုံများနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ထိပ်တန်းနည်းစနစ်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူမ အပြင်းအထန် လေ့ကျင့်နေပေမယ့် သူ့အစ်ကို့ကို ဘယ်လိုမှ လိုက်မမီနိုင်ခဲ့ပေ။

“ဒီအစ်ကိုမှာ ဘယ်လို ဘိုးဘေးတွေများရှိနေလို့လဲ!”

နှင်းဝံပုလွေမျိုးနွယ်စုတွင် ရှေးဟောင်းသွေးမျိုးဆက်တချို့ ရှိကောင်းရှိနိုင်ပါတယ်။

လုချန်း သည် သူ့ညီမ၏ စိတ်ဓာတ်ကျမှုကို သတိမထားမိပေ။ အဆင့်မြှင့်ခြင်းမှ ရရှိလာသော အပြောင်းအလဲများကို ခံစားရင်း သူ့ကိုယ်ပိုင်လုပ်ငန်းကို အာရုံစိုက်နေဆဲဖြစ်သည်။

သူသည် အသစ်ရရှိလာသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အရုပ်တစ်ခုရခဲ့သော ကလေးတစ်ယောက်ကဲ့သို့ပင် ဆက်လက် ကလိ နေဆဲဖြစ်သည်။

လုချန်း ၏ယခင်ဘဝတွင် ဤကဲ့သို့‌သော စွမ်းအားကို အကြိမ်ပေါင်းမရေတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးသော်လည်း နှင်းဝံပုလွေအဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပေ။

...........

ထို့နောက် သူ၏ ဆင့်ကဲပြောင်းလဲခြင်း အမှတ်ပေါင်း လေးထောင်အထိ တိုးလာကာ ဤထူးဆန်းသော သွေးမိုးသည်လည်း ရပ်တန့်သွားသည်။

သေချာ‌ပေါက်၊ အရွယ်အစားပိုကြီးလာသည့်အတွက် အကျိုးကျေးဇူးပင်ဖြစ်သည်။

သို့သော်လည်း လုချန်း သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၀,၀၀၀ ကိုစုဆောင်းရမည်ကို မြင်သောအခါတွင် သူ အနည်းငယ် စိတ်ဆင်းရဲသွားသည်။ ဒါက သေးငယ်တဲ့ အရေအတွက်တစ်ခု မဟုတ်ပေ၊ သွေးမိုးမရွာဘဲ ဆင့်ကဲ‌ပြောင်းလဲခြင်း အမှတ်များကို စုဆောင်းရန် သူ့အတွက် ခက်ခဲပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ရေတိုမှာ အဆင့်မြှင့်ဖို့ မျှော်လင့်ချက်မရှိသောကြောင့် လုချန်း သည် သူ့၏ကျွမ်းကျင်မှုများကိုအာရုံစိုက်လိုက်သည်။

အဆင့်ကို လောလောဆယ် မမြှင့်နိုင်သေးတဲ့အတွက် ဒီကျွမ်းကျင်မှုတွေကို အဆင့်မြှင့်တင်ရန် ကြိုးစားနိုင်သည်။

လုချန်း ၏ ပထမဆုံး အတွေးက ကုသခြင်း စွမ်းရည်ဖြစ်သည်။

‌အကြောင်းမှာ သူ၏ နှင်းဝံပုလွေဖခင်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် သွေးမိုးရေဖြင့် ရေချိုးပြီးနောက် ယခင်ကထက် ပိုမို ကောင်းမွန်လာသောကြောင့် ဖြစ်သည်။

သို့ပေမယ့် ခြေထောက်မှ ဒဏ်ရာသည် အရမ်းပြင်းထန်နေပုံရသည်။

ဤသွေးမိုးရွာခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတ္တဝါများ၏ ဒဏ်ရာကို ကုသရန်မဟုတ်ဘဲ ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ရန်သာဖြစ်သည်။

ထို့ကြောင့် ဝံပုလွေဘုရင်ကြီး၏ ခြေထောက်ဒဏ်ရာက လုံးဝ မပျောက်သေးပေ။

လုချန်း သည် တုံ့ဆိုင်းမနေဘဲ သူ၏ ကုသခြင်းစွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၇၀၀ ကို အသုံးပြုလိုက်သည်။

အဆင့်မြင့်အဆင့်သို့ရောက်ပြီးလျှင်ပင် ၎င်းက ကန့်သတ်ချက်မဟုတ်သေးကြောင်း လုချန်း သိရှိခဲ့သည်။

နောက်တစ်ဆင့်သို့ အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် နှစ်ထောင်ကို လိုအပ်ကြောင်း ရည်ညွှန်းချက်‌ဘောင် တွင်ပြသထားသည်။

“ဒါက အဆင့်မြှင့်လို့ရသေးတယ်၊ ဒီအဆင့်မြင့်ကုသမှုက ဘယ်လိုမျိုး အံ့သြစရာတွေ ဖြစ်လာနိုင်မလဲလို့ တွေးမိတယ်”

“အဲဒါက ဆင့်ကဲပြောင်းလဲခြင်းအမှတ် နှစ်ထောင်လောက် ကုန်ကျတာမို့ တစ်ခုခုတော့ ထူးခြားသင့်တယ်”

ယခု လုချန်း တွင် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ အလုံအလောက်ကျန်ရှိနေသေးပြီး အဆင့်မြှင့်ပြီးနောက် ရရှိလာမည့် အထူးစွမ်းရည်အကြောင်း တွေး‌တောနေသည်။

