နှင်းဝံပုလွေမျိုးနွယ်စု၏အိမ်နီးချင်း အန္တရာယ်
Vol. 3 Ch. 36
ဤဘဝတွင်၊ လုချန်း သည် နှင်းဝံပုလွေတစ်ကောင်မျှသာဖြစ်သည်။သူ့အရင်ဘဝတုန်းကဆိုရင် အွန်လိုင်းကနေ ဖြစ်ပျက်နေသည်ကို ဆွေးနွေးနိုင်သည်။
အခုအချိန်မှာတော့ လုချန်း ဟာ ချိုင့်ဝှမ်းအပြင်ကလူတွေ ဒီလိုထူးဆန်းတဲ့ ဖြစ်စဉ်ကို ကြုံဖူးကြသလားမသိ...
“ဂါးး!”
သွေးမိုးရွာပြီးနောက်၊ နှင်းဝံပုလွေမျိုးနွယ်စုနေထိုင်ရာ ချိုင့်ဝှမ်းတစ်ဝိုက်တွင် တောရိုင်းတိရစ္ဆာန်များ၏ ဟိန်းဟောက်သံများကို ရံဖန်ရံခါ ကြားလာရသည်။
တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသော ဤဟိန်းဟောက်သံများက အလွန်ကျယ်လောင်သည်။
တောင်ပေါ်ရှိ တောရိုင်းတိရိစ္ဆာန်များအားလုံး ယနေ့ညတွင် အထူးစိတ်လှုပ်ရှားစရာတစ်ခုနှင့်ကြုံတွေ့နေပုံရသည်။
နှင်းများဖုံးနေတဲ့ ဤတောင်ရဲ့ထိပ်ဟာ အလွန်ကြီးမားပြီး ဧရိယာကျယ်ဝန်းသည်။
နှင်းဝံပုလွေမျိုးနွယ်စု ၏ လှုပ်ရှားမှုများကြောင့် ဤချိုင့်ဝှမ်းအနီးတစ်ဝိုက်တွင်သေးငယ်သော ဧရိယာကိုသာ သိမ်းပိုက်ထားနိုင်သည်။
လုချန်း သည် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်ခွဲနီးပါးရှိပြီဖြစ်သော်လည်း တောင်ထိပ်တစ်ဝိုက်ရှိ ဧရိယာအကြောင်းကို သူ သိပ်မသိသေးပေ။
သိချင်လွန်းလို့ တစ်ခါ စပ်စုမိခဲ့ဖူးသည်။
ချိုင့်ဝှမ်း၏နောက်ဘက်ခြမ်း၌ နှင်းထဲတွင် ဝက်ဝံကြီးရဲ့ ခြေရာကို မတော်တဆတွေ့လိုက်ရသောကြောင့် သူခြေရာခံပြီးလိုက်သွားခဲ့သည်။
ဆယ်မိုင်ကျော်ကြာအောင် ခြေရာခံပြီးနောက် ပိုလာဝက်ဝံအုပ်စုကို တွေ့လိုက်ရသည်။
............
"အားးဝူးး…"
ထို့နောက် လုချန်း သည် ချိုင့်ဝှမ်းအပြင်ဘက်တွင် စောင့်ကြပ်ရန်နှင့် ကင်းလှည့်ရန်အတွက် နှင်းဝံပုလွေများကို စတင်စီစဉ်ညွှန်ကြားခဲ့သည်။
ယနေ့တွင် သူတို့၏ဝံပုလွေအဖွဲ့သည် အလွန်ကြီးမားသော အရွယ်အစားအထိ ချဲ့ထွင်လာနိုင်ခဲ့သည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က လုချန်း နှင့်အတူမွေးဖွားခဲ့သော သားပေါက်လေးအုပ်စုသည် အလွန်ကံကောင်းခဲ့ကြပြီး သူတို့၏ အဆိုးဆုံးကာလကို လွတ်မြောက်ခဲ့ကြသည်။
ယခုအခါ ဝံပုလွေငယ်များ၊ အရွယ်ရောက်နှင်းဝံပုလွေများနှင့်အသက်ကြီးသောဝံပုလွေများအပါအဝင် ဝံပုလွေတစ်အုပ်လုံး စုစုပေါင်း တစ်ရာ့နှစ်ဆယ်ကျော်ရှိသည်။
ဤသည်မှာ အလွန်ကြီးမားသော အဖွဲ့ဖြစ်နေပြီဖြစ်သည်။
ယခု၊ သွေးမိုးကို ခံယူကြပြီးနောက်၊ ဝံပုလွေများ၏ အလုံးစုံစွမ်းရည်သည် ယခင်ကထက် ပိုမိုတိုးတက်လာကြသည်။
ဝံပုလွေများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာသောကြောင့် ဝံပုလွေအုပ်စုသည် သူတို့၏ ကိန်းဂဏာန်းအားသာချက်များကို ပိုမိုကောင်းမွန်စွာ ကစားနိုင်ကြပြီဖြစ်သည်။
လက်ရှိ နှင်းဝံပုလွေတစ်ကောင်သည် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက၊ အချိန်မီရှာဖွေတွေ့ရှိနိုင်သရွေ့ ပျက်စီးဆုံးရှုံးမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သည်။
ဤသွေးမိုးရွာခြင်း၏ အထူးသဘာ၀လည်း ဖြစ်နိုင်သည်။ ၎င်းကြောင့်နှင်းဝံပုလွေများ၏ ဉာဏ်ရည်က အရင်ကနှင့် ယှဉ်ရင် ပိုတိုးတက်လာသည်။
လုချန်း က ညွှန်ကြားချက်အများကြီးပေးစရာမလိုတော့ပေ၊ ဝံပုလွေတွင်းရှိ သန်မာအရွယ်ရောက်သော နှင်းဝံပုလွေလေးကောင်က လုချန်း ၏အဓိပ္ပါယ်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့သည်။
သူတို့ချက်ချင်းထပြီး နယ်မြေကင်းလှည့်ရန် ချိုင့်ဝှမ်းအပြင်ဘက်ကို ထွက်သွားကြသည်။
“ရှောင်ပိုင်၊ မင်းက မိဘတွေနဲ့ ချိုင့်ဝှမ်းထဲမှာပဲနေပြီး မျိုးနွယ်ဝင်တွေကို ဂရုစိုက်သင့်တယ်”
နှင်းဝံပုလွေများကို အပြင်ထွက်ပြီး စောင့်ကြည့်ရန်အတွက် စီစဉ်ပြီးနောက် လုချန်း သည် ယိုချင်းယန် အား သတိပေးလိုက်သည်။
ယနေ့ အဖြစ်အပျက်ကြောင့် လုချန်း သည် ကမ္ဘာပေါ်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာရှိမရှိကို သိရှိရန် အပြင်ထွက်၍ စုံစမ်းကြည့်ချင်နေသည်။
လက်ရှိ ဝံပုလွေများထဲတွင် သူက အသန်မာဆုံးဖြစ်သည်။
နိုးထခြင်းလို့ ခေါ်တဲ့ အဆင့်ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ လုချန်း သည် သူ့ကို သာမန်သားရဲလို့ သတ်မှတ်လို့မရတော့ဘူးဟုခံစားရသည်။
အနည်းဆုံး သူသည် ထူးခြားတဲ့ စွမ်းအားရှိတဲ့ သားရဲတကောင်ကို တခါမှ မကြားဖူးပေ။
ယခု နှင်းဝံပုလွေဖခင် အပြည့်အဝပြန်လည်ကောင်းမွန်လာသောကြောင့် သူသည် ယခင်ဝံပုလွေဘုရင်အဖြစ် ခမ်းနားသောအသွင်အပြင်ကို ပြန်လည်ရရှိလာခဲ့သည်။
သူ့ကလေးကို ဝံပုလွေဘုရင်အသစ်အဖြစ် အသိအမှတ်ပြုလိုက်ပြီသားဖြစ်သည်။
ထို့ကြောင့် ဝံပုလွေဘုရင်ဟောင်းသည် လုချန်း ၏ အစီအစဉ်များတွင် မည်သည့်စကားမျှ မပြောခဲ့ပေ။
ယင်းအစား၊ သူသည် သူ၏ အထောက်အထားနှင့် အဆင့်အတန်းကို အလွန်ရှင်းလင်းစွာ ဖော်ပြခဲ့ပြီး လုချန်း ကို ကူညီရန် ဆန္ဒရှိခဲ့သည်။
အရာအားလုံးသည် ဝံပုလွေဘုရင်အသစ်၏ အစီအစဉ်အတိုင်းဖြစ်သည်။
“မဟုတ်ဘူး အစ်ကို၊ ငါ မင်းနဲ့ အတူလိုက်ချင်တယ်”
လုချန်း ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ယိုချင်းယန် က ငြင်းဆန်ရန် ခေါင်းခါလိုက်သည်။