လုချန်း အံကြိတ်ကာ သူ၏ ကျွမ်းကျင်မှုကို ဆက်လက် မြှင့်တင်ခဲ့သည်။

[ဒင်၊ ပိုင်ရှင်အား ဂုဏ်ပြုပါသည်၊ ကုသခြင်း ကျွမ်းကျင်မှုသည် (ပင်ကိုယ်စွမ်းရည်) ကုသခြင်းစွမ်းအား (အစောပိုင်း) သို့ရောက်ရှိသွာပါပီ]

[ကုသခြင်းစွမ်းအား- ဒဏ်ရာများကို ကုသ ပေးနိုင်စွမ်းရှိပြီး သက်ရှိသတ္တဝါများ၏ ဒဏ်ရာများကို ပြန်လည်ကောင်းမွန်လာစေရန် အရှိန်မြှင့်တင်ပေးသည်]

လုချန်း ချက်ချင်းပင် ဝမ်းသာသွားသည်။ ဤအရည်အချင်းက အံ့သြစရာပင်၊ ပင်ကိုယ်စွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

စနစ်သတိပေးချက်ကိုမြင်ပြီးနောက် လုချန်း သည် လျင်မြန်စွာထရပ်ကာ ဝံပုလွေဘုရင်ထံသို့ လျှောက်သွားပြီး သူ၏ဝံပုလွေ‌‌ခြေထောက်များကိုမြှောက်ကာ ဒဏ်ရာပေါ် ညင်သာစွာ ဖိလိုက်သည်။

ထိုအချိန်တွင် လုချန်း ၏ ဝံပုလွေခြေ‌ထောက်များတွင် မီးစိမ်း‌ရောင် ဖျော့ဖျော့ လင်းလက်နေသည်။

ဤမီးစိမ်း၏ ဖုံးလွှမ်းမှုအောက်တွင် ဖခင်ဝံပုလွေ၏ပေါင်ပေါ်ရှိ ဒဏ်ရာသည် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။

ပျက်စီးသွားတဲ့ အရွတ်တွေနဲ့ အရိုးများက ပြန်လည် ကျန်းမာသန်စွမ်းလာနိုင်သည်။

လုချန်း မျက်လုံးပြူးသွားပြီး၊ ထိုစွမ်းရည်က ဒီလောက် မှော်ဆန်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။

ဘေးတွင်ရပ်နေသော ယိုချင်းယန် သည် အလွန်ထိတ်လန့်သွားပြီး မှင်တက်စွာရပ်နေသည်။

“အစ်ကို...တကယ် ပင်ကိုယ်စွမ်းရည်နှစ်ခုကို နိုးထစေခဲ့တာလား”

ယိုချင်းယန် သည် သူမ၏မျက်လုံးများကိုပင် မယုံနိုင်ကြည်နိုင်ဖြစ်နေသည်။

သူမ၏အစ်ကိုသည် ရေခဲဂုဏ်သတ္တိနှင့်တူသော ပင်ကိုယ်စွမ်းရည်တစ်ခုကို နိုးကြားလာကြောင်း သူမ ရှင်းရှင်းလင်းလင်း သတိပြုမိခဲ့သည်။

သူ၏ဒဏ်ရာများ ပျောက်ကင်းသွားပြီးနောက် နှင်းဝံပုလွေဘုရင်သည် လုချန်း ၏ အချက်ပြမှုကြောင့် အစမ်းသဘောဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ့ခြေထောက်များကို သတိထားကာ လှုပ်ရှားလိုက်သည်။

ရလဒ်အနေဖြင့် ကျိုးသွားသော ခြေထောက်များ အမှန်တကယ်ပျောက်ကင်းသွားသည်ကို သိရှိခဲ့ပြီး ဝံပုလွေဘုရင်ဟောင်းသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့သည်။

ဝံပုလွေဘုရင်ဟောင်းသည် ခေါင်းကိုမော့လိုက်ပြီး သူ့ထက်အများကြီးပိုမြင့်တဲ့ လုချန်း ကို ကြည့်ကာ သူ့မျက်လုံးများက ကျေနပ်အားရမှုများဖြင့်ပြည့်နှက်နေသည်။

"အားးးးဝူးး~"

ဝံပုလွေဘုရင်ဟောင်း၏ဒဏ်ရာ ပြန်လည်ကောင်းမွန်လာသောကြောင့် ပတ်ဝန်းကျင်ရှိ နှင်းဝံပုလွေများသည်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

လုချန်း သည် ဤနှင်းဝံပုလွေများ၏ အမူအရာများက ပိုမိုအသက်ဝင်နေပုံပေါ်ကြောင်း ရုတ်တရက် တွေ့ရှိခဲ့သည်။

ဤသွေးမိုးသည် နှင်းဝံပုလွေများ၏ ဉာဏ်ရည်ကို တိုးတက်စေသည်ဟု ထင်ရသည်။

သွေးမိုးကို ခံယူပြီးနောက်၊ နှင်းဝံပုလွေများ၏ ခွန်အားသည် များစွာတိုးမြင့်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာလည်း ယခင်ကထက် ပိုမိုအားကောင်းလာသည်။

လုချန်း သည် သူ့ရွေးချယ်မှုက မှန်ကန်ခဲ့သည်ဟုခံစားခဲ့ရသည်။ သွေးမိုးသည် ဝံပုလွေမျိုးနွယ်စုအတွက် ကြီးမားသောပြောင်းလဲမှုကို ယူဆောင်ပေးခဲ့သည်။

သို့သော်လည်း လုချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ဒီသွေးမိုးရွာတာက ဧရိယာသေးသေးလေးပဲလား ဒါမှမဟုတ် ဒီတောင်တန်းကြီးကို ဖုံးလွှမ်းထားလား... ဒါမှမဟုတ် ပိုကြီးတဲ့ဧရိယာကိုတောင် ဖုံးလွှမ်းထားသလား”

All Chapters