ယခင်ကဆိုလျှင် သူမသိပ်ဂရုမစိုက်သော်လည်း ယခုတွင် ရွှီယွမ်ဟွမ်းကမ္ဘာ ဖြစ်နေသေးသည်ကို သူမ သိသည်။
ဝိညာဉ်စွမ်းအင်ပြန်လည်နိုးထစပြုနေပြီဖြစ်သောကြောင့် ယိုချင်းယန် သည် သူမ၏လက်ရှိတည်နေရာကို အမြန်ဆုံးရှာဖွေရမည်ဖြစ်သည်။
“ကောင်းပြီ...ဒါပေမယ့် မင်းကိုငါသတိပေးမယ်၊ မင်းငါ့နောက်ကိုလိုက်ရင် ငါ့စကားကိုနားထောင်ရမယ်”
လုချန်း သည် ရှောင်ပိုင် ကြောင့် အကူအညီမဲ့နေခဲ့သည်။ သူ့ညီမရဲ့ ပင်ကိုယ်စရိုက်ကို သူသိပြီး သူ့မကို တားဆီးရန်ခက်ခဲသည်။
သူသည် အသန်မာဆုံး ဝံပုလွေဘုရင်ဖြစ်ပြီး ချိုင့်ဝှမ်းရှိ နှင်းဝံပုလွေများအားလုံးသည် လုချန်း၏ စကားကို နားထောင်ကြသည်။
သို့ပေမယ့် သူ့ညီမ ရှောင်ပိုင် ကတော့ ချွတ်ယွင်းချက်ဖြစ်သည်။
ထို့နောက် မောင်နှမနှစ်ယောက် ချိုင့်ဝှမ်းမှထွက်လာခဲ့ကြသည်။
အခု သွေးမိုးများ ရပ်သွားတော့ လုချန်း ၏ ပထမဦးစားပေးက ချိုင့်ဝှမ်းတဝိုက်အခြေအနေများကို ရှာဖွေဖို့ပင်။
သွေးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဤကမ္ဘာကြီးသည် ယခင်က လုချန်း သိခဲ့သည့်အရာများနှင့် ကွဲပြားနေသည်။
မျိုးနွယ်စုတစ်ခုလုံး၏ ခေါင်းဆောင်အနေဖြင့် လုချန်း သည် သတိနှင့်ဆောင်ရွက်ရမည်ဖြစ်သည်။
ချိုင့်ဝှမ်းမှ ထွက်ခွာပြီးနောက် တောင်တန်းများနှင့် သစ်တောများတွင် တောရိုင်းတိရိစ္ဆာန်ငယ်လေးများနှင့် ကြုံတွေ့ခဲ့ရသည်။
သို့သော်၊ ဤတိရစ္ဆာန်ငယ်လေးများ၏ အရွယ်အစားမှာ မူလကထက်စာလျှင် များစွာတိုးလာခဲ့ပြီး၊ ၎င်းတို့သည် သွေးမိုးများကြောင့် ဖြစ်ပုံရသည်။
ဆင့်ကဲဖြစ်စဉ်ဖြစ်ပြီးနောက်၊ လုချန်း နှင့် ယိုချင်းယန် နှစ်ဦးစလုံး၏ ကိုယ်ကာယကြံ့ခိုင်မှုသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက်ကောင်းမွန်လာခဲ့သည်။
ယိုချင်းယန် ၏ အရွယ်အစားက လုချန်း လောက် ကြီးကြီးမားမားမဟုတ်ပေမယ့် သာမာန်ကျားထက်တော့ ပိုကြီးနေပြီဖြစ်သည်။
သူမသည် တစ်နှစ်ခွဲသာရှိသေးသော နှင်းဝံပုလွေဖြစ်ပြီး ယခု သူမ၏အရွယ်အစားမှာ အရွယ်ရောက်နှင်းဝံပုလွေများထက် ကြီးမားနေပြီဖြစ်သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးသည် လေပြင်းများကဲ့သို့ တောင်တန်းများပေါ်တွင် ပြေးလွှားနေကြသည်။
အရှိန်က အရင်ကထက် အဆများစွာ ပိုမြန်သည်။
သူတို့ခြေထောက်အောက်ရှိ ရေခဲနှင့် နှင်းများတွင် နက်နဲသော ခြေရာများရှိမနေပေ။
အကြောင်းမှာ သူတို့၏ ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်မှုက အရင်ကထက် ပိုပြီး အားကောင်းလာ၍ဖြစ်သည်။
လုချန်း ၏ အဓိက ဦးတည်ရာသည် ဤချိုင့်ဝှမ်း၏ အနောက်ဘက် ဖြစ်သည်။
ဤနေရာသည် ငယ်စဉ်ကလေးဘဝက ပိုလာဝက်ဝံခြေရာများကို ရှာဖွေတွေ့ရှိခဲ့သော နေရာဖြစ်သည်။
နှင်းဝံပုလွေမျိုးနွယ်စုအနီးတွင် အားကောင်းသော သားရဲကောင်တစ်ကောင်ရှိနေသဖြင့် လုချန်း သည် အမြဲတမ်း စိတ်မသက်မသာခံစားခဲ့ရသည်။
နှင်းဝံပုလွေမျိုးနွယ်စုသည် အစွမ်းထက်ပြီး သွေးမိုးကြောင့် အာဟာရဖြည့်သွင်းပြီးနောက် ၎င်းတို့၏ အလုံးစုံ ခွန်အားသည် အလွန်တိုးတက်ခဲ့သည်။
သို့ပေမယ့် သွေးမိုးအောက်တွင် ပိုလာဝက်ဝံများက ပိုသန်မာလာမယ်ဆိုသည်ကို မည်သူမှ အာမမခံနိုင်ပေ။
လက်ရှိ နှင်းဝံပုလွေမျိုးနွယ်စု တွင်အဖွဲ့ဝင်တစ်ရာကျော်ရှိသည်။
၎င်းတို့ထဲမှ အများစုသည် အရွယ်မရောက်သေးသော ဝံပုလွေများနှင့် အသက်ကြီးသော နှင်းဝံပုလွေများဖြစ်သည်။
လုချန်းတို့နှင့်အရွယ်တူ နှင်းဝံပုလွေလေးများသည် ယခုတွင် နို့ပြတ်သွားပြီး ၎င်းတို့ကိုယ်တိုင် အစာရှာနိုင်နေပြီဖြစ်သည်။
သို့သော်လည်း ၎င်းတို့သည် တိရစ္ဆာန်ကြီးများကို အမဲလိုက်ခြင်း သို့မဟုတ် သားကောင်ကြီးများကို တိုက်ခိုက်နိုင်သည့်အဆင့်အထိ မကြီးထွားသေးပေ။
အင်အားကြီးသော ပိုလာဝက်ဝံများနှင့် ရင်ဆိုင်ရပါက၊ အဖွဲ့သည် ဆုံးရှုံးမှုများကို မလွဲမသွေ ခံစားရမည်ဖြစ်သည်။
လုချန်း သည် ပိုလာဝက်ဝံကြောင့် ဝံပုလွေများကို မထိခိုက်စေလိုပေ။
များမကြာမီပင် မောင်နှမ နှစ်ယောက်ချိုင့်ဝှမ်းနောက်ဘက်သို့ ရောက်သွားကြသည်။
"ဂါးးး!"
ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော သားရဲအော်သံ ထွက်ပေါ်လာသည်။
ထိုအသံသည် တောတောင်များတွင်ဆက်လက် ပဲ့တင်ထပ်နေသဖြင့် လူများကို ရင်တုန်သလို ခံစားရစေသည်။
လုချန်း သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ စိတ်ပူသွားသည်။
ဒီပိုလာဝက်ဝံများက သူ့အိမ်တံခါးနဲ့ နီးလွန်းသည်၊ ချိုင့်တစ်ဖက်ကမ်းကို ဘယ်အချိန်ပြေးပြီး ဒုက္ခပေးမလဲဆိုတာ မသိနိုင်ပေ။
ယိုချင်းယန် ၏ နှလုံးသားထဲတွင်လည်း အလားတူ စိုးရိမ်မှုများ ရှိနေသည်။
နောက်ဆုံးတွင်၊ သွေးမိုးသည်းထန်စွာရွာသွန်းပြီးနောက်၊ တိရိစ္ဆာန်များ၏ ခန္ဓာကိုယ် အရွယ်အစားကြီးမားနေလျှင်၊ အပြောင်းအလဲများ ကြီးမားမည်ဖြစ်ပြီး ၎င်းတို့၏ စွမ်းရည်များ တိုးတက်လာလေလေဖြစ်သည်။
“ဟင် အဲဒါ ဘာလဲ?”
ဤအခိုက်အတန့်တွင်၊ ယိုချင်းယန် ၏ အာရုံကို အဝေးမှ ကျောက်ဆောင်ကြားတွင် ပေါက်နေသော နှင်းကြာပန်း က စွဲဆောင်သွားသည်